Raven Throne

Raven Throne blah blah

31/01/2026

Hello Myitkyina! မင်္ဂလာပါရှင်…🍀
🎁 Valentine’s Day အထူးအစီအစဉ်အနေနဲ့ Chocolate Box နဲ့ Blind Box Giveaway လေးရှိပါတယ်ရှင်

အေးမြတဲ့ မြစ်ကြီးနားရဲ့ ဆောင်းအကုန် နွေအကူးမှာ အချစ်တွေနဲ့ နွေးထွေးသွားစေမယ့် Valentine’s Day လေးက နီးကပ်လို့ လာပါပြီ။ ကိုယ်အလေးထားချစ်ခင်ရတဲ့သူတွေ ကိုယ့်နံဘေးမှာ အမြဲရှိနေပေးတဲ့သူကို ဘယ်လို Special Gift လေးနဲ့ surprise လုပ်မလဲဆိုတာ စဉ်းစားနေပြီလား?

တစ်ခါတလေမှာ နှုတ်ကနေ ထုတ်မပြောဖြစ်တဲ့ စကားလုံးတွေ၊ ရင်ထဲမှာ သိမ်းထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ထိထိမိမိ ဖော်ပြနိုင်ဖို့ L KLOVE က ကူညီပေးပါရစေ။ ကျွန်မတို့ မြစ်ကြီးနားမြို့က ချစ်သူတွေအတွက် Valentine's ကြိုတင်မှာယူမှု (Pre-order) များ စတင်လက်ခံနေပါပြီ။

ပန်းပေးတယ်ဆိုတာကလက်ဆောင်သက်သက်ထက် ပိုတဲ့ "အဓိပ္ပါယ်" တစ်ခုကို ပေးလိုက်တာဖြစ်ပါတယ်နော်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပန်းတွေကို စကားလုံးတွေမလိုဘဲနဲ့ ခံစားချက်တွေကို ဖော်ပြပေးနိုင်တဲ့ အနုပညာဘာသာစကား (Language of Flowers) တစ်ခုအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။ အချစ်၊ သစ္စာနဲ့ လေးစားမှုတို့ကို စာရေးစရာမလိုဘဲ ပန်းတစ်စည်းချင်းစီကတစ်ဆင့် ဖော်ပြခဲ့ကြတာပါ။

Victorian Era တုန်းကဒါကို "The Silent and Romantic Language" လို့ တင်စားခဲ့ကြပြီး အချစ်၊ သစ္စာနဲ့ လေးစားမှုတွေကို စာမရေးဘဲ ပန်းစည်းတစ်
စည်းချင်းစီကတစ်ဆင့် ဖော်ပြခဲ့ကြတာကို Floriography လို့ခေါ်ဆိုခဲ့ပါတယ် ဆိုတော့ပန်းလေးတွေပေးတာပါလို့ ပြောတာထက် Victorian Era က "The Silent and Romantic Language "လေးနဲ့ မင်းကို ချစ်စကားဆိုတာပါ လို့ ပြောလိုက်တာက ပိုပြီး ရင်ခုန်စရာကောင်းပြီး ပေးရတဲ့လက်ဆောင်ကို ပိုပြီး အဓိပ္ပါယ်ရှိသွားစေပါတယ်။

L KLOVE ကတော့ အချစ်တွေနဲ့ အမှတ်တရတွေကို အလှပဆုံး ပုံဖော်နိုင်အောင်... Flower Bouquets တစ်စီးချင်းစီကို စေတနာအပြည့်နဲ့သေခြာလေးလုပ်ပေးသွားမှာဖြစ်လို့ ပေးရသူရော၊ ရသူပါ စိတ်ကျေနပ်မှုအပြည့်ရစေမယ့် အရည်အသွေးကို အာမခံပါတယ်။

ပန်းစည်းတစ်စည်းချင်းစီမှာ မတူညီတဲ့ ချစ်ခြင်းအဓိပ္ပါယ်တွေ ပါဝင်နေတာမို့ ကိုယ့်ရဲ့ခံစားချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ပန်းလေးတွေကို L KLOVE cb မှာအသေးစိတ်လာပြောပြီး စိတ်ကြိုက်ရွေးချယ် မှာယူနိုင်ပါတယ်ရှင်။

🎁 Valentine’s Day Special Promotion

• Myitkyina မြို့တွင်းFree Deliveryပါရှင်

Valentine’s Day အထူးအစီအစဉ်အနေနဲ့ Chocolate Box နဲ့ Blind Box Giveaway လည်း ပြုလုပ်ပေးသွားမှာပါ။

ပါဝင်ကံစမ်းဖို့ကတော့ -

Page ကို Like & Follow လုပ်ပါ။

Post ကို Public နဲ့ Share ပေးပါ။

ကိုယ်ချစ်ရတဲ့သူတွေကိုComment အောက်မှာ Mention ခေါ်ပေးပါ။

🎁 Lucky Winners တွေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှာ ရွေးချယ်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Valentine’s Day မှာ လက်ဆောင်တစ်ခုတည်းတင်မဟုတ်ဘဲ အချစ်နဲ့ အမှတ်တရတွေကိုပါ တွဲပြီး ပေးလိုက်ပါရှင်

With L KLOVE — Where Every Flower Tell a Love
Story🍀


# #

Address

Kachin
Myitkyina
01013

Website

Alerts

Be the first to know and let us send you an email when Raven Throne posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share