13/03/2026
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းသည် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတို့နှင့်အတူ ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပါသည်။