Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

  • Home
  • Myanmar
  • Naypyidaw
  • Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန Ministry of Sports Affairs, Myanmar
အားကစားရေးရာဝန်ကြီးဌာန

သြဂုတ်လ ၃ ရက်ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတောင်ကြီးမြို့၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စ...
03/08/2026

သြဂုတ်လ ၃ ရက်
ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ
တောင်ကြီးမြို့

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
=====================================

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယ
ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စဿ်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
ဦးသန်းဦးလွင် ၊ ပြည်သူ့လွှတ်​တော်ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး
နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်
ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး
ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး၊ ​ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ​ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ဗမာတိုင်းရင်းသားရေးရာဝန်ကြီး
ဒေါ်ခင်ထွေးအောင်က နုတ်ခွန်းဆက်အမှာစကား
ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ ရည်ရွယ် ချက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘတ်စကက်ဘော အားကစားသမားများတွေ့ဆုံယှဥ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး ၊ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်မယ့် ဘတ်စကက်ဘော အားကစားသမားကောင်းများ ရရှိစေရေးတို့အတွက်ပဲဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံမှာ ဘတ်စကက်ဘောအားကစားနည်းဟာ တစ်ချိန်တစ်ခါက လူငယ်ထုအကြား အထူးလူကြိုက်များရေပန်းစားခဲ့ပြီး အထက်တန်း ကျောင်းများမှာ ဘတ်စကက်ဘောကွင်းများဖောက်လုပ်ထားကြတာကို တွေ့မြင်ခဲ့ရပါကြောင်း ၊ ဘတ်စကက်ဘောကွင်းဖောက်လုပ်နိုင်ခြင်းမရှိတဲ့ ကျောင်းတွေမှာဆိုရင်အနည်းဆုံးနောက်ခံဘုတ်နဲ့ ဘတ်စကက်ဘောဂိုးသွင်းကွင်းကို ချိတ်ထားပေးလေ့ရှိခဲ့ပါကြောင်း ၊ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘတ်စကက်ဘောကစားတဲ့ အလေ့အကျင့်များလျော့ပါးလာပြီး မြန်မာ့ဘတ်စကက်ဘောအားကစားနည်းဟာ မျက်မှောက်ခေတ် နိုင်ငံတကာပြိုင်ပွဲများနဲ့လည်း ကာလအတန်ကြာ ကင်းကွာနေခဲ့ရပါကြောင်း ၊ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နဲ့ အားကစားသမားများအားလုံးက ဘတ်စကက်ဘောအားကစား
အဆင့်အတန်း တိုးတက်မြင့်မားရေးကို တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်သွားကြဖို့အထူးလိုအပ်ပါကြောင်း ၊ ဘတ်စကက်ဘောအားကစားနည်းဟာ အရပ်အမောင်းမြင့်မားမှု ၊ ကိုယ်လုံးကိုယ်ထည်ထွားကျိုင်းမှု ၊ လျင်မြန်ဖြတ်လတ်မှု ၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ဘက်စုံပြည့်စုံမှ ထူးချွန်နိုင်တဲ့ အားကစားနည်းဖြစ်တာမို့ ဘတ်စကက်ဘော အားကစားသမားများအနေနဲ့ဘက်စုံပြည့်စုံအောင်ကြိုးစားလေ့ကျင့်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ၊ မိမိတို့၏ကိုယ်စားပြုအသင်းကနေ နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမားများဖြစ်ကြပါ​စေကြောင်းနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူများဖြစ်အောင်ကြိုးစားကြပါလို့ပြောကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီးအ.ထ.က(၃)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ယနေ့ပြိုင်ပွဲအဖွင့်ပွဲ အမျိုးသားပထမပွဲစဥ်အဖြစ် အိမ်ရှင် ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရသည်။
အဆိုပါ ဘတ်စကတ်ဘောပြိုင်ပွဲကို (၃.၈.၂၀၂၆)ရက်နေ့မှ (၉.၈.၂၀၂၆)ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်းနှင့် အမျိုးသမီးအသင်း (၁၀)သင်း ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၃၉၇)ဦးဖြင့် အုပ်စုပတ်လည်စနစ်ဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရပြီး တောင်ကြီးမြို့ပေါ်ရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိရသည်။

E-Sports ကမ္ဘာ့ဖလားပြိုင်ပွဲ E-Sports World Cup 2026(MLBB)သို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင်1st  Runner Up (ဒုတိယဆု)ရရှိခဲ့သည...
03/08/2026

E-Sports ကမ္ဘာ့ဖလားပြိုင်ပွဲ E-Sports World Cup 2026(MLBB)သို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင်1st Runner Up (ဒုတိယဆု)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု YangonGalacticos(YG) MLBB အသင်း ပြန်လည်ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၃

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် E-Sports ကမ္ဘာ့ဖလားပြိုင်ပွဲ E-Sports World Cup 2026(MLBB)သို့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကမ္ဘာ့အဆင့် Mobile Legends: Bang Bang ပြိုင်ပွဲ၏ Grand Final ၌ 1st Runner Up(ဒုတိယဆု)ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကြီးတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဆော်ဒီအာရေးဗျ၊ ရုရှား၊ တူရကီ၊ တရုတ်၊ ပီရူး၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ ဘရာဇီး၊ ထိုင်း၊ လာအို၊ ဂျပန်နှင့် ဗီယက်နမ်စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်း ၂၅ သင်း၊ မြန်မာနိုင်ငံကိုယ်စားပြု၍ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ YG အသင်း ပိုင်ရှင်များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား စုစုပေါင်း ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းသည် အုပ်စုပထမပွဲစဉ်၌ ဆော်ဒီအာရေးဗျနိုင်ငံမှ Geekay E-Sports အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယား နိုင်ငံမှ PRO E-Sports အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှုံးထွက်ကွာတားဖိုင်နယ်ပွဲစဉ်တွင် (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Falcons PH E-Sports အသင်းအား (၃)ပွဲ (၂)ပွဲဖြင့် အနိုင်ရရှိ၍ Grand Final သို့ ထိုက်ထိုက်တန်တန်တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်တွင် ရုရှားနိုင်ငံမှ Team Spirit အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ(၃)ပွဲ (၄)ပွဲရလဒ်ဖြင့်1st Runner Up (ဒုတိယဆု)ကို ဆွတ်ခူးရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် ရုရှားနိုင်ငံမှ Team Spirit အသင်းက ချန်ပီယံဆုကိုရရှိခဲ့သည့်အတွက် ဆုကြေးငွေ ဒေါ်လာတစ်သန်းရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းက 1st Runner Up (ဒုတိယဆု)ရရှိခဲ့သည့်အတွက် ဒေါ်လာငါးသိန်းရရှိခဲ့သည်။

ယခုကဲ့သို့ 1st Runner Up (ဒုတိယဆု)ဆွတ်ခူးရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းသည် ယနေ့နံနက် (၁၀း၁၅)နာရီအချိန်တွင် China Southern Airlines, CZ-3055 ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့်သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၃ ရက်ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတောင်ကြီးမြို့၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စ...
03/08/2026

သြဂုတ်လ ၃ ရက်
ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ
တောင်ကြီးမြို့

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
=====================================

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စဿ်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်သူ့လွှတ်​တော်ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းထွန်းစိန် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ ​ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ​ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က နုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘတ်စကက်ဘော အားကစားသမားများတွေ့ဆုံယှဥ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး ၊ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်မယ့် ဘတ်စကက်ဘော အားကစားသမားကောင်းများ ရရှိစေရေးတို့အတွက်ပဲဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံမှာ ဘတ်စကက်ဘောအားကစားနည်းဟာ တစ်ချိန်တစ်ခါက လူငယ်ထုအကြား အထူးလူကြိုက်များရေပန်းစားခဲ့ပြီး အထက်တန်းကျောင်းများမှာ ဘတ်စကက်ဘောကွင်းများဖောက်လုပ်ထားကြတာကို တွေ့မြင်ခဲ့ရပါကြောင်း ၊ ဘတ်စကက်ဘောကွင်းဖောက်လုပ်နိုင်ခြင်းမရှိတဲ့ ကျောင်းတွေမှာဆိုရင်အနည်းဆုံးနောက်ခံဘုတ်နဲ့ ဘတ်စကက်ဘောဂိုးသွင်းကွင်းကို ချိတ်ထားပေးလေ့ရှိခဲ့ပါကြောင်း ၊ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘတ်စကက်ဘောကစားတဲ့ အလေ့အကျင့်များလျော့ပါးလာပြီး မြန်မာ့ဘတ်စကက်ဘောအားကစားနည်းဟာ မျက်မှောက်ခေတ် နိုင်ငံတကာပြိုင်ပွဲများနဲ့လည်း ကာလအတန်ကြာ ကင်းကွာနေခဲ့ရပါကြောင်း ၊ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နဲ့ အားကစားသမားများအားလုံးက ဘတ်စကက်ဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်သွားကြဖို့အထူးလိုအပ်ပါကြောင်း ၊ ဘတ်စကက်ဘောအားကစားနည်းဟာ အရပ်အမောင်းမြင့်မားမှု ၊ ကိုယ်လုံးကိုယ်ထည်ထွားကျိုင်းမှု ၊ လျင်မြန်ဖြတ်လတ်မှု ၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ဘက်စုံပြည့်စုံမှ ထူးချွန်နိုင်တဲ့ အားကစားနည်းဖြစ်တာမို့ ဘတ်စကက်ဘော အားကစားသမားများအနေနဲ့ဘက်စုံပြည့်စုံအောင်ကြိုးစားလေ့ကျင့်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ၊ မိမိတို့၏ကိုယ်စားပြုအသင်းကနေ နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမားများဖြစ်ကြပါ​စေကြောင်း နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူများဖြစ်အောင်ကြိုးစားကြပါလို့ပြောကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီးအ.ထ.က(၃)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ယနေ့ပြိုင်ပွဲအဖွင့်ပွဲ အမျိုးသားပထမပွဲစဥ်အဖြစ် အိမ်ရှင် ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲကို (၃.၈.၂၀၂၆)ရက်နေ့မှ (၉.၈.၂၀၂၆)ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်း နှင့် အမျိုးသမီးအသင်း (၁၀)သင်း ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၃၉၇)ဦးဖြင့် အုပ်စုပတ်လည်စနစ်ဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့ပေါ်ရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။

ဩဂုတ်လ ၂ ရက်ပြည်နယ်အားကစားကွင်းတောင်ကြီးမြို့" MFF ROYAL-D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘော...
03/08/2026

ဩဂုတ်လ ၂ ရက်
ပြည်နယ်အားကစားကွင်း
တောင်ကြီးမြို့

" MFF ROYAL-D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘောလုံးပြိုင်ပွဲ WEEK - 1 ( Match - 3 / 4 )ပြိုင်ပွဲရလဒ်
=====================================

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူးကျင်းပပြုလုပ်သည့် " MFF ROYAL- D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘောလုံးပြိုင်ပွဲကို FIRST ROUND WEEK - 1 ( Match - 3 / 4 တနင်္ဂနွေနေ့ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၁၃း၃၀)နာရီနှင့် ညနေ(၁၅း၃၀)နာရီအချိန်တို့တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲရလဒ်နှင့် ပွဲကစားစဥ်ပုံရိပ်များအား သိရှိခဲ့ရပါသည်။

" MFF ROYAL - D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) FIRST ROUND WEEK - 1 ( Match - 3 / 4 )

2-8-2026 ( Sun )
13:30 PM
( Match - 3 )
State Stadium

HTI PHOUNG YOUTH FC
0

SHAN SOUTHERN FC
2

No. 3 (P)
Time. 43 min
Name. Wai Yan Phyo

No. 15
Time. 60 min
Name. Aung Zaw Htet

2-8-2026 ( Sun )
15:30 PM
( Match - 4 )
State Stadium

PAW MUU REGION YOUTH FC
0

EASTERN SHAN ( TCL ACADEMY ) FC
4

No. 9
Time. 32 min
Name. Aung Kaung Myat

No. 7
Time. 42 min
Name. Sai Nyi Nyi Kham

No. 8
Time. 51 min
Name. Hlaing Min Htet

No. 17
Time. 70 min
Name. Naing Pyae Sham Oo

သြဂုတ်လ ၂ ရက်ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတောင်ကြီးမြို့၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်  အမျိုးသား/အမျိုးသမီးဘတ်စ...
03/08/2026

သြဂုတ်လ ၂ ရက်
ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ
တောင်ကြီးမြို့

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
=====================================

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲဝင် အသင်းများအားကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ညနေ(၁၅း၀၀)အချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့်လမ်းဆက်သွယ်ရေးဝန်ကြီး ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန (ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ - ၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ ရှမ်းပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီဝင်များ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနများမှ အုပ်ချုပ်သူ/နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့်လမ်းဆက်သွယ်ရေး
ဝန်ကြီးက ကြိုဆိုမိတ်ဆက်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ အိမ်ရှင်အဖြစ် ၂၀၁၄ ၊ ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်များတွင် လားရှိုးမြို့မှာ လက်ခံကျင်းပပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင်ပြုလုပ်မည့် ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်
ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ၊ အခုလိုတိုင်းဒေသကြီးနှင့်ပြည်နယ်များက ထူးချွန်ထက်မြက်တဲ့ ဘတ်စကက်ဘောအားကစားသမားတွေ တစ်နေရာတည်းမှာ အခုလိုစုံစုံလင်လင်တွေ့ခွင့်ရတာဟာအားကစားပြိုင်ပွဲတစ်ခုယှဥ်ပြိုင်ရုံတင်မကဘဲ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ၊ စည်းလုံးညီညွှတ်မှုနဲ့ အပြန်အလှန်လေးစားတန်ဖိုးထားမှုတွေကို ပိုမိုခိုင်မြဲစေတဲ့ သမိုင်းဝင်အခိုက်အတန့်တစ်ခုလည်းဖြစ်ပါကြောင်း ၊ ယခုလိုရှမ်းပြည်နယ်အနေနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိတဲ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်မှာရှိတဲ့ အားကစားသမားအသီးသီးရဲ့ မတူကွဲပြားတဲ့ကစားပုံကစားဟန်တွေကို လေ့လာဖလှယ်နိုင်စေခြင်း ၊ မြေပြန့်ဒေသနှင့်တောင်ပေါ်ဒေသမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေနိုင်ခြင်း ၊ ဒေသအသီးသီးကပြိုင်ပွဲဝင်များအနေဖြင့်လည်း ရှမ်းပြည်နယ်ရဲ့ယဥ်ကျေးမှုဓလေ့စရိုက် ဒေသန္တရဗဟုသုတများလေ့လာခွင့်ရရှိစေခြင်းစတဲ့ရင်းနှီးမှုတွေရရှိမှာဖြစ်ကြောင်း ၊ အားကစားသမားများအနေဖြင့်သတ်မှတ်ထားသော စည်းမျဥ်း/စည်းကမ်းဥပဒေများကိုလိုက်နာပြီး ဘက်ပေါင်းစုံပြည့်စုံအောင်ကြိုးစားဖို့နဲ့ မိမိကိုယ်စားပြုအသင်း​မိမိကိုယ်စားပြုအသင်းအောင်နိုင်ရေးကို အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်ကြရမှာဖြစ်ပါကြောင်း ၊ အခုလိုရှမ်းပြည်နယ်ရဲ့ သာယာလှပတဲ့ မြေဆီမြေနှစ်ပေါ်မှာလာရောက်ယှဥ်ပြိုင်တဲ့အခါ မိမိတို့ရဲ့အရည်အချင်းတွေကိုအပြည့်အဝထုတ်ဖော်ပြသပြီး အနိုင်မခံအရှုံးမပေးတဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယတို့နဲ့ ယှဥ်ပြိုင်သွားကြဖို့တိုက်တွန်းလိုပါကြောင်း ၊ နိုင်ငံတော်အကြီးအကဲမှလည်း အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့်စည်းလုံးညီညွှတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည်နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်ခြင်းပင် ဖြစ်ကြောင်း ၊ လမ်းညွှန်ထားရှိသည့်နည်းတူပြိုင်ပွဲဝင်အသင်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော တာဝန်ကြီး (၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ကမ္ဘာ့အလယ်တွင် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေး နှင့် အရှေ့တောင်အာရှ မှ အာရှအဆင့် ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်ရေးတို့အတွက် တစ်ထောင့်တစ်နေရာက ဝိုင်ဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားကြပါလို့မှာကြားလိုပါကြောင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးဆုံးလို့မိမိတို့နေရပ်နေရာများကို ပြန်လည်ရောက်ရှိချိန်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေးအဖက်ဖက်က စောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားရင်း ပြိုင်ပွဲဝင်အသင်းများအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသွားကာ ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး လ္ဘက်ရည်/အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါ ၂၀၂၆ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ၃.၈.၂၀၂၆ရက်နေ့မှ ၉.၈.၂၀၂၆ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်း ၊ အမျိုးသမီးအသင်း (၁၀)သင်း နှင့် စုစုပေါင်းကစားသမားအင်အား (၃၉၇)ဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရကာ ရှမ်းပြည်နယ်အတွင်းရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်မိဘပြည်သူများ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိခဲ့ရပါသည်။

သြဂုတ်လ ၂ ရက်ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတောင်ကြီးမြို့၂၀၂၆ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်  အမျိုးသား/အမျိုးသမီး ဘတ်စ...
03/08/2026

သြဂုတ်လ ၂ ရက်
ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ
တောင်ကြီးမြို့

၂၀၂၆ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသက်မှန်ကန်မှုရှိစေရေးမှတ်ပုံတင်စစ်ဆေးခြင်းနှင့်အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ
=====================================

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ အသက်မှန်ကန်မှုရှိစေရေးမှတ်ပုံတင်စစ်ဆေးခြင်း ၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ယနေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန (ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ - ၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒုတိယညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ - ၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်မှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန် ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့်လည်း မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း ၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဥ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ထို့နောက် တာဝန်ရှိသူအသီးသီးက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဒိုင်လူကြီးများ ၊ ပြိုင်ပွဲကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို မေးမြန်းနိုင်ပါကြောင်း ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ ၊ ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များ ၊ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြကြောင်းသိရှိရကာ ရှမ်းပြည်နယ်အတွင်းဘတ်စကက်ဘောအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်အားပေးနိုင်ပါ​ကြောင်း သိရှိခဲ့ရပါသည်။

၂၀၂၆ ခုနှစ် ၊ သြဂုတ်လ  ၂  ရက်။ ပဒေသာအားကစားကွင်းPilot  Project အစီအစဥ်ဖြင့် Football For School Program အရ    ကျင်းပသည့်...
03/08/2026

၂၀၂၆ ခုနှစ် ၊ သြဂုတ်လ ၂ ရက်။ ပဒေသာအားကစားကွင်း

Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ကျင်းပသည့် အသက် (၁၂) နှစ်အောက် နှင့် (၁၅) နှစ်အောက်ဘောလုံးသင်တန်းပြိုင်ပွဲ ချစ်ကြည်‌ရေးပွဲစဥ်အနေဖြင့် ရွှေပြည်သာမြို့နယ်အသင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ၊ သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ တောင်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ လာရောက်အားပေးကြည့်ရှုခဲ့ပါသည်။

နေပြည်တော်တိုင်း U 18 -အမျိုးသမီးအသင်းအတွက်လူရွေးချယ်ပွဲ ပြုလုပ်ရာ ပျဥ်းမနားမြို့နယ်မှ ကစားသမား(၁၁)ဦး သွားရောက် ရွေးချယ်...
03/08/2026

နေပြည်တော်တိုင်း U 18 -အမျိုးသမီးအသင်းအတွက်လူရွေးချယ်ပွဲ ပြုလုပ်ရာ ပျဥ်းမနားမြို့နယ်မှ ကစားသမား(၁၁)ဦး သွားရောက် ရွေးချယ်ခံ ခဲ့ပါသည်။

ရန်ကုန်တိုင်းတောင်ဥက္ကလာပဒေသာအားကစားကွင်းတွင်ဆရာမယမင်းလှဝင်းနှင့်အတူထိုက်ကျိဇမ်းဘားအဖွဲ့သားများလူဦးရေ၁၀၀ကေျာ်ပျော်ပျော်...
03/08/2026

ရန်ကုန်တိုင်းတောင်ဥက္ကလာပဒေသာအားကစားကွင်းတွင်ဆရာမယမင်းလှဝင်းနှင့်အတူထိုက်ကျိဇမ်းဘားအဖွဲ့သားများလူဦးရေ၁၀၀ကေျာ်ပျော်ပျော်ရွှင်ရွှင်ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြပါသည်၊မည်သူမဆိုအခမဲ့လာရောက်လေ့ကျင့်ခန်းများပြုလုပ်နိူင်ပါကြောင်းသတင်းကောင်းပါးရင်းနွေးထွေးပျူငှာစွာဖိတ်ခေါ်အပ်ပါတယ်ရှင့်

ဩဂုတ်လ ၁ ရက်ပြည်နယ်အားကစားကွင်းတောင်ကြီးမြို့" MFF ROYAL-D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘော...
03/08/2026

ဩဂုတ်လ ၁ ရက်
ပြည်နယ်အားကစားကွင်း
တောင်ကြီးမြို့

" MFF ROYAL-D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘောလုံးပြိုင်ပွဲ WEEK - 1 ( Match - 1 / 2 )ပြိုင်ပွဲရလဒ်
=====================================

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူးကျင်းပပြုလုပ်သည့် " MFF ROYAL- D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) အမှတ်ပေးဘောလုံးပြိုင်ပွဲကို FIRST ROUND WEEK - 1 ( Match - 1 / 2 ) စနေနေ့ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၁၃း၃၀)နာရီနှင့် ညနေ(၁၅း၃၀)နာရီအချိန်တို့တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲရလဒ်နှင့် ပွဲကစားစဥ်ပုံရိပ်များအား သိရှိခဲ့ရပါသည်။

" MFF ROYAL - D U-15 YOUTH LEAGUE 2026 - 2027 " ( TAUNGGYI ZONE ) FIRST ROUND WEEK - 1 ( Match - 1 / 2 )

1-8-2026 ( Sat )
13:30 PM
( Match - 1 )
State Stadium

DANU FC
2

No. 12
Time. 18 min
Name. Hlyam Sit Paing
No. 17
Time. 53 min
Name. Aung Zaw Phyo

ROYAL NYAUNG SHWE FC
2

No. 53
Time. 8 min
Name. Han Sin

No. 41
Time. 41 min
Name. Shine Phyo Thu

1-8-2026 ( Sat )
15:30 PM
( Match - 2 )
State Stadium

KALAW FC
1

No. 24
Time. 5 min
Name. Min Thway

MIDDLE SHAN STATE FC
1

No. 7
Time. 54 min
Name. Naw Main

Address

Office (31), Ottarathiri Township
Naypyidaw
15015

Alerts

Be the first to know and let us send you an email when Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန:

Shortcuts

Share