Department of Traditional Medicine, Myanmar

Department of Traditional Medicine, Myanmar Office No.(4-C), Department of Traditional Medicine, Ministry Zone, Nay Pyi Taw, Myanmar

ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ခေတ်များတိုင်အောင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက လူသားတို့နေထိုင်ရာ သမိုင်းတစ််လျှောက်တွင် တိုင်းရင်းဆေးဝါးများကို အသုံးပြုခဲ့ကြပါသည်။ တိုင်းရင်းဆေးဝါးများ အသုံးပြုပုံတို့သည် ဆရာဇီဝက လက်ထက်မှစ၍ ခေတ်အဆက်ဆက်တွင် စကားလုံးများဖြင့် လက်ဆင့်ကမ်း တည်ရှိလာခဲ့ပါသည်။ ပုဂံခေတ်သို့ရောက်လာသောအခါ တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသမှု အထောက် အထားများကို တွေ့ရှိလာခဲ့ရပြီး ဗု

ဒ္ဓရဟန်းတော်များ၏ အသုံးအဆောင် လေးမျိုးတွင် ဆေးဝါးကို ထည့်သွင်းဖော်ပြခြင်းအား တွေ့ရှိရပါသည်။ အင်းဝ ခေတ် (အေဒီ ၁၃၆၄ -၁၅၅၅) တွင် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ ခိုင်မာသည့် အထောက်အထားများကို ထပ်မံတွေ့ရှိရပါသည်။ ကိုလိုနီခေတ် (၁၈၈၅ - ၁၉၄၈) အင်္ဂလိပ်အစိုးရလက်ထက်တွင် တိုင်းရင်းဆေးပညာသည် ခေတ္တမှေးမှိန်ခဲ့ရပါသည်။ သို့သော် ရှေးတိုင်းရင်းဆေး သမားတော်သည် နီးစပ်ရာ တိုင်းရင်းဆေးဝါး များကို ဖော်စပ်အသုံးပြု၍ တိုင်းရင်းဆေးပညာအား ဆက်လက်ထိန်းသိမ်း ခဲ့ကြပါသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆေးဝါးရှားပါးမှုများ ကြုံလာရသောအခါတွင် တိုင်းရင်းဆေးပညာ သည် တစ်ဖန် အရေးပါလာခဲ့ပါသည်။ ထိုအချိန်တွင် တိုင်းရင်းဆေးဝါးများ၏ အကျိုးအာနိသင် ထိရောက်မှုနှင့်အတူ ကျန်းမာရေးတွင် အသုံးတည့်မှုများကို ပြည်သူလူထုက ပိုမိုလက်ခံ ယုံကြည် ခဲ့ကြပါသည်။
ဤသို့ဖြင့် တိုင်းရင်းဆေးပညာသည် ပြည်သူလူထုအကြား အသုံးပြုမှု ပိုမိုကျယ်ပြန့်လာခဲ့ပြီး တစ်ဖက်တွင်လည်း မြန်မာ့တိုင်းရင်းဆေးပညာသည် တဖြည်းဖြည်းတိုးတက်လာခဲ့ပါသည်။ နိုင်ငံတော်အစိုးရ အဆင့်ဆင့်မှလည်း တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အားပေးအားမြှောက်ပြုခဲ့ပါသည်။ တိုင်းရင်းဆေးပညာရှေ့ပြေးကော်မတီကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အခမဲ့ဆေးခန်းများအနေဖြင့် ရန်ကုန်တွင် တိုင်းရင်းဆေးကုခန်း(၉) ခန်းနှင့် မန္တလေးတွင် တိုင်းရင်းဆေးကုခန်း (၇) ခန်းတို့ကို ၁၉၅၃ ခုနှစ်တွင် ဖွင့်လှစ်ပြီး ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။
တိုင်းရင်းဆေးဆရာအဖွဲ့ အက်ဥပဒေနှင့် နည်းဥပဒေတို့ကို ၁၉၅၅ ခုနှစ်တွင် စတင်အတည်ပြုခဲ့ ပါသည်။
တိုင်းရင်းဆေးသိပ္ပံကျောင်းကို (၃၁-၁-၇၆) မှ (၂၀၀၈) ထိ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဒီပလိုမာလက်မှတ်ရ တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ခဲ့ပါသည်။
ထို့နောက် ပြည်သူ့ဆေးရုံတိုင်းရင်းဆေးရုံ (မန္တလေး) ကို (၄-၁၀-၁၉၇၆) နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနကို ၁၉၈၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး အဆင့်(၁) ဦးစီးဌာနအဖြစ် ၁၉၉၈ ခုနှစ်တွင် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။
တိုင်းရင်းဆေးတက္ကသိုလ် ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ များကို စတင်မွေးထုတ်ခဲ့ပါသည်။

Address

Office No. (4-C), Department Of Traditional Medicine, Ministry Zone
Nay Pyi Taw
15011

Alerts

Be the first to know and let us send you an email when Department of Traditional Medicine, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Department of Traditional Medicine, Myanmar:

Shortcuts

Share