22/06/2026
မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းအခြေစိုက် လူငယ်တော်လှန်ရေးတပ်ဦး ( YRF) တွင်တာဝန်ထမ်းဆောင်နေသော ရဲဘော် ဌေးငွေစိုး ( ခ) လေးညို သည် ၂၀၂၆ ခုနှစ် ၊ ဇွန်လ ( ၄ )ရက်နေ့တွင် အထက်မှပေးအပ်သော တာဝန်ကို ကျေကျေ ပွန်ပွန်ထမ်းဆောင်ကာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း နိုင်ငံနှင့်ပြည်သူအတွက် အသက်ကိုပေးလှူသွားခဲ့ပါသည် ။
ရဲဘော်ဌေးငွေစိုး (ခ) လေးညို ၏ စွန့်လွှစ်အနစ်ခံမှုအတွက် မိမိတို့ လူငယ်တော်လှန်ရေးတပ်ဦး ( YRF) မှ ရဲဘော်များနှင့်ပြည်သူလူထုအပေါင်းတို့က အလေးနီပြု၍ တော်လှန်ရေးသမိုင်းတွင် ကမ္ဗည်းမော်ကွန်းတင်အပ်ပါသည်။
ကျန်ရှိသော ကျွန်ုပ်တို့ရဲဘော်ရဲဘက်များအနေဖြင့်လည်း မပြီးသေးသော တော်လှန်ရေးခရီးစဥ်ကို ဆက်လျှောက်ရင်း အရေးတော်ပုံ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုအပ်ပါသည် ။
#လူငယ်တော်လှန်ရေးတပ်ဦး YRF
#စျာပနမှတ်တမ်း
#အလေးနီပြုပါတယ်ရဲဘော်