29/07/2025
-အနီရောင်ပန်းများ-
နီနီဆွေးဆွေး သွေးနဲ့လည်းတူတယ်
လယ်ယာမြေမှာလည်း
အမြစ်တွယ်ရှင်သန်ရဲတယ်
ပါးကွက်ကြားနဲ့ ပန်းနီနီများ
ရဲရင့်တဲ့နှလုံးသားတွေကို
နာနာကျင်ကျင်ထွေးပိုက်ထားတယ်
စနစ်ဆိုး နဲ့ လူဆိုးတွေ
မျက်နှာဖုံးတွေတပ်ပြီး
ဘဝတွေကိုခိုးယူဖို့ကြိုးစားနေကြတယ်
လောကဓံရိုင်းဟာ
ပန်းတွေကိုခါးကိုင်းစေခဲ့တယ်
သို့သော်..မကျိုးပဲ့ခဲ့
သမန်းနံ့ကြိုင်ကြိုင်နဲ့
ပန်းနီရိုင်းများဟာ
အမှောင်ညတွေထဲမှာ
တဖျက်ဖျက်တောက်လောင်နေတဲ့မီးပွားတွေပဲ
ခေတ်သစ်ရဲ့ထွန်းလင်းမှုနဲ့အတူ
အနာဂတ်မှာ ရနံ့သင်းဖို့
ပါးကွက်ကြားနဲ့ပန်းနီနီများဟာ
ရဲရင့်တဲ့နှလုံးသားတွေကို
နာနာကျင်ကျင်ထွေးပိုက်ထားကြတယ်.....။
#မောင်နေညို