ဒေတာအရောင်းဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက်အရ အသစ်ထပ်မံတိုးချဲ့လိုက်သော ဆက်သွယ်ရေးညွှန်ကြားမှုဌာနလက်အောက်ရှိ အစိုးရထုတ် ဒေတာ၊ ဆင်းမ်ကတ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရောင်းချပေးသောဌာနတစ်ခု ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်သည်။ လက်ရှိတွင် ဝန်ထမ်းဦးရေ ၃၈ ဦး ရှိသည်။ ဒေတာအရောင်းဌာန အမှတ် ၁ နှင့် ဒေတာအရောင်းဌာန အမှတ် ၂ ဟု ခွဲ
ခြားထားပါသည်။ အမှတ် ၁ သည် အစိုးရထုတ်ကုန်ဒေတာ၊ ဆင်းမ်ကတ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ရောင်းချပေးနေပြီး အမှတ် ၂ သည် ဝယ်ယူသူများအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော လူမှုကွန်ယက်ဖြန့်ချိရေးကို ဦးစားပေးဆောင်ရွက်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် ဝန်ကြီးဌာန၏ စာအမှတ် ၄၀၀-ဆည/ခွဲ(၄) ဥပဒေ ၇၇၁၁ အရ အစိုးရထုတ် Business Plan များကို စတင်ဖြန့်ချိရသည်။ လူမှုကွန်ယက်၌ ပျံ့နှံ့လျက်ရှိသော Business Plan ကိစ္စရပ်များကိုလည်း ထိန်းသိမ်းရန်အလို့ငှာ အစိုးရထုတ် Business Plan ကို အော်ပရေတာများနှင့်မတူအောင် ဖန်တီးပေး၍ စျေးကွက်၌ စတင်မိတ်ဆက်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် အော်ပရေတာထုတ် Business Plan များ၌ အစိုးရမှ တရားဝင်ပိတ်ပင်ထားရန် ညွှန်ကြားခြင်းခံရသော Facebook လူမှုကွန်ယက် အခမဲ့ အသုံးပြုခွင့် ပါဝင်နေသဖြင့် အော်ပရေတာများနှင့် ညှိနှိုင်းပြီး အစိုးရထုတ် Business Plan မှလွဲ၍ အော်ပရေတာထုတ် Business Plan များ၏ အသုံးပြုခွင့် ပေးသော အချက်အလက်များကို ယာယီထိန်းသိမ်းလိုက်ပြီး ညွှန်ကြားသည့်အတိုင်းသာ ရောင်းချရန် ထပ်မံညွှန်ကြားရသည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့် ညှိနှိုင်း၍ ဖုန်းနံပါတ်အလှများ ရောင်းချရန် ထပ်မံညွှန်ကြားခံရသည်။
Alerts
Be the first to know and let us send you an email when Internet Data Sales Department Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.