Shan Nationalities League For Democracy - Kachin State

Shan Nationalities League For Democracy - Kachin State This is official page for Kachin State as part of Political Party SNLD / Shan Nationalities League for Democracy.

သူင်ႇၶေႃႈၵႂၢမ်း ႁူမ်ၸူမ်းႁပ်ႉတွၼ်ႈပီႊမႂ်ႇတႆး 2120 ၼီႈရှမ်းနှစ်သစ်ကူး ၂၁၂၀ နှစ်ပြည့်အတွက် သဝဏ်လွှာစကားMessage to Shan New...
20/11/2025

သူင်ႇၶေႃႈၵႂၢမ်း ႁူမ်ၸူမ်းႁပ်ႉတွၼ်ႈပီႊမႂ်ႇတႆး 2120 ၼီႈ
ရှမ်းနှစ်သစ်ကူး ၂၁၂၀ နှစ်ပြည့်အတွက် သဝဏ်လွှာစကား
Message to Shan New Year 2120..............................................................................

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရပ်တည်ချက်သဘောထားSNLD Political Position Released on the 36th Foun...
26/10/2024

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရပ်တည်ချက်သဘောထား
SNLD Political Position Released on the 36th Founding Anniversary of the party

ခွန်ထွန်းဦးနိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်နှင့် ဖြတ်သန်းမှုရုပ်ပုံလွှာ........................“ဒီပြည်ထောင်စုကြီးကို စုပ...
02/05/2022

ခွန်ထွန်းဦး
နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်နှင့် ဖြတ်သန်းမှုရုပ်ပုံလွှာ........................
“ဒီပြည်ထောင်စုကြီးကို စုပေါင်းဆောင်ရွက်တဲ့စနစ်နဲ့ ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မှာဖြစ်သလို ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မှာ ဖြစ်ပါတယ်”
https://www.facebook.com/356410201094521/posts/4946927668709395/

ရှမ်းတိုင်းရင်းသားဝါရင့် နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို မေလ(၂)ရက်နေ့တွင် ရေဝေးသုသာန်၌  ရှမ်းဓလေ့ထုံးစံ...
01/05/2022

ရှမ်းတိုင်းရင်းသားဝါရင့် နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို မေလ(၂)ရက်နေ့တွင် ရေဝေးသုသာန်၌ ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်
https://www.tachileik.net/mm/news/30152
* * * * *

နာမည်ကျော်ကြား ထင်ရှားသည့် ရှမ်းတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန်မြို့ရေ ရေဝေးသုသာန်တွင် ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ ညနေ(၅)နာရီတွင် ပြုလုပ်ပြီး ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများက အသိပေးထားရှိသည်။

ဦးခွန်ထွန်းဦးသည် ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၎င်း၏ နေအိမ်ဖြစ်သည့် ရန်ကုန်၊ မရမ်းကုန်မြို့နယ်၊ (၉)မိုင်၊ (၅)ရပ်ကွက်၊ အမှတ်(၂၆) ပြည်လမ်းရှိ နေအိမ်တွင် နေအိမ်စဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။


ဦးခွန်ထွန်းဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၌ ၁၉၄၃ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၈၈ လူထုအရေးတော်ပုံကာလ နောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ထူထောင်ခဲ့ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ SNLD ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ(၅၂၆၈)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၄၉.ဝ၁)ဖြင့် အနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တွင် SNLD ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ဦးခွန်ထွန်းဦးကို ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ကာ ပူတာအို အကျဉ်းထောင် နှင့် တောင်ငူအကျဉ်းထောင်သို့ပို့ခံခဲ့ရပြီးနောက် ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

၂၀၁၅ခုနှစ်တွင် ပါတီအား ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင် ဝင်ရောက်အရွေးမခံတော့ဘဲ ပါတီမှ ကိုယ်စားလှယ်လောင်းများဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ တိုင်းရင်းသားပါတီများထဲတွင် ရွေးကောက်ခံအများစုရရှိခဲ့သည့် အင်အားကြီးပါတီတစ်ခု ပြန်ဖြစ်လာခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဦးခွန်ထွန်းဦးသည် SNLD ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သော်လည်း ပါတီခေါင်းဆောင်များက မေတ္တာရပ်ခံသည့်အတွက် SNLD ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပြီးနောက် အသက်အရွယ်ကြီးရင့်လာသဖြင့် ကျန်းမာရေးအရ ၂၀၂၁ ခုနှစ်တွင် ပါတီမှနုတ်ထွက်ကာ နိုင်ငံရေး လောကမှ အနားယူခဲ့သူဖြစ်သည်။

ဦးခွန်ထွန်းဦးသည် ၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)၏ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သေးသည်။

30/04/2022

ယွင့်ၵုင်ယေႃးမုၼ်ႁူဝ်ပဝ်ႈလူင် ၸဝ်ႈၶုၼ်ထုၼ်ဢူး
ယွၼ်းသူးႁႂ်ႈထိုင်တီႈသုၵတိၵတ်းယဵၼ်ႁေ

သတင်းထုတ်ပြန်ချက်၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်.................................ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥ...
30/04/2022

သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်.................................
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ယူခဲ့သူ ခွန်ထွန်းဦး (၇၉ နှစ်) သည် ယနေ့ ဧပြီလ ၃၀ ရက်မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့ ကိုးမိုင် နေအိမ်၌ ကွယ်လွန် အနိစ္စ ရောက်သွား ကြောင်း ကျန်ရစ်သူ မိသားစုဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းစွာဖြင့် သတင်း ထုတ်ပြန် အပ်ပါသည်။

ဦးခွန်ထွန်းဦး ကွယ်လွန်~~~~~~■ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးဟာ ဧပြီလ ၃...
30/04/2022

ဦးခွန်ထွန်းဦး ကွယ်လွန်
~~~~~~
■ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးဟာ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။

အသက် ၇၉ အရွယ် ဦးခွန်ထွန်းဦးဟာ ရန်ကုန်မြို့၊ ၉ မိုင်မှာရှိတဲ့ နေအိမ်မှာ သေဆုံးသွားတာလို့ ဦးစိုင်းကျော်ညွန့်က ပြောပြပါတယ်။

"မနက်ပိုင်းကတည်းက အနားယူမယ်ဆိုပြီး ဝင်သွားတယ်ဗျာ။ ဘယ်သူမှလည်း သတိမထားမိဘူး။ နေ့လယ်ပိုင်းကျ ဆုံးနေတာတွေ့တော့ အချိန်ကအတိအကျ မပြောနိုင်ဘူးဖြစ်နေတယ်။ လူကြီးဆိုတော့ ရောဂါတွေကတော့ လူကြီးရောဂါပါပဲ"

လက်ရှိမှာတော့ ဦးခွန်ထွန်းဦး သေဆုံးချိန်ကို ဆရာဝန်တွေနဲ့ စစ်ဆေးနေပြီး ဈာပနအခမ်းအနားကိုလည်း ကျင်းပဖို့အတွက် စီစဉ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်က ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ SNLD ပါတီကို စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးကစလို့ SNLD ထူထောင်ရာမှာ ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့ ဇာတိဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ သီပေါမြို့နယ် မဲဆန္ဒနယ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရခဲ့သလို စစ်အစိုးရက ၂၀၀၅ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရပြီး ထောင် ၉၃ နှစ်ချခံခဲ့ရပါတယ်။

(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးအား တွေ့ရစဉ်)

မူရင်းလင့် - https://www.facebook.com/39218993127/posts/10161796023638128/?d=n

08/02/2022
07/02/2022
ပၢင်တၢၼ်ႈၶႆႊ ဝၼ်းၸိူဝ်ႉၸၢတ်ႈၸိုင်ႈတႆး ၶွပ်ႈႁွပ်ႈ (75) ပီႊၽူႈတၢၼ်ႈၶႆႊ - ၶူးပူင်သွၼ်လူင် လုင်းၸၢႆးၾႃႈ(၇၅) နှစ်မြောက် ရှမ်း...
06/02/2022

ပၢင်တၢၼ်ႈၶႆႊ ဝၼ်းၸိူဝ်ႉၸၢတ်ႈၸိုင်ႈတႆး ၶွပ်ႈႁွပ်ႈ (75) ပီႊ
ၽူႈတၢၼ်ႈၶႆႊ - ၶူးပူင်သွၼ်လူင် လုင်းၸၢႆးၾႃႈ

(၇၅) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ

ဖက်ဒရယ်အခြေခံသည့် သျှမ်းပြည်ဖွဲ့စည်းပုံမူကြမ်းကို သျှမ်းပြည်တွင်းရှိ EAOs နှင့် ပါတီများ၊ CSO များ ထံသို့ CSSU ချ ပြမည်B...
04/01/2022

ဖက်ဒရယ်အခြေခံသည့် သျှမ်းပြည်ဖွဲ့စည်းပုံမူကြမ်းကို သျှမ်းပြည်တွင်းရှိ EAOs နှင့် ပါတီများ၊ CSO များ ထံသို့ CSSU ချ ပြမည်

By SHAN -January 3, 2022

ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး မူကြမ်း အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )မှ ချ ပြသွားရန်ရှိကြောင်း သတင်းရရှိသည်။

“၂၀၂၂ ခုနှစ်ထဲမှာ ကျနော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကို ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကိုအခြေခံတဲ့ တန်းတူညီမျှရေးကို အခြေခံတဲ့ သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ကျနော်တို့ မူကြမ်းအတည်ပြုထားပြီဖြစ်တယ်” ဟု CSSU မှ အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၈)ရက်နေ့က ထို ဥပဒေကို ပဏာမ မူကြမ်းအဖြစ် အတည်ပြုထားပြီဖြစ်ပြီး ထိုအတည်ပြုထားသည့် ဥပဒေ မူကြမ်းကို (CSSU) အဖွဲ့ဝင် သာမက သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ CSO အဖွဲ့အစည်းများထံ တွေ့ဆုံပြီး ဥပဒေမူကြမ်းများကို ချ ပြသွားမည်ဖြစ်ကြောင်း (CSSU) အတွင်းရေးမှူးချုပ် စိုင်းလိတ် က ပြောသည်။

“အဲ့ဒီမူကြမ်းကို အခြေပြုပြီးတော့မှ CSSU အဖွဲ့အစည်းဝင်တွေထဲတင်မကဘူး သျှမ်းပြည်ထဲမှာရှိတဲ့ CSO အဖွဲ့အစည်း၊ နိုင်ငံရေးပါတီအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့မှ ကျနော်တို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချပြမယ်။ အားလုံးကို ကျေလည်အောင် ညှိနှိုင်းမယ် အဲ့လို လုပ်မယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်အခြေခံမူနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မူတည်ပြီးတော့မှ ကျနော်တို့ အချင်းချင်းကြား ညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်”ဟု အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

CSSU ၏ နဂိုမူလ ရည်မှန်းချက်သည် သျှမ်းပြည်ညီညွတ်ရေးဖြစ်ပြီး ညီညွတ်ရေးမှာ အဆင့် (၃)ဆင့် သတ်မှတ်ထားပြီး ထို အဆင့် (၃) ဆင့်မှာ အမျိုးသား အချင်းချင်း ညီညွတ်ရေး၊ သျှမ်းပြည်သား အချင်းချင်း ညီညွတ်ရေးနှင့် ပြည်ထောင်စုသား အချင်းချင်းညီညွတ်ရေးအတွက် ဉီးတည်ဖွဲ့စည်းထားသည်။

“အဲ့လိုညီညွတ်ရေးတွေ တည်ဆောက်ဖို့ ကျနော်တို့ ကြိုးပမ်းနေပေမယ့်လို့ ထင်သလောက် အရာမရောက်ခဲ့တဲ့ အနေအထား တွေရှိတယ်။ CSSU အဖွဲ့အစည်းဝင်တွေဖြစ်တဲ့ SSPP နဲ့ RCSS ကြားက တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီတိုက်ပွဲတွေ ဒီတိုင်းသာ ဆက်သွားမယ်ဆိုလို့ရှိရင် ပြည်ထောင်စုညီညွတ်ရေး ခနထားအုံး သျှမ်းပြည်ညီညွတ်ရေး တောင်မှ ကျနော်တို့ တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အမျိုးသားအချင်းချင်း မသင့်မမြတ်ဖြစ်ရင် သျှမ်းပြည်တွင်းညီညွတ်ရေးဆိုတာ တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ ကျနော်မြင်တယ်။ အဲ့ဒါကြောင့်မလို့ သျှမ်းပြည်တွင်းနဲ့ သျှမ်းအမျိုးသား ညီညွတ်ရေး ကိစ္စကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်ဖို့ ကျနော်တို့က ပြန်လည်သုံးသပ်ဆုံးဖြတ်ထားပါတယ်” ဟု CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဝင်များ ဖြစ်ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စိန်ကျော့ပြည်သူ့စစ် တို့ က (၂၀၁၃)ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီနှင့် အရပ်ဘက် အဖွဲ့အစည်းများ ၁၀ ဖွဲ့ ထက်မနည်း ပူးပေါင်းပါဝင်လာခဲ့ကြသည်။

မူရင်းလင့် − https://burmese.shannews.org/archives/26120 မှ ကူးယူဖော်ပြပါသည်။

Address

No(543), Khay Marthiri Qtr
Myitkyina
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959423167121

Alerts

Be the first to know and let us send you an email when Shan Nationalities League For Democracy - Kachin State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shan Nationalities League For Democracy - Kachin State:

Share