Bamar Revolution Army-B.R.A

Bamar Revolution Army-B.R.A Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bamar Revolution Army-B.R.A, Public & Government Service, Nattalin.

ငါတို့အသက် ငါတို့မပိုင် ပြည်သူသာပိုင်သည်။ငါတို့ဘဝ ငါတို့မပိုင် ပြည်သူသာပိုင်သည်။ ငါတို့အသက်နဲ့ခန္တာကိုယ်အား တိုင်းပြည်နှင့်ပြည်သူအတွက်စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။

ယခုလိုပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။အရေးတော်ပုံ မုချအောင်ရမည်။
16/04/2026

ယခုလိုပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

သတ်မှတ်နှုန်းထားများဖြင့် ကောက်ခံခြင်း၊ ဆက်ကြေးကောက်ခြင်းများရှိပါက သက်သေနှင့်တကွ လာရောက်တိုင်ကြားနိုင်ပါသည်။
24/03/2026

သတ်မှတ်နှုန်းထားများဖြင့် ကောက်ခံခြင်း၊ ဆက်ကြေးကောက်ခြင်းများရှိပါက သက်သေနှင့်တကွ လာရောက်တိုင်ကြားနိုင်ပါသည်။

အသိပေးထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၄)ရက်

ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၁) (P23801)၏ စိုးမိုးနယ်မြေဖြစ်သော နတ်တလင်းမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများတွင်စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် တပ်ရင်း(၃၈၀၁)ကွပ်ကဲမှုအောက်ရှိ တပ်ရင်းရုံး၊ တပ်ခွဲများနှင့် လက်ရုံးတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ ပြည်သူလူထုအပေါ် ပြုမူဆက်ဆံရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူမှလိုလိုလားလားဖြင့် ထောက်ပံ့ကူညီမှုပေးမှသာလျှင် တပ်ရင်း/တပ်ခွဲများအနေဖြင့် လက်ခံရယူရန် တပ်ရင်းမှူးမှခွင့်ပြုထားခြင်းဖြစ်သည်။ ပြည်သူလူထုအား သတ်မှတ်နှုန်းထားဖြင့် အလှူခံခြင်း၊ ဆက်ကြေးကောက်ခံခြင်းများအား တပ်ရင်းမှူးအနေဖြင့် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ အကယ်၍ တပ်ရင်း(၃၈၀၁)ကွပ်ကဲမှုအောက်ရှိ တပ်ရင်းရုံး၊ တပ်ခွဲများနှင့် လက်ရုံးတပ်ဖွဲ့များမှ ထိုသို့လုပ်ရပ်များပြုလုပ်ပါက မိဘပြည်သူများအနေဖြင့် (တပ်ရင်း page Messenger နှင့် Telegram Account)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက်။ ခိုင်လုံသည့် သက်သေနှင့်တကွတိုင်ကြားရန်။

ဆက်သွယ်ရန်

page_Messanger
Telegram username_@P23801

#ပဲခူးတိုင်းစစ်ဌာန
#ဗျူဟာ(၂၂)
#သာယာဝတီခရိုင် တပ်ရင်း(၁)

ပါဝင်အားဖြည့်ကူညီပေးကြသူတစ်ဦးချင်းစီတိုင်းနှင့် ကဗျာဆရာ-ဝေါဟာရ Saw Harry အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂ...
05/03/2026

ပါဝင်အားဖြည့်ကူညီပေးကြသူတစ်ဦးချင်းစီတိုင်းနှင့် ကဗျာဆရာ-ဝေါဟာရ Saw Harry အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အရေးတော်ပုံ မုချအောင်ရမည်။

ယခုလိုပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။အရေးတော်ပုံ အောင်ရမည်။
21/02/2026

ယခုလိုပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

အရေးတော်ပုံ အောင်ရမည်။

13/02/2026

အရှုံးမပေးတဲ့.....နတ်တလင်း
ခေါင်းငုံ့မခံတဲ့....နတ်တလင်း
ဒူးမထောက်တဲ့....နတ်တလင်း
သွေးမအေးတဲ့....နတ်တလင်း

ရွှေလင်းသားတွေ ဘယ်တော့မှအရှုံးမပေးကြေး
အဆုံးသတ်မှာ တရားတဲ့သူသာနိုင်ကြေးဟေ့

11/02/2026

ကျောင်းတံခါးကိုပိတ်ပြီး

ခေါင်းတလားထိပ်မှာ ရဲရဲကြီးရပ်ဝံ့သူတွေ

အလေးနီပြုနှုတ်ဆက်ပါတယ် ရဲဘော်တို့ 💔💔💔

ရဲဘော်ကျဆုံး ထုတ်ပြန်ကြေညာချက်ရက်စွဲ။ ၁၀.၂.၂၀၂၆ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမ...
10/02/2026

ရဲဘော်ကျဆုံး ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၁၀.၂.၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၄ ၊ Bamar Revolution Army-B.R.A တပ်ဖွဲ့ဝင် တပ်စုမှူးရဲဘော်မိုးစက်၊ ရဲဘော်နေကြီး၊ ရဲဘော်ရှိုင်းလေး၊ ရဲဘော်နောက်တိုး၊ ရဲဘော်မဲလုံး၊ ရဲဘော်ကြွက်နီ တို့ခြောက်ဦးသည် ၆.၂.၂၀၂၆ ရက်နေ့ မနက် ၉:၀၀ နာရီအချိန်တွင် ရန်သူစစ်အုပ်စုအားခုခံတွန်းလှန်ရင်း ရှေ့တန်းတစ်နေရာ၌ ရန်သူ့ဒရုန်းဗုံးသီး ထိမှန်ကျဆုံးခဲ့ရပါသည်။

ကျဆုံးသွားသော ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတို့အား အစဥ်အမြဲအောက်မေ့သတိရနေမှာဖြစ်ပြီး မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်ထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု မိမိတို့ B.R.A မှ ကတိသစ္စာပြုပါသည်။

ကြွေလွင့်သွားတဲ့ ကြယ် (၆) ပွင့်⭐⭐⭐⭐⭐⭐

ကောင်းကင်ယံမှာ အစဥ်လင်းလက်ပါစေ။

ကဗျာဆရာ-ဝေါဟာရ Saw Harry တကိုယ်တော်ရေးသားသည့်  ' စစ်ကြီးထဲမှ ချစ်ခဲ့သူ " ကဗျာစာအုပ် (ကဗျာအပုဒ်ရေ ၅၀ ပါဝင်) အား ရောင်းချသ...
03/02/2026

ကဗျာဆရာ-ဝေါဟာရ Saw Harry တကိုယ်တော်ရေးသားသည့် ' စစ်ကြီးထဲမှ ချစ်ခဲ့သူ " ကဗျာစာအုပ် (ကဗျာအပုဒ်ရေ ၅၀ ပါဝင်) အား ရောင်းချသွားမှာဖြစ်ပါတယ်။

ရရှိလာတဲ့ ကဗျာရောင်းရငွေများအား တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ Bamar Revolution Army-B.R.A တပ်ဖွဲ့၏ ရိက္ခာနှင့်ဆေးဝါးဝယ်ယူရန် အသုံးပြုသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ကဗျာစာအုပ်ဖိုင်တစ်အုပ်လျှင် မြန်မာငွေတစ်သောင်းကျပ် ထိုင်းဘတ်ငွေတစ်ရာဘတ် စက်ာပူဒေါ်လာ 5SGD နှင့် ​ရောင်းချသွားမှာဖြစ်ပြီး အားဖြည့်ကူညီပေးလိုပါက BRA Page messenger နှင့် တပ်ခွဲမှူး ရဲဘော် Let Ya ၏ facebook messenger မှတဆင့် မေးမြန်းဝယ်ယူလို့ရပါတယ်ခင်ဗျာ။ (K pay၊ Wave Pay၊ NUG Pay၊ Thai Bank) များနှင့် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တရားသောစစ်အောင်မြင်ဖို့ ပြည်သူအားနဲ့ ရှေ့ဆက်စို့။

တိုက်ပွဲသတင်းထုတ်ပြန်ချက်၁၄.၁.၂၀၂၅ ရက်နေ့ မနက် ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာဖက်မှ စစ်ကြောင်းထိုးဝင်ရော...
16/01/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၁၄.၁.၂၀၂၅ ရက်နေ့ မနက် ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာဖက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၇၀ ခန့်ပါသည့် စကမစစ်ကြောင်းအား မိမိတို့ တပ်ခွဲ ၄ B.R.A နှင့် တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ရင်းရုံးရဲဘော်များမှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

တိုက်ပွဲနာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် စကမတပ်သား နှစ်ဦး ပွဲချင်းပြီး tay ဆုံးပြီး တစ်ဦးမှာ ဆေးရုံတွင် ထပ်မံ tay ဆုံးသွားခဲ့ပါသည်။

မိမိတို့ဖက်မှ အထိခိုက်မရှိခဲ့သော်လည်း ပြည်သူတစ်ဦးရန်သူ့ဒရုန်းဗုံးသီးထိမှန်ဒဏ်ရာရခဲ့ပါသည်။
စစ်ရှုံးအုပ်စုအနေဖြင့် လေကြောင်းမှအပြင်းထန်တိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ပြည်သူများအနေနဲ့ သတိပြုနေထိုင်ကြပါရန်နှင့် စစ်အုပ်စုနှင့်နီးစပ်ရာတွင်မနေပဲ ရှောင်ရှားကြပါရန် သတိပေးတိုက်တွန်းအပ်ပါသည်။

Address

Nattalin

Website

Alerts

Be the first to know and let us send you an email when Bamar Revolution Army-B.R.A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share