Pakokku Township USDP

Pakokku Township USDP အစိမ်းဘေးမှာ အမှန်ချစ်ပါ ။

15/09/2024
24/06/2024

ပခုက္ကူနယ်သူနယ်သားများ
အားလုံး မင်္ဂလာပါဗျာ ။

၂၀၂၄ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်မည့်( ၆၂ ) နှစ်မြောက် တောင်သူလယ်သမားနေ့သို့ ပေးပို့သည့်ပြည်ထောင်စုကြံ့ခိုင်ရေး...
01/03/2024

၂၀၂၄ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်မည့်
( ၆၂ ) နှစ်မြောက် တောင်သူလယ်သမားနေ့သို့ ပေးပို့သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဝဏ်လွှာ
==================================

02/02/2023
ဒီနေ့ (၈-၁၂-၂၀၂၂)နေ့မှာ ကျွန်တော့်ရဲ့ ဆဋ္ဌမမြောက်ခရီးစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ကို ​ေရာက်ခဲ့ပါတယ်။     နေ့လည်(၁၂၃၀)အချ...
09/12/2022

ဒီနေ့ (၈-၁၂-၂၀၂၂)နေ့မှာ ကျွန်တော့်ရဲ့ ဆဋ္ဌမမြောက်ခရီးစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ကို ​ေရာက်ခဲ့ပါတယ်။
နေ့လည်(၁၂၃၀)အချိန်မှာ ပဲခူး(အရှေ့)မှာရှိတဲ့ တိုင်း/ခရိုင်/မြို့နယ်တွေက ပါတီဝင်တွေ / ပါတီလူငယ်အဖွဲ့တွေအပါအဝင် အင်အား(၇၅၆)ဉီးနဲ့ တွေ့ဆုံခဲ့ရပါတယ်။
ရပ်ဝေးရပ်နီးကတွေဆုံလိုကြတဲ့ပါတီချစ်သူတွေဆိုရင် ခန်းမပြည့်နေလို့ ပြင်ပမှာရှိနေကြတာသိရလို့လဲတကယ့်ကိုဝမ်းသာရပါတယ်ဗျာ။
မြို့နယ်အားလုံးမှာရှိတဲ့ ပါတီဝင်တွေကလဲ အခက်အခဲ အမျိုးမျိုးကြားက အရောက်လာခဲ့ကြလို့ဂုဏ်ယူလေးစားရကြောင်းပါခင်ဗျား။
ဒီပွဲမှာ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွင်း၊ပါတီပြင်ပ၊မီဒီယာကဏ္ဍနဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုတဲ့ ဒေါက်တိုင် (၄)တိုင် အပေါ်မှာအခြေတည် ဆောင်ရွက်နေတဲ့ ကိစ္စ၊ ပြည်သူတွေကြားမှာ အသွင်သစ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ပြောကြားခဲ့ပါတယ် ။
ပါတီဝင်တွေဘက်က ရုရှား-မြန်မာ ဆက်ဆံရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဉပဒေ၊ နည်းဉပဒေ သင်တန်းများဖွင့်လှစ်ရေး၊ သူတို့ဒေသတွေရဲ့အခြေအနေ နဲ့၊အမျိုးသမီးကဏ္ဍ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ နည်းလမ်းတွေအပေါ် မေးမြန်းကြလို့၊ဖြေကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ညနေပိုင်းမှာ ၁၉၉၃ ခုနှစ်ပါတီ အသင်းကြီးကာလကတည်းက ပါတီတာဝန်ထမ်းဆောင်ခဲ့ကြပြီး ၊အကြောင်းအမျိုးမျိုးကြောင့် ပါတီနဲ့ ကင်းကွာ နေခဲ့ကြတဲ့ ပါတီချစ်သူများနဲ့လဲ ကွဲကွာနေတဲ့ဆွေမျိုးတွေလို ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး ၊ရှေ့ခရီးမှာ လက်တွဲဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာ မိုးကြီးစုပ်စုပ်ချုပ်တဲ့အထိ ဖြစ်ခဲ့ရတာကို ကျေနပ်မဆုံး ဖြစ်ခဲ့ရကြောင်းပါ ခင်ဗျား......

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္က...
06/10/2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ
=======================================
အောက်တိုဘာ ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် ပါတီဗဟိုလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံပွဲကို ပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှ ​ပါတီ၏ရှေ့ဆက်ဆောင်ရွက်သွားမည့် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဥ်များ၊ တောင်သူလယ်သမားရေးရာကဏ္ဍများ၊ အလုပ်သမား​ရေးရာကဏ္ဍများ၊ လူငယ်​ရေးရာကဏ္ဍများ၊ အမျိုးသမီးရေးရာကဏ္ဍများ၊ နိုင်ငံတကာရေးရာကဏ္ဍများ၊ မီဒီယာကဏ္ဍနှင့် ပတ်သက်သည့်ကိစ္စများ၊ ပါတီမှ ဆောင်ရွက်မည့် စည်းရုံးရေးရာကဏ္ဍများအား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နံနက် ၀၉၄၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။


#တတိယအကြိမ်ညီလာခံ

05/10/2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၏ နှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင်  ပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေး ပြောကြားသည့်အဖွင့...
05/10/2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)
တွင် ပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေး ပြောကြားသည့်အဖွင့်မိန့်ခွန်း

(၄-၁၀-၂၀၂၂)

​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံကို တက်ရောက်လာကြတဲ့ ညီလာခံကိုယ်စားလှယ်များ ဖိတ်ကြားထားသူများအားလုံး မင်္ဂလာပါ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

​ဒုတိယအကြိမ်ညီလာခံသက်တမ်း ၅ နှစ်ပြည့်သွားလို့ တတိယ အကြိမ်ညီလာခံကျင်းပရန် စေ့ရောက်တဲ့ အချိန်ကာလမှာတုန်းက လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ညီလာခံအစား ဗဟိုကော်မတီ အစည်းအဝေးသာ ကျင်းပနိုင်ခဲ့တာကိုလည်း ညီလာခံကိုယ်စားလှယ်များ အားလုံး သိကြပြီးဖြစ်ပါတယ်၊ ညီလာခံမှာသာဆောင်ရွက်ရတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းအစီအစဉ် မပါပါဘူး၊ ဒါကြောင့် ဗဟိုကော်မတီအစည်းအဝေးနိဂုံးမှာ လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီပြီး သတ်မှတ်အင်္ဂါရပ်များနဲ့ ညီညွတ်ပြည့်စုံတဲ့ ညီလာခံ တစ်ရပ်ကို သင့်တော်တဲ့အချိန်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ဗဟိုကော်မတီဝင်များကို ကျွန်တော်ကတိပေး အသိပေးတင်ပြခဲ့ပါတယ်။

​ညီလာခံတစ်ခုကို ပြီးစလွယ်မလုပ်သင့်တာကြောင့် အရေးပေါ် ကာလအခြေအနေမှာ တည်ဆဲပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ ညီလာခံလုပ်လို့ဖြစ်နိုင် မဖြစ်နိုင်၊ မဖြစ်ရင် ဖြစ်နိုင်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ လမ်းကြောင်းရှာဖို့ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဆန်းစစ်သုံးသပ်ခြင်း၊ လက်တွေ့အလုပ်ဖြစ်အောင် လိုအပ်တာ ဖြည့်စွက်ခြင်း၊ ခေတ်နဲ့မညီတာကို ပယ်ဖျက်ခြင်းများနဲ့အတူ အဲဒီ ဖွဲ့စည်းပုံ စည်းမျဉ်းများနဲ့ ညီညွတ်တဲ့ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းတို့ကို ဗဟိုကော်မတီအစည်း အဝေးပြီးတာနဲ့ ချက်ခြင်းပဲ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေးမှာ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော့်ရဲ့ ဩဇာလွှမ်းမိုးမှုကင်းရှင်းအောင်လည်း ဖွဲ့စည်းပုံ ဆန်းစစ် သုံးသပ်ရေးကော်မတီဖွဲ့ပြီး လွတ်လပ်စွာဆွေးနွေးတိုင်ပင် ဆောင်ရွက် စေခဲ့ပါတယ်။

အရေးကြီးတဲ့ အပိုင်းတွေ၊ ညှိကြနှိုင်းကြရင်း လိပ်ခဲ တည်းလည်းဖြစ်တဲ့ အပိုင်းလေးတွေမှာတော့ ဒုတိယဥက္ကဋ္ဌကြီးများက ကူညီဆွေးနွေးညှိနှိုင်းပေးခြင်းအားဖြင့် အများသဘောတူ ပေါ်ပေါက် လာတဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ ရွေးချယ်ရေးလုပ်ထုံးလုပ်နည်း များနဲ့အညီ ဒီညီလာခံကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးအပြီး လေးလနီးပါးအကြာမှာ ညီလာခံ ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ညီလာခံကိုယ်စားလှယ်များခင်ဗျာ-

​ကျွန်တော်တို့ပါတီဟာ အစိုးရဖွဲ့စည်းနိုင်တဲ့ အာဏာရပါတီ အဖြစ်ရော အာဏာမရှိတဲ့ ပြိုင်ဖက်ပါတီအဖြစ်ပါ အခြေအနေ အမျိုးမျိုးမှာ ကျင်လည်ခဲ့ရာမှာ အာဏာမဲ့ဖိနှိပ်ခံအဖြစ်နဲ့ အာဏာရ ပါတီရဲ့ ခြိမ်းခြောက်မှုများအောက်မှာတော့ အတော်ကိုပဲ စည်းလုံး ညီညွတ်ကြပြီး ကိုယ်တိုင်အာဏာရပါတီဖြစ်ချိန် သို့မဟုတ် ဖိနှိပ်မှု ခြိမ်းခြောက်မှုအန္တရာယ် နည်းပါးတဲ့ အချိန်မျိုးမှာတော့ ညီညွတ်မှု အားနည်းတတ်တဲ့ သဘာဝကို သတိပြုမိပါတယ်။

ပါတီတွင်း စည်းလုံး ညီညွတ်ရေးရဲ့ အရေးကြီးမှုနဲ့ အဆုံးအဖြတ်ကဏ္ဍမှာ တည်ရှိမှုကိုလည်း ကျွန်တော် ကြိမ်ဖန်များစွာ တင်ပြခဲ့ဖူးပါတယ်၊ ဒီနေ့ပြည်သူလူထု အတွင်းနက်ရှိုင်းစွာ လက်တွေ့ဖြစ်ပေါ်နေတာက ဘက်မတူတဲ့ အုပ်စု များကြားက ကြီးမားတဲ့ကွဲပြားမှုနဲ့ ရန်လိုမှု တိုက်ခိုက်မှုတွေပါ။

ပြည်သူ ကို လမ်းမှန်ပြပြီး အေးချမ်းသာယာတဲ့လူ့အဖွဲ့အစည်း ထူထောင်ဖို့ သန္နိဌာန်ပြုထားကြတဲ့ နိုင်ငံရေးပါတီဝင်များကတော့ အဲဒီပြိုကွဲရေး တိုက်ခိုက်ရေး လမ်းကြောင်းကို စံပြလုပ်ပြဖို့ မဟုတ်ဘူးလို့ ယုံကြည် ပါတယ်။

ညီလာခံကိုယ်စားလှယ်များမှာ အနိမ့်ဆုံး မြို့နယ်ဥက္ကဋ္ဌက နေပြီး ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုအတိုင်ပင်ခံအထိပါဝင်ပါတယ်၊ ပါတီကော်မတီအဆင့်ဆင့်ရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ အားလျော်စွာ ပါတီတွင်းစည်းလုံး ညီညွတ်ရေးအကြောင်းကိုလည်း ကျွန်တော့်လိုပဲ ကြိမ်ဖန်များစွာပြောဖူးကြမှာပါ၊ အဲဒီလိုပြောရတဲ့ အခါတိုင်းမှာ လိပ်ပြသန့်သန့်နဲ့ ပြောနိုင်၊ ကိုယ်တိုင်ကျင့်ကြံ အားထုတ်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

​ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များကိုတော့ အကျယ်တဝင့် ထပ်ပြီး ရှင်းလင်းဖို့ လိုမယ်မထင်ပါဘူး၊ လောလောလတ်လတ် ဗဟိုကော်မတီ အစည်းအဝေးကချမှတ်ထားတဲ့အတိုင်းပဲ အောင်မြင်အောင် တက်ညီ လက်ညီ စုပေါင်းကြိုးပမ်းသွားရမှာပါ၊ အောင်မြင်ခြင်းဆိုတဲ့ အကျိုး ရလဒ်နဲ့ တက်ညီလက်ညီဆိုတဲ့ စုပေါင်းစွမ်းအားကိုရဖို့ အရင်းခံ အကြောင်းတရားကတော့ ညီညွတ်မှုပါပဲခင်ဗျ။

ကိုယ်စားလှယ်များ ခင်ဗျာ-

​ကျွန်တော်တို့ပါတီဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲဦးတည် ထားတဲ့ပါတီပါ၊ ပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ လူမှုဒုက္ခတွေက အမြန်ဆုံးလွတ်မြောက်ပြီး ဘေးကင်းလုံခြုံ ပြည့်စုံပျော်ရွှင်ရဖို့အတွက် ဆိုရင် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူများနဲ့အတူ တက်ကြွစွာ လက်တွဲဆောင်ရွက်ဖို့အတွက် အမြဲအသင့်ရှိနေရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ဖို့အတွက် ပါတီကို ဦးဆောင်ပဲ့ကိုင်သွားရမယ့် အချိန်ပြည့် အလုပ် အဖွဲ့ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ဒီညီလာခံမှာ ပြင်ဆင် ဖွဲ့စည်း သွားမှာဖြစ်ပါတယ်။

ညီလာခံအစဉ်အလာနဲ့ လုပ်ထုံးလုပ်နည်း အရ လက်ရှိအမှုဆောင်အဖွဲ့က မိမိတို့ရဲ့ ပါတီတာဝန်များကို ပြန်လည် အပ်နှံပြီးနောက် ပြန်လည်ဖွဲ့စည်းမယ့်အဖွဲ့သစ်မှာ ဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ထမ်းဆောင်လိုသူ သတ်မှတ်အရည်အချင်း ကိုက်ညီသူ များဟာ ကိုယ်တိုင်အဆိုပြုနိုင်ပါတယ်၊ ကျွန်တော် အဆိုမပြု ဆန္ဒမပြုပါကြောင်း လွန်ခဲ့တဲ့ (၁၀) ရက်ခန့် စက်တင်ဘာလ (၂၄) ရက်နေ့ ကမှ ကိုယ်တိုင်အတည်ပြုပေးခဲ့ကြောင်း ညီလာခံကိုယ်စားလှယ်ကြီးများကို တင်ပြအပ်ပါတယ်။

​ဒီလိုဆုံးဖြတ်ရခြင်းဟာ ဒီနေ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန် ထိုးနှက်မှုများနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း တစ်ပါတည်း ရှင်းလင်းတင်ပြလိုပါတယ်။

ဥပဒေနဲ့အညီ ခိုင်မာစွာရပ်တည်နေတဲ့ ကျွန်တော်တို့ ပါတီကြီးကို ပြိုကွဲကျဆုံးသွားအောင် ဘက်ပေါင်းစုံက နည်းမျိုးစုံထိုးနှက် တိုက်ခိုက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကြီးလေးတဲ့ ပါတီတာဝန်များ ထမ်းဆောင်ဖို့ ဆန္ဒမပြုခြင်းအတွက် လုံလောက်တဲ့ အကြောင်းအရင်းတွေ ကျွန်တော့်မှာ ရှိပါတယ်၊

နံပါတ်တစ်က ကျွန်တော်ဟာ တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်၊
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်ခင်ဗျာ၊ နောက်တပ်မှူးများကို အလှည့်ပေးရပါမယ်။

နံပါတ်နှစ်ကတော့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသွားကြရတဲ့ ကျွန်တော်တို့ပါတီဝင်တွေ ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာသူတွေကို ပါတီခေါင်းဆောင်အနေနဲ့ လုံလောက် ထိရောက်တဲ့ အကာအကွယ်ကို ကျွန်တော်မပေးနိုင်ခဲ့ပါဘူး၊ ဖြစ်စဉ်များ ဖြစ်ပွားပြီးမှာသာ လုံခြုံတဲ့ နေရာမှာ ခေါ်ဆောင်ထားခြင်း၊ တတ်နိုင်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းများကိုသာ လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ငွေကြေးတန်ဖိုးအားဖြင့် သိန်းကိုးထောင်နီးပါး သုံးစွဲခဲ့ရပြီးဖြစ်ပါတယ်။
အကြမ်းဖက် လုပ်ကြံခြင်း ခံရတဲ့ပါတီဝင်များအတွက် အမှတ်တရ အထိမ်းအမှတ်ကျောက်တိုင်နဲ့ တစ်ဦးချင်း အချက်အလက်များကို ကျောက်ထက်အက္ခရာတင်နိုင်ခဲ့ပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဒေသတွင်း အဖွဲ့အစည်းများထိအောင်လည်း အချက်အလက် အထောက်အထားများ ပေးပို့ခဲ့ပါတယ်။ ကျွန်တော်တို့ပါတီဝင်တွေ ဝန်းရံသူတွေ ပြည်သူတွေကို ဒီထက်ပိုပြီး လုံခြုံမှုပေးနိုင်မယ့် ပါတီခေါင်းဆောင်သစ်ကို ပါတီဝင်များ ကိုယ်စား ကျွန်တော်ကိုယ်တိုင် မျှော်လင့်နေတာပါ ခင်ဗျာ။

​နံပါတ်သုံးကတော့ ကျွန်တော့်ရဲ့ ကျန်းမာရေးပါ၊ ၇ နှစ်လောက် ကြာ ခံစားနေရတဲ့ခါးကြောညပ်ဝေဒနာကို ဇူလိုင်လအတွင်းက ခွဲစိတ် ကုသခဲ့ပါတယ်၊ ရာနှုန်းပြည့်ကုသမှု အောင်မြင်ပါတယ်။ သို့သော် ခွဲစိတ်ပြီး ၆ လ အတွင်း လိုက်နာရတဲ့ ကိစ္စတွေက တော်တော်များ ပါတယ်၊ အင်တိုက် အားတိုက် အလုပ်လုပ်ရမယ့် အချိန်ဖြစ်လို့ ကြီးလေးတဲ့ တာဝန်ကြီးများကို စွန့်လွှတ်ရမယ်လို့ ခံယူထားတာပါ။

ကျွန်တော့်ရဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်း ငွေကြေးစီမံ ခန့်ခွဲရေးဆိုင်ရာကိစ္စများအပါအဝင် ဆုံးဖြတ်ဆောင်ရွက်မှုများအားလုံးနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာများပေါ်က မမှန်သတင်းများရေးသား ထုတ်လွှင့်ဖြန့်ဖြူးမှုအပေါ် ဗဟိုအလုပ်အမှုဆောင်များက မေးမြန်းလို တာများ၊ မရှင်းလင်းတာများရှိကြရင် မေးမြန်းကြဖို့ကိုလည်း ဗဟို အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ၅/၂၀၂၂ မှာ ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်လမ်းဖွင့်ပေးခဲ့ပြီး မေးမြန်းမှုတစုံတရာ မရှိခဲ့တာကိုလည်း တရားဝင်မှတ်တမ်းတင်ခဲ့ပြီးဖြစ်သလို ဆိုင်ရာအဖွဲ့အစည်းများရဲ့ စိစစ်မှု၊ စစ်ဆေးမှုများကိုလည်း စနစ်တကျ ခံယူဆောင်ရွက်ထားပြီးဖြစ် ကြောင်းတင်ပြပါတယ်။

ပါတီတာဝန်ကြီးများကို ဆက်လက်ထမ်း ဆောင်ဖို့ ဆန္ဒပြုသူတွေထဲမှာ ပါတီအတွက်အရေးကြီးတဲ့ အပြောင်း အလဲ အဆုံးအဖြတ်တွေကို ကျွန်တော်နဲ့ အတူတကွ ဆောင်ရွက်ခဲ့ကြတဲ့ မှတ်တမ်းဝင်ပုဂ္ဂိုလ်များ ကျန်ရှိနေသေးတာဟာလည်း ရှေ့နောက် ချိတ်ဆက်ဖို့အတွက် အင်အားတစ်ရပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အထူးသဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လောင်းအဖြစ် အဆိုပြု လာသူတွေထဲမှာ အသက် ၄၀ ကနေ ၆၀ ကြားအရွယ်တွေအများစု ပါဝင်နေတာကိုတွေ့ရတော့ သက်လတ်ပိုင်းခေါင်းဆောင်တွေရဲ့ တာဝန် ယူရဲမှု၊ တာဝန်ယူလိုမှု၊ မိမိကိုယ်ကို ယုံကြည်မှုများကို လေးစားသလို ပါတီအတွက်လည်း အားတက်မိပါတယ်။ ပါတီအကျိုးအတွက်ဆိုရင် မိမိအကျိုးကို စွန့်လွှတ်ရမယ်ဆိုတဲ့ ပါတီဝင်တွေရဲ့ ကျင့်ဝတ်အရရော၊ ပါတီဝင် အဆင့်ဆင့်ကို လေ့ကျင့်ပျိုးထောင်ခဲ့ရာမှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက်မဟုတ်ဘဲ ပါတီအောင်မြင်ရေး၊ အဓွန့်ရှည် တိုးတက်ရေးအတွက် ကျရာနေရာက အလုပ်လုပ်နိုင်ဖို့ လေ့ကျင့်ပေး ခဲ့တာဖြစ်ပါတယ်။ ဒီလိုကျင့်ဝတ်များ၊ လေ့ကျင့်မှုများအတိုင်း လက်တွေ့ နယ်ပယ်မှာ ခံယူကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့ကိုလည်း ပါတီဝင် အဆင့်ဆင့်ကို တိုက်တွန်းလိုပါတယ်။

​ဒီညီလာခံကြီး အောင်မြင် ချောမွေ့စွာ ဆောင်ရွက်ပြီးမြောက် အောင် ၄ လတာကာလ အစကနေ အခုအချိန်အထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြသူအားလုံးကို အထူးကျေးဇူးတင်၊ မှတ်တမ်းတင်ပါတယ် ခင်ဗျား၊

ပြည်သူတွေ လတ်တလော အလိုအပ်ဆုံးဖြစ်နေတဲ့ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးအပါအဝင် နိုင်ငံတော်နဲ့ပါတီ အဓွန့်ရှည် တိုးတက်ရေး တိုင်းရင်းသားပြည်သူအားလုံး လိုလား မျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ထူထောင်တည်ဆောက်ရေးမှာလည်း အခုလိုပဲ ညှိနှိုင်းပူးပေါင်းဆောင် ရွက်ရေးအခြေခံမူနဲ့ ပါဝင်ကြိုးပမ်းကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

05/10/2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ (၂၀၂၂) ပထမနေ့တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားခဲ့သည့် မိန့်ခွန်းhttps://fb.watch/fYVV7mKS-B/

ယနေ့ပါတီညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သည့် ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီနှင့် တာဝန်မှ အနားယူပြီဖြစ်သည့် ပါတီဥက္ကဋ္ဌကြီးဦးသန်...
05/10/2022

ယနေ့ပါတီညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သည့် ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီနှင့် တာဝန်မှ အနားယူပြီဖြစ်သည့် ပါတီဥက္ကဋ္ဌကြီးဦးသန်းဌေးတို့အား ပါတီအထိမ်းအမှတ်တံဆိပ်အောက်တွင် တိုင်ပင်စကားဆိုနေကြသည်ကို ဤသို့ တွေ့ရသည်…ကီွးပိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ကျင်းပ--~~~~~~~~~~~~~~~~~~~~~အောက်တိုဘာ ၄၊ နေပြည...
04/10/2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ကျင်းပ
--~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ပထမနေ့အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ( ၄ ) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ အခမ်းအနားအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ပါတီညီလာခံအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအတိုင်ပင်ခံများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ သီးခြားဖိတ်ကြားထားသူများ စုစုပေါင်း (၇၂၈)ဦးရှိရာ တက်ရောက်သူ (၆၁၄)ဦး ရာခိုင်နှုန်းအနေဖြင့် (၈၄.၃၄)% ဖြစ်ပါသည်။

ပထမနေ့ ပါတီညီလာခံ အခမ်းအနားအစီအစဉ်များကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ကျင်းပဆောင်ရွက် ပြီးမြောက်ခဲ့ပါသည်။


#တတိယအကြိမ်ညီလာခံ

 #အတိအလင်းကြေညာအောက်တိုဘာ ၄ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့ အောက်တိုဘာ ၄ ရက်နေ့၌ တတိယအကြိမ်ပါတီညီလာ...
04/10/2022

#အတိအလင်းကြေညာ

အောက်တိုဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့ အောက်တိုဘာ ၄ ရက်နေ့၌ တတိယအကြိမ်ပါတီညီလာခံကို စတင်ကျင်းပနေပြီဖြစ်သည်။

ညီလာခံပထမနေ့၌ လက်ရှိပါတီဥက္ကဋ္ဌဦးသန်းဌေးမှ အဖွင့် မိန့်ခွန်းပြောကြားပြီး၊ ပါတီ၏အခြေခံစည်းမျဥ်းအတိုင်း သက်တမ်းပြည့်နေပြီဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တစ်ဖွဲ့လုံး နှုတ်ထွက်ကြကြောင်း၊ ဆက်လက်၍ ပါတီ၏ တတိယသက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပါတီ၏ အခြေခံစည်းမျဥ်းအတိုင်း ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ရွေးချယ်ကြမည်ဖြစ်သည်။

ပါတီဥက္ကဌ ဦးသန်းဌေးမှအဖွင့်မိန့်ခွန်းပြောရာတွင် -

ပါတီညီလာခံ၌ မိမိအပါအဝင် ဗဟိုအလုပ်အမှုဆောင်အားလုံးနုတ်ထွက်၍ အသစ်အဆိုပြုကြရမည်ဖြစ်ရာ မိမိမှာ ပြန်လည်အဆိုမပြုတော့ပါကြောင်း အတိအလင်းကြေညာခဲ့ကြောင်းသိရသည်။

ထိုသို့ဆုံးဖြတ်ခြင်းမှာ -

(၁) ရွေးကောက်ပွဲကိုနိုင်အောင်ဦးမဆောင်နိုင်ခဲ့ခြင်း သည် မိမိ၌တာဝန်ရှိသည်ဟုခံယူခြင်း၊

(၂) ပါတီဝင်နှစ်ထောင်ကျော်အသတ်ခံရခြင်းအတွက်ထိရောက်သောအကာအကွယ်မပေးနိုင်ခြင်းသည် မိမိ၌တာဝန်ရှိသည်ဟုမှတ်ယူခြင်း၊

(၃) ၇ နှစ်ကြာခံစားလာရသော ခါးနာဝေဒနါအားခွဲစိပ်ကုသခဲ့ပြီး ၆ လအတွင်းလှုပ်ရှားမှုကန့်သတ်ချက်အရ လာမည့်ရွေးကောက်ပွဲတွင် နင်လားငါလားခရီးကြမ်းမထွက်နိုင်တော့သဖြင့် အနားယူတော့မည်ဟုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာသွားခဲ့ပါသည်။

တတိယအကြိမ်ပါတီညီလာခံမှ ပါတီ၏ တတိယသက်တမ်းအတွက် ဗဟိုအလုက်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများကို ဆက်လက်ရွေးချယ်တာဝန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

#ရွှေညာမြေမီဒီယာ

Address

Pauk Road
Pakokku

Telephone

+959697867969

Website

Alerts

Be the first to know and let us send you an email when Pakokku Township USDP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Pakokku Township USDP:

Share