Myantrade

Myantrade Myantrade, Myanmar Trade Promotion Organization is one of the Departments that helps for your trade.

30/07/2026

အရှေ့အလယ်ပိုင်းပဋိပက္ခပြင်းထန်လာမှုကြောင့် ရေနံဈေးကွက်မတည်ငြိမ်ဆဲဖြစ်ပြီး Brent ရေနံဈေးတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် ဆက်လက်ရပ်တည်
--------------------
ကမ္ဘာ့ရေနံဈေးနှုန်းများသည် ယခင်နေ့က သိသိသာသာမြင့်တက်ခဲ့ပြီးနောက်သောကြာနေ့တွင် အနည်းငယ်ပြန်လည်ကျဆင်းလာသော်လည်း Brent ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ အထက်တွင် ဆက်လက်ရပ်တည်လျက်ရှိသည်။ ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခများပိုမိုပြင်းထန်လာခြင်းကြောင့် ရေနံဈေးကွက်သည် အားကောင်းစွာမြင့်တက်ခဲ့ကြောင်း သိရသည်။
Read more ..... https://myantrade.gov.mm/article/STP(Ygn)_30072026_15:33

27/07/2026

ပြည်တွင်းဆန်ရောင်းချမှုတိုးမြှင့်ရန်နှင့် ဆန်လက်ကျန်လျော့ကျစေရန် ဆန်တင်သွင်းမှုကို ဆိုင်းငံ့ ထားသည့် ဆီနီဂေါ
---------------------
ပြည်တွင်းဆန်ရောင်းချမှု တိုးမြှင့်ရန်နှင့် ဆန်စက်များရှိ ဆန်လက်ကျန်လျော့ကျစေရန် ဆန်တင်သွင်းမှုကို ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၁ လတာ ဆိုင်းငံ့ထားကြောင်း ဆီနီဂေါ၊ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ကြေညာခဲ့သည်။

သွင်းကုန်ဆန်က ပြည်တွင်းဆန်ထက် ဈေးနှုန်းချိုသာနေသဖြင့် ပြည်တွင်းဆန်ထုတ်လုပ်သူများ ကြုံတွေ့နေရသော အခက်အခဲများကို တားဆီးရန် ဆန်လုပ်ငန်းရှင်များ တွေ့ဆုံမှုနောက်ပိုင်း ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကလည်း အလားတူကျင့်သုံးခဲ့ဖူးပြီး လက်ရှိတွင် ဆန်စက်များ၌ ဆန်လက်ကျန်တန်ချိန် ၃၇,၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။
Read more ... https://myantrade.gov.mm/article/naypyitaw_277202601:29

24/07/2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကနေဒါနိုင်ငံ၏ ကုန်ပစ္စည်းအချို့အပေါ် ၅၀% သွင်းကုန်ခွန်ထပ်မံစည်းကြပ်ရန်ကြေညာခဲ့
------------------------------
အမေရိကန်နိုင်ငံ၏ထုတ်ကုန်များအပေါ် ကနေဒါနိုင်ငံ၏ခွဲခြားဆက်ဆံမှုကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံ၏ ၁၉၃၀ ပြည့်နှစ်၊ အခွန်အကောက်အက်ဥပဒေ ပုဒ်မ ၃၃၈(Section 338 of the Tariff Act of 1930)အရ ကနေဒါနိုင်ငံ၏ ကုန်ပစ္စည်းအချို့အပေါ် ၅၀% သွင်းကုန်ခွန်ထပ်မံစည်းကြပ် နိုင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် သမ္မတ၏ ကြေညာချက်(၃)စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံအပေါ်ခွဲခြားဆက်ဆံမှုကြောင့် အမေရိကန်နိုင်ငံ၏ကူးသန်းရောင်း ဝယ်ရေးကဏ္ဍအပေါ် ဝန်ထုပ်ဝန်ပိုးနှင့်ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေမှုကို လျော့ပါးစေမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် မော်တော်ကားများ၊ အဖျော်ယမကာများနှင့် နို့ထွက်ပစ္စည်းများအတွက် မျှတသောယှဉ်ပြိုင်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။
Read more ..... https://myantrade.gov.mm/article/STP(Ygn)_24072026_14:43

21/07/2026

အိန္ဒိယဝန်ကြီးချုပ်၏ နယူးဇီလန်ခရီးစဉ်အတွင်း အိန္ဒိယ-နယူးဇီလန်နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့
---------------
နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon သည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် ရည်ရွယ်ထားပါကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည် ။
Read more ........https://myantrade.gov.mm/article/STP(Ygn)_21072026_12:46

20/07/2026

အမေရိကန်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ ကုန်ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၅% သတ်မှတ် စည်းကြပ်မည့်ကိစ္စထုတ်ပြန်ခဲ့
----------------------
အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်(United States Trade Representative,USTR)သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်အရ ၁၉၇၄ ခုနှစ်၊ကုန်သွယ်ရေးအက်ဥပဒေပုဒ်မ(၃၀၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘရာဇီးလ်နိုင်ငံမှ ကုန်ပစ္စည်းအချို့အပေါ်သွင်းကုန်ခွန် ၂၅% သတ်မှတ်စည်းကြပ်မည်ဖြစ်ကြောင်း ၁၅-၇-၂၀၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ အဆိုပါဆုံးဖြတ်ချက်သည် ဘရာဇီးလ်နိုင်ငံ၏ ဒီဂျစ်တယ်ကုန်သွယ်မှုနှင့် အီလက်ထရောနစ်ငွေပေးချေ ဝန်ဆောင်မှုများ၊ တရားမျှတမှုမရှိသည့် တစ်ဖက်သတ်အကောက်ခွန်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အားနည်းမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကိုကာကွယ်ခြင်း၊ အီသနောဈေးကွက်ဝင်ရောက်ခွင့်နှင့် တရားမဝင်သစ်တောပြုန်းတီးမှုတို့နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် အမေရိကန်တောင်သူများ၊ အလုပ်သမားများ၊ ဆန်းသစ်တီထွင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ဝန်ထုပ်ဝန်ပိုး (သို့မဟုတ်) အကန့်အသတ်ဖြစ်စေသည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ USTR သည် လူထုကြားနာပွဲ(၂)ကြိမ်ပြုလုပ်ခဲ့ပြီး ထင်မြင်ချက်(၃၆၀) ကျော်ကို လက်ခံရရှိခဲ့ကာ အမေရိကန်နိုင်ငံ၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဘရာဇီးလ်အစိုးရနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီးနောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Read more ....... https://myantrade.gov.mm/article/STP(Ygn)_17072026_14:41

13/07/2026

အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့များကို တစ်ရက်တည်းဖြင့် ပမာဏအများဆုံးဝယ်ယူခဲ့သည့် တရုတ်နိုင်ငံ
--------------------
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၄၇၂,၀၀၀ ဝယ်ယူခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းတစ်ရက်တည်းဖြင့် ပမာဏအများဆုံးဝယ်ယူခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင်ကြေညာခဲ့သည့် ကတိကဝတ်များကိုပြည့်မီရန် တရုတ်နိုင်ငံက ကြိုးပမ်းမှုလည်းဖြစ်သလို ကုန်သွယ်ရေးဆက်ဆံရေးတိုးတက်လာသည့် နောက်ဆုံးသောအရိပ်အယောင်တစ်ရပ်လည်းဖြစ်သည်။
Read more ....... https://myantrade.gov.mm/article/STP(Ygn)_13072026_12:58

07/07/2026

ယူအေအီးနိုင်ငံ၏ရေနံတင်ပို့မှု စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ အရှေ့အလယ်ပိုင်းရေနံထုတ်လုပ်မှု ရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်
------------------
ယူအေအီးနိုင်ငံ၏ ရေနံတင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် တစ်ရက်လျှင် စည်ပေါင်း ၃.၇ သန်းမှ ၃.၈ သန်းအထိရှိခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့ကာ မေလကထက် တစ်ရက်လျှင်စည်ပေါင်း ၁ သန်းကျော်ပိုမိုများပြားခဲ့ကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသ၏ ရေနံထုတ်လုပ်မှုအဆင့်မှာ လျင်မြန်စွာပြန်လည်တိုးတက်လာနေပြီး၊ လာမည့်ရက်သတ္တပတ်များအတွင်း ပုံမှန်နီးပါးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မျှော်လင့်နိုင်ကြောင်း Fitch Ratings ၏ဖော်ပြချက်အရ သိရပါသည်။
Read more ...... https://myantrade.gov.mm/article/STP(Ygn)_06072026_15:06

19/06/2026

ဂျပန်နိုင်ငံသည် အခြေခံစားသောက်ကုန်များအပေါ် ကောက်ခံသည့် စားသုံးခွန်လျှော့ချနိုင်ရေး သုံးသပ်လျက်ရှိ
------------------
ဂျပန်နိုင်ငံအစိုးရသည် အခြေခံစားသောက်ကုန်များအပေါ် ကောက်ခံသည့် စားသုံးခွန်လျှော့ချနိုင်ရေးသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan mulls April 2027 start for consumption tax cut on food: sources” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
Read more .... https://myantrade.gov.mm/article/STP(Ygn)_19062026_14:47

16/06/2026

ဖိလစ်ပိုင်နိုင်ငံမှ ဂဏန်းအသား တင်သွင်းမှုကို ပိတ်ပင်လိုက်သည့် အမေရိကန်နိုင်ငံ
-----------
ဖိလစ်ပိုင်နိုင်ငံမှ ဂဏန်းအသားတင်သွင်းမှုအပေါ် အမေရိကန်၏ တင်သွင်းမှုပိတ်ပင်ချက်သည် ဇွန်လ ၁၁ ရက်နေ့တွင် စတင်သက်ရောက်လာပြီဖြစ်ကြောင်းနှင့် ရေကူးဂဏန်းပြာ (Blue Swimming Crab) လုပ်ငန်းကဏ္ဍအနေဖြင့် တစ်နှစ်လျှင် ဖိလစ်ပိုင်ပီဆို ၆ ဘီလီယံမှ ၇ ဘီလီယံအထိရှိနိုင်မည့် ကြီးမားသော စီးပွားရေးအရ ဆုံးရှုံးမှုများနှင့် အလုပ်အကိုင် ဆုံးရှုံးမှုများအတွက် ကြိုတင်ပြင်ဆင်နေရကြောင်း လုပ်ငန်းကဏ္ဍအတွင်းရှိ သက်ဆိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။
Read more ....... https://myantrade.gov.mm/article/naypyitaw_16062026%201245

11/06/2026

Semiconductor တင်ပို့မှုအရှိန်မြင့်တက်၍ ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၆ ခုနှစ်၊ မေလပို့ကုန် စံချိန်တင်တိုးတက်ခဲ့
----------------------
တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor - chip)များအပေါ် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၂၆ ခုနှစ်၊ မေလအစောပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် အလွန်အားကောင်းစွာတိုးတက်ခဲ့ပါ သည်။ Korea Customs Service ၏အချက်အလက်များအရ မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူကာလနှင့်နှိုင်းယှဉ်ပါက ၄၃.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၎င်းမှာ ၂၀၂၆ ခုနှစ်၊ မေလအစောပိုင်းအတွက် ကုန်သွယ်မှုသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ပင်ဖြစ် ကြောင်း လေ့လာသိရှိရပါသည်။
Read more ..... https://myantrade.gov.mm/article/STP(Ygn)_11062026_15:20

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Myantrade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myantrade:

Shortcuts

Share