13/07/2025
ယနေ့ANOအဖွဲ့ဝင်အသင်းများစုပေါင်း၍ အုတ်တွင်းမြို့ရင်ခုန်သံဆရာတော်ကျောင်း၌ ရေဘေးအတွက်ကြိုတင်၍ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေး၌ အုတ်တွင်းမြို့နယ်အတွင်း ရေဘေးကြုံလာပါက ANOအသင်းများအနေဖြင့် အချိန်နှင်တပြေးညီ မည်သို့စီမံဆောက်ရွက်ကြမည်ကို ကြိုတင်ညိှနှိုင်းခဲ့ပါသည်။ လက်တလောမိုးကြီး၍ မြစ်ရေတိုးလာသည်အတွက်လည်း အုတ်တွင်းမြို့နယ်အတွင်း ရေးကြီးရေလျှံမှုဖြစ်စဥ်များဖြစ်ပေါ်လာပါက ANOအသင်းများအနေဖြင့် မည်ကဲ့သိုကူညီပေးနိုင်မည်ကို အားလုံးတိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။
ထို့အပြင် အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးကြုံတွေ့လာပါက အချိန်နှင့်တပြေးညီကူညီနိုင်ရန်အတွက် ANO ၏ သဘာဝဘေး ရန်ပုံငွေ ငွေပဒေသာပင်အား အသင်းများမှ လစဥ်စု၍ ဘဏ်ငွေစာရင်းဖွင့်လှစ်မည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ သဘာဝဘေးများဖြစ်ပေါ်လာပါက မိမိတို့အုတ်တွင်းမြို့နယ်အပြင် ဘေးသင့်သော ပြည်နယ်/တိုင်းမြို့နယ်များအထိပါ အုတ်တွင်းမြို့နယ်ကိုယ်စား သွားရောက်ထောက်ပံ့ လှူဒါန်းပေးမည်ဖြစ်ပါသည်။ အလှူရှင်များအနေဖြင့်လည်း ငွေပဒေသာပင်တွင် ပါဝင်လှူဒါန်းနိုင်ပါသည်။
အုတ်တွင်းမြို့နယ်အတွက် ANO များအမြဲအသင့်အနေအထားဖြင်ရှိနေပါသည်။