13/07/2025
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ပါတီေကာ်မတီ သို့ ရုံးအဆောက်အဦး လှုဒါန်းခြင်း နှင့် ဂုဏ်ပြုပွဲ ကျင်းပခြင်း။
ပါတီသို့ မြေနှင့် အဆောက်အဦး လှုဒါန်းပွဲအခမ်းအနားကို နေ့လည်(၂)နာရီတွင် မြန်အောင်မြို့နယ် ပါတီရုံးတွင် ကျင်းပခဲ့ပြီး အလှုရှင် ဆရာမကြီးဒေါ်ခင်ယုံက ပါတီသို့ မြေနှင့် အဆောက်အဦးကို လှုဒါန်းခဲ့ပါသည်။ ပါတီမှလည်း ဆရာမကြီး ဒေါ်ခင်ယုံ၏ ပါတီအပေါ် ချစ်ခင်လေးစားကြည်ညိုမှုအပေါ် ပြန်လည်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ထို အခမ်းအနားသို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ဗဟိုကော်မတီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှုး ဦးထွန်းရီ၊ စည်းရုံးရေးကော်မတီကြီး တာဝန်ခံ၊ ဗဟိုအလုပ်အမူဆောင်ကော်မတီဝင် ဦးတင်အောင် ၊ ဧရာဝတီတိုင်းစည်ရုံးလှုပ်ရှားရေးခေါင်းဆောင်၊ တောင်သူလယ်သမားကော်မတီကြီးတာဝန်ခံ ၊ ဗဟိုအလုပ်အမူေဆာင်ေကာ်မတီဝင် ဦးမြင်သိန်း၊ လူငယ်ကော်မတီကြီး ကော်မတီဝင် ဦးကျော်ဇေယျာဝင်း၊ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးသိန်းလွင် တိုင်းအတွင်းရေးမှုး ဦးအုန်သောင်း၊ မြန်အောင်မြို့နယ်ဥက္ကဋ္ဌ ဦးရဲဆွေနှင့် မြိုနယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။ အခမ်းအနားမှူးအဖြစ် ကြံခင်းမြိုနယ် အမျိုးသမီးတာဝန်ခံ ဒေါ်မော်မော်ဆွေမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ (၄း၃၀)နာရီတွင် ရပ်နားခဲ့ပါသည်။