Kachin National Congress KNC

Kachin National Congress  KNC တန်းတူရေး အတွက် KNC ရှိသည် Founded in 1949

သင်တို့တွေအားလုံးကို ကျွန်ပ်တို့KNC ပါတီမှ တကယ်ကို ဂုဏ်ယူပါတယ်။ယနေ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာကချင်ပြည်နယ...
05/06/2023

သင်တို့တွေအားလုံးကို ကျွန်ပ်တို့KNC ပါတီမှ
တကယ်ကို ဂုဏ်ယူပါတယ်။

ယနေ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ
ကချင်ပြည်နယ်ကို ချစ်မြတ်နိုးတဲ့
ကချင်လူငယ်လေးများနှင့် ပြည်သူအချို့
ကျွန်ပ်တို့ KNC ပါတီနှင့်အတူ သစ်ပင်လေးတွေ
ရသလောက်စိုက်ကြပါတယ်။

စိန်ပန်းအနီ အပြာ အဝါ အပြင်
အခြားသစ်မာမျိုးစုံ ကို မြစ်ကြီးနား စီတာပူ မနောင်ကွင်း ( အတွင်းဘက်)နဲ့
ဝိုင်းမော်မြို့နယ်လချိတ်ရိုးရာယဥ်ကျေးမှု ရုံးတွင်းနဲ့ ရုံပြင်မှာ
တတ်နိုင်သလောက် စိုက်ပျိုးကြပါတယ်...

နေပူကျဲကျဲ
မြေကြီးကမာမာ..မှာ
မေတ္တာချွေးစက်တွေနဲ့ အားမန်ကိုခဲ
အများအတွက်တက်ကြွစွာ ကြိုးပမ်းစိုက်ပျိုးကြတာ
KNC ပါတီမှ သင်တို့တွေအားလုံးကို ကျေးဇူးတင်ဂုဏ်ယူနေမယ်ဖြစ်ပါတယ်..

သစ်ပင်လေးတွေစိုက်ကြ..
ရသလောက်စိုက်ကြ...
အပင်လေးတွေရှင်သတ်အောင် ကရုပြုကြ...
ပူလောင်နေတဲ့ကမ္ဘာကြီးကို အစိမ်းရောင် နဲ့အလှဆင်ကြ...
အောက်စီဂျင်ပြည့်ဝတဲ့ ကမ္ဘာကြီးကို တည်ဆောက်ကြ...

နောင်၃နှစ်အကြာမှာ သင်တို့ရဲ့ရလာဒ်တွေဟာ
အများအကျိုးအတွက်ဖြစ်လာမှာဧကန်မလွဲပါ။

လာမည့် ဇွန်လ ၅ ရက်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ကျွန်ပ်တို့ KNC ပါတီမှ  သစ်ပင်ပေါင်း ၁၀၀၀ ကို  မြစ်ကြီးနားနှင့် ...
03/06/2023

လာမည့် ဇွန်လ ၅ ရက်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင်
ကျွန်ပ်တို့ KNC ပါတီမှ
သစ်ပင်ပေါင်း ၁၀၀၀ ကို မြစ်ကြီးနားနှင့် ဝိုင်းမော် ဖားကန့် မြို့နယ် ခုတွင်
ကချင်ပြည်နယ်သားအားလုံးနှင့်
ကချင်ပြည်နယ်ကြီး ၏ သဘာဝပတ်ဝန်းကျင် ပြန်လည်နိုးထရန်
ကြိုးစားစိုက်ပျိုးရန် အစပြုတော့မည်ဖြစ်ပါသည်။

KNC ပါတီနှင့်အတူ
လူထုအကျိုးပြုလုပ်ငန်းကြီးကို
တစ်ယောက်တစ်လက် စုပေါင်းအားဖြင့် အတူတူကြိုးစား
အကောင်အထည်ဖော်ကြပါစို့လို့
အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

အများအကျိုးအတွက်KNC ပါတီနှင့်အတူ
ကြိုးစားကြရအောင်

စုရပ်------(၁) မနောင်ကွင်း ရှေ့ ( မဂျွယ်ခန်းမရှိသောကွင်းဘက်မဟုတ်ပါ)
(၂) လချိတ်ရိုးရာမနောင်ကွင်းရှေ့ ၊ ဝိုင်းမော်။
အချိန် ---- နံနက် ၉နာရီ
နေ့ရက်---- 5.6.2023 (တနလာ်နေ့)

# # # # အားလုံးအကျိုးအတွက် မည်သူမဆိုပါဝင်နိုင်သည်။
ပါဝင်မည့်သူများ မိမိတို့အိမ်မှ ပေါက်ပြား ၊ ဂေါ်ပြား၊ သံတူရွင်း တစ်ခုခု တခါတည်း ယူဆောင်လာပေးကြပါရန် # # # # # #

74 နှစ်မြောက် ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ၏ သဘောထား ထုတ်ပြန်ချက်
11/01/2023

74 နှစ်မြောက် ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ၏ သဘောထား ထုတ်ပြန်ချက်

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လသည် ဖမ်းဆီးထိန်းသိမ် ခံရခြင်းမှ ယနေ့ ၄.၁.၂၀၂၃ နေ့ရက် အချိန် ၁း၃၀...
04/01/2023

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လသည် ဖမ်းဆီးထိန်းသိမ် ခံရခြင်းမှ ယနေ့ ၄.၁.၂၀၂၃ နေ့ရက် အချိန် ၁း၃၀နာရီခန့်တွင် ပြန်လည်လွတ်မြောက် ခဲ့ပါပြီ...

မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် စွဲဆိုထားသည့် အမှုမှ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌ ဒေါက်တာ အမ်ကောန်လ ကွင်းလ...
22/06/2022

မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် စွဲဆိုထားသည့် အမှုမှ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)
ဉက္ကဌ ဒေါက်တာ အမ်ကောန်လ ကွင်းလုံးကျွတ် လွတ်မြောက်

ယနေ့ ၂၂.၆.၂၀၂၂ နေ့ရက်တွင် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ဒေါက်တာအမ်ကောန်လ ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှ ကွင်းလုံးကျွတ်လွတ်မြောက်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ ဒေါက်တာ အမ်ကောန်လ သည် မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင်စွဲဆိုခံထားရသည့် အမှု ပုဒ်မ ၅၀၅-က ကိုရင်ဆိုင်ရန် ၉.၅.၂၀၂၂ နေ့တွင် မြစ်ကြီးနားမြို့ သို့ ရောက်ရှိလာခဲ့ပါသည်။

မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံ ခဲ့ပြီးနောက် ယနေ့ ၂၂.၆.၂၀၂၂ နေ့တွင် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်၂၃.၃.၂၀၂၂ နေ့ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ ထို ချမှတ်ခံထားရသည့် ထောင်ဒဏ် ၂ နှစ်ကို မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဆက်လက် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ စွဲဆိုခံထားရသည့် အမှုတစ်ခုမှကွင်းလုံးကျွတ် လွတ်မြောက်ခြင်းနှင့်အတူ ကျန်ရှိနေသည့် ပြစ်ဒဏ်မှလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရန် လိုအပ်နေပါသည်။ ဒေါက်တာအမ်ကောန်လ ထောင်တွင်းအကျဉ်းကျခံနေရခြင်းသည် နိုင်ငံတော်အတွင်း လက်ရှိလိုအပ်လျက် ရှိနေသော ငြိမ်းချမ်းရေး အတွက်များစွာ နစ်နာဆုံးရှုံးမှုကြီးပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ဖွံဖြိုတိုးတက်​ရေး၊ အေးချမ်းသာယာရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိရေး တို့အတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ဖြစ်သည်။ ဒေါက်တာအမ်ကောန်လ သည်သာ ဖမ်းဆီးချုပ်နှောင်ခံရခြင်း မရှိခဲ့လျှင် ပြည်ထောင်စု အရေး၊ ကချင်ပြည်ထောင်အရေး၊ ကချင်အမျိုးသား အရေးနှင့် ကချင်ပြည်သူ ပြည်သားအရေးတို့အတွက် လက်ရှိအနေအထား အခြေအနေထက် များစွာပိုမိုအကျိုးဖြစ်ထွန်းရန် လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြစ်ကြီးနားမြို့နယ်တွင် စွဲဆိုခံထားရသည့် အမှုမှ ဒေါက်တာအမ်ကောန်လ ကွင်းလုံးကျွတ် လွတ်မြောက်ရန် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့သည့် ဒေါက်တာအမ်ကောန်လ ၏ အမှုလိုက်ရှေ့နေ ဆရာမ ဒေါ်ဒေါင်နန်းနှင့်အဖွဲ့၊ ဆုတောင်းကူညီပေးခဲ့ကြပါသော အယောက်စီတိုင်းနှင့် ဒေါက်တာအမ်ကောန်လ ရုံးထုတ်ချိန်တိုင်း လာရောက်ဝန်းရံပေးကြပါသော ပုဂ္ဂိုလ်အသီးသီး၊ လူငယ်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီး တို့ကို ကချင်အမျိုးသား ကွန်ဂရက် ပါတီ (KNC) မှ အထူးပင်ကျေးဇူးတင်ရှိရပါသည်။

လူကိုယ်တိုင်သော် လည်းကောင်း ၊အကြံဉာဏ်ဖြင့်သော် လည်းကောင်း ၊ ငွေအားနှင့်လိုအပ်နေသည့် ရိက္ခာပစ္စည်းများဖြင့် အားပေးကူညီကြသူတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

ထပ်မံ၍လည်း ကျန်ရှိနေသေးသည့် ချုပ်ရက်များမှ ဒေါက်တာအမ်ကောန်လ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရန်အတွက် ဝိုင်းဝန်းဆုတောင်း ကူညီပေးကြပါရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) မှ တောင်းဆိုအပ်ပါသည်။ ဒေါက်တာအမ်ကောန်လ ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။

ဒေါက်တာအမ်ကောန်လ၊ အမှုလိုက်ရှေ့နေ
ဒေါ်ဒေါင်နန်း နှင့် KNC အဖွဲ့ဝင်များ

8.6.2022 နေ့ရက်တွင် မြစ်ကြီးနားမြို့နယ် တရားရုံး ၌ ဒေါက်တာအမ်ကောန်လကို အမှုစီရင်ချက်ချမှတ်မည့် ရုံးချိန်းရှိပါသည်။ အချိန...
07/06/2022

8.6.2022 နေ့ရက်တွင် မြစ်ကြီးနားမြို့နယ် တရားရုံး ၌ ဒေါက်တာအမ်ကောန်လကို အမှုစီရင်ချက်ချမှတ်မည့် ရုံးချိန်းရှိပါသည်။ အချိန် 11 am မှ 3 pm အတွင်းဖြစ်မည်။ ဒေါက်တာအမ်ကောန်လ အမြန်ဆုံးပြန်လည် လွတ်မြောက်ရန် ဝိုင်းဝန်းဆုတောင်းပေးကြပါစို့...

Kachin youth political movement ဟု ခေါ်သည့် page သည် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) နှင့် မည်သို့မှ ပတ်သက်ဆက်နွယ်မှု ...
18/05/2022

Kachin youth political movement ဟု ခေါ်သည့် page သည် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) နှင့် မည်သို့မှ ပတ်သက်ဆက်နွယ်မှု မရှိပေ။

Kachin youth political movement မှ ရေးသားတင်ပြမှုများသည် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)နှင့် သက်ဆိုင်မှု၊ ပတ်သက်ဆက်နွယ်မှု မရှိသည်ကို အများပြည်သူများ သိရှိနားလည်နိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

kachin youth political movement ၏ ရေးသားတင်ပြချက်များသည် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ဂုဏ်သိက္ခာ ကို ထိပါးနှောက်ယှက်သည်ဟု သက်သေပေါ်လွင်ပါက သက်ဆိုင်ရာ ဉပဒေ အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

15/05/2022

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ဉက္ကဌဖြစ်သူ ဒေါက်တာအမ်ကောန်လကို ၁၈.၅.၂၀၂၂ နေ့ရက် အချိန် ၁၁ နာရီ မှ ၃ နာရီ အချိန်ခန့်တွင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရှိရပါသည်။

တန်းတူညီမျှမှု ၊ တရားမျှတမှု ၊ လွတ်လပ်မှု တို့အတွက် ဒေါက်တာအမ်ကောန်လ ကိုလာရောက်ဝန်းရံပေးကြပါရန် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးနှင့် လူငယ်အသီးသီးတို့ထံ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) မှ တောင်းဆိုအပ်ပါသည်။

ဒေါက်တာအမ်ကောန်လ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌဒေါက်တာအမ်ကောန်လ ကို နေပြည်တော်အကျဉ်းထောင်မှ မြစ်ကြီးနားမြို့အကျဉ်းထောင်သို့ လွဲပ...
10/05/2022

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌဒေါက်တာအမ်ကောန်လ ကို နေပြည်တော်အကျဉ်းထောင်မှ မြစ်ကြီးနားမြို့အကျဉ်းထောင်သို့ လွဲပြောင်းပို့ဆောင်ခြင်း

ကချင်အမျိူးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌဒေါက်တာအမ်ကောန်လ သည် ၂၅.၈.၂၀၂၁ နေ့ရက် တွင် နေပြည်တော်၌ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၃.၃.၂၀၂၂ နေ့ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅/က ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သည်။

သို့သော် မြစ်ကြီးနားမြို့ အမှတ် ၁ မြို့မရဲစခန်းတွင်လည်း ဒေါက်တာအမ်ကောန်လ ကို ပုဒ်မ ၅၀၅/က ဖြင့်သာ ၂၆.၈.၂၀၂၁ နေ့ရက်တွင် ထပ်မံ၍အမှုဖွင့်စွဲဆိုထားကြောင်း သိရှိရပါသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗမက သန်းထိုက် တရာလိုပြုလုပ်၍ မြစ်ကြီးနားမြို့ အမှတ် ၁ မြို့မရဲစခန်းတွင် စွဲဆိုထားသည့် အမှုကို ရင်ဆိုင်ရန် ၉.၅.၂၀၂၂ နေ့ရက်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

နေပြည်တော် မှ မြစ်ကြီးနား သို့ ဒေါက်တာအမ်ကောန်လ ကို မြစ်ကြီးနား မြို့နယ် တရားရုံးတွင် လွဲပြောင်းမှု အစီအစဉ်ပြီးဆုံးပြီးနောက် မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားဖွယ်ရှိနေပါသည်။ မြစ်ကြီးနား အကျဉ်ထောင်မှနေ၍ စွဲဆိုထားသည့်အမှုကို ထပ်မံရင်ဆိုင်ရမည် ဖြစ်သည်။

ထို့အတွက်ကြောင့် ကချင်ပြည်နယ်နေ ပြည်သူပြည်သားများ၊ ကချင်အမျိုးသားများ၊ ကချင်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းအသီးသီးမှ လာရောက်ဝန်းရံပေးရန်နှင့် ဒေါက်တာအမ်ကောန်လ အတွက်ဝိုင်းဝန်းဆုတောင်းကူညီပေးကြပါရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)မှ တောင်းဆိုအပ်ပါသည်။

ဒေါက်တာအမ်ကောန်လ အမှုထပ်မံ စွဲဆိုခံရခြင်းကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ဉက္ကဌဒေါက်တာအမ်ကောန်လ သည် ၂၅.၈.၂၀၂၁ နေ့ရက်တ...
31/03/2022

ဒေါက်တာအမ်ကောန်လ အမှုထပ်မံ စွဲဆိုခံရခြင်း

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ဉက္ကဌဒေါက်တာအမ်ကောန်လ သည် ၂၅.၈.၂၀၂၁ နေ့ရက်တွင် နေပြည်တော်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၃.၃.၂၀၂၂ နေ့ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅ ကဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သည်။

သို့သော် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင်လည်း ဒေါက်တာအမ်ကောန်လ ကို ပုဒ်မ ၅၀၅ က ဖြင့် ၂၆.၈.၂၀၂၁ နေ့ရက်က အမှုဖွင့်စွဲချက် တင်ထားကြောင်း ထပ်မံသိရှိရပါသည်။

မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် စွဲဆိုထား
သည့် အမှုကိုရင်ဆိုင်ရန် ဧပြီလ သင်္ကြန်မတိုင်မီအချိန်တွင် လာရောက် တရားရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။

ဒေါက်တာအမ်ကောန်လ အတွက် ဝိုင်းဝန်း ဆုတောင်း ပေးခြင်းဖြင့် ဝန်းရံပေးကြပါရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) မှ တောင်းဆိုအပ်ပါသည်။

25/03/2022

Address

Du Katawng
Myitkyina
01011

Alerts

Be the first to know and let us send you an email when Kachin National Congress KNC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kachin National Congress KNC:

Share