ရည်မှန်းချက်
နိုင်ငံတကာ ဆက်သွယ်မှု လမ်းကြောင်းများအား အိမ်နီးချင်းနိုင်ငံများထက် မနိမ့်ကျစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုုးတက်မှုအတွက် အဓိကကုန်သွယ်မှု လမ်းကြောင်းများ ဖြစ်စေရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများပေါ်ရှိ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ထားပါသည်။ ၂၀၁၅ခုနှစ်၊ အာဆီယံ စီးပွားရေးအသိုက်အမြုံ (Asean Economic Community) စတင်ချိန်တွင်
အာဆီယံပို့ဆောင်ရေးဝန်ကြီးများ၏ (၁၉၉၉) ခုနှစ်၊ စက်တင်ဘာလ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ အာဆီယံ လမ်းမကြီးများကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ Class lll (၂ လမ်းသွား ကတ္တရာလမ်း)အဆင့် ရောက်ရှိအောင် ဆောင်ရွက်သွားပါမည်။ နိုင်ငံတကာဆက်သွယ်သည့် လမ်းများဖြစ်သည့် အာရှလမ်းမကြီးများ (Asia Highway) ၊ မဟာမဲခေါင်ဒေသ လမ်းမကြီးများ (GMS) ၊ ဘင်္ဂလားပင်လယ်အော် ထိစပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး လမ်းမကြီးများ(BIMSTEC)၊ အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံဖြတ် လမ်းမကြီးနှင့် အဓိကပြည်ထောင်စုလမ်းမကြီးများကို Class lll ၂၄’ အကျယ် ကတ္တရာကွန်ကရစ်လမ်း(သို့) ကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်သွားပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက် ကျေးလက်နှင့်မြို့ပြ ဆက်သွယ်သည့် လမ်းများကို အနည်းဆုံး ရာသီမရွေး သွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့်၊ မြို့ချင်းဆက်လမ်းများကို အနည်းဆုံး ၁၂’ အကျယ် ကတ္တရာလမ်းအဆင့် တည်ဆောက်နိုင်ရေးနှင့် တံတားများကို အမြဲတမ်း သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားပါမည်။
Alerts
Be the first to know and let us send you an email when Ministry of Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.