May English House , Pathein

May English House , Pathein Brighten your future with "MAY" through Education

‎ပျော်ပျော်ရွှင်ရွှင် Phonics သင်ရင်း သားသားမီးမီးတို့ရဲ့ စာဖတ်စွမ်းရည်ကို အတူတူမြှင့်တင်ကြစို့ 🥰✨‎‎ဖေဖေမေမေတို့ရေ... အင...
02/06/2026

‎ပျော်ပျော်ရွှင်ရွှင် Phonics သင်ရင်း သားသားမီးမီးတို့ရဲ့ စာဖတ်စွမ်းရည်ကို အတူတူမြှင့်တင်ကြစို့ 🥰✨

‎ဖေဖေမေမေတို့ရေ... အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးဖြစ်တဲ့ Phonics (အသံထွက်နည်းစနစ်) ကို ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ တတ်မြောက်စေဖို့ စိတ်ပူနေရပါသလား။ 🤔

‎စာအုပ်ကြီးအတိုင်း အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ၊ ကလေးတို့ရဲ့ သဘာဝအတိုင်း ဆော့ကစားရင်း၊ သီချင်းလေးတွေဆိုရင်းနဲ့ အင်္ဂလိပ်စာလုံးတွေကို ကိုယ်တိုင် ပေါင်းစပ်ဖတ်ရှုနိုင်မယ့် အသက်၆နှစ်မှစတင်တက်ရောက်နိုင်သော May English ရဲ့ Phonics သင်တန်းလေး ရှိပါတယ်နော်။ 🎒🌈

‎💡 ဒီသင်တန်းမှာ ဘာတွေသင်ကြားရမှာလဲ။
‎🔡 Letter Sounds: အက္ခရာတစ်ခုချင်းစီရဲ့ မှန်ကန်တဲ့ အသံထွက်များ

‎🤝 Blending & Segmenting: အသံတွေကို ပေါင်းစပ်ပြီး စာလုံးအသစ်တွေကို ကိုယ်တိုင်ဖတ်နိုင်ခြင်းနှင့် စာလုံးပေါင်းနိုင်ခြင်း

‎🎨 Interactive Games & Songs: ကလေးတွေ ပျော်ရွှင်တက်ကြွစေမယ့် ဂိမ်းများနှင့် သီချင်းတိုလေးများ

‎📚 Reading Confidence: ကိုယ်ပိုင်အသံထွက်နဲ့ စာအုပ်တိုလေးတွေကို ကိုယ်တိုင် ယုံကြည်မှုရှိရှိ ဖတ်ရှုနိုင်ခြင်း

‎Online Vs On-Campus တက်ရောက်နိုင်ပါသည်။

‎ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ကို ငယ်ငယ်ကတည်းက မှန်ကန်တဲ့ အခြေခံအုတ်မြစ် ချပေးဖို့ အခုပဲ အပ်နှံလိုက်တော့နော် 👇

‎📥 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်

‎👇🏻👇🏻
https://m.me/mayenglishhouse/

‎📞: Contact: 09761006421, 09964840781, 09425192762

‎🏠 သင်တန်းကျောင်းတည်နေရာ:
‎ပုသိမ် - အမှတ် (၃) တာဝတိံသာလမ်း, ပုသိမ်မြို့ ။
‎ ရန်ကုန် – အမှတ် (၁၀၅) ပထမထပ်, ရွှေဝါမြိုင်အိမ်ရာ, ဘူတာရုံမှတ်တိုင်, အင်းစိန်လမ်းမကြီး, လှိုင်မြို့နယ်, ရန်ကုန်မြို့။

🌞 Summer Certificate Awards Ceremony 🌞May English Summer Class သင်တန်းသားများအား Certificate Award Ceremony ဖြင့် ဂုဏ်ပြ...
02/06/2026

🌞 Summer Certificate Awards Ceremony 🌞

May English Summer Class သင်တန်းသားများအား Certificate Award Ceremony ဖြင့် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါသည်။ 🎓✨

သင်တန်းကာလအတွင်း ကြိုးစားသင်ယူခဲ့ကြသော ကျောင်းသား/သူများအားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။ 💖
မိဘများ၏ အားပေးမှုနှင့် ဆရာ/ဆရာမများ၏ ကြိုးစားသင်ကြားပေးမှုများကြောင့် ယနေ့လို အောင်မြင်သောအခမ်းအနားကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အနာဂတ်ပညာရေးလမ်းခရီးတွင် ဆက်လက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌟


Summer Class Final Exam Day at May English House! 📝✨အတန်းထဲမှာ ဆရာမတို့နဲ့အတူ အားတက်သရော သင်ယူခဲ့သမျှတွေကို၊ ကလေးတို့ရဲ့...
29/05/2026

Summer Class Final Exam Day at May English House! 📝✨

အတန်းထဲမှာ ဆရာမတို့နဲ့အတူ အားတက်သရော သင်ယူခဲ့သမျှတွေကို၊ ကလေးတို့ရဲ့ အရည်အချင်းတွေကို လက်တွေ့အကောင်အထည်ဖော် ပြသရမယ့် အချိန်လေးကို ရောက်ရှိလို့လာပါပြီ။

မေးခွန်းစာရွက်ပေါ်မှာ အာရုံစိုက်မှုအပြည့်နဲ့ အစွမ်းကုန် ကြိုးစားနေကြတဲ့ ကလေးတွေရဲ့ ပုံရိပ်လေးတွေက တကယ်ကို ပီတိဖြစ်ရပါတယ်။ စာမေးပွဲဆိုတာ ကိုယ့်ရဲ့ တိုးတက်မှုကို ဆန်းစစ်တာမို့လို့ စိတ်မလှုပ်ရှားဘဲ အေးအေးဆေးဆေးနဲ့ အကောင်းဆုံး ဖြေဆိုနိုင်ကြပါစေနော်။

Wishing all our students the best of luck in their exams! 🍀 You can do it! 💪🌟

May your Eid be filled with countless blessings, endless joy, and peaceful moments. 🌙✨ကျရောက်လာတဲ့ Eid နေ့ထူးနေ့မြတ်မှာ ...
28/05/2026

May your Eid be filled with countless blessings, endless joy, and peaceful moments. 🌙✨

ကျရောက်လာတဲ့ Eid နေ့ထူးနေ့မြတ်မှာ လူသားအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေကြောင်း May English House မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Wishing you and your family a very happy and blessed Eid! 🕌✨

28/05/2026

💻 May English ၏ တိုးချဲ့ထားသော IT Course တွင် ကျောင်းသားကျောင်းသူများသည် လက်တွေ့လေ့ကျင့်မှုများဖြင့် သင်ယူမှုအတွေ့အကြုံကို အားကောင်းစွာ တည်ဆောက်နေကြသော ပုံရိပ်များ ဖြစ်ပါသည်။ ✨

နည်းပညာကျွမ်းကျင်မှုများ တိုးတက်စေရန် လက်တွေ့အခြေပြု သင်ကြားမှုများဖြင့် အနာဂတ် IT ပညာရှင်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ 💻🚀
💻 These are moments from the expanded IT Course at May English, where students are actively engaging in hands-on practical training and building strong learning experiences. ✨

Through practice-based learning, the program is empowering future IT professionals with essential technical skills and real-world experience. 🚀

‎Learning never takes a summer break! ✨ ကလေးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အပြည့်ဖြစ်နေတဲ့ Summer Activity Day လေး...
27/05/2026

‎Learning never takes a summer break! ✨ ကလေးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အပြည့်ဖြစ်နေတဲ့ Summer Activity Day လေး🌞

‎နွေရာသီရဲ့ ပူပြင်းတဲ့ နေ့ရက်များကိုကျော်ဖြတ်ကာ ကျောင်းပိတ်ရက်မှာအနားယူရင်း... တစ်ဖက်ကလည်း ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဆက်မပြတ် စိန်ခေါ်ပေးနေတဲ့ Summer Class Activity လေးအကြောင်း အမှတ်တရ တင်ပေးလိုက်ပါတယ်နော်🤍

‎ဒီနေ့မှာ ကလေးတို့ဟာ တစ်နေ့တာလုံး ပျင်းဖို့အချိန်မရှိအောင် ဘာသာရပ်စုံကို စူးစမ်းလေ့လာခဲ့ကြတာပါ။
‎📚 English ဘာသာစကားကို အချင်းချင်း Communication အားကောင်းကောင်းနဲ့ ပြောဆိုတတ်အောင် ဂိမ်းတွေကစားကြသလို၊ ခေါင်းနည်းနည်းစားမယ့် Math ပိုင်းကိုလည်း ပဟေဠိဉာဏ်စမ်းလေးတွေနဲ့ အပျော်ပြောင်းပြီး အပြိုင်အဆိုင် တွက်ချက်ခဲ့ကြပါတယ်။

‎ 🧪 ဒါတင်မကသေးပါဘူး Social Science အတန်းလေးမှာ ကမ္ဘာကြီးရဲ့အကြောင်းတွေကို အတူတူ စူးစမ်းလေ့လာရင်း ဗဟုသုတတွေ စုဆောင်းခဲ့ကြပြီး၊ ခေတ်ရေစီးကြောင်းအရ မရှိမဖြစ်လိုအပ်တဲ့ IT နည်းပညာပိုင်းကိုလည်း ကွန်ပျူတာနဲ့ လက်တွေ့ထိတွေ့ပြီး စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ခဲ့ကြပါတယ်။

‎ကလေးတစ်ယောက်ချင်းစီရဲ့ မျက်လုံးထဲက စူးစမ်းလိုစိတ်တွေ၊ ဖန်တီးရလို့ ဝမ်းသာနေတဲ့ အပြုံးတွမြင်ရတာဟာ တကယ့်ကို ပီတိပါပဲ 💖

‎သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ဒီလိုမျိုး Active Learning Activity တွေကို အမြဲ ဖန်တီးပေးနေဦးမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ✨

‎🌟Brighten your future with May through Education.🌟


27/05/2026

🎓 May English Third Graduation Ceremony ကို May English ကျောင်းသားကျောင်းသူများ၏ “U Shwe Yoe Daw Moe” အကဖျော်ဖြေတင်ဆက်မှုဖြင့် အလှဆင်ခဲ့ပြီး “Proud of You” Closing Group Song ကို စုပေါင်းသီဆိုကာ အမှတ်တရများနှင့်အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ✨

ပျော်ရွှင်မှု၊ ဂုဏ်ယူမှုနှင့် အောင်မြင်မှုများ ပြည့်နှက်နေသော အခမ်းအနားတစ်ခုအဖြစ် လှပစွာ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ 🎶🎉
🎓 The May English Third Graduation Ceremony was beautifully presented with a cultural performance of “U Shwe Yoe Daw Moe” by May English students, followed by a heartfelt closing group song, “Proud of You,” creating unforgettable memories and celebrating the event successfully. ✨

It was a memorable ceremony filled with happiness, pride, and remarkable achievements. 🎶🎉










🎓

26/05/2026

🎓 Words of Thanks by Wai Phyo
Diploma ဘွဲရ ကျောင်းသားများကိုယ်စား ယနေ့အောင်မြင်စွာ ဘွဲရရှိနိုင်ရန် အားပေးလမ်းညွှန်ပေးခဲ့ကြသော ဆရာ၊ ဆရာမများ၊ မိဘများနှင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့သူအားလုံးအား အထူးလေးစားစွာ ကျေးဇူးတင်ရှိပါသည်။

ယနေ့ရရှိသော အောင်မြင်မှုသည် ကျွန်ုပ်တို၏ ကြိုးစားအားထုတ်မှုသာမက အားလုံး၏ မေတ္တာ၊ ပံ့ပိုးမှုနှင့် ယုံကြည်အားပေးမှုများ၏ ရလဒ်လည်း ဖြစ်ပါသည်။
ဤအမှတ်တရနေ့အား အားလုံးနှင့်အတူ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။ ✨



🎓 Words of Thanks by Wai Phyo

On behalf of all Diploma graduates, we would like to express our sincere gratitude to our teachers, parents, and everyone who supported and encouraged us throughout this academic journey.

This achievement is not only the result of our hard work, but also a reflection of your guidance, dedication, and continuous support. We are truly grateful to celebrate this memorable milestone together. ✨

26/05/2026

🎓 May English GED 1st Batch မှ ကျောင်းသူတစ်ဦးသည် အခက်အခဲများနှင့် Crisis အခြေအနေများကြားမှ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်မှုရရှိခဲ့ပြီး၊ ယခုအခါ Bangkok မှ Video Conferencing ဖြင့် Graduation Ceremony သို့ တက်ရောက်ကာ မိမိ၏ inspiring success story ကို ဝေမျှပေးခဲ့ပါသည်။ ✨

သူမ၏ အတွေ့အကြုံနှင့် အောင်မြင်မှုခရီးစဉ်သည် ကျောင်းသူကျောင်းသားများအားလုံးအတွက် အားပေးစိတ်ခွန်အားဖြစ်စေသော အမှတ်တရတစ်ခု ဖြစ်ခဲ့ပါသည်။ 🎓
🎓 A student from the May English GED 1st Batch, despite facing difficult crisis situations, achieved success through determination and hard work. She joined the Graduation Ceremony via video conferencing from Bangkok and shared her inspiring success story. ✨

Her journey and achievement became a powerful source of motivation for all students, reflecting resilience, courage, and success against all odds. 🎓











🎓

🎓 Diploma in English Studies – City of Oxford College UKနိုင်ငံတကာအသိအမှတ်ပြု Diploma Program တစ်ခုအဖြစ် Diploma နှင့် O...
26/05/2026

🎓 Diploma in English Studies – City of Oxford College UK
နိုင်ငံတကာအသိအမှတ်ပြု Diploma Program တစ်ခုအဖြစ် Diploma နှင့် Official Transcript များကို ပေးအပ်နိုင်ခြင်းသည် ကျောင်းသားများ၏ ပညာရေးအောင်မြင်မှုကို အခိုင်အမာဖော်ပြနေပါသည်။

Transcript တွင် ရရှိသော ထူးချွန်သော ရလဒ်များသည်လည်း ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် အောင်မြင်မှု milestone များကို ထင်ဟပ်ပြသနေသော ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ရပ်ဖြစ်ပါသည်။ ✨

🎓 Diploma in English Studies – City of Oxford College UK

As an internationally recognized Diploma Program, the awarding of both the Diploma and Official Transcript reflects the academic accomplishments of our students with credibility and distinction.

The outstanding results achieved in the Transcript proudly demonstrate their hard work, perseverance, and remarkable success milestones throughout their educational journey. ✨










🎓

Address

No (3) , Tarwateinthar Road
Pathein
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959761006421

Website

Alerts

Be the first to know and let us send you an email when May English House , Pathein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to May English House , Pathein:

Share