သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

  • Home
  • Myanmar
  • Naypyidaw
  • သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမသမိုင်းနှင့်လက်ရှိ သမဝါယမလှုပ်ရှားမှုများအား ဆွေးနွေးပို့ချ===========================================ပုသိမ်ကြီး ဇ...
01/08/2026

သမဝါယမသမိုင်းနှင့်လက်ရှိ သမဝါယမလှုပ်ရှားမှုများအား ဆွေးနွေးပို့ချ
===========================================
ပုသိမ်ကြီး ဇူလိုင် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမကောလိပ် (မန္တလေး)တွင် သမဝါယမသမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှုများအကြောင်း ဆွေးနွေးပို့ချမှု အခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန်တွင် အဆိုပါကောလိပ်၏ ရန်ကင်းခန်းမ၌ ကျင်းပ သည်။

အဆိုပါအခမ်းအနားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သမဝါယမသမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှု များကို ဆွေးနွေးပို့ချခဲ့ရာ ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန...
01/08/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်သည့် သုတေသနနှင့်ဆန်းသစ်တီထွင်မှုဖိုရမ်သို့ တက်ရောက်ခြင်း
=============================================================================================================================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ စာရင်းအင်းပညာဌာန၊ သမဝါယမပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ အင်္ဂလိပ်စာဌာနတို့မှ ဆရာ/ဆရာမ(၆)ဦးနှင့် အထူးပြုဘာသာရပ်(၅)ခုမှ မဟာတန်းကျောင်းသား/သူ (၂၀)ဦး၊ စုစုပေါင်း(၂၆)ဦး တို့သည် ရန်ကုန်တက္ကသိုလ်၏ ဖိတ်ကြားမှုအရ (၃၁-၇-၂၀၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမ၌ ကျင်းပပြုလုပ်သည့် "သုတေသနနှင့်ဆန်းသစ်တီထွင်မှုဖိုရမ်"သို့ တက်ရောက်ခဲ့ကြပါ သည်။
အဆိုပါ စာတမ်းဖတ်ပွဲအခမ်းအနားကို နံနက်(၉:၃၀)နာရီမှစတင်၍ စိန်ရတုခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများသည် Session (၃)၊ အခန်း (၂၀၆) တွင် စီးပွားရေးပညာစာတမ်း၊ ခရီးသွားစာတမ်း၊ စီမံခန့်ခွဲမှုပညာစာတမ်းနှင့် အင်္ဂလိပ်စာစာတမ်းများ ဖတ်ကြားသည့်Sessionသို့ တက်ရောက်ခဲ့ကြပါသည်။
Session(၃) စာတမ်းဖတ်ပွဲတွင် မအူပင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဒေါက်တာသန်းသူဇာ၊ ပါမောက္ခ (ဌာနမှူး)မှ “Female Leadership Traits, Knowledge Sharing and Employee Innovation Performance of MSMEs in Myanmar Women Entrepreneurs’ Association (MWEA)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထားဝယ်တက္ကသိုလ်၊ စိတ်ပညာဌာန၊ ဒေါက်တာတင်ဇော်လှိုင် (ပါမောက္ခ)မှ “The Role of Emotional Intelligence in Managing Perceived Stress Among Academic and Administrative Staff at Dawei University” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်၊ ခရီးသွားစီမံခန့်ခွဲမှုပညာဌာန၊ ဒေါက်တာဝင်းမိုးမိုးကျော်(ပါမောက္ခ)မှ “Key Influencing Factors, Responsible Business Practices and Competitive Sustainability Performance of SMEs in Tourism and Hospitality Sector in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ ဦးအောင်ချမ်းအေး(ကထိက)မှ “Psychological Empowerment and Organizational Citizenship Behavior of Teachers in Meiktila University of Economics” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဒေါက်တာသီရိစိုး (ပါမောက္ခ)မှ “Assessing the Effectiveness of English Language Course for Basic Education Teachers in Yangon” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဒေါ်ဖြူဖြူခင် (တွဲဖက်ပါမောက္ခ)မှ “Investigating the level of Artificial Intelligence Literacy of the Students at the University of Mandalay” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပါသည်။
တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများက သုတေသနစာတမ်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးမေးမြန်းခဲ့ပါသည်။ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့လေ့လာနေသော ဘာသာရပ်နှင့်သက်ဆိုင်သည့် သုတေသနများ၊ အယူအဆများနှင့် တွေ့ရှိချက်များကို သိရှိရခြင်းအပြင် ဘာသာရပ်ဆိုင်ရာသုတေသနစာတမ်းများကို လေ့လာခြင်းဖြင့် မိမိတို့ကိုယ်တိုင်သုတေသနပြုလုပ်ရန် စိတ်အားထက်သန်မှုရှိလာခြင်းနှင့် သုတေသန ပြုစုခြင်းဖြင့် အဖွဲ့အစည်းနှင့်ဘာသာရပ်နယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာသိရှိရခြင်း အစရှိသည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်...
31/07/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ
===========================================================================================================
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ သီလပွဲအခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ တိလောကမာရဇိန်ဘုရားရှိ အောင်သိဒ္ဓိဓမ္မာရုံတွင်ဝါဆိုလပြည့်နေ့၊ (၂၉-၇-၂၀၂၆) ရက် နေ့၊ နံနက်(၆:၃၀) နာရီ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်ဘုရားနှင့်သံဃာတော်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန (၁၁) ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ရွှေသမားဆရာတော်ကြီးနှင့် ပင့်သံဃာတော်(၅)ပါးတို့အား ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များမှ အာရုံဆွမ်းနှင့် အချိုပွဲတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မြတ်စွာဘုရားအားပူဇော်ကန်တော့ကြပြီး ကိုးပါးသီလတို့ကို ခံယူ ဆောက်တည်ခဲ့ကြကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ၊သု/ဖွံ့ဌာနတို့မှ ဌာနမှူးများက ဝါဆိုသင်္ကန်းခြင်းနှင့်တကွ လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယနေ့ဝါဆိုလပြည့်နေ့အခါသမယ သီလပွဲကုသိုလ်ရှင် ပါမောက္ခချုပ်နှင့်တက္ကသိုလ် မိသားစုဝင်များ၏ စုပေါင်းအလှူဖြင့် ကြွရောက်လာကြသော တက္ကသိုလ်ရှိ မိသားစုဝင်များ၊ ဧည့်သည်များနှင့် ကျောင်းသား/ကျောင်းသူများအား ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုတွင် သက်သာသော‌ ဈေးနှုန်းများဖြင့် ကြက်ဥအလုံး (၈၀၀၀)ရောင်းချ============================...
31/07/2026

တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုတွင် သက်သာသော‌ ဈေးနှုန်းများဖြင့် ကြက်ဥအလုံး (၈၀၀၀)ရောင်းချ
==================================================================
တောင်ဥက္ကလာပ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀) ရပ်ကွက် မေတ္တာလမ်း မြို့နယ်သမဝါယမအသင်းစုရုံးရှေ့၌ သက်သာသောနှုန်းများဖြင့် ကြက်ဥ အလုံး (၈၀၀၀)ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကြက်ဥအလုံး (၈၀၀၀) ရောင်းချပေးခြင်းကို မြို့နယ်သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ သက်သာချောင့်ချိစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် မြို့နယ်သမဝါယမအသင်းစုအတွက် အရှုံးမရှိ သင့်တင့်သော အကျိုးအမြတ်ရယူပြီး ပြည်သူများ အတွက် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့ သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် ကြက်ဥများရောင်းချပေးခြင်းကို နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြစ်သားမြို့နယ်၌ မိုးဝါစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု========================...
31/07/2026

မြစ်သားမြို့နယ်၌ မိုးဝါစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
=============================================================
မြစ်သား ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသင်းသားတောင်သူ ၄၀ စိုက်ဧက ၉၈ ဧကအတွက် ၁၄ ဒသမ ၁၀၀ သန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ထားသည့် ထားဝယ်အင်း ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦး‌ကျော်စွာဝင်း၏ ကွင်းအမှတ် (၆၄၆) ရှိ သုံးဧက ရွှေတောင် ၈ ဝါမျိုး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကို တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအား ခေတ်မှီစိုက်ပျိုးနည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးဝါစိုက်အသင်းသားတောင်သူများက သိရှိလိုသည်များ‌မေးမြန်းခဲ့ရာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရ သည်။

မြောက်ဥက္ကလာပမြို့နယ် နွယ်နီထွန်းရောင်း၀ယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်===================...
31/07/2026

မြောက်ဥက္ကလာပမြို့နယ် နွယ်နီထွန်းရောင်း၀ယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်
===========================================================================
မြောက်ဥက္ကလာပ ဇူလိုင် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း ခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ နွယ်နီထွန်းရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို နွယ်နီ ၁၆ လမ်းရှိ နွယ်နီဦးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်၊ သမဝါယမဦးစီးဌာနမှဦးစီးမှူး ဒေါ်သီတာမွန်က သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့၀င်ဦးသန်းလှ ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်များ ရခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အသင်းသား ၇၂ ဦး တက်ရောက်ခဲ့ပြီး အစုပေါ်အမြတ်နှင့် အသင်းသားများအား အစုပေါ်အမြတ်ငွေများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်၌ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ======================================...
31/07/2026

သီပေါမြို့နယ်၌ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
=============================================================
သီပေါ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သမဝါယမဦးစီးဌာန ရုံးခန်းမ၌ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးမောင်ဦးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေမှု အခြေအနေများနှင့် အသင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေအရ အသင်းစည်းကမ်းအားပြင်ဆင်ဖြည့်စွက်ခြင်းစသည် တို့ကိုပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တင်ပြသည့် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်း နှင့် အတည်ပြုချက်များရယူခြင်းများ ဆောင်ရွက်ခဲ့ကာ တာဝန်ရှိသူများက အသင်းသားများအား စုဆောင်းငွေပေါ် အတိုးများပေးအပ်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ...
31/07/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
=========================================================================================================
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၂၇.၇.၂၀၂၆)၊ ညနေ(၃း၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးရာဌာနများဖြစ်သည့် စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေး ရာဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေး(၁၁)ဌာနမှ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အလံကိုင်အဖွဲ့ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးသည့်နောက် ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “တက္ကသိုလ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ လိမ္မာပျော်ရွှင် ပညာထူးချွန်စေရန် အတွက် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုမိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြင့် ကျောင်းသား/သူများအတွက် ကိုယ်လက်ကြံ့ခိုင်ဖွံ့ဖြိုးမှုရှိလာခြင်း၊ အသင်းအဖွဲ့(Team Work)အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အ‌လေ့အကျင့်ရရှိလာခြင်း၊ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးပြီး အားကစားစိတ်ဓာတ်များ မြင့်မားလာခြင်း၊ လိမ္မာရေး ခြားမှုရှိပြီး အချင်းချင်း ခင်မင်ရင်နှီးစည်းလုံးညီညွှတ်မှုတွေ ရရှိလာခြင်း၊ ကျန်းမာ ပျော်ရွှင်၍ ပညာထူးချွန်မှုရှိလာစေခြင်းတို့ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် “အနိုင်ရရှိရေးထက် ပါဝင်ယှဉ်ပြိုင်ခြင်းက ပို၍ အရေးကြီးသည်” ဆိုသည့် အားကစားစိတ်ဓာတ်ကို လက်ကိုင်ထား၍ စည်းကမ်းရှိစွာ၊ တရားမျှတစွာ လေးစားမှုဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားတွင်သာမက ဘက်စုံကျွမ်းကျင်ပြီး အဆင့်မြင့်ပညာများကို ကြိုးစားသင်ယူရင်း အနာဂတ်တွင် အားထားရသော ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်ကြပါ‌စေ၊ မိုးရာသီ အားကစားပွဲမှတဆင့် ကျောင်းသား/ကျောင်းသူများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံး ညီညွှတ်မှုဖြင့် အားကစားစိတ်ဓာတ်များ ပိုမိုခိုင်မာလာပြီး တက္ကသိုလ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အားကစားသမားများမှ အားကစားသံဓိဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ စနစ်တကျထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ယခုမိုးရာသီအားကစားပြိုင်ပွဲတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၆)သင်းနှင့် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် (၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကာလကို (၂၇.၇.၂၀၂၆)ရက်နေ့မှ (၃.၈.၂၀၂၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်းနှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင...
30/07/2026

ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်းနှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲ ဆောင်ရွက်
=======================================================================================
ချမ်းအေးသာစံ ဇူလိုင် ၃၀

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ဦးစွာ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက် သဘာပတိများက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဋ္ဌေးနှင့် ချမ်းအေးသာစံမြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက ဖတ်ကြားခဲ့ပြီး အသင်းသားများထံမှ အတည်ပြုချက် များ ရယူခဲ့သည်။

ထို့နောက် ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ပြည့်စုံ ချမ်းသာသမဝါယမအသင်းလီမိတက် အမှုဆောင်အဟောင်းအဖွဲ့ နှုတ်ထွက်ခဲ့ပြီး အသင်း အမှုဆောင် နှင့် အသင်းစာရင်းစစ်များအား အဆိုပြုထောက်ခံစနစ်ဖြင့် ရွေးချယ်ပြီး ရွေးချယ်ခံရသော အသင်း အမှုဆောင်နှင့် အသင်းစာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် TBL-9 မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်======...
30/07/2026

ကျောက်တံခါးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် TBL-9 မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်
=============================================================================
ကျောက်တံခါး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဏာနှစ်အတွင်း ဆောင်ရွက်မည့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက် (Quick Impact Project – QIP) စီမံကိန်းအရ TBL-9 မတ်ပဲမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဇင်မောင်က အိန္ဒိယနိုင်ငံမှ TBL-9 မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၃) သင်း မှအသင်းသား ၇၂ ဦး၏ မတ်ပဲစိုက်ဧက ၂၁၇ ဧကအတွက် TBL-9 မတ်ပဲမျိုးစေ့ ၈၇၀ အိတ်အား အသင်း သားတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

Address

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၁၆)၊ နေပြည်တော်
Naypyidaw
15015

Alerts

Be the first to know and let us send you an email when သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန:

Shortcuts

Share