NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ

  • Home
  • Myanmar
  • Nay Pyi Taw
  • NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ

NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ, Government Organization, City Hall, Nay Pyi Taw.

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မြို့​တော်အင်္ဂါရပ်နှင့် အညီ မြို့ပြဖွံ့ဖြိုးတိုးတက်​ရေး၊သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြည်​ရေးနှင့် စည်ပင်သာယာရေး လုပ်ငန်းများ

နေပြည်တော်၊ စက်တင်ဘာ ၆ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးအတွက်     ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်၊ ရသုံ...
06/09/2026

နေပြည်တော်၊ စက်တင်ဘာ ၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးအတွက် ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် လျာထား ခွင့်ပြုထားသည့် ကုသမှုသုံးစက်ပစ္စည်း(၂)မျိုး ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန် Lot (၁) ခု၊ ဆေးရုံသုံးစက်ပစ္စည်း(၃)မျိုး၏ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန် Lot (၃) ခုတို့အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ...............

နေပြည်တော်၊ စက်တင်ဘာ ၆ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ် (၃)စီးဖြင့် လှည့်လည်ဈေးရောင်းခ...
06/09/2026

နေပြည်တော်၊ စက်တင်ဘာ ၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ် (၃)စီးဖြင့် လှည့်လည်ဈေးရောင်းချပေးမည့် နေ့ရက်နှင့်နေရာများအား ကြိုတင်အသိပေး ကြော်ငြာခြင်း...........

နေပြည်တော်၊ စက်တင်ဘာ ၆ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဗဟိုပစ္စည်းထိန်းဌာန၏ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံး...
06/09/2026

နေပြည်တော်၊ စက်တင်ဘာ ၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဗဟိုပစ္စည်းထိန်းဌာန၏ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် မြက်ဖြက်စက် (1.9 Hp, ဓါးဆိုဒ် ၁၂” 2 Stroke) (၃၃)လုံးနှင့် မြက်ဖြက်စက် (1.6 Hp, ဓါးဆိုဒ် ၁၂” 4 Stroke)(၂၂)လုံး အတွက် ဒုတိယ အကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း.....

နေပြည်တော်၊ စက်တင်ဘာ ၅  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ အသား၊ ငါးနှင့် ဟင်းသ...
05/09/2026

နေပြည်တော်၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် အစရှိသည့်စားသောက်ကုန်များအား ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်ရန်အတွက် (၄.၉.၂၀၂၆)ရက်နေ့တွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၃)စီးဖြင့် သုခတော်ဝင်အိမ်ရာ၊ သုခသိဒ္ဓိ ရပ်ကွက်၊ ရုံးအမှတ်(၄၈) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၀) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်၊ စက်တင်ဘာလ ၅ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူသိရှိနိုင်စေရန...
05/09/2026

နေပြည်တော်၊ စက်တင်ဘာလ ၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာခြင်း-------------

နေပြည်တော်၊ စက်တင်ဘာလ ၅ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူသိရှိနိုင်စေရန...
05/09/2026

နေပြည်တော်၊ စက်တင်ဘာလ ၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာခြင်း------------

နေပြည်တော်၊ စက်တင်ဘာ ၄ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရ...
04/09/2026

နေပြည်တော်၊ စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် (၃-၉-၂၀၂၆)ရက်နေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၃)စီးဖြင့် ဉာဏသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင် အိမ်ရာ၊ ရုံးအမှတ်(၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇) စက်မှုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးတို့သို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်၊ စက်တင်ဘာ ၄နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဈေးများဌာနမှ တာဝ...
04/09/2026

နေပြည်တော်၊ စက်တင်ဘာ ၄
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဈေးများဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေးနှင့် ငုရွှေဝါဈေးတို့၌ ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရန်နှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချ လာစေရန်တို့အတွက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်= = = = = = = = = = = = =နေပြည်တော်၊ ...
03/09/2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ
ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
= = = = = = = = = = = = =
နေပြည်တော်၊ စက်တင်ဘာ ၃
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယ မြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦးက နိုင်ငံတော်သမ္မတရုံးနှင့် အထက်ဌာနအဖွဲ့အစည်းများ၊ မြို့တော်ဝန်ရုံးမှထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဝန်ထမ်းများမှ ဌာနအလိုက်ဆန္ဒဖော်ထုတ်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်၊ စက်တင်ဘာ ၃ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး  ဦးစိုးဟန်သည် ဈေးများဌာန၊ ဌာနမှူး ဦးအောင်လှိုင်မျိုး...
03/09/2026

နေပြည်တော်၊ စက်တင်ဘာ ၃
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး ဦးစိုးဟန်သည် ဈေးများဌာန၊ ဌာနမှူး ဦးအောင်လှိုင်မျိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် မွန်းလွဲပိုင်းက ဈေးများဌာနကွပ်ကဲမှုအောက်ရှိ အာဟာရသုခဈေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးတာဝန်ခံအား ညောင်ပင်ကွင်းပျံကျဈေးရုံအမှတ်(၁၊ ၂)ပတ်လည်ရှိ ရေမြောင်းများ ဆယ်ယူ ရန်၊ အများသုံးသန့်စင်ခန်း သန့်ရှင်းရေးအမြဲကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ဈေးရောင်းချသူများ၏ ကုန်ပစ္စည်းများ ပလက်ဖောင်းများပေါ်တွင် ခင်းကျင်းရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ပေအတွင်း ခင်းကျင်းရောင်းချစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ကုန်စိမ်း/ကုန်စုံ ဆိုင်ခန်းများရှေ့ မိုးကာ/အဖီများဖြုတ်သိမ်းရန်၊ ဈေးရုံအမှတ်(ဂ)ပတ်လည်ရှိ ရေမြောင်းများဆယ်ယူရန်၊ ကားပါကင် အမှတ်(၂) ကွန်ကရစ်ပြင်ပေါ်ရှိ ပန်းတန်းအား သန့်ရှင်းရေးကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ဈေးရောင်းချနေသော ဈေးသူ/ဈေးသားများ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အတွက် သားငါးများနှင့် စားသောက်ကုန်ပစ္စည်းများအား ယင်လုံဇကာဖုံးအုပ် ရောင်းချရန်၊ လက်အိတ်၊ Apron များဝတ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် စားသောက်ကုန်များကိုသာရောင်းချရန်၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဆယ်ယူ၍ ဈေးစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

Address

City Hall
Nay Pyi Taw

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 12:00 - 14:00
Sunday 00:00 - 14:00

Telephone

+95673414612

Alerts

Be the first to know and let us send you an email when NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ:

Shortcuts

Share