13/02/2026
#လေကြောင်းသတင်းထုတ်ပြန်ချက်
ဖေဖော်ဝါရီလ ၁၀ ရက် ၊ ၂၀၂၆
ပေါက်မြို့နယ်တောင်ပိုင်း၊ချက်ကန်ရွာအနီးတစ်ဝိုက်တွင် မကွေးလေတပ် ကလခတက် MIG-29 Jet Fighter တစ်စီး ၊ FG-2000 Jet Fighter တစ်စီး နှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ K8W Jet Fighter တစ်စီး စုစုပေါင်း Jet Fighter ( ၃ )စီးဖြင့် ဖေဖော်ဝါရီလ ( ၁၀) ရက်နေ့ မနက်ပိုင်း ( 10:48=၂လုံး ၊ 10:50=၂လုံး ၊ 10:52=၂လုံး ၊ 10:59=၂လုံး ၊ 11:04=လုံး၅) စုစုပေါင်း ပေါင်၂၅၀( ၈ )လုံး နှင့် ရော့ကက်( ၅) လုံးတို့ဖြင့်
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူနေအိမ် ( ၃ ) လုံး မီးလောင်ပျက်စီးပြီး ၄င်းနေအိမ်များရှိ ဒေါ်ရွှေဝင်း(အသက်၄၇နှစ်)၊ကိုချိုကြီး(အသက်၅၀နှစ်) ၊ ဒေါ်အုန်းငွေ (အသက်၆၃နှစ်) ၊ မောင်မိုးကျော် ( အသက်၂၅နှစ်) ၊ မတင်မိုးခိုင်( အသက်၁၅နှစ် ) ၊ မတင်မိုးလှိုင် ( အသက်၁၃နှစ်) အမျိုးသား( ၁)ဦး ၊ အမျိုးသမီး( ၅) ဦး စုစုပေါင်းပြည်သူ (၆) ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်ခံရသည့်နေရာအနီးရှိ ပြည်သူ( ၄ )ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။
ယခုအခါ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူများ၏ နေအိမ်များကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်ပြုလုပ်လာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိရှိကြပြီး မိမိတို့ဒေသအလိုက်ချမှတ်ထားသော လေကြောင်းကာကွယ်ရေး အသိပေးချက်များအား လိုက်နာဆောင်ရွက်ရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။