Palaw Info Portal

Palaw Info Portal We deliver the accurate info and news from the township and around the world.

သူတို့ထုတ်တဲ့ အမိန့် ပြည်သူက ောက်ဂရုကို မစိုက်တာအာဏာတည်မြဲမှု ထောက်တိုင်က ပြိုလဲနေပြီးသား 😅😅😅
08/03/2021

သူတို့ထုတ်တဲ့ အမိန့် ပြည်သူက ောက်ဂရုကို မစိုက်တာ
အာဏာတည်မြဲမှု ထောက်တိုင်က ပြိုလဲနေပြီးသား 😅😅😅

08/03/2021

ဝန်ထမ်းချေးငွေ (၂)လစာကို ပြန်လည်ပေးဆပ်ရန်မလိုသည့်ချီးမြှင့်ငွေအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်သည်။

07/03/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
-------------------------------------------
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပ‌ဒေကို ရုပ်သိမ်းသည့်ဥပဒေ

(၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃)
၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်)

နိဒါန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီခေတ်မှစ၍ ၁၈၉၉ ခုနှစ်၊ ရန်ကုန် ရဲအက်ဥပ‌‌ဒေ၊ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံရဲအက်ဥပဒေတို့ပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ရဲလက်စွဲများ ပါ ညွှန်ကြားချက်များအရ နိုင်ငံတကာ ရဲလုပ်ငန်း စံချိန် စံညွှန်းများနှင့်အညီ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါ သည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပ‌ဒေပြဌာန်းချက်များသည် အဆိုပါ ရဲအက်ဥပ‌ဒေပြဌာန်းချက်များတွင် ‌‌ယေဘုယျအားဖြင့် အကျုံး၀င်ပြီး ဖြစ်သဖြင့် ထိုဥပဒေကို ဆက်လက် ကျင့်သုံးရန် မလိုအပ်သည့်အတွက်ကြောင့်လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များ ၏ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ပါ၀င်နေ၍လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များအနေဖြင့် ပြည်သူလူထုကို မျက်နှာမူ နိုင်ရန် အတားအဆီး ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ ယခုအချိန်အခါတွင် ရဲတပ်ဖွဲ့၀င်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို‌ စောင့်သိရိုသေပါမည် ဟူသော အဓိကကျင့်၀တ်ကို စောင့်ထိန်းလိုက်နာရန် လိုအပ်သည့် အတွက်ကြောင့်လည်းကောင်း ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ရုပ်သိမ်းသည့် ဥပ‌ဒေ ဟုခေါ် တွင် စေရမည်။

၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေ (နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၄/၁၉၉၅) ကို ဤ ဥပ‌ဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ၀င်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

07/03/2021

🔫 သေနတ်မိုးခံပြီး ဆက်နေကြမလား..
✍🏼 လက်မှတ်ထိုးပြီး သက်သေပြမလား..

🇺🇸 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သို့
ပေးစာမှာ သင်ကိုယ်တိုင် ပါဝင်ဖို့
အောက်ဖော်ပြပါ link မှာ ဝင်ရောက်ပြီး
သင့်လက်မှတ်တစ်ချက် ထိုးလိုက်ပါ..

👉🏻https://nwayootawlhanyay.com


07/03/2021
07/03/2021

အခု မနက်ပဲ CRPH က လူတွေနဲ့ zoom meeting ကတဆင့် အစည်း အဝေး လုပ်ဖြစ်ပါတယ်။ လူတွေ ပြောချင်နေတဲ့၊ အကြံပေးချင်နေတဲ့ ကိစ္စ တချို့ကိုလည်း သူတို့ကို ပြောပြပေးခဲ့ ပါတယ်။ သူတို့ အနေနဲ့လည်း သေချာပေါက် အနိုင်ရနိုင်မယ် နည်းလမ်း ပေါင်းစုံကိုလည်း လုပ်နေတဲ့ အကြောင်း အသိပေးခဲ့ပါတယ်။ အဓိက ပြောချင်တဲ့ အချက်တွေက

◾ လူတွေ မျှော်လင့်နေတဲ့ R2P ကိုလည်း သူတို့ ခေါ်ဖို့ ကြိုးစားနေပါတယ်။ Rome statute မှာလည်း လက်မှတ် ဝင်ထိုးမှာ ဖြစ်ပါတယ်။

◾ CDM ပါဝင်တဲ့ ဝန်ထမ်းတိုင်း အထောက်အပံ့ ရအောင် database တည်ဆောက် နေပါတယ်။ ခုချက်ချင်း မရသေးဘူး ဆိုရင်တောင် database မှာ ပါဖို့အတွက် လူတိုင်း စာရင်းပေးထားဖို့ လိုအပ်ပါတယ်။

◾ CDM လုပ်မယ့် ရဲနဲ့ စစ်သားတွေ အတွက် အဓိက အတားအဆီး ဖြစ်နေတဲ့ ရဲအက်ဥပဒေနဲ့ စစ်မှုထမ်း ဥပဒေတွေ ပြင်ဆင် ဖျက်သိမ်း ပေးမှာ ဖြစ်ပါတယ်။

◾ တစ်ချိန်တည်းမှာပဲ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်းကို ဥပဒေ ပညာရှင် တွေနဲ့ တိုင်ပင် ရေးဆွဲပြီး အရန်သင့် အစားထိုး နိုင်အောင် ကြိုးစား နေပါတယ်။

အရေးအကြီးဆုံး ပြောချင်တာက ဒီပွဲမှာ ကျွန်တော်တို့ နိုင်ကို နိုင်ရမယ် ဆိုတဲ့ အောင်စိတ်ကို လုံးဝ မပျက်စေဘဲ လူတိုင်း ဆက်လက် တိုက်ပွဲဝင်နေဖို့ လိုအပ်တယ် ဆိုတာပါပဲ။

အရေးတော်ပုံက သေချာပေါက် အောင်မြင်ပါလိမ့်မယ်။ အချိန် စောတာနဲ့ နောက်ကျတာပဲ ရှိမှာပါ။

Thaw Naing

Address

Palaw

Alerts

Be the first to know and let us send you an email when Palaw Info Portal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category