Leftist Youth Association - Kachin State

Leftist Youth Association - Kachin State ကချင်ပြည်နယ် တိုးတက်သောလက်ဝဲလူငယ်များအသင်း

ပြည်တွင်းစစ်ဘယ်သူစသလဲ?(ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး 74နှစ်ပြည့် ဆောင်းပါး)လွပ်လပ်ရေးရကာစဗမာပြည်ပြည်တွင်းစစ်အက...
01/04/2022

ပြည်တွင်းစစ်ဘယ်သူစသလဲ?

(ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး 74နှစ်ပြည့် ဆောင်းပါး)

လွပ်လပ်ရေးရကာစဗမာပြည်ပြည်တွင်းစစ်
အကြောင်းပြောကြလျှင် အဖက်ဖက်က ဗမာပြည်ကွန်မြူနစ်ပါတီကိုသာအစဥ်အဆက်
လက်ညိုးထိုးယိုးစွဲခဲ့ကြသည်။သမိုင်းသည် ကလောင်ကိုင်ထားသည့်အနိင်ရသောလက်တို့ကသာရေးစမြဲ။ဗမာပြည်ကွန်မြူနစ်ပါတီသည်ပထမဆုံးပြည်တွင်းစစ်၏သေနတ်သံကိုစတင်ဖောက်ခွဲမြည်ဟိန်းစေခဲ့သည်မှာမှန်ပါ၏လော။

ဖဆပလမှကွန်မြူနစ်ပါတီကိုထုတ်ပစ်ရလောက်သည်ထိဆိုးဝါးသွားသောအချင်းအရာများတွင်
ပထမဆုံးအက်ကြောင်းဖြစ်သော
ကွန်မြူနစ်ပါတီအာဘော် ဖြစ်သည့်ပြည်သူ့အာဏာဂျာနယ်မှသခင်စိုးရေးထည့်လိုက်သည့်
ဒိုမီနီယံဦးဘဘေကို
လိပ်ကျောက်မြှီးဖြင့်ဆော်ပီဆောင်းပါးမှာလည်း
အမှန်တရားသာဖြစ်ပြီးဘုရင်ခံကောင်စီတွင်
လုံးဝလွပ်လပ်ရေးကိုတောင်းရမည့်အစားဒိုမီနီယံနှင့်သာတင်းတိမ်တတ်ကြသည့်နိုင်ငံရေးစားဖားကြီးများကိုကလော်တုတ်ခြင်းသာဖြစ်သည်။ဤသည်ကိုအစာမကျေသော လက်ဟောင်းနိုင်ငံရေးသမားကြီးများက ဆိုရှယ်လစ်တို့ကိုကပ်ကာ ကွန်မြူနစ်ပါတီကိုဖဆပလတွင်းမှထွက်ခွာသွားအောင်အမျိုးမျိုးလီဆယ်လုပ်ကြံဖို့ရွှေနားတော်သွင်းကြတော့သည်။

ဒတိယအက်​ဲကြောင်းမှာ ကန္ဓီကိစ္စနှင့်ပတ်သက်၍သခင်သန်းမြိုင်က ပြည်သူ့အာဏာမှပင်ဝေဖန်ရာ ဆိုရှယ်လစ်များပြောစရာ တွေ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းအားကတုန်းကတိုက်လုပ်၍ကွန်မြူနစ်တွေအာဏာသိမ်းဖို့ကြံနေကြောင်းသံတော်ဦးတင်ကြသည်။ဗိုလ်ချုပ်ကိုယ်၌က အင်းမလုပ်အဲမလုပ်သော်လည်းဗဟိုဦးစီးတစ်ဖွဲ့လုံးဝိုင်းတွန်ကြသောအခါ ကွန်မြူနစ်ပါတီအားတောင်းပန်ရန်ရာဇသံပေးရတော့သည်။

ပါတီက သတင်းစာတို့မည်သည်မှားလျင်မှားကြောင်းမှန်လျင်မှန်ကြောင်းရေးဖို့ရာသာရှိသည်။မှားသည်ဟုဆိုပါကဖြေရှင်းပြပါ တောင်းပန်ရန်အကြောင်းမရှိဟုအကြောင်းပြန်သဖြင့် နောက်ဆုံး
ကွန်မြူနစ်ပါတီကို ၁၉၄၆ အောင်တိုဘာ၁၀ရက်တွင်ဖဆပလအတွင်းမှထုတ်ပယ်ခဲ့သည်။

(သခင်ဘဟိန်းတစ်ယောက်ထိုသို့ပါတီကိုထုတ်ပစ်သောသတင်းကြောင့် စိတ်ထိခိက်ကာ ရေတိမ်နစ်ကျဆုံးခဲ့ရသည်။)

ဆိုရှယ်လစ်တို့ကထိုမျှနှင့်မကျေနပ်သေး။ဗိုလ်ချုပ်တို့လုပ်ကြံရပြီးနောက်တွင်ပင် ကွန်မြူနစ်ပါတီအား
ကျူပင်ခုတ်ကျူငုတ်မကျန်ရှင်းပစ်ရန်ကြံစည်လျှက်ရှိရာ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းကအဆိုးဆုံးဖြစ်သည်။

ကွန်မြူနစ်ပါတီမှကျင်းပသောပျဥ်းမနားလူထုညီလာခံကြီး၏အင်အားကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောဦးကျော်ငြိမ်းနှင့်ဆိုရှယ်လစ်တို့မှာ
မျက်ခုံးလှုပ်လာကြသည်။များမကြာမှီသတင်းစာတိုက်များရိုက်ချိုးသည့်ကိစ္စနှင့်လည်းအစိုးရနှင့်သတင်းစာများပြသနာတက်ကြရာကွန်မြူနစ်နေ့စဥ်ကိုမထိရဲမတို့ရဲကြသဖြင့်ဦးကျော်ငြိမ်းကမကျေနပ်။
ထိုသတင်းစာကိစ္စနှင့်သခင်သန်းထွန်းက ဆိုရှယ်လစ်အရိုးဖြင့်ဗားကရာချောက်ကိုဖို့ပစ်မယ်ဟုကြွေးကျော်လေရာဦးကျော်ငြိမ်းအကွက်ဆိုက်တော့သည်။

""ဂိုရှယ်စစ်တမ်းလုံးဝမရှိ""

တဖက်ကပြည်တွင်းစစ်အကြောင်းပြောကြလျှင်ဂိုရှယ်စစ်တမ်းဆိုသည်ကို လက်ညိုးထိုးတတ်ကြသည်။
ဦးနု၏တာတေစနေသားစာအုပ်တွင် တစ်နေ့ဦးကျော်ငြိမ်းရောက်လာပြီးစာတမ်းတစ်စောင်ပြကာ
ဝန်ကြီးချုပ် ဒီမှာကြည့် ဒါ ကျွန်တော်ကွန်မြူနစ်နစ်ပါတီပေါ်လစ်ဗျူရိုထဲသွင်းထားတဲ့ကျွန်တော့်လူ
ဆီကရတဲ့စစ်တမ်း...ဒီစစ်တမ်းကိုဂီုရှယ်(ရဲဘော်ဗတင်)ရေးတာ သူတို့တွေသူပုန်ထကြတော့မယ်
မယုံရင်ဖတ်ကြည့်ပေတော့ ကျွန်တော်တို့လက်ဦးအောင်ဆော်မှဖြစ်မယ်"ဟုရေးထားသည်။

ဤနေရာတွင်တက်တက်စင်လွဲသည်မှာ ကွန်မြူနစ်ပါတီတစ်ခုတွင်ပေါ်လစ်ဗျူရိုသည်နိုင်ငံ​းေရးဦးဆောင်အဖွဲ့အစည်းသာဖြစ်ပြီး အတွင်းလူထည့်၍ရစကောင်းသောအရာမဟုတ်။
ထိုစဥ်က PBတွင် သခင်သန်းထွန်း၊ရဲဘော်ဗတင်၊သခင်ဗသိန်းတင်သုံးဦးသာရှိပေရာသုံးဦးစလုံးမှာ
သေသည်ထိပါတီအပေါ်အသက်ပေးသစ္စာတည်သွားသူများဖြစ်သည်။ပြီးတော့ထိုဂိုရှယ်စစ်တမ်းကိုမြင်ဖူးသူမှာ ဝန်ကြီးချုပ်ဦးနုနှင့် ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းသာရှိ၍ဦးကျော်ငြိမ်းယူလာပြမှဦးနုကမြင်ဖူးရခြင်းဖြစ်ရာအဖြေကရှင်းရှင်းကြီးထွက်နေပြီဖြစ်သည်။
ဦးနုကလည်း မျက်ရည်ပေါက်ကြီးငယ်ကျကာ
အကယ်ဒမီရှော့ပြနေသောဦးကျော်ငြိမ်း၏စကားကိုအယုံမှတ်ကာ ကွန်မြူနစ်တို့ကိုလက်ဦးအောင်ဖမ်းစေသည်။ကွန်မြူနစ်ဖမ်းပွဲကြီးမှာကား ဤနေ့ဤရက် မတ်လ ၂၈ရက် ဖက်ဆစ်တော်လှန်ရေးပြီးနောက်တစ်နေ့တွင်ဖြစ်သည်။

ဤသို့ဖြင့်တစ်ပြည်လုံးကွန်မြူနစ်ဖမ်းပွဲကြီးချိမ့်ချိမ့်သဲကျင်းပလေရာ ဗကပကေဒါများမှာဘူမသိကိုးမသိထောင်ထဲရောက်လိုရောက် လက်မတင်လေးပြေးလိုပြေးနှင့်ဒုက္ခများရတော့သည်။
ဌာနချုပ်ရှိကေဒါအများစုပင်ဘာဖြစ်မှန်းမသိရ
ဗိုလ်ချုပ်စောကြာဒိုးက သူနှင့်ရင်းနှီးသော ရဲဘော်သက်တင်ကိုတိတ်တစိတ်သတင်းပေးရာမှ တချို့ထွက်ပြေးလွတ်မြောက်ခဲ့ရသည်။ထိုခိန်ထိ ပါတီလူကြီးဖြစ်သူသခင်ဗသိန်းတင်ပင်မသိသေး။ရုံးမှလာကြိုမည့်ကားရောက်မလာသဖြင့်လူလွတ်စုံစမ်းရာမှအကြောင်းဆုံသိရသ​ြဖင့်လက်မတင်လေးလွတ်ခဲ့ရသည်။ဤလောက်ဆိုပြည်တွင်းစစ်ဘယ်သူကစခဲ့သလဲဆိုသောအဖြေရှင်းကပီဖြစ်ပါသည်။

နောက်ဆုံးထွက်ပြေးလွတ်မြောက်လာသော
လက်ကျန်ပါတီဝင်အနည်းငယ်ဖြင့်ပဲခူးခရိုင်ကျောက်ကြီးပေါက်စခန်းသို့တက်သုတ်ရိုက်ဆုတ်လာပြီးအရေးပေါ်အစည်းအဝေးထိုင်ကာ ထိုချိန်ကြမှမထူးတော့ပြီမို့လက်နက်ကိုင်တော်လှန်ကြောင်းကြေညာခဲ့ရခြင်းဖြစ်ပေသည်။

ထို့ကြောင့်အမှန်တကယ်ပြည်တွင်းစစ်စသူများမှာ ဦးကျော်ငြိမ်း တရာခံနံပတ်တစ်နှင့်ဆိုရှယ်လစ်ဖဆပလစားဖားအကျင့်ပျက်နိုင်ငံရေးသမားများသာလျှင်ဖြစ်ပသည်။

(ဘာတေးလ်လင့်တနာကိုယ်တိုင် ဂိုလ်ရှယ်စစ်တမ်းရှိသယောင်ယောင်ရေးခဲ့သည်ကိုဖတ်ရဖူးသည်။သမိုင်းအမှားကိုအမှန်ထင်မိမှာစိုးမိပါသည် ဂိုရှယ်စစ်တမ်းရှိမရှိနှင့်ပတ်သက်၍ရိုးရိုးတန်းတန်းဆွေးနွေးလိုလျင်ဖြစ်စေ အချီအချငြင်းခုန်လိုလျင်ဖြစ်စေ အချိန်မရွေး လာရောက်ဆွေးနွေးငြင်းခုန်နိုင်ပါကြောင်း ထပ်လောင်းပြောရလျင်ဂိုရှယ်စစ်တမ်းမရှိကြောင်းအကျယ်ရေးပါအုန်းမည်။)

လက်ဝဲစာပေ ၊လက်ဝဲ သမိုင်း၊လက်ဝဲတော်လှန်ရေး  မှတ်တမ်းမှတ်ရာလေ့လာကြတဲ့အခါ  အထူးသဖြင့်  ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ ဖြုတ်၊ထုတ်...
22/07/2021

လက်ဝဲစာပေ ၊လက်ဝဲ သမိုင်း၊လက်ဝဲတော်လှန်ရေး မှတ်တမ်းမှတ်ရာလေ့လာကြတဲ့အခါ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ ဖြုတ်၊ထုတ်၊သတ် )ကိစ္စနဲ့ ပတ်သက်ပြီး ဖိနှိပ်အုပ်စိုးသူ လူတန်းစားတွေ ဝါဒဖြန့်တာတွေနဲ့ကြားမှာမရှင်းမရှင်းဖြစ်နေတတ်ကြပါတယ်။အဲ့အတွက် ဗကပ ရဲ့ ဖြုတ်၊ထုတ်၊သတ် ကိစ္စဟာ ဘယ်လိုဖြစ်စဉ်မျိုး ၊ ဘယ်လိုအမှားမျိုးသာ ၊ အမှားထဲက ဘယ်လို သင်ယူရမဲ့သင်္ခန်းစာမျိုးဖြစ်တယ် ဆိုတာကို ရဲဘော်ကြင်မောင်(ပေါ်လစ်ဗျူရို) ရဲ့ တချို့ရေးသားချက်နဲ့အတူ ထုတ်နုတ်တင်ပြရင်း လေ့လာနေတဲ့ ကျွန်တော်တို့လိုလူငယ်အများစုအတွက် ခေတ်အဆက်ဆက်အစိုးရရဲ့ ဝါဒဖြန့်မျိုးမျိုးကြားမှာ မပီပြင်မှုန်ဝါးနေတဲ့ သမိုင်းအမှန်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေရန် သိလာစေရန် သိမြင်ခြင်းဆိုင်ရာမှန်သားမီးအိမ်ကလေးမှ အဖိနှိပ်ခံတို့ရဲ့ ဥာဏ်စကိုဆွဲထုတ်ပြီး မီးအလင်းထွန်းညှိဖို့ ရည်စူးချင်ရုံမှ လွဲပြီးတခြား ဘာရည်ရွယ်ချက်မှ မရှိတာကိုပါ ကျွန်တော်ကတဆက်တည်း ဖော်ပြလိုက်ရပါတယ်။

ပါတီအတွင်း အမှားကိစ္စ
—————————-
( ဗမာပြည် ကွန်မြူနစ်ပါတီဟာ အမှားကို မြင်ရဲတယ်။ပြင်ရဲတယ်။တောင်းပန်သင့်တာလည်း တောင်းပန်တယ်။မိမိအမှားကိုလည်း ပြည်သူလူထုရှေ့ တင်ပြဝန်ခံရဲတယ်။ဒီကိစ္စ အတွက်နဲ့လည်း ဆပ်စရာအကြွေး ဆပ်ပါမယ်။ပါတီရဲ့ တတိယကွန်ဂရက်မတိုင်မီ ၁၉၇၅ ကတည်းက လက်ဝဲစွန်းအမှားနဲ့ ပတ်သက်တဲ့ ဆပ်စရာအကြွေးတွေကို ဆပ်ပြီးပါပြီ။ဒါပေမယ့် အဲ့ဒီတုန်းက သဗ္ဗေသတ္တာဆပ်တာဖြစ်လို့ အခု အတိအကျ အပြေအလည် ဆပ်ချင်ပါတယ်။

လက်ဝဲစွန်းအမှားဆိုတာ ‘ဖြုတ်၊ထုတ်၊သတ်’ လမ်းစဉ် အမှားကိုပြောတာပါ။ဒီ ‘ဖြုတ်ထုတ်သတ်’ ဆိုတာ ပါတီအတွင်း သီးသန့်သုံးတဲ့ jargon(အသုံးအနှုန်း)ပါ။တရားဝင် အမည်က ‘ပါတီတွင်း တော်လှန်ရေးလမ်းစဉ်’ပါ။ဘရောက်ဒါ လမ်းစဉ် (ဆိုရှယ်လစ်စနစ်ကမ္ဘာ လွှမ်းမယ် ငြိမ်းချမ်းစွာ အသွင်းကူးပြောင်းမယ် ဆိုသည့်သဘောမျိုး) ၊ ၅၅ လမ်းစဉ်(ပြည်တွင်းစစ်ရပ်စဲရေး) ၊ ၆၄ လမ်းစဉ် (ထိုးစစ်ဆင်လာသော အစိုးရတပ်ကို ထိုးစစ်ဖြင့်ရိုက်ချိုးရေး)စသဖြင့် သုံးသလိုမျိုးပါ။

ဒါပေမယ့်ပါတီအတွင်း သီးသန့်ဝေါဟာရက သစ္စာဖောက်နဲ့ စစ်အစိုးရပေါင်းပြီး တပြည်လုံး ဖြန့်လိုက်တော့ ပြန့်သွားတယ်။ဒါကြောင့် တိုတိုပဲ ‘ဖြုတ်ထုတ်သတ်’ လို့သုံးလိုက်တာပါ။ကွန်မြူနစ်က ဝေါဟာရကို မကြောက်ပါဘူး။

ပါတီက ဆပ်စရာရှိတဲ့အကြွေးတွေ အားလုံးနီးပါး ဆပ်ပြီးပါပြီ။နိုင်ငံခြားတင်တဲ့ ကြွေးတောင်ပါတယ်။ဒါလည်း ဆပ်ပြီးပါပြီ။ဥပမာ ရဲဘော်ဂိုရှယ်ကိစ္စဆိုရင်(ဂိုရှယ်စာတမ်းကိစ္စ) အိန္ဒိယပြည် ကွန်မြူနစ်ပါတီအပေါ် တင်တဲ့ကြွေးပါ။ကြွေးအားလုံး ကြေပါပြီ။

အခုဆပ်မဲ့အကြွေးက ရဲဘော်ချစ်ကောင်းနဲ့ ကိုသက်၊ကိုဗဆွေလေး၊ကိုစိုးဝင်း၊ကိုကျော်ခင်၊ကိုအောင်သိန်းနှင့် ကိုခင်ဝင်း စတဲ့သူတွေပေါ် တင်ခဲ့တဲ့ကြွေးပါ။ရှေ့က ရဲဘော်၃ယောက်က လက်ဝဲစွန်းလမ်းစဉ်မှားရဲ့ ပါတီတည်ဆောက်ရေးနဲ့ စစ်ရေးလမ်းစဉ်မှားမှုကြောင့် ကျဆုံးတာပါ။ကာယကံမြောက် လက်ဝဲစွန်းအမှားရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတာ မဟုတ်ပါဘူး။နောက်က ရဲဘော်တချို့သာ ကာယကံမြောက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ရန်သူက သတ်၊အချင်းချင်းကသတ်နဲ့ ပါတီရဲ့ ပြည်တွင်းအောက်ခြေအဖွဲ့အားလုံးနဲ့ အခြေခံဒေသအားလုံး ဆုံးရှုံးခဲ့ရပါတယ်။တကယ့်ကို အားလုံးပါ။တော်လှန်ရေး အဆက်ဆက် အခြေခံခဲ့ရာတွေ ဆုံးရှုံးသွားပါတယ်။နယ်စပ်မှာပဲ အခြေခံကျန်ပါတယ်။

တရုတ်ပြည်တော်လှန်ရေးကာလက လီလီစန်း၊ဝမ်မင်း လက်ဝဲစ္န်းအမှားကြောင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိခိုက်တာမျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လက်ဝဲလမ်းစဉ်အမှားက တရုတ်ပြည်ထက် ပိုကြာပါတယ်။ဘာကြောင့်လဲ။အမှားကို မြင် ခွင့်နဲ့ ပြင်ခွင့်ရတာ နောက်ကျလို့ပါ။ခါတိုင်းမှားရင် ဥက္ကဌ သခင်သန်းထွန်းပဲမှားပြီး သူပဲ စပီးပြင်ခွင့်ရခဲ့တာချည်းပဲ။၆၈မှာတော့ သူကျဆုံးသွားတော့ အမှားမြင်ခွင့် ၊ ပြင်ခွင့် သူမရလိုက်ပါ။ဥက္ကဌ သခင်ဇင်လည်း အဲ့လိုပါပဲ။သူက မှားနေတာမမြင်လို့ မဟုတ်ပါ။ပြင်ဖို့အချိန်မရတာပါ။

တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးလုပ်တာကျတော့ ဘာကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီလောက် မနာသလဲ။ရှင်းပါတယ်။အခြေအနေချင်း မတူကြလို့ပါ။

တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးကို ကြိုက်သလောက်လုပ် ၊ ပါတီကိုရန်သူကမချေမှုန်းနိုင်ပါ။ကေအမ်တီက ထိုင်ဝမ်ပြေးနေရပြီ။အမေရိကန်နယ်ချဲ့ရဲ့အောက် ခိုလှုံနေရတာ ကြာပါပြီ။အမေရိကန်ကလည်း ၁၉၅၀-၅၃ မှာ ကိုးရီးယားစစ်ပွဲနဲ့ အားစမ်းထားပြီးသား။လောလောဆယ် ဗီယက်နမ်မှာ မရှူနိုင်မကယ်နိုင် ဖြစ်နေပါတယ်။ပြီး တခြားပါပါဝါကလည်း ရှိနေသေးတယ်။သူ လုပ်ချင်ဦး မလုပ်နိုင်ပါ။

တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးကို သူတို့ဆက်လုပ်နေလည်း တဖြည်းဖြည်း ထိခိုက်တာပဲရှိမယ်။ဗမာပြည်မှာလို မဖြစ်နိုင်ဘူး။ဗမာပြည်မှာက ရန်သူက အင်အားအများကြီးရှိတယ်။လုပ်နေတာကလည်း ရန်သူအင်အားကြီးရာ ရန်ကုန်၊ပဲခူး၊တောင်ငူ၊သာယာဝတီ၊ပြည် ဝိုင်းပတ်နေတဲ့ ပဲခူးရိုးမမှာ။ရန်သူကို တဖက်ကတိုက်ရင်း ဆန်သယ်စား တောထဲမှာ လုပ်နေရတဲ့ဘဝပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်ဝဲစွန်းလမ်းစဉ်ကို တရုတ်ကွန်မြူနစ်ပါတီကလုပ်ခိုင်းနေတာလို့ ရေးထားတဲ့ စာဖတ်ရပါတယ်။သူရေးတာနဲ့ ပြောင်းပြန်ပါ။အခြေအနေမသိဘဲ အဝေးကနေ အကြံပေးမှားတာကို ခံရဖူးတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဘယ်တော့မှ ဒီလိုအကြံပေးတာမျိုးမလုပ်ပါ။

တဖန်-ပဲခူးရိုးမ မှားနေတာကို နယ်စပ်က ထိုင်ကြည့်နေသလားလို့ မေးရင် မကြည့်ဘူး။လုပ်စရာရှိတာ အားလုံးလုပ်တယ်လို့ ဖြေရပါမယ်။၁၉၆၈ တုန်းက ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းဆီ ထောင်ထဲကနေ စာပို့ပါတယ်။စာရဲ့ အချုပ်သဘောကတော့ နယ်စပ်ကနေ ပဲခူးရိုးမကို ‘ဟိုချီမင်းလမ်း’ ဖွင့်ခွင့် ဗကပ ကိုမပေးနဲ့။ပေးမိရင် သွားပြီ။သူတို့စစ် ရှုံးပြီလို့ ရေးတာပဲ။ဒါကြောင့် ဒီလမ်းမပွင့်အောင် စစ်အစိုးရက နည်းမျိုးစုံလုပ်ပါတယ်။ဒါတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။တဖက်ကလည်း ပါတီထဲ လမ်းစဉ်နှစ်ခု ၊ ဗဟိုနှစ်ခု မဖြစ်အောင်လည်း ထိန်းရပါတယ်။

ဗကပဟာ ပါတီသက် ၆၀ ကျော်အတွင်း ရပ်တည်ချက်အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား ၊ နည်းနာအမှားများဖြစ်ပါတယ်။’မူ’ ကိုပစ်ပြီး ရန်သူနဲ့ပူးပေါင်းသွားတဲ့ အမှားမဟုတ်ပါဘူး။ရပ်တည်ချက် ၊ အမြင် ၊ နည်းနာ ဒီသုံးခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ )

ဒါကိုကြည့်ချင်းအားဖြင့် ဒီကိစ္စဟာ ဗကပ ရဲ့ကိုယ့်ပါတွင်း အမှားလုပ်မိတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ကစလို့ အာဏာရအစိုးရများဟာ လူထုကိုကွန်မြူနစ်တစ္ဆေခြောက်လှန့်တဲ့နေရာမှာ အောင်မြင်တယ်လို့ဆိုရမယ်။ဒါပေမယ့် အဲ့အစိုးရတွေဟာ တကွက်မှာတော့ တကယ်ညံ့သွားခဲ့ပါတယ်။ဒါကတော့ အစိုးရဟာလူထုကို ကွန်မြူနစ်တစ္ဆေခြောက်ရင်း အနောက်ကနေ ဖက်ဆစ်သရဲ စစ်တပ်ရဲ့ အမှန်တကယ်ဂုတ်ချိုးတာကို ခံလိုက်ရပါတယ်။

ဒါ့အပြင် ရှစ်လေးလုံးမှာ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်တာမျိုး ၊ ရွှေဝါရောင် အရေးအခင်းမှာလို သံဃာတွေကို ရက်ရက်စက်စက်သတ်တာမျိုး ၊ ဇူလိုင် ၇ ရက်မှာ ကျောင်းသားတွေကို စတင်းဂန်းနဲ့ ရမ်းတာမျိုး ၊ ကိုယ်ဝန်လွယ်ထားတဲ့ အစိတ်သားတောင် မချန်နဲ့လို့အမိန့်ပေးတာမျိုး ၊ အစိုးရက ပြည်သူကို ဓါးဓါးချင်း၊လှံလှံချင်း စိန်ခေါ်တာမျိုး ၊ ယခု၂၂၂၂၂ အရေးအခင်းမှာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းတာတွေဟာ ဘယ်လိုအစိုးရမျိုးက ဆောင်ရွက်ခဲ့သလဲဆိုတာ လက်ဝဲဝေဖန်ရေးသမားများ ၊ ဆန့်ကျင်ရေးသမားများအနေနဲ့ သတိချပ်နိုင်စေချင်ပါတယ်။။

ဟိုချီဆက်
၂၂.ဂျူလိုင်.၂၀၂၁

ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်ရေးသူ - သန်းထွန်း (သခင်သန်းထွန်း)From the Leftist Youth Association - Patheingyi(၁)ဗမာပြည်၌ ...
21/07/2021

ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်
ရေးသူ - သန်းထွန်း (သခင်သန်းထွန်း)

From the Leftist Youth Association - Patheingyi

(၁)

ဗမာပြည်၌ ဆိုရှယ်လစ်ဝါဒဟု ပြောဆို လာကြသည်မှာ မကြာသေးပေ။ ရှေးအခါကပင် လူငယ်များ ပြောဆိုလာခဲ့ကြသော်လည်း ၁၉၃၆ -ခု၊ဧပြီလတွင် အိန္ဒိယပြည် လက်ကနောင်မြို့ ကွန်ကရက် အစည်းအဝေးကြီး၌ ဥက္ကဌ ပန်ဒစ်ဂျဝါဟာလာ နေရူးက ဆိုရှယ်လစ်ဝါဒသာလျှင် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုသည့်အခါမှ စ၍ သာ၍ အပြောအဆိုများလာတော့၏။

ဆင်းရဲသားအတွက် အကျိုးဆောင်ခြင်းကိုလည်း ဆိုရှယ်လစ်၊ ဆင်းရဲသားအကြောင်းရေးခြင်း၊ ပြောခြင်းကိုလည်း ဆိုရှယ်လစ်၊ စသည်ဖြင့် ယူဆကြ၏။

အချို့ကလည်း ဆိုရှယ်လစ်ဆိုတာ မဖြစ်နိုင်ဘူးဟူ၍ တထစ်ချ ပြောကြ၏။ ဆိုရှယ်လစ်ဆိုတာ ဘာလဲဟု တဆင့်တက်၍ မေးပါက ကျကျနန မဖြေတော့ချေ။ ဖြေပါကလည်း လူတိုင်း ပြောနေကျစကားမျိုးသာကြားရ၏။

အချို့ကလည်း ဆိုရှယ်လစ်ဝါဒသည် ဘာသာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုကြ၏။ ထိုသို့ဆိုသူများပင် ဘာသာတရား၏ သဘောကို ကျကျနန သိသူ မတွေ့ရ။ ဆိုရှယ်လစ်ဝါဒ၏အဓိကရည်ရွယ်ချက်သည် ဘာလဲဟု မစူးစမ်းတော့။ ဝါးလုံးရှည်နှင့် သိမ်းလိုက်ခြင်းမျှသာ ဖြစ်ပေ၏။

ဆိုရှယ်လစ်ဝါဒမှာ စင်စစ်အားဖြင့် တိုင်းရေး ပြည်ရေး စီးပွါးရေးတို့နှင့်သာ သက်ဆိုင်သော ဝါဒလည်း မဟုတ်ပေ။ လူတို့၏ တွေးပုံခေါ်ပုံ ၊ စိတ်နေစိတ်ထား သဘာဝဓမ္မ ပြောင်းလဲပုံ၊ ရာဇဝင်၏သဘောတရား၊ အတိတ်ပစ္စုပ္ပန်၊အနာဂတ်အားလုံးနှင့် သက်ဆိုင်သော ဝါဒဖြစ်၏။

(၂)

ဆိုရှယ်လစ်ဝါဒ၏ ပဋ္ဌမအခြေခံကား ရာဇဝင်၏ သဘောတရားကို လေ့လာခြင်းပင် ဖြစ်၏။ ရာဇဝင်ဆိုသော စကားသည် ရာဇဝံသဟူသော စကားမှ ဆင်းသက်လာသဖြင့် မင်းဆွေမင်းမျိုးတို့နှင့်သာ သက်ဆိုင်သကဲ့သို့ ဖြစ်နေပေ၏။ ယခုအခါ ရာဝဝင်ဟုဆိုလျှင် ရှေးကဖြစ်ပျက်လောက်ဟုသာ တွေးကြ၏။

ဆိုရှယ်ဝါဒအရဆိုလျှင် ရာဇဝင်ဆိုသည်ကား ရှေးကဖြစ်ပြီး ယခုဖြစ်ဆဲ အကြောင်းသာမက နောင်ဖြစ်လတ္တံ့သော အကြောင်းတို့ကိုပါ သက်ဆိုင်နေပေ၏။

ဗမာရာဇဝင်ကို သာမန်မျက်စိနှင့် ပြန်လည်သုံးသပ်ပါက ကပ္ပိလဝတ်ပြည်မှ အဘိရာဇာတို့ ပြေးခဲ့ပုံ၊ တကောင်းပြည်ကြီး တည်ထောင်ပုံ၊ မြတ်စွာဘုရားလက်ထက် ဝိဋဋူပဘေးရန်ကြောင့် ဓဇရာဇာတို့ ပြေးလာပုံ၊ ဒုတိယတကောင်းပြည် တည်ထောင်ကြပုံ၊ စူဠသမ္ဘဝ မဟာသမ္ဘဝ၊ ဘေဒါရီနှင့် ရသေ့ပြည် တည်ထောင်ကြပုံ၊ ပြူ-ကမ်းယံ-သက်တို့ ကွဲပြီးနောက် သမုဒ္ဒရာဇ်မင်း ရွာ (၁၉) ရွာကို ပေါင်းစုကာ ပုဂံပြည် တည်ထောင်ပုံ၊ ပြူစောထီး ငှက်ကြီးခွင်းပုံ၊ အလောင်းစည်သူ တိုင်းခန်းလှည့်လည်ပုံ၊ နရသီဟပတေ့မင်း ဟင်းခွက်သုံးရာ စားပုံ၊ တရုပ်တို့ ချီတက်လာသဖြင့် အောက်ပြည်သို့ ပြေးပုံ၊ စစ်ကိုင်း, အင်းဝ, ပင်းယတွင် တိုင်းသစ်ပြည်သစ် တည်ထောင်ကြပုံ၊ တပင်ရွှေထီး ပဲခူးကို သိမ်းပြီး ယောက်ဖတော် ကျော်ထင်နော်ရထာနှင့် တိုင်းသစ် ထူထောင်ပုံ၊ ဟံသာဝတီပါမင်း လက်ထက် တလိုင်းတို့ ချီတက်တိုက်ခိုက်ပုံ၊ မုဆိုးဖိုမှ အလောင်းဘုရား ထပုံ၊ ရှင်ဖြူရှင်လက်ထက် တရုပ်တို့နှင့် လေးကြိမ်တိုက်ပုံ၊ ဘကြီးတော်ဘုရားလက်ထက် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပြီး ရခိုင်တနင်္သာရီတို့ ပါသွားပုံ၊ ပုဂံမင်းလက်ထက် သရက်မြို့ တောင်ငူမြို့အထိ အောက်မြန်မာပြည် ပါသွားပုံ၊ မင်းတုန်းမင်းတရားကြီး မိဖုရားမှားပုံ၊ အလယ်နန်းမတော် မိဖုရား သမက်တော် သီပေါမင်းသားကို နန်းတင်လိုသဖြင့် အခြားမင်းသားနားကို လည်ဆယ်ပြီး သတ်ပစ်ပုံ၊ သီပေါမင်းကို စလေဒင် ခေါ်သွားပြီး ရတနာဂီရိတွင် နတ်ရွာစံပုံ စသည်တို့ကို တွေ့ရပေမည်။

ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ဗမာရာဇဝင်ကို မင်းဆွေမင်းမျိုးများ အကြောင်းချည်းဟု သဘောမထားချေ။ အမျိုးလေးပါးဟုဆိုအပ်သော ရဟန်း၊ မင်း၊ မှူးမတ်၊ သူဌေးသူကြွယ်၊ တောင်သူလယ်လုပ် ဆင်းရဲသားတို့ တမျိုးနှင့် တမျိုး အာဏာလုရာ စစ်တလင်းဟု ယူဆကြပေ၏။

(၃)

ရှေးဦးပထမ ဗမာပြည်တွင် တောတောင်နှင့် ပြွမ်းလျက် နေခဲ့၏။ နေရာတကာတွင် စိမ့်ကြီးမြိုင်ကြီးများ ဖုံးလွှမ်းလျက်ရှိပေ၏။ ဗမာပြည်၌ ပထမဦးဆုံး ရောက်လာသူတို့မှာ ခက်ခက်ခဲခဲ နေခဲ့ကြရ၏။ တောရိုင်း တိရိစ္ဆာန်တို့၏ ဘေးရန်ကလည်း ကြီးမားလှသဖြင့် လက်နက်များကို ဖန်တည်းလာကြ၍ အပြင်အပရန်ကြောင့် စုရုံး၍ နေကြသူတို့မှာ တသွေးတည်း တစိတ်တည်း ရှိခဲ့ကြ၏။

မြေပေါ်တွင် အလိုအလျောက် ပေါက်သော အနှံများ၊ သစ်သီးသစ်ဖုများကိုသာ သုံးခဲ့ရ၏။ သားရဲတို့ ဘေးရန်ကို အဆင်သင့်ကာကွယ်ရန် သစ်ပင်,နွယ်,ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းလာကြရ၏။

အနီးအနားပတ်လည်တွင် အလိုအလျောက် ပေါက်သော အသီးအနှံတို့ ကုန်ခမ်းလာသဖြင့် မိမိတို့၏ လက်စွမ်းဖြင့် လယ်ယာစိုက်ပျိုးလာကြ၏။

ရှေးအခါက အလေ့ကျပေါက်သော အသီးအနှံကို အားလုံးဝိုင်းဝန်း စားသောက်ရာ၌ ဘုံပစ္စည်းသဘောထားကြသဖြင့် မည်သို့မျှ မဖြစ်သော်လည်း ယခုအခါ ငါ့လုပ်စာ သူ့လုပ်စာ စသည်ဖြင့် ခွဲခြားလာကြ၏။

ငါလုပ်သည့်လယ်နှင့် သူလုပ်သည့်လယ် ခွဲခြားမှဘဲဟု သဘောထားကာ မိမိတို့လယ်ကို ကန်သင်းတို့ဖြင့် ၎င်း၊ ခြံကာခြင်းဖြင့် ၎င်း၊ ခွဲခြားလာတော့၏။

ဤနည်းဖြင့် ငါ့ဟာ သူ့ဟာ ခွဲခြားသော ပုဂ္ဂလပစ္စည်းသည် ပေါ်ပေါက်လာတော့၏။ ပုဂ္ဂလပစ္စည်း အစွဲအလမ်းကြောင့် ရှေးက တညီတညွတ်တည်း နေလာခဲ့ကြရသော လူတစုမှာ စိတ်ဝမ်းကွဲပြား လာကြတော့၏။

ရှေးအခါက ဗြဟ္မာကြီးများကဲ့သို့ အကျင့်ဖြူစင်သူများအကြားဝယ် ခိုးမှုဝှက်မှုတို့သည် ပေါ်ပေါက်လာကြတော့၏။

အချင်းချင်းပဋိပက္ခဖြစ်မှုတို့ကို ပပျောက်စေရန် ရည်သန်ပြီးသကာလ တရားနှင့်အညီ ဖြစ်စေရန် ဆုံးဖြတ်စေရန်ဟု အကြီးအကဲတယောက်ကို တင်မြှောက်လာခဲ့ကြ၏။ ထိုသူအားမူ မိမိ၏ ဝမ်းစာအတွက် ကိုယ်ထိလက်ရောက် မဆောင်ရွက်စေတော့ဘဲ အများအကျိုးကို သည်ပိုးရွက်ဆောင်သည်ဟု ယူဆကာ မိမိတို့ လုပ်စာမှ ဆယ်ဖို့တဖို့ကို ထိုသူအား ဝိုင်းဝန်းပေးလာကြ၏။ ထိုအကြီးအကဲဖြစ်သူ သေဆုံးသည့်အခါ၌မူ နောက်ထပ်အကြီးအကဲတယောက်ကို ရွေးချယ်ရာ၌ အစွမ်းရှိသူ အရည်အချင်းရှိသူကို ထပ်မံ၍ မရွေးချယ်တော့။ ပဌမအကြီးအကဲဖြစ်သူ၏ သားတို့ကိုသာ ရွေးချယ်လာကြတော့၏။ ဤနည်းဖြင့် အစိုးရ၊ မင်းဆွေမင်းမျိုးစသည်တို့ ပေါ်ပေါက်လာခဲ့၏။

(၄)

မင်းအစိုးရတို့သည် လူတို့အပေါ်၌ ဩဇာလွှမ်းမိုးနိုင်သော်လည်း လူတို့၏စိတ်ကို မလွှမ်းမိုးနိုင်ချေ။ တောတောင်ချံပိတ်ပေါင်းတို့၊ သားရဲတို့ ဝန်းရံခြင်း ခံရသော လူတို့၊ တောတောင်ချံပိတ်ပေါင်း တည်းဟူသော သဘာဝတရားကြီးကို ကြောက်ရွံ့လျက် နေကြပေတော့၏။ လူတို့သည် ပညာဉာဏ်မျက်စိ နည်းပါးရကား သစ်ပင်ကိုးကွယ်၊ အသီးအနှံကိုးကွယ်ခြင်း စသည့်အမှုတို့ကို ပြုလာကြကုန်၏။

အနည်းငယ်ပါးနပ်သော လူတို့လည်း သူတို့၏ အသိဉာဏ်နည်းခြင်းကို အမှီပြုကာ စားပေါက်ရှာလာကြကုန်၏။ ဒါတွေ မကြောက်ကြနဲ့၊ ဒါတွေ ပျောက်အောင် လုပ်ပေးမယ်။ တို့ကို ကန်တော့ကြစသည်ဖြင့် ဆိုလာကြ၏။ ဤနည်းဖြင့် လူတို့ အသိဉာဏ်ပေးသော တနည်းအားဖြင့် လူတို့၏ အသိဉာဏ်မဲ့ခြင်းကို အမှီပြုပြီး စားလမ်းရှာသော လူတမျိုးသက်သက်ပေါ်ပေါက်လာခဲ့၏။

မိမိတို့ အချင်းချင်း မသင့်မြတ်သည်ကို မင်းအစိုးရက ကာကွယ်နိုင်၏။ သို့ရာတွင် မိမိတို့၏ ဧရာမတန်ခိုးကြီးလာသော သဘာဝဓမ္မတို့၏ ဘေးရန်ကိုမူ ရဟန်းပုဏ္ဏားဆိုသူတို့က ကာကွယ်နိုင်၏။ ဤသို့အားဖြင့် လူတို့အပေါ်တွင် မင်းဆရာဖြစ်သော ရဟန်းပုဏ္ဏားတို့က မင်းအစိုးရထက် ဩဇာလွှမ်းမိုးလျက် နေပေတော့၏။

ရဟန်းဆိုသူတို့သည် တုံးခုန် -ရေချိုး - မီးလှုံ - စသည့် ထူးမြတ်သော အကျင့်ကြီးများကို ကျင့်ကာ လူတို့အား တရားဒေသနာ ဖြန့်ဖြူးလာကြ၏။ လက်ထပ်ခါနီးဆဲ အမျိုးသမီးတို့အားလည်း လက်မထပ်မီ တညတွင် ပန်းဦးပန်ရန် မိမိတို့ထံ လွှတ်စေခဲ့၏။

(၅)

အသိဉာဏ်ရှိသော မင်းတို့သည် ရဟန်းဆိုသူတို့က မိမိတို့၏ ဩဇာကို အလွဲသုံးစား ပြုနေကြောင်း ရိပ်မိလာကြကုန်၏။ သို့ရာတွင် မိမိတို့ ဩဇာထက် ရဟန်းတို့ဩဇာက ကြီးမားလာသဖြင့် မည်သို့မှ မလုပ်ရဲကြ။

အနော်ရထာမင်းစောသည် ငယ်စဉ်ကပင် ၎င်းရဟန်းဆိုးတို့၏ ဩဇာအာဏာကို ဖြိုဖျက်အံ့ဟု စိတ်ပိုင်းဖြတ်ခဲ့၏။ အထွဋ်သို့ရောက်သည့်အခါ၌ ဩဇာကို ဖြိုဖျက်သည့် နည်းလမ်းများ ရှာတွေ့ခဲ့၏။ ရှင်အရဟံနှင့် တွေ့သည့်အခါမှ စ၍ အရည်းကြီးရဟန်းတို့ ဩဇာကို အဆုံးသတ်ဖြိုဖျက်ခဲ့လေတော့သတည်း။ ထိုအခါမှစ၍ လူသူတို့အပေါ်တွင် မင်းဆွေမင်းမျိုးတို့၏ ဩဇာသည် လွှမ်းမိုးလာပေတော့သတည်း။

ရဟန်းတို့လည်း ခိုကိုးရာမဲ့ ဩဇာမဲ့ ဖြစ်ကြရာ အကျင့်ကောင်း ကျင့်လာကြကုန်၏။ သို့ရာတွင် မင်းဆွေမင်းမျိုးတို့ကို သင်ကြားပြသသူ မင်းဆရာဘွဲ့ခံကာ လူတို့အပေါ်တွင် ဩဇာလွှမ်းမိုးမြဲ လွှမ်းမိုးနေသေးတော့၏။ သို့ရာတွင် မင်းအစိုးရတို့လောက် အာဏာ မရှိတော့ပေ။

ရှေးအခါက တိုင်းသူပြည်သားတို့၏ ဆန္ဒနှင့် အာဏာရှင်အဖြစ်ရောက်သူ မင်းတို့လည်း ယခုအခါ မြေပိုင် - ရေပိုင် ဖြစ်လာကြကုန်၏။ ရှင်ဘုရင်တို့အား ရေမြေရှင်ဟူ၍ ခေါ်ဝေါ်သမုတ်ကြကုန်၏။

မင်းလုပ်သူသည် အပြောကျယ်လှစွာသော တိုင်းပြည်အား မိမိတဦးတည်း မအုပ်ချုပ်နိုင်၊ မြေယာကို စိပ်ခွဲကာ လုပ်ကြံဘက်ဖြစ်သူတို့အား အသီးသီးခွဲဝေ၍ အုပ်ချုပ်စေ၏။

နယ်စား,မြို့စား,ရွာစားတို့၏ တာဝန်ကား အရေးအကြောင်းပေါ်ခဲ့သော် ရှင်ဘုရင်အား စစ်သားမည်မျှ ပေးရန်၊ အခွန်အတုတ်ကိုလည်း သင့်လျော်သလို ဆက်သရန်၊ တခါတရံ ညီလာခံဝင်ရန်၊ သမီးကညာဆက်သရန်လောက်သာဖြစ်၏။ ရှင်ဘုရင်သည် ရေမြေ့ရှင်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် ပဒေသရာဇ်ကလေးများဖြစ်သော မြို့စားနယ်စားတို့သည် တကဲ့ရေမြေ့ရှင်များဖြစ်၏။ မိမိတို့ပင်လျှင် သက်ဦးစံပိုင် အာဏာရှင်ကလေးများ ဖြစ်၏။ မိမိတို့ဘာသာလယ်ယာ လုပ်ကိုင်စားသောက်သော သူတို့သည်၎င်း၊ ပညာနှင့် အသက်မွေးသော သူတို့သည်၎င်း၊ အားလုံးရေမြေ့ရှင်များ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြ၏။ ရှင်ဘုရင်လုပ်သူ မင်းဆွေမင်းမျိုး၊ မြို့စားနယ်စားတို့က ငါ ဟူသော အသုံးနှုန်းသုံးကြစေကာမူ မိမိတို့ အစွမ်းဖြင့် နဖူးမှ ချွေး၊ ခြေမကျအောင် လုပ်ကိုင်စားသောက်ရသူများက ဘုရားကျွန်တော်မျိုး စသည်ဖြင့် သံတော်ဦးတင်ကြရကုန်၏။

မင်း,မူးမတ်,မြို့စား,နယ်စားတို့လည်း မဟာကုသိုလ်တော်ကြီးများ ရလိုသဖြင့် ဘုရားကျောင်းကန် တန်ဆောင်းတို့ တည်ဆောက်ကြ၏။ သို့ရာတွင် ကိုယ်တိုင် ဘာမျှ မလုပ်ကြ။ တိုင်းသူပြည်သားတို့မှာ မိမိတို့ ဝမ်းစာအတွက် လုပ်သည့် အလုပ်အကိုင်များကို ဖျက်ခါ ဘုရင်မင်းမြတ်များ ဘုရားတကာဘွဲ့ခံယူစေရန် လာရောက် တည်ပေးကြကုန်၏။

သေသည့်အခါ ဘုရင်မင်းမြတ်များ နတ်ရွာလားကြကုန်၏။ တိုင်းသူပြည်သားတို့မှာ ဘယ်ရောက်သည်ဟူ၍ ရာဇဝင်များတွင် မတွေ့။

ထိုခေတ်ထိုအခါက ထွန်းကားသောစာပေတို့မှာလည်း ရှေးဘုရင်အကြောင်း၊ မိဖုရားအကြောင်း၊ မင်းသမီးအကြောင်း၊ နန်းတော်အတွင်း မည်ကဲ့သို့ နေကြပုံ၊ ဘုရင်ဧကရာဇ်ကြီး ယိုးဒယားသို့ ချီခဏ်းစသည်တို့ကို ဖွဲ့နွဲ့ကာ သီဆိုထားကြကုန်၏။

ပဒေသရာဇာရေး ထန်းတက်သမားအကြောင်း၊ စလေဦးပုညရေး ကာကဝလ္လိယတို့အကြောင်း ဆိုသည်မှာလည်း အနှစ်တရာမှ တခါပေါ်သည့် စာမျိုးသာ ဖြစ်၏။ သို့ရာတွင် ထိုစာတို့မှာ အာဏာရှင်များက သနားတတ်ပုံတို့လောက်သာ တွေ့ရ၏။ ဆင်းရဲသည်ဆိုသည်မှာလည်း ဘဝက အကုသိုလ်ကြောင့် ဆင်းရဲတာ ဟူသောသဘော သက်ရောက်စေသည့် စာမျိုးပင် ဖြစ်၏။ အာဏာရှင်များက အခမဲ့ခိုင်းပုံ၊ ဆင်းရဲသားတို့အား အသိဉာဏ်ပိတ်ပင်ထားပုံတို့ကို မတွေ့။

ဤနည်းအားဖြင့် မင်းဆွေမင်းမျိုးတို့ လွှမ်းမိုးလာလိုက်သည်မှာ သီပေါမင်းတရားလက်ထက်တိုင်တိုင်ဖြစ်၏၊

ရှမ်းပြည်ရှမ်းရွာတို့၌မူ ဤကဲ့သို့ စံနစ်မျိုး ယခုထက်တိုင် လွမ်းမိုးလျက်ပင် ရှိသေး၏။ စော်ဘွားအမျိုးအနွယ်တို့ကို သခင်၊ သခင်မဟူ၍၎င်း၊သံတော်ဦးတင်ကြရ၏။ စော်ဘွားများက မိမိတို့နယ်တွင်းရှိ တောင်သူလယ်လုပ်များအား ခေါ်လျှင် ဘုရားထူးကြရ၏။

ဗမာပြည်၌ အစိုးရအရာရှိများ၊ ဘုရားထူးခံနေကြခြင်းကား ကုန်လွန်ပြီးသော မင်းဆွေမင်းမျိုးခေတ်၏ ထုံးစံကို အမွေခံခြင်းမျှ ဖြစ်၏။ ဗမာရှင်ဘုရင်တို့၏ အသားယူမှုကြောင့် ကျိုးနွံလျက်ရှိသော ဗမာလူမျိုးတို့၏ စိတ်ဓာတ်ကို မိမိတို့ အကျိုးရှိစေရန် အသုံးချခြင်းမျှသာ ဖြစ်၏။

(၆)

သီပေါမင်း အင်္ဂလိပ်လက်ပါသွားပြီးနောက် ဗမာပြည်သို့ ဓနရှင်စံနစ် ဆိုက်ရောက်လာခဲ့၏။

ဓနရှင်စံနစ် ဆိုက်ရောက်သည်ဆိုစေကာမူ ရောက်စသာ ဖြစ်သေး၏။ အဆုံးတိုင်ရောက်သေးသည် မဟုတ်။

အင်္ဂလိပ်မင်းအစိုးရသည့်အခါမှစ၍ မင်းဆွေမင်းမျိုးတို့ လိုလားသည့် စိတ်ဓာတ်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။ ဗမာပြည်၌ ဩဇာလွှမ်းမိုးလာသူတို့မှာ ကုန်သည်မျိုး သူဌေးသူကြွယ်မျိုးတို့သာလျှင် ဖြစ်၏။

သို့ရာတွင် ဗမာပြည်၌ ဩဇာလွှမ်းမိုးနေသူတို့ အစစ်မှာ နိုင်ငံခြားသား ဓနရှင်များသာ ဖြစ်၏။

နိုင်ငံခြားသားဓနရှင်တို့၏ နိုင်ငံချဲ့အစိုးရကို ကြိုးကိုင်ကာ မိမိတို့ အမြတ်အစွန်းရမှုအတွက် ရေနံ၊ သစ်တော၊ ဆန်စပါး၊ သတ္ထုတွင်း စသည်တို့မှာ အဆီအနှစ်ကို ထုတ်ယူကြကုန်၏။ တိုင်းသူပြည်သားတို့မှာ ရှေးစိတ်ရှေးမူ ရှိသေးသည်တို့ကို ပြုပြင်ရန် စိတ်မကူးကြ။ တိုင်းသူပြည်သားတို့ စိတ်ပြောင်းလာပါက မိမိတို့ အမြတ်အစွန်းရဘို့ လမ်းမရှိတော့သည်ကို သိကြ၏။

မျက်စိပွင့်လင်းလာသော ဗမာကုန်သည် ဗမာပညာတတ်တို့လည်း မိမိတို့ စားကျက်ကို နိုင်ငံခြားဓနရှင်များ သိမ်းယူထားသည်ကို သိသဖြင့် မိမိတို့ အခွင့်အရေးကို တောင်းဆိုလာ၏။

ဤကား ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်လာခြင်းပေတည်း။

အုပ်ချုပ်ရေးကို ဘယ်နေရာပြင်ပေးပါဟု တောင်းဆိုလာကြခြင်းကား မိမိတို့ စားလမ်းဖောက်ရန် တောင်းဆိုခြင်းသာ ဖြစ်၏။

ဗမာဆင်းရဲသားတို့ အဘို့ရာမှာကား အထူးပြောဘွယ် မလိုပေ။ စားသောက်ရသည်မှာလည်း အဟာရဖြစ်စေသည့် အစာကို မစားရ။ နပ်ကျော်စားရသူတို့မှာလည်း အနတက္ကမ။ ထန်းလက်ကာ ကျူရိုးတိုင်ထူပြီး နေကြရသူတွေမှာလည်း ဒုနဲ့ ဒေး။ အရှက်ကို ဖုံးလွှမ်းစေရန် အပူအဧမှ ကာကွယ်ရန် မျှတသည့် အဝတ်အစားကို မဝတ်ကြရ။

တွေးပုံခေါ်ပုံ ပြောင်းလဲစေမည့် ပညာမျိုးလည်း မသင်ကြားရ။ လက်ရှိအခြေအနေနှင့် တင်းတိမ်စေမည့် ဓနရှင်များကို ကျေးဇူးတင်စေမည့် ပညာမျိုးသာ သင်ကြရကုန်၏။

ခေတ်မှီသည့် သူနာပြုစုမှု မထွန်းကားသဖြင့် ကလေးသူငယ်များမှာလည်း မသေတန်ဘဲ သေကြရကုန်၏။

ပညာတတ် အလုပ်လက်မဲ့၊ အလုပ်ကြမ်းသမား အလုပ်လက်မဲ့တို့မှာလည်း တနေ့တခြား [ပေါ်များလာချေတော့၏။

လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတို့မှာလည်း တနှစ်လျှင် (၆)လခန့်သာ အလုပ်လုပ်ရပြီး ကျန် (၆)လမှာ ခိုးခြင်း တိုက်ခြင်းဖြင့် အသက်မွေးလာကြ၏။

ငရဲတမျှကြီးလှသော ဤဒုက္ခမှ လွတ်မြောက်ရန်နည်းကား ဗမာတမျိုးလုံးအား ဆင်းရဲဒုက္ခ ရောက်စေသော နိုင်ငံခြားသား ဓနရှင်ကြီးများနှင့် ၎င်းတို့အား အားပေးနေသော နိုင်ငံချဲ့စံနစ် လက်အောက်မှ ထွက်ခွာရန်သာ ဖြစ်တော့၏။

ဤသို့အားဖြင့် ဆင်းရဲသားအပေါင်းတို့လည်း နိုင်ငံရေးလုပ်လိုသူတို့၏ နောက်သို့ လိုက်ကြကုန်၏။ သို့ကြောင့်လည်း ရှေးအခါက ဂျီ-စီ-ဘီ-အေ ထွန်းကားကြီးကျယ်ခြင်း ဖြစ်၏။

နိုင်ငံချဲ့သမားတို့လည်း ဆင်းရဲသားတို့၏ ဘေးရန်မှ ရှောင်ခွာရန် ပညာတတ်များကို အလုပ်ပေးကြ၏။ ရာထူးပေးကြ၏။ ကုန်သည်ကလေးများကို ရှယ်ယာအစုများပေးကာ ဓနရှင်ပေါက်စကလေးတွေဖြစ်အောင် ဖန်တီးပေးလာကြကုန်၏။

ဤနည်းဖြင့် အမျိုးသား လွတ်လပ်ရေး လုပ်ငန်းမှာ ဖရိုဖရဲ ဖြစ်လာခဲ့၏။ သို့ရာတွင် မကျေနပ်သော သူများလည်း ဆက်လက်ဆူပူဆဲ ဖြစ်တော့၏။ အစဉ်သဖြင့် နာနေသော ဆင်းရဲသား ပစ္စည်းမဲ့ , အိုးမဲ့, အိမ်မဲ့တို့လည်း လူဆူ လူပူတို့နောက် အမြဲလိုက်နာနေတော့၏။

(၇)

ဤအတိုင်းသာသွားခဲ့သော် တဖြည်းဖြည်း အင်အားကြီးလာသဖြင့် ဗမာပြည်သည် နိုင်ငံချဲ့စံနစ်၏ စက်ကွင်းမှ လွတ်မြောက်တော့အံ့။ နိုင်ငံခြား ဓနရှင်တို့ လက်အောက်မှ လွတ်မြောက်တော့အံ့။

သို့ရာတွင် ဆင်းရဲသားတို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်လာခဲ့သော ဗမာဓနရှင်တို့သည် ဓနရှင်ကြီးများ ဖြစ်လာတော့အံ့။

ထိုအခါ ဗမာနိုင်ငံသည် ဓနရှင်တို့ လွှမ်းမိုးသော နိုင်ငံဖြစ်လာအံ့။ သို့ရာတွင် တိုင်းပြည်တွင်း၌ ဆင်းရဲသားတို့မှာ ဆင်းရဲမြဲ ဆင်းရဲ၊ ငတ်မြဲ ငတ်နေသဖြင့် ဆင်းရဲသား ခေါင်းဆောင်အစစ်တို့သည် မိမိတို့ဆင်းရဲသားများအား အာဏာရမှု အတွက် လုံးပမ်းကြတော့မည်။

တနေ့တခြား လူဦးရေများလာသော အလုပ်သမားများ၊ လယ်သမားများနှင့် ဓနရှင်များ (ဗမာအချင်းချင်း) ပဋိပက္ခ ဖြစ်တော့မည်။ စစ်ပွဲများလည်း တိုက်ရပေမည်။

သို့ရာတွင် ဆင်းရဲသားတို့ အင်အားကြီးမားလာသဖြင့် နောက်ဆုံး၌ ဓနရှင်တို့ကို ဖြုတ်ချကာ ဆင်းရဲသားချင်း အစိုးရပေါ်ပေါက်လိမ့်မည်။

ထိုအစိုးရလည်း မိမိ၏ ရန်သူဖြစ်သော ဓနရှင်များ ဓနရှင်ပေါက်စများကို အပြင်းအထန် နှိမ်နင်းရပေလိမ့်မည်။

ဓနရှင်အမျိုးပြုတ်သွားသည်နှင့် အလုပ်လုပ်သောသူချည်း နေသော တိုင်းပြည်ဖြစ်လာတော့အံ့။ လူတို့သည်လည်း အခြေအနေ ပြောင်းလဲလာသဖြင့် စိတ်နေစိတ်ထား ပြောင်းလဲလာကြတော့အံ့။

လူ့တို့ တရားပြည့်ဝလာသည်နှင့် အစိုးရကိုလည်း လူတို့မလိုတော့။ အစိုးရလည်း အလိုအလျောက် ကွယ်ပျောက်သွားတော့အံ့။

ဤကား ဆိုရှယ်လစ်ဝါဒအရ ဗမာရာဇဝင်ကို ကြည့်ပုံတည်း။ ရှေးက ဖြစ်လာပုံ၊ နောက်ဖြစ်မည့် အခြေအနေကို စူးစမ်းခြင်းပေတည်း။

(၈)

ရာဇဝင်၏ သဘောတရားကို နားလည်ပါတယ်။ အခု ဘာလုပ်ရမလဲဟု ဆိုကြပေမည်။

ယခုအခါ၌ ဗမာတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်၏ စက်ကွင်းတွင် ရောက်နေပေ၏။

ဆိုရှယ်လစ်နိုင်ငံ(ဝါ) ဆင်းရဲသားမင်း ဆင်းရဲသားချင်း နိုင်ငံတည်ထောင်ရန်မှာ ဖြစ်နိုင်သည် မဖြစ်နိုင်သည်မှာ အပထား၍ ချက်ချင်းပြုလုပ်ရမည့် လုပ်ငန်းမဟုတ်။

ဆိုရှယ်လစ်ဝါဒသမားတို့သည် ရာဝဝင်၏ သဘောတရားကို သိကြသူများ ဖြစ်သဖြင့် လက်ငင်းအလုပ်ကို လက်ငင်းလုပ်ကြ၏။ သို့ရာတွင် မိမိတို့ ရည်ရွယ်ချက်ကို အဓိကထားကြ၏။

ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗမာပြည်တွင် လက်ငင်းအလုပ်ကား ဗြိတိသျှနယ်ချဲ့စံနစ်မှ လုံးဝလွတ်လပ်ရန်ဟု သိကြ၏။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြင့် ကြွေးကြော်နေခြင်းကား ဝါဒပြန့်ပွားရေးသာဖြစ်ဖြစ်၏။ ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်ကြီး တည်တန့်နေသမျှ ကာလပတ်လုံး ဆိုရှယ်လစ်နိုင်ငံ မတည်ထောင်နိုင်ဟု သိကြ၏။

ဗြိတိသျှ နိုင်ငံချဲ့ စံနစ်မှ လွတ်လပ်လိုသူတို့ ဖြစ်သည့်အတိုင်း လုံးဝလွတ်လပ်ရေး လိုလားသူတိုင်း ပူးပေါင်းမည် ဖြစ်၏။

သို့ရာတွင် ဆိုရှယ်လစ်ဝါဒသမားတို့သည် အလုပ်သမား ဆင်းရဲသားတို့ကိုသာ အားကိုး၏။ နောင်အခါ၌ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရာ၌လည်း အလုပ်သမား၊ လယ်သမားများသာ တည်ထောင်မည် ဖြစ်၏။

ဗမာဓနရှင်တို့သည် ဗြိတိသျှနိုင်ငံချဲ့တည်တန့်ရာ တည်တန့်ကြောင်း ၊ အလုပ်သမား လယ်သမားတို့၏ အင်အားပျက်စီးရာ ပျက်စီးကြောင်းလုပ်ပါက ဆိုရှယ်လစ်တို့သည် ဗမာလူမျိုးဘဲဟူ၍ကား ညှာတာပေးမည် မဟုတ်၊ အပြင်းအထန် တိုက်ကြပေမည်။

သို့သော် လုံးဝလွတ်လပ်ရေး လိုလားသော ဗမာဓနရှင်တို့နှင့် ပူးပေါင်းမည်။

ရာဇဝင်သဘောတရားအရဆိုလျှင် လုံးဝလွတ်လပ်ပြီးသည့်အခါ ဗမာဓနရှင်များနှင့် ဗမာဆင်းရဲသားတို့ အိုးစားကွဲရချေမည်။

ဗမာပြည် လွတ်လပ်ပြီးသည့်အခါ ဓနရှင်နိုင်ငံ အဖြစ် ကျန်ရစ်မည်လော၊ သို့တည်းမဟုတ် ဆင်းရဲသားမင်း ဆင်းရဲသားချင်း နိုင်ငံဖြစ်လာမည်လော။

ဤပြဿနာတို့ကား ယခုအခါ လွတ်လပ်ရေးတိုက်ပွဲ ပါဝင်နေကြသော ဗမာဓနရှင်ပေါက်စတို့၏ အင်အား ဗမာအလုပ်သမား လယ်သမားတို့၏ အင်အားအပေါ်တွင် တည်ရှိနေပေတော့သတည်း။

သခင်သန်းထွန်း

ဒီကနေ့ဟာ ဦးအောင်ဆန်းနဲ့အာဇာနည်တွေ လုပ်ကြံခံခဲ့ရတာ၇၄နစ်ပြည့်ခဲ့ပြီဖြစ်တယ်။ဒီသက်တမ်းတလျှောက်လုံးမှာ ကျုပ်တို့ရဲ့လူနေမူစနစ...
19/07/2021

ဒီကနေ့ဟာ ဦးအောင်ဆန်းနဲ့
အာဇာနည်တွေ လုပ်ကြံခံခဲ့ရတာ
၇၄နစ်ပြည့်ခဲ့ပြီဖြစ်တယ်။
ဒီသက်တမ်းတလျှောက်လုံးမှာ ကျုပ်တို့ရဲ့လူနေမူစနစ်တွေဟာ ဘာတွေများပြောင်းလဲသွားခဲ့ပြီလဲ။
အာဇာနည်တွေမျော်မှန်းခဲ့တဲ့ စစ်မှန်သော
ဖယ်ဒရယ်ပြည်ထောင်စုဆီကိုရော ဘယ်အထိနီးစပ်ခဲ့ပြီလဲ။ပြန်ကြည့်လိုက်ရင် လွန်ဆန်မရတဲ့ ရုပ်ဝတု
တိုးတက်မူတွေကမကြီးကို လွှမ်းခြုံခဲ့တဲ့နောက်
ဖြစ်လာတဲ့ နေထိုင်မူပုံစံတွေ သာ တဆင့်ပြီးတဆင့်ပြောင်းလဲလာပေမဲ့ တိုင်းပြည်ဟာ ခြွတ်ခြုံကျနေဆဲဖြစ်တယ်။အခြေခံလူတန်းစားကျောမွဲတွေဟာ
လုပ်အားကို အလျှင်မှီအောင်ရောင်းချရင်း တရက်ပြီးတစ်ရက် ပူပန်စွာအသက်ဆက်နေရဆဲဖြစ်တယ်။
62မှာ နေဝင်းရဲ့ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီး ထူထောင်ခဲ့တဲ့ မ.ဆ.လ ဆိုရှယ်လိမ် အာဏာရှင်စနစ်ကြောင့် လူထုဟာ နွံထဲနစ်သထက်နစ်ခဲ့ရမှ သည်းခံလို့မရတော့တဲ့အထိဖြစ်လာတယ်။88မှာ လူထုဟာ NLDကိုအာဏာအပ်နှင်းခဲ့ပေမဲ့ NLDဟာ စစ်တပ်ရဲ့လှည့်ဖျားယုတ်မာမူအောက်မှာ ပြည်သူ့အာဏာကိုခိုင်မာအောင်မတည်ဆောက်နိုင်ခဲ့ပြန်ဖူး။ဒါကြောင့် တခါးဖွင့်သယောင်နဲ့
အယောင်ပြစျေးကွက်စီးပွားရေးစနစ်ဆိုးကို
သူတို့နဲ့နီးစပ်ရာအသိုင်းအဝိုင်းတွေရဲ့ငွေဝင်ပေါက်အဖြစ်ကျင့်သုံးလာတဲ့ န.ဝ.တ၊န.အ.ဖ စစ်ကောင်စီလက်ထက်မှာလဲ ပြည်သူဟာ ဒုံရင်းဘဝနဲ့ လိမ်ဖယ်ဖယ်အသက်ဆက်ခဲ့ရပြန်တယ်။
တဝက်တပျက် ဒီမိုကရေစီ အတုအယောင်အစိုးရအဖြစ်ဦးသိန်းစိန် တက်လာပြီး NLDဟာ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ စစ်တပ်နဲ့ရင်ကြားစေ့ရေးဗျူဟာအမှားကြောင့် နောက်တဖန်တိုင်ပြည်ဟာ မှောက်ရက်လဲခဲ့ပြန်တယ်။
ခုချိန်မှာတိုင်းပြည်ဟာ ကပ်ဆိုး၊စနစ်ဆိုးရဲ့သားကောင်အဖြစ် အကျအနာဆုံး အမှောင်ဆုံးကာလတွေဖြစ်လာခဲ့ရပြီဖြစ်တယ်။

အရာအားလုံးရဲ့အစကိုပြန်သွားရမယ်ဆိုရင်တော့
48 လွပ်လပ်ရေးကာလမတိုင်မှီအချိန်ကို ပြန်ပြီးကြည့်ရလိမ့်မယ်။
ဂျပန်အထွက် လိပ်ပြန်အဝင် ၄၅-၄၇ ကာလအပိုင်းအခြားမှာ တိုင်းပြည်ဟာ ပေါက်ကွဲတော့မဲ့ဗွိုင်လာအိုးလိုရှိနေခဲ့တယ်။ဖက်ဆစ်သနေဓပါလာတဲ့
BIAပံုပြောင်း ဗမာစစ်တပ်ရဲ့ ဂျပန်ခေတ် လက်ယာစွန်းအမှားတွေကြောင့် ကျောကော့အောင်ခံခဲ့ရတဲ့ကရင်လူမျိူးတွေဟာ သေနတ်ကိုင်တိုက်မယ်တကဲကဲဖြစ်နေတယ်။ပျဥ်းမနားလယ်ဝေးမှာ BIAလူထွက် ပြည်သူ့ရဲဘော်တွေ ပုန်ကန်နေကြတယ်။ကချင်ကလဲ ခွဲထွက်မယ်၊ပြည်မနဲ့ပေါင်းမယ်ဆိုတဲ့အပေါ်သံသယနဲ့ စောင့်ကြည့်နေတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဖ.ဆ.ပ.လအတွင်း
လက်ယာအချောင်သမားတွေရဲ့ သွေးထိုးမူကြောင့်
ဖ.ဆ.ပ.လရဲ့အမြူတေပါတီအဖြစ်ကနေ ဘေးကိုထွက်သွားရတဲ့ အတိုက်အခံဖြစ်ခဲ့ရတယ်။ဦးအောင်ဆန်းအတွက်လက်ရုံးတစ်ဖက်ပြုတ်ထွက်ခဲ့ရတယ်။
ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီနစ်ခြမ်းကွဲပြန်တယ်။ဖ.ဆ.ပ.လထဲက ဦးဗဆွေ၊ဦးကျော်ငြိမ်းတို့လိုဆိုရှယ်လစ်တွေကလည်း တိုင်းပြည်မှာ အာဏာလက်စောင်းထက်ဖို့ လွှမ်းမိုးကြီးစိုးနိုင်ဖို့
ဗ.က.ပတွေကိုအပြတ်ရှင်းနိုင်ဖို့အတွက်
စစ်တပ်အတွင်းသူတို့သြဇာကိုတိတ်တဆိတ်တည်ဆောက်နေခဲ့ကြတယ်။
ဝန်ထမ်းပေါင်းစုံအထွေထွေသပိတ်ကြီးတွေ၊တောနယ်တွေဘက်က လယ်သမားနင်းပြားတွေရဲ့
အငတ်ဘေးဆိုက်မူကြောင့် ဆန်ဂိုထောင်ဖောက်တာ၊လုယက်တိုက်ခိုက်တာတွေဟာလည်းအနှံ့အပြားဖြစ်လို့နေတယ်။

ဦးအောင်နဲ့ဝန်ကြီးတွေအတွက် ဘိလပ်အစိုးရရဲ့
အထင်ကြီးမူကိုရယူနိုင်ဖို့အလွန်ကြီးမားတဲ့စိန်ခေါ်ချက်ကိုရင်ဆိုင်ခဲ့ရတဲ့ကာလကြီးဖြစ်တယ်။
အကိုင်အတွယ်တချက်မှားတာနဲ့အရာရာဟာ နေ့ခြင်းညချင်းအကုန်ပြောင်းလဲသွားနိုင်တဲ့ ကမ်းပါးစွန်းကအခြေအနေမျိုးဖြစ်တယ်။
ဦးအောင်ဆန်းဟာ အဲ့ဒီကာလမှာမအိပ်မနေပြင်းပြင်းထန်ထန်ကိုအလုပ်လုပ်ခဲ့ရတယ်။ဖိအားများစွာကို ခံရလွန်းလို့ တခါမှာ ဆာဒေါ်မန်စမစ်
ရှေ့မျက်ရည်တောင်ကျခဲ့ဖူးတယ်လို့ဆိုတယ်။
ဒါပေမဲ့သူ့ရဲ့တိုင်းပြည်အပေါ်ထားခဲ့တဲ့စေသနာနဲ့
လုပ်ရပ်ဟာ မှန်ကန်တဲ့အတွက် နောက်ဆုံးမှာ
လွပ်လပ်ရေးအတွက် လန်ဒန်အထိဖိတ်ခေါ်ဆွေးနွေးရမဲ့အဆင့်ထိရေယက်လာခဲ့တယ်။
ဦးအောင်ဆန်းဟာအဲ့ဒီအခြေနေရောက်အောင်လွယ်လွယ်နဲ့ ကျော်ဖြတ်ခဲ့တာတော့မဟုတ်ဘူး။နေရာတကာရင်ကြားစေ့ပြီး လေပြေထိုး
ရွှေပြည်အေးနိုင်ငံရေးလုပ်ပြီး
ရောက်သွားခဲ့တာတော့မဟုတ်ဘူး။
ပြတ်ပြတ်သားသားကိုင်တွယ်သင့်တဲ့နေရာမှာမထောက်မညှာကိုင်တွယ်ပြီး၊တွန်းတိုက်ဖို့လိုရင်တွန်းတိုက်ထိုးထွက်ပြီး ရှေ့ကိုမမှိတ်မသုန်ချီခဲ့လို့ သူလိုရာကိုရောက်ခဲ့တာဖြစ်တယ်။
အဲ့ဒီအချိန်ကဝန်ကြီးအဖွဲ့ဟာလည်းသူ့ကိုလွန်ဆန်ဖို့မစွမ်းသာတဲ့အတွက်မြန်မြန်ခရီးရောက်ခဲ့တာဖြစ်တယ်။(NUG ဟာ အဲ့ဒီကာလဦးအောင်ဆန်းရဲ့
လုပ်ရပ်နဲ့ဆုံးဖြတ်ချက်တွေအပေါ်သုတေသနကောင်းကောင်းလုပ်ပြီးလက်ရှိအကြပ်အတည်းမှာအသုံးချဖို့ကြိုးစားမယ်ဆိုရင်အဖြေတခုကောင်းကောင်းရလိမ့်မယ်လို့ကျုပ်ထင်တယ်)

ဆူပွက်နေတဲ့ဗမာ့ဘွိုင်လာအိုးကြီးဟာ ဦးအောင်ဆန်းလုပ်ကြံမခံရခင်အထိ ငြိမ်သက်သွားခဲ့ပေမဲ့
နောက်လူတွေလက်ထက်ကျ နှဆပြင်းတဲ့အားနဲ့
ပေါက်ကွဲထွက်ခဲ့တာ အားလုံးအသိပဲ။
ဒါဟာလဲနောက်လူတွေရဲ့အောင်ဆန်းလမ်းစဥ်ကိုမလိုက်ပဲရေတိုကုစားရေး မယောင်ရာဆီလူးစီမံချက်တွေနဲ့ လျောက်ပြီးဖာထေးခဲ့ကြလို့ပဲ။
တိုင်းရင်းသားညီညွတ်ရေးနဲ့ပင်လုံကတိကဝတ်ဟာဦးအောင်ဆန်းရဲ့ ပုဂိုလ်ရေးကြီးမြတ်မူအပေါ်ကို
အလုံးစုံတည်သွားလောက်အောင်နောက်လူတွေမှာ
လိုအပ်ချက်တထေးကြီးရှိနေခဲ့လို့ပဲ။
ခေါင်လန်တော့အားလုံးဖွာလန်ကျဲကုန်တဲ့သဘောပဲ။တိုင်းရင်းသားတွေအပါအဝင်ဗမာပြည်ကွန်မြူနစ်ပါတီကို၌က လက်ယာအချောင်သမားတွေကြီးစိုးနေတဲ့ဦးနုနဲ့ဖ့ဆ.ပ.လကိုဘယ်တော့မှအယုံအကြည်မရှိခဲ့သလိုထင်တဲ့အတိုင်းဖြစ်ခဲ့တယ်
ဆိုတာသမိုင်းကသက်သေပြခဲ့ပြီဖြစ်တယ်။

ဦးအောင်ဆန်းနဲ့ဝန်ကြီးအဖွဲ့အားလုံးနီးပါးဟာ
ဦးစောရဲ့လုပ်ကြံမူကြောင့် ဒီကနေ့နံနက်ဆယ်နာရီသုံးဆယ့်ခွန်အချိန်မှာ ပစ်ခတ်လုပ်ကြံခံခဲ့ရတယ်။
ပြောရမယ်ဆိုဖ.ဆ.ပ.လရဲ့ အကောင်းဆုံးအရေအသွေးပိုင်ရှင်ဟူသမျှ လက်တဖျစ်အတွင်းအသေသတ်ခံလိုက်ရတာပဲ။ဒီဖြစ်ရပ်အပေါ် လူတိုင်းကဦးစောကို မုန်းတီးစက်ဆုပ်ခဲ့ကြပေမဲ့နောက်ကွယ်ကလက်မဲကြီးဖြစ်တဲ့နယ်ချဲ့ဓနရှင်ရဲ့စနက်ကိုမမြင်နိုင်ခဲ့ကြဘူး။လူမျိုးကြီးအင်ပါယာတွေရဲ့ခွာစစ်ဗျူဟာတွေကိုနားမလည်ခဲ့ကြဘူး။

အလွန်အကျဥ်းတန်တဲ့ဒီအဖြစ်ဆိုးကြီးအဆုံးဟာ တိုင်းပြည်ဟာအမှောင်ဆုံးကာလတွေရောက်လာဖို့
အစပျိုးလိုက်ခြင်းဖြစ်တယ်။ဗမာပြည်ကွန်မြူနစ်ပါတီကိုဦးနုနဲ့ဖ.ဆ.့ပ.လကတောတွင်းအရောက်ပို့လိုက်တဲ့နောက် မကြာခင်တိုင်းပြည်ဟာ
အစိတ်စိတ်အမွှာမွှာကွဲထွက်မဲ့အ​ရေးကြုံ
ခဲ့ရတယ်။စစ်မီးတဟုန်းဟုန်းတောက်လောင်ခဲ့ရတယ်။
ဒါကြောင့်လဲ စစ်တပ်ဟာတိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီးလို နိုင်ငံရေးဇာတ်ခုံပေါ်အတင်းအဓမတက်လာဖို့
လမ်းကြောင်းတခုပေါ်ပေါက်ခဲ့ရတာပဲ။
ယခုလက်ရှိဖြစ်ရပ်အားလုံးဟာမဝေးသေးတဲ့အတိတ်ကာလဆီကမြစ်ဖျားခံရေစီးကြောင်းဖြစ်လာတာဖြစ်လို့အတိတ်ဟာ သင်ခန်းစာယူစရာတွေသုံးသပ်ထုတ်နှုတ်လက်ခံသူံးစွဲစရာတွေပြည့်နေတာပဲ။NLDဟာ ရှေ့လူတွေအမှားအတိူင်း အတိတ်ကိုမထောက်ချဥ့်ပဲဆက်မှားခဲ့ဖူးတာကို လေ့လာကြည့်ရင်ရှင်းရှင်းကြီးမြင်သာလိမ့်မယ်။
စုံလုံးကန်းထောက်ခံသူတွေအဖြစ်ကနေ
မိမိတို့လက်ခံတဲ့လူထုကအာဏာအပ်ထားတဲ့
ပါတီတစ်ခုအပေါ်၊အစိုးရတစ်ရပ်အပေါ်
ဒီလိုအမှားတွေရှေ့ဆက်မမှားအောင်တပြည်လုံး
က အဓမကိုဆန့်ကျင်သူတွေ ဓမကိုလက်ခံသူတိုင်း
ဟာထောက်ပြနိုင်စွမ်းရှိတဲ့ထောက်ခံသူတွေအဖြစ်ပြောင်းလဲနိုင်ဖို့လိုတယ်။

တို့ဗမာတွေဟာအမြဲရေလိုက်လွဲတဲ့နေရာမှာစံဖြစ်တယ်။အာဇာနည်တွေဘယ်နေ့မွေးတယ်အဖဘယ်သူအမိဘယ်သူ ဆိုတဲ့ကိုယ်ရေးအချက်အလက်တွေကိုသောင်းသိန်းချီရှယ်ကြ၊ရေးကြနဲ့ နောက်နေ့ပြန်မေးရင် သခင်မြမွေးနေ့ဘယ်နေ့မှန်းလဲသိကြတာမဟုတ်ဘူး။တကယ်လက်တွေ့မှာသူတို့ဘာတွေလုပ်ခဲ့သလဲသူတို့ဘယ်လိုလူစားတွေလဲ သူတို့မရှိတဲ့နောက်ဘာတွေဖြစ်ခဲ့သလဲဆိုတာတွေကိုတော့
မေ့လျောနေကြတယ်။ဆိုးရွားတဲ့အတိတ်ဟာ ဆင်ခြင်သုံးသပ်နိုင်တဲ့ညဏ်စွမ်းနဲ့မျိုးဆက်တွေပေါ်မလာသရွေ့ဆိုးရွားတဲ့အနာဂတ်ဆီကိုပဲဦးတည်မြဲတည်နေမှာပဲဆိုတာသတိချပ်ဖို့လိုတယ်။

မော်စီထူး

Address

Myitkyina

Telephone

+959783363776

Website

Alerts

Be the first to know and let us send you an email when Leftist Youth Association - Kachin State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Leftist Youth Association - Kachin State:

Share