Phyo Chit Thu

Phyo Chit Thu ဓါတုလွတ်စိုက်ခင်းများဆီသို့ အသွင်ကူးပြောင်းကြပါစို့...

Why
06/04/2025

Why

ဘဝက တိုတိုလေးဆိုပေမယ့်သင်ခန်းစာတွေပေးတာ ကြမ်းလွန်းတယ်ခံနိုင်ရည်မရှိရင် ရူးတောင်ရူးသွားနိုင်တယ်။
26/12/2024

ဘဝက တိုတိုလေးဆိုပေမယ့်
သင်ခန်းစာတွေပေးတာ ကြမ်းလွန်းတယ်
ခံနိုင်ရည်မရှိရင် ရူးတောင်ရူးသွားနိုင်တယ်။

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲကိုယ့်ကိုအထင်လွဲသွားတတ်တ...
23/12/2024

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... ..

12/12/2024

ထိုင်ဝမ်မှာ မြေမဲ့ စိုက်ပျိုးတဲ့ စတော်ဘယ်ရီ စိုက်ခင်းတစ်ခု

လေ့လာကြည့်ရှုနိုင်ပါသည် ။


#စေတနာမေတ္တာများစွာဖြင့်

မြေနမူနာ စနစ်တကျ ကောက်ယူနည်းသီးနှံ စိုက်ပျိုးမြေ တစ်ဧကလျှင် ကျဘမ်းနေရာ (၂၀) ၏ အပေါ်ယံ (၆) လက်မ အနက်မှ ယူထားသော မြေနမူနာ ...
23/11/2024

မြေနမူနာ စနစ်တကျ ကောက်ယူနည်း

သီးနှံ စိုက်ပျိုးမြေ တစ်ဧကလျှင် ကျဘမ်းနေရာ (၂၀) ၏ အပေါ်ယံ (၆) လက်မ အနက်မှ ယူထားသော မြေနမူနာ (၂) ပေါင်ခန့် (၅၀ ကျပ်သားခန့်) အလေးချိန် ရှိသည့် ပမာဏသည် ဓာတ်ခွဲစမ်းသပ်ရန် လုံလောက်ပါသည်။

စိုက်ပျိုးသီးနှံအတွက် ထွန်ရေးထယ်ရေး မယူမီ / မြေမပြုပြင်မီ (သို့မဟုတ်) သီးနှံ ရိတ်သိမ်းပြီးချိန်တွင် မြေနမူနာယူရမည် ဖြစ်ပါသည်။

တစ်ဧကလျှင် ကျဘမ်းနေရာ (၂၀) အား အကွက်အတွင်း ဇစ်ဇတ်ပုံ (ပုံ - ၁.က) သွား၍သော်လည်း ကောင်း၊ ထောင့်ဖြတ်ပုံ (ပုံ - ၁.ခ) သွား၍ သော်လည်းကောင်း ရယူနိုင်ပါသည်။

စိုက်ခင်းမှ မြေနမူနာယူရာတွင် မြေနမူနာယူသည့် ကိရိယာ အမျိုးမျိုးဖြစ်သော အော်ဂါ၊ ပြွန်၊ ဂေါ်ပြား (ပုံ - ၂.က) စသည်တို့ဖြင့် ယူနိုင်ပါသည်။

စိုက်ခင်းများတွင် အလွယ်တကူရရှိနိုင်သည့် ပေါက်ပြားဖြင့်လည်း မြေနမူနာ ယူနိုင်ပါသည်။ ပေါက်ပြားကိုအသုံးပြု၍ မြေနမူနာယူမည်ဆိုပါက-

၁) မိမိယူမည့် နေရာမှ ပေါင်းမြက်များနှင့် အမှိုက်များအား ရှင်းလင်းပြီး (၆) လက်မ အနက်ထိ (၁)လက်မ အထူရရန် ပေါက်ပြားဖြင့် ဗွီပုံစံ (V Shape) ပေါက်ချပါ။

၂) ပေါက်ပြားပေါ်ရှိ မြေချပ်မှ ဘေးအစွန်း (၂) လက်မစီခန့်ကို ပယ်ပြီး အတွင်းသား (ပုံ - ၂.ခ) ကို ယူပါ။

၃) တစ်ဧက အကွက်အား ကိုယ်စားပြုကျဘမ်း (Random and Representative) နေရာ အနည်းဆုံး (၂၀) မှ ကောက်ယူထားသည့် မြေများအား သမအောင် မွှေပါ။

၄) မြေနမူနာများကို ညီမျှစွာ (၄) စိတ်ခွဲ၍ ထောင့်ဖြတ် (၂) စိတ်ကို ဖယ်ကာ ကျန်ထောင့်ဖြတ် ၂ စိတ် (ပုံ- ၂. ဂ) ကို ယူပါ။ ထိုသို့ လေးစိတ်ခွဲခြင်းကို မြေနမူနာ ရယူရမည့် ပမာဏ လုံလောက်သည်အထိ ခွဲယူပါ။

သမန်းခင်း၏ မြေနမူနာယူခြင်း

စပါးစိုက်ပျိုးရန် သမန်းပြုလုပ်ထားသော နေရာမှ မြေနမူနာယူမည် ဆိုပါက အရှည် (၁) ပေခန့် ရှိသော ပီဗွီစီပိုက် တွင် (၆)လက်မ နေရာ၌ အပေါက်ငယ်များဖောက်ပြီး ထိုပိုက်ကို အသုံးပြုပြီး (ပုံ - ၃. က) မြေနမူနာအစိုကို ရယူနိုင်ပါသည်။

မြေနမူနာထုပ်ပိုးခြင်း

မြေနမူနာထည့်မည့် အိတ်သည် တစ်ခါမျှ မသုံးရသေးသော ပလတ်စတစ်အိတ်အသစ် ဖြစ်ရပါမည်။ ဆေးစိမ်သည့် မျိုးစေ့များ ထည့်ထားသည့် အိတ်များ၊ မသန့်ရှင်းသော ကြွပ်ကြွပ်အိတ်များ၊ သတင်းစာအဟောင်းဖြင့် ပြုလုပ်ထားသော စက္ကူအိတ်များဖြင့် မထည့်သင့်ပါ။

မြေနမူနာ ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ခြင်း

မြေနမူနာထုတ်တွင် ကောက်ယူခဲ့သည့် နေရာ၊ မြေ၏အနက်နှင့် ကောက်ယူခဲ့သည့် နေ့စွဲတို့ကို သေချာစွာ ဖော်ပြရပါမည်။ ဓာတ်ခွဲလိုခြင်း အကြောင်းအရင်း (ပုံ - ၃.ခ) ကို ရှင်းလင်းစွာရေးသားဖော်ပြ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာသုတေသနဌာနစုသို့ ပေးပို့နိုင်ပါသည်။

မြေဆီလွှာသုတေသနဌာနစု ဓာတ်ခွဲခန်းက တိုင်းတာပေးနိုင်သည့် ဓာတ်ခွဲခြင်းများ

၁။ မြေချဉ်/ငန်ဓာတ်

၂။ ရေပျော်ဆားပါဝင်မှု

၃။ အပင်စားသုံးနိုင်သော နိုက်ထရိုဂျင်

၄။ အပင်စားသုံးနိုင်သော ဖော့စ်ဖရပ်စ်

၅။ အပင်စားသုံးနိုင်သော ပိုတက်စီယမ်

၆။ ကန့်ဓာတ်

၇။ သစ်ဆွေးဓာတ်

၈။ မြေသားဖွဲ့စည်းမှု

၉။ သွပ်ဓာတ်

၁၀။ သံဓာတ်

၁၁။ ထုံးဓာတ်

၁၂။ မဂ္ဂနီစီယမ်ဓာတ်

၁၃။ ဆိုဒီယမ်ဓာတ်

၁၄။ ကော့ပါးဓာတ်

၁၅။ မင်းဂနီးစ်ဓာတ်

၁၆။ ဘိုရွန်ဓာတ်

၁၇။ ဆီလီကွန်ဓာတ်

၁၈။ ကာဘွန်နိတ်

၁၉။ ဘိုင်ကာဘွန်နိတ်

၂၀။ ကလိုရိုဒ်

၂၁။ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား

မူရင်း- မြေဆီလွှာသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် မြေနမူနာစနစ်တကျ ကောက်ယူနည်း လမ်းညွှန်စာစောင်

Credit: Khin Thant ၊ မြေဆီလွှာသုတေသနဌာနစု

ယာကွန် (Yacon)%%%&&&&&ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ...
15/11/2024

ယာကွန် (Yacon)
%%%&&&&&

ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။
ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။
ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။
ယာကွန် နဲ့ အာဟာရ
ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်နဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင်နေပါတယ်။
ယာကွန်ဥမှာပါတဲ့ အချိုဓါတ်က ဖရက်တိုအိုလီဂိုဆက်ခရိုက်fructoligosaccharide (oligofructose) ပမာဏများစွာကနေရရှိတာဖြစ်ပါတယ်။ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructoligosaccharide ကသကြားဓါတ်တစ်မျိုးဖြစ်ပြီး ဒီအချိုဓါတ်ကို ခန္ဓါကိုယ်က မချေဖျက်နိုင်တာကြောင့် ယာကွန်ဥဟာ ဆီးချိုရောဂါသည်တွေနဲ့ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
ယာကွန်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ယာကွန်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်သလို ကိုလက်စထရောပမဏကိုထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်းအထောက်အပံ့ပေးပါတယ်။ ယာကွန်ကတန်ဖိုးကြီးတဲ့တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်းကျက်စေနိုင်တဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ ယာကွန်က ရောဂါရှိသူတွေမှာကျန်းမာရေးအခြေအနေကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ရုံသာမက ကျန်းမာရေးကောင်းမွန်သူတွေကိုလည်း ကျန်းမာနေအောင်လုပ်ဆောင်ပေးပါတယ်။
ကိုယ်အလေးချိန်ကျဆင်းစေခြင်း – ယာကွန်ဥမှာ ကိုယ်အလေးချိန်ကျဆင်းစေနိုင်တဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့် “Diet potato” ဒိုင်းရပ်ပိုတေတိုး လို့သိတောင်ခေါ်ဝေါ်ကြပါတယ်။ ယာကွန်ဥမှာ ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး အချိန်အတော်ကြာဗိုက်ပြည့်နေတယ်လို့ခံစားရစေတဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosacharide ဓါတ်တစ်မျိုးလည်းပါဝင်ပါတယ်။
အမျိုးအစား – ၂ ဆီးချိုရောဂါကိုထိန်းညှိပေးခြင်း – ယာကွန်ဥထဲမှာ ဖရက်တိုစ် fructose လို့ခေါ်တဲ့ အင်ဆူလင်ဓါတ် တစ်မျိုးပါဝင်နေပါတယ်။ ယာကွန်ဥက အမျိုးအစား – ၂ ဆီးချိုရောဂါလိုမျိုး အင်ဆူလင်အပေါ်မှာမှီခိုနေရတဲ့ ရောဂါတွေအတွက် သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအသုံးဝင်ပါတယ်၊လို့ သုတေသီအချို့က အခိုင် အမာဆိုထားပါတယ်။
သဘာဝအချိုဓါတ်တစ်ရပ်အနေနဲ့အသုံးပြုနိုင်ခြင်း – ယာကွန်ဥကို ဆီးချိုဝေဒနာသည်တွေအတွက် အချိုဓါတ်မပါတဲ့ သကြားအစားထိုးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်လိုသူတွေအတွက်လည်း ယာကွန်ကိုအသုံးပြုနိုင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေထဲမှာ လည်းယာကွန်ကထုတ်တဲ့ sweetener ကိုထည့်သောက်လို့ရပါတယ်။
ကင်ဆာကာကွယ်နိုင်ခြင်း – ယာကွန်မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိရှိနေပြီး ကင်ဆာဆဲလ်တွေ ကိုတိုက်ဖျက်ခြင်းအားဖြင့် ဆဲလ်တွေမျိုးဗီဇပြောင်းလဲမှုကိုစန့်တားပေးပါတယ်။ ယာကွန်မှာ အရေပြား ကင်ဆာ၊အူမကြီးကင်ဆာနဲ့သွေးကင်ဆာရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။

အသည်းအဆီမဖုံးအောင်ကာကွယ်ပေးနိုင်ခြင်း – ယာကွန်က ခန္ဓါကိုယ်ရဲ့အဆီတွေကိုထိန်းညှိပေးရာမှာ အရေးပါသလို ကိုလက်စထရောစုပုံမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကိုလက်စထရောဇိဝဖြစ်စဉ်ကိုထောက်ပံ့ကူညီပေးခြင်းဖြင့် အသည်းရဲ့ လုပ်ငန်းစဉ်တွေကို ကာကွယ်ပေးပါတယ်။ ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုပေးပါတယ်။

Triglycerides ကိုလျှော့ချပေးခြင်း – ယာကွန်မှာ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (ထရိုင်ဂလစ်စထရိုက် Triglycerides)ကိုကျဆင်းစေနိုင်တဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosaccharide ပါဝင်နေပါတယ်။ ထရိုင်ဂလစ်စထရိုက် Triglycerides ကျဆင်းမှုက ရုတ်တရက်နှလုံးရပ်တာမျိုးတွေနဲ့ လေဖြတ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

အကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေနိုင်ခြင်း – ယာကွန်က အူအတွင်းမှာ အကျိုးပြုဘက်တီးရီးယား တွေကိုတိုးပွားစေခြင်းဖြင့် အစာခြေစနစ်ကို စည်းချက်ညီအောင်လုပ်ဆောင်ပေးသလို အူမရောင်နာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဝမ်းမချုပ်အောင်ကာကွယ်ပေးခြင်း – ယာကွန်က အူတွေရဲ့လှုပ်ရှားမှုကိုတိုးတက်စေတာကြောင့် ဝမ်းမချုပ်အောင် ထောက်ပံ့ပေးပါတယ်။

ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိတွေရှိခြင်း – ဓါတုဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုတွေအရ ယာကွန်မှာ ခန္ဒါကိုယ်အနေနဲ့ ရောင်ရမ်းမှုနဲ့နာတာရှည်ရောဂါဝေဒနာတွေကိုကာကွယ်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိတွေပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီအစွမ်းသတ္တိက ယာကွန်ဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲက တစ်ရပ်ပါ။ ယာကွန်ရွက်တွေမှာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကက်ဖစ် Caffeic အက်ဆစ်၊ ဖာရူလစ် Ferulic အက်ဆစ် နဲ့ ကလိုရိုဂျင်းနစ် Chlorogenic တို့ပါဝင်နေပါတယ်။ ယာကွန်ဥမှာ ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိတွေကြွယ်ဝစွာပါဝင်တာကြောင့် ယာကွန်ဥကို ပုံမှန်စားသုံးတာက သဘာဝဓါတ်တိုးပစ္စည်းပျက်စီးခြင်း တွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
မှိုပိုးတွေကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း – ယာကွန်ရွက်မှာ မှိုပိုးတိုက်ဖျက်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။ ယာကွန်ရွက်ကို သဲဝဲစားတာလိုမျိုး မှိုပိုးကူးစက်ဝင်ရောက်တာတွေကို ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။

ယာကွန်မှာ ရောင်ရမ်းမှုကိုသက်သာစေနိုင်စွမ်းရှိခြင်း – ယာကွန်မှာ ရောင်ရမ်းမှုကိုလျော့ပါးသက်သာ စေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အဆစ်နာတာ၊ အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေကြောင့် ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေပါတယ်။ ယာကွန်ရွက်မှာရော၊ ယာကွန်ဥမှာပါ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်၊ လို့လေ့လာမှုတွေမှာ အတည်ပြုထားပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း – လေ့လာမှုတွေအရ ယာကွန်မှာ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဓါတ်သတ္တု တွေပါဝင်နေပြီး ဖျားနာနိုင်ခြေ ကို လျှော့ချပေးနိုင်စွမ်းရှိတယ်။ လို့ တွေ့ရှိခဲ့ပါတယ်။

အရိုးတွေကို သန်မာစေခြင်း – အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းစကလည်း ကျဆင်းလာပါ တယ်။ ယာကွန်က ခန္ဓါကိုယ်က အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်အရေးပါတဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လိုမျိုး သတ္တုဓါတ်တွေကိုရရှိမှုကို တိုးတက်စေခြင်းဖြင့် အရိုးသိပ်သည်းဆကို တိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ယာကွန်ကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အရိုးပွတာ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ scoliosis (ကျောရိုးစောင်းရောဂ) ဝေဒနာတို့ဖြစ်ပေါ်ခံစားရနိုင်ခြေကို ကာကွယ်ပေးပါတယ်။

ဆီးရွှင်စေခြင်း – ယာကွန်က ဆီးဖြစ်ပေါ်မှုကိုတိုးစေပီး မကြာခဏဆီးသွားစေတာလိုမျိုး ဆီးရွှင်တဲ့အစွမ်း သတ္တိတွေလည်းရှိပါတယ်။ ဆီးရွှင်စေတာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ကျောက်ကပ် မှာကျောက်တည်တာနဲပ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေမဖြစ်အောင် ကာကွယ်ဟန့်တားပေးပါတယ်။

သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း – သံဓါတ်ချို့တဲ့မှုက သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို အောက်ဆီဂျင်တွေသယ်ဆောင်ပေးရတဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ယာကွန်မှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် မိမိစားသုံးမယ့် အစားအသောက်တွေထဲမှာ ယာကွန်ကို ထည့်သွင်းစားသုံးပေးခြင်းဖြင့် လိုအပ်တဲ့သံဓါတ်ကို ရရှိစေမှာ ဖြစ်ပါတယ်။
မျိုးအောင်နိုင်စွမ်းကို တိုးစေခြင်း – နောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာ ယာကွန်ဥက ကြွက်တွေမှာ သုတ်ပိုးအရေအတွက်ကိုတိုးစေပြီး testosterone တက်စတိုစတီရုန်း ဟော်မုန်းအရေအတွက်ကိုလည်းတိုးစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တက်စတိုစတီရုန်း testosterone ဟော်မုန်းအရေအတွက် ကျဆင်းမှုက သုတ်ပိုးအရေအတွက် လျော့နည်းရတဲ့ အဓိကအကြေင်းအရင်းတစ်ရပ်ဖြစ်ပြီး မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတာဖြစ်ပါတယ်။ ယာကွန်က အမျိုးသားတွေမျိုးအောင်နိုင်စွမ်းအတွက် သုံးစွဲဖို့သင့်တော်တဲ့ သဘာဝ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ
ယာကွန်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ အစွမ်းသတ္တိတွေရျိသလို ဘးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ယာကွန်ရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
ဓါတ်မတည့်မှုဖြစ်စေခြင်း – ယာကွန်မှာပါတဲ့ ဓါတ်တွေနဲပ ဓါတ်မတည့်တာမျိုးလည်းရှိနိုင်ပါတယ်။

အူနာကျင်တာနဲ့ ဝမ်းမနိုင်တာ – တန်ဆေး လွန်ဘေးဆိုသလိုပဲ ယာကွန်ဥကိုလိုတာထက်ပိုမိုစားသုံး မယ်ဆိုရင်တော့ အူတွေနာကျင်တာနဲပ ဝမ်းမနိုင်တာမျိုးတွေခံစားရနိုင်ပါတယ်။
ကျောက်ကပ်ထိခိုက်စေနိုင်ခြင်း – ဆီးချိုဝေဒနာခံစားနေရတဲ့ ကြွက်တွေကို ရက်ပေါင်း ၉၀ ကြာ ယာကွန်ရွက်ကျွေးပြီးစမ်းသပ်ကြည့်ခဲ့ပါတယ်။ ကြွက်တွေမှာ ယာကွန်ရွက်ကို ရေရှည်အသုံးပြုတဲ့အခါ ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေခံစားလာရတာကိုတွေ့ရှိရပါတယ်။
သတိထားသင့်တဲ့အချက်တွေ
ယာကွန်ဥကိုမသုံးစွဲခင်မှာအောက်ပါအချက်လေးတွေကို အရင်သိထားသင့်ပါတယ်။
ယာကွန်ဥကို ကုထုံးတစ်ရပ်အနေနဲ့ (သို့) ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုမယ်ဆိုရင်ဘေးကင်း အောင်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
ယာကွန်ဥနဲ့ ယာကွန်ရွက် သတ္တုရည်တွေမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်နေ တာကြောင့် ဝမ်းလျှောစေနိုင်ပါတယ်။
ယာကွန်ဥက အချို့သူတွေမှာ ဓါတ်မတည့်မှုလက္ခဏာတွေဖြစ်ပေါ်ခံစားရစေပါတယ်။
ယာကွန်ဥ ရေနွေးကြမ်းက ဆီးချိုသမားတွေအတွက် သင့်တော်တယ်ဆိုပေမယ့် ကျောက်ကပ် ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်၊ လို့တွေ့ရှိချက်တွေရှိနေပါတယ်။
ယာကွန်ဥက ကလေးငယ်တွေ၊ကိုယ်ဝန်ဆေဆာင်တွေနဲ့နို့တိုက်မိခင်တွေအတွက် သင့်တော်ဘေးကင်းတယ်လို့ သုတေသနတွေက ဖော်ညွှန်းထားတာမျိုး အခုထိမရှိသေးပါဘူး


Aye Thi Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သဘာဝမြေဩဇာနှင့် အော်ဂဲနစ် စိုက်ပျိုးရေး # # # # # # # # # # # # # # # # # # # # # # # # # #မိမိတို့နိုင်ငံသည် စိုက်ပျိုး...
04/10/2024

သဘာဝမြေဩဇာနှင့် အော်ဂဲနစ် စိုက်ပျိုးရေး
# # # # # # # # # # # # # # # # # # # # # # # # # #

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက် စိုက်ပျိုးလေ့ရှိကြပါသည်။ စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဟုပင် ဆိုသင့်ပါသည်။ တောင်ပေါ်မြေပြန့်မကျန် သူ့နည်းသူ့ဟန်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိပါသည်။

မိမိတို့နိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံသည်ကား ဆန်စပါးပင် ဖြစ်ပါသည်။ အခြားသော ပဲအမျိုးမျိုး နှင့် ဂျုံ၊ ပြောင်းအစရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးလေ့ရှိကြပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် တချို့က စီးပွားဖြစ်စိုက်ပျိုးကြသည်။ တချို့က တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ မည်သည့်အပင် မဆို စိုက်ပျိုးပြီဆိုပါက မြေသြဇာကျွေးရပါသည်။ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများအနေဖြင့် သဘာဝ ဓာတ်မြေဩဇာကို များသောအားဖြင့် ကျွေးလေ့ရှိကြသော်လည်း စီးပွားဖြစ်စိုက်ပျိုးသူအများစုမှာ ဓာတ်မြေသြဇာကို ကျွေးလေ့ရှိကြပါသည်။

မြေဩဇာအမျိုးအစားများ

မြေဩဇာသည် သဘာဝမြေသြဇာ သို့မဟုတ် အော်ဂဲနစ်မြေသြဇာနှင့် ဓာတုဓာတ်မြေသြဇာဟူ၍ နှစ်မျိုးရှိပါသည်။ သဘာဝမြေသြဇာတွင် အပင်ဆွေး မြေဩဇာ (Compost-ကွန်ပို့စ်ထဲ)၊ အပင်ဆွေး မြေဩဇာသည် အပင်နှင့် အပင်ထွက်ပစ္စည်းများ ဖြစ်ကြသော သစ်ကိုင်း၊ သစ်ရွက်များ၊ သစ်ဆွေးများနှင့် သစ်သီးနှင့်ကောက်ရိုးဆွေးများ၊ နွားချေးအဆွေး များအပြင် အခြားဆွေးမြည့်စေနိုင်သော သတင်းစာ၊ စက္ကူများနှင့်အခြားသော အလွယ်တကူ ဆွေးမြည့် စေနိုင်သော အိမ်သုံးပစ္စည်း စသည်တို့ဖြစ်သည်။ ထို့အပြင် ကျေးငှက်တိရစ္ဆာန်တို့ စွန့်ပစ်လိုက်သော အညစ်အကြေးများကိုလည်း မြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ-ကြက်ချေး၊ ဘဲချေးနှင့် လင်းနို့ချေးတို့ဖြစ်သည်။ ဓာတုမြေဩဇာဆိုသည်မှာ ဓာတုနည်းဖြင့် ပြုလုပ်ထားသော အသီးကြီးထွား ဆေး၊ အပင်သန်ဆေး၊ ပေါင်းသတ်ဆေး၊ အထွက် တိုးဆေး၊ ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေးစသည်တို့ ဖြစ်ပါသည်။

ထို့အပြင် သဘာဝမြေသြဇာနောက်တစ်မျိုးမှာ တီကောင်စွန့်ပစ်မြေဩဇာ (Vermicompost) ဖြစ်သည်။ တီကောင်သည် မြေဆီမြေနှစ်များ၊ အပင်၏ အစိတ်အပိုင်းများနှင့် လူသားတို့စားသုံး ပြီးသော စားကြွင်းစားကျန်များကို စားသုံးသည်ဟု သိရသည်။ ထိုသို့စားသုံးပြီးပါက တီကောင်များသည် တီကျစ်စာများကို ပြန်လည်စွန့်ထုတ်လေ့ရှိပါသည်။ တီကျစ်စာခဲများကို မြေပြင်ပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ ထိုတီကျစ်စာခဲများတွင် သဘာဝအားဖြင့် အပင်အတွက် လိုအပ်သော ပိုတက်စီယမ်နှင့် ကယ်လ်ဆီယမ်ဓာတ်တို့အပြင် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်တို့လည်း ပါဝင်သည့် အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ကြောင်း သိရသည်။

အော်ဂဲနစ်စိုက်ပျိုးခြင်း

သဘာဝဓာတ်မြေသြဇာကိုအသုံးပြု၍ ဓာတုပိုး သတ်ဆေးမသုံးဘဲ စိုက်ပျိုးခြင်းကို အော်ဂဲနစ် စိုက်ပျိုးခြင်းဟု ခေါ်ဆိုကြပါသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုသဖွယ် ပြုလုပ်နေကြသဖြင့် ဓာတုဓာတ်မြေသြဇာကို အသုံးပြုလျက် ရှိပါသည်။ စပါးစိုက်ပျိုးရာတွင်လည်း ဓာတုဓာတ် မြေဩဇာကို လူတိုင်းလိုလို အသုံးပြုနေကြသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာပင် ဖြစ်ပါသည်။ စပါးကို နွေသီး၊ မိုးသီးဟူ၍ နှစ်သီးစိုက်ပျိုးကြရာ နွေသီးစိုက်ပျိုးရာတွင် စပါးအထွက်နှုန်းကောင်းမွန်စေရန် ဓာတုဓာတ်မြေသြဇာနှင့် အခြားသော အထွက်တိုး မြေသြဇာများ၊ ပိုးသတ်ဆေးများကို အသုံးပြုလေ့ ရှိကြပါသည်။ ပိုးသတ်ဆေးသည် အဆိပ်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

အော်ဂဲနစ်ပိုးသတ်ဆေးများ

ပိုးသတ်ဆေးများကို အသုံးမပြုပါက မည်သည့် ပိုးသတ်ဆေးကို အသုံးပြုရမလဲဟု မေးစရာရှိပါသည်။ ထိုသို့ အမေးရှိသော် အဖြေလည်းရှိပါသည်။ ယင်းကား အော်ဂဲနစ်ပိုးသတ်ဆေးများပင် ဖြစ်ပါသည်။ အော်ဂဲနစ်ပိုးသတ်ဆေးများကို ဒေါက်တာ ခင်မောင်လွင်၏ စာအုပ်မှ အနည်းငယ်ထုတ်နုတ် ဖော်ပြချင်ပါသည်။ အော်ဂဲနစ်ပိုးသတ်ဆေးများမှာ အပင်မှရသော ပိုးသတ်ဆေး (Phyto-insecticides)၊ ကြက်သွန်ဖြူ ပိုးသတ်ဆေးရည် (Garlic insecticide) ငရုတ် ပိုးသတ်ဆေးရည် (Chilli insecticide)၊ တမာပိုးသတ်ဆေးရည် (Neem insecticide) စသည်တို့ ဖြစ်ပါသည်။ ။

အပင်မှရသော ပိုးသတ်ဆေးများသည် အပင်၏ ရောဂါပိုးများနှင့် သီးနှံဖျက်ပိုးများကို ကာကွယ် နိုင်ပါသည်။ ကြက်သွန်ဖြူ ပိုးသတ်ဆေးသည် ပုရွက်ဆိတ်၊ ပိုးတုံးလုံး၊ ပက်ကျိနှင့်အခြားသော သီးနှံဖျက် ပိုးများကို သေစေနိုင်ပါသည်။

ငရုတ်ပိုးသတ်ဆေးသည် ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်နည်းတူ သီးနှံဖျက်ပိုးများကို သေစေနိုင် ကြောင်း သိရသည်။

ဓာတုပိုးသတ်ဆေးများသည် အပင်အသီးနှင့် အထွက်နှုန်းကောင်းစေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရေရှည်သုံးစွဲပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထိုကြောင့် ယနေ့ကမ္ဘာ့နိုင်ငံ အချိုသည် သဘာဝမြေသြဇာကိုသာ အသုံးပြုလျက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးလာခဲ့ကြပါသည်။ သြစတြေးလျနိုင်ငံတွင် ၃၈ ဒသမ ၀ ရာခိုင်နှုန်း၊ အာရှနိုင်ငံများတွင် ၉ ဒသမ ၀ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများတွင် ၂၃ ဒသမ ၀ ရာခိုင်နှုန်း၊ မြောက်အမေရိကနိုင်ငံများတွင် ၇ ဒသမ ၀ ရာခိုင်နှုန်း၊ အာဖရိကနိုင်ငံများတွင် ၃ ဒသမ ၀ ရာခိုင်နှုန်း၊ လက်တင်အမေရိကနိုင်ငံများတွင် ၂၀ ဒသမ ၀ ရာခိုင်နှုန်း ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ ၂၀၁၄ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အော်ဂဲနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး အော်ဂဲနစ်စိုက်ပျိုးမြေဧရိယာ ၄၃ ဒသမ ၇ သန်းရှိခဲ့ရာ ကမ္ဘာပေါ်ရှိ စုပေါင်းစိုက်ပျိုး မြေဧရိယာ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

သဘာဝမြေသြဇာကိုသုံးစွဲ၍ အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးခြင်းသည် လူသားနှင့်သက်ရှိတိုအတွက် လွန်စွာအကျိုးများပါသည်။ ယင်းအပြင် စိုက်ပျိုးမြေလည်း မြေဆီသြဇာကြွယ်ဝ၍ မြေဆီလွှာပျက်စီး ခြင်း မရှိတော့ပေ။ ယနေ့ခေတ် လယ်ယာမြေများ သည် ယခင်ကကဲ့သို မြေဆီဩဇာကြွယ်ဝမှု နည်းပါး လာပါသည်။ ထိုအခါ အပင်ကြီးထွားနှုန်းနှင့်အသီး အနှံအထွက်နှုန်းလည်း လျော့ကျလာပါသည်။ ထိုအခါ စိုက်ပျိုးစရိတ်နှင့်အထွက်နှုန်း မကာမိတော့ပေ။

ဓာတုပိုးသတ်ဆေးများ၏ ဆိုးကျိုး

ထိုကြောင့် အထွက်နှုန်းကောင်းစေရန်အတွက် ဓာတုဓာတ်မြေသြဇာများကို အသုံးပြု၍ စိုက်ပျိုးကြ လေသည်။ အသီးအားဆေးကျွေးခြင်း၊ ဓာတုပိုးသတ် ဆေးရည်များကို အသုံးပြုလာခြင်း၊ ပေါင်းသတ် ဆေးနှင့် မြက်သတ်ဆေးများကို သုံးစွဲလာခြင်းကြောင့် မြေဆီလွှာပျက်စီးရုံသာမက ထိုဆေးရည် များသည် မြေကြီးအတွင်းစိမ့်ဝင်နေကာ မိုးရွာသွန်းပါက မိုးရေနှင့်အတူ မြစ်ချောင်းအတွင်းသို ရောက်ရှိ သွားပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့်အပြင် ရေနေသတ္တဝါများကိုလည်း သေကျေပျက်စီးစေနိုင်ပါသည်။ ပိုးသတ်ဆေးသုံး၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးပါက ကျန်းမာရေးနှင့် မညီညွတ်ပေ။

သဘာဝမြေသြဇာကိုအသုံးပြု၍ အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးပါက ကျန်းမာရေးကို အကျိုးပြုနိုင်ပါ သည်။ သဘာဝမြေသြဇာကို အသုံးပြု၍ အော်ဂဲနစ် ပိုးသတ်ဆေးကို အသုံးပြုစိုက်ပျိုးပါက မိမိစားသုံးသော အစားအစာများတွင် ဓာတုပိုးသတ်ဆေးကင်းသည့်အတွက် ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။ သဘာဝမြေသြဇာကိုအသုံးပြု၍ အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးသော အသီးအနှံများသည် အာဟာရဓာတ် ပိုမိုကြွယ်ဝစွာ ပါဝင်သည့်အပြင် ဗီတာမင်ဓာတ်များလည်း များစွာ ပါဝင်သည့် အတွက် ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါသည်။

ယခု စားသုံးနေသော သီးနှံအများစုသည် ဓာတုဓာတ်မြေသြဇာနှင့် မကင်းကြပေ။ ထိုပြင် ယခုအခါ အသီးအနှံများသည် ယခင်ကအသီးအနှံ များကဲ့သို တာရှည်အထားမခံတော့ပေ။ ဤသဘောသည် သဘာဝမြေသြဇာနှင့် ဓာတုဓာတ်မြေဩဇာ၏ ကွာခြားချက်ပင်ဖြစ်ပါသည်။ ။

ထိုကြောင့် မိမိတိုနိုင်ငံရှိ တောင်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သွင်းအားစုကုန်ကျစရိတ်များကို လျှော့ချနိုင်ရေးကို ရှေးရှု၍ ဓာတုဆေးဝါး များကို အသုံးပြုခြင်းကို သဘာဝမြေသြဇာများကို အသုံးပြုပြီး အော်ဂဲနစ်စိုက်ပျိုးရေးကို ကူးပြောင်းသင့်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

CRD......ကိုကျော်စွာ(ကျိုက်ပိ)

မိုးကြီးရေလျှံသတိ🌧🌧🌧🐟🐟🐟🐟🐟🐟၂၄နာရီအတွင်းသာစည် စမုံဆည် မိတ္ထီလာ သပြေဝ မလှိုင် ပင်းတလဲ တဲစု သဖန်း ဝမ်းတွင်း ကူမဲ မြစ်သား ကင်...
10/09/2024

မိုးကြီးရေလျှံသတိ
🌧🌧🌧🐟🐟🐟🐟🐟🐟
၂၄နာရီအတွင်း
သာစည် စမုံဆည် မိတ္ထီလာ သပြေဝ မလှိုင် ပင်းတလဲ တဲစု သဖန်း ဝမ်းတွင်း ကူမဲ မြစ်သား ကင်းတားဆည် ဟံမြင့်မိုရ် သံရွာ မြို့ကြီး မြို့ကြီးဆည် ငပြောင်ဆည် ကျောက်ဆည် စဥ့်ကိုင် ရဲရွာဆည် ရွှေစာရံ ပြင်စာ အနီးစခန်း ပြင်ဦးလွင် ဝက်ဝံ အုန်းချော ကျောက်မီး ပုသိမ်ကြီး မတ္တရာ မန္တလေး အင်းဝ စစ်ကိုင်း ရွာသစ်ကြီး မြင်းမူ ချောင်းဦး မုံရွာ ဆားလင်းကြီး ရေစကြို ပခမ်းကြီး ပုခုက္ကူ မြစ်ခြေ ညောင်ဦး ငါ့သားရောက် ကျောဇီ တစ်မိုက်သာ ဆင်တဲဝ ရှောက်ပင် ကန်မြဲ ဇဂျမ်း ဆီမီးကန် တဲယာ အုတ်ဖို ထန်းတောကြီး ကျောက်ကာ သပွတ်စု ခံပင်ကွေး အုန်းကျင်း သမက္ကူ ရွာသစ် လယ်ကွက်ကြီး လယ်ယား လယ်ဟောင်း စက္ကထိန်း ကန်နီ လှည်းပွဲကုန်း ဝဲလောင် ရေကျော် ဝဲလောင်ဆည် ကျောက်တလုံးဆည် တောင်သာ မြင်းခြံ နွားထိုးကြီး မြို့သာ ဆီးမီးခုံ မြောင်မြို့ ငါန်းဇွန် ပြင်စီ ရုံးစည်ကြီး ပန်းအိုင် ဆည်တို ညောင်မြင့်ရွာ မုံတိုင်ဆည် ရှမ်းမငယ်ဆည် ညောင်ကုန်းဆည် ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်


ISSUED
11/09/2024 1:35am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

27/08/2024

ဒါကတော့ထိုင်းနိုင်ငံ စပျစ်စိုက်ပျိုးရေးတစ်ခုပေါ့

စိုက်ပျိုးတစ်ခုမှာအောင်မြင်မှုရဖို့က

၁* ကိုစိုက်ပျိုးမည့် သီးနှံရဲ့သဘောသဘာဝကိုနားလည်ရမယ်။

၂*ကိုစိုက်ပျိုးမည့် သီးနှံရဲ့ ဝယ်လိုအား ရောင်းလိုအားသိရမည်။

၃*ကိုစိုက်ပျိုးမည့် သီးနှံရဲ့ ဖြစ်ထွန်းနိုင်သော ရေမြေဒေသ သဟဇာတ မျှတမှုကို သိရှိနားလည်ရမယ်။


#စေတနာမေတ္တာများစွာဖြင့်

23/08/2024

အအောင်မြင်ဆုံး သီးထပ် သီးညှပ် စိုက်ပျိုးရေး

ဒါကတော့ ထိုင်နိုင်ငံမှာ စိုက်ပျိုးထားတာဖြစ်ပါတယ်
မိရိုးဖလာ စိုက်ပျိုးရေးမှာ အားသာချက် အားနည်းချက်တွေများစွာရှပါတယ်။ ဒီအထဲက အားနည်းချက်ကို ဖယ် အားသာချက်ကိုယူမယိဆိုရင် စိုက်ပျိုးရေးမှာ ဆရာတစ်ဆူပါပဲ



#စေတနာမေတ္တာများစွာဖြင့်

ခံစာချက်$$$$$$$လယ်ကွင်းရဲ့ အပြင်ပန်းဟာ၊  မြေသားအနံ့ သင်းပျံ့ဆဲ။  ဆောင်ကြဉ်းလေ ပျော်ရွှင်စွာ၊  မိုးရည်စက်တွေ ကျွမ်းဆင်းတယ...
23/07/2024

ခံစာချက်
$$$$$$$

လယ်ကွင်းရဲ့ အပြင်ပန်းဟာ၊
မြေသားအနံ့ သင်းပျံ့ဆဲ။
ဆောင်ကြဉ်းလေ ပျော်ရွှင်စွာ၊
မိုးရည်စက်တွေ ကျွမ်းဆင်းတယ်။

ညှိယူနွယ်မြေသားကို၊
သီးနှံတွေ မွေပေါက်ဖွား။
နွေဦးရဲ့ အာရုဏ်ဦးက၊
အာဟာရက ပြည့်စုံတယ်။

သာဘဝရဲ့ တည်ရှိမှုက၊
မြေသားထဲမှာ ထပ်တူတည်။
တိရိစ္ဆာန်နှင့် စိုက်ပျိုးရေး၊
သဘာဝနဲ့ သဟဇာတနေ။

ရွှေကြာလယ်မြေက၊
အနာဂတ်အတွက် မြင့်မားတယ်။
အမျိုးသားတို့ရဲ့ ဆန္ဒဖြင့်၊
အမြစ်ခိုင်တည် ပြည့်စုံပါစေ။

#စေတနာမေတ္တာများစွာဖြင့်

Address

Pakokkugyun

Telephone

+959401627158

Website

Alerts

Be the first to know and let us send you an email when Phyo Chit Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Phyo Chit Thu:

Share