Sañ Online Library For all pindaya

Sañ Online Library For all pindaya စာအုပ်ငှားဖတ်နိုင်ရန်အခမဲ့ဝန်​ဆော?

02/09/2023

ကာရံတွေက မညီခဲ့ပါဘူး
စိတ်ကူးနင့်သာ ရေးခြယ်ရတာ
ပန်းချီဟာလည်း မွဲပြာပြာနင့်....။

လူတိုင်းမှာ အဆင်မပြေမှုတွေ ရှိတယ်တစ်ချို့တွေကျ ဘေးလူက ဝင်ကူညီမှကို အဆင်ပြေမဲ့ အခြေနေမျိုး...😌ဒီကာလမှာ ဝမ်းနည်းစရာတွေ မြင...
22/11/2021

လူတိုင်းမှာ အဆင်မပြေမှုတွေ ရှိတယ်
တစ်ချို့တွေကျ ဘေးလူက ဝင်ကူညီမှကို အဆင်ပြေမဲ့ အခြေနေမျိုး...😌

ဒီကာလမှာ ဝမ်းနည်းစရာတွေ မြင်ရလည်း
သူသူငါငါ ကြိုးစားပီး ရှေ့ဆက်ရမှာဘဲဗျာ...။

"သမဂ္ဂါနံ  တပေါ  သုခေါ "ညီညွှတ်စွာနေထိုင်ခြင်းအကျင့်သည် ချမ်းသာလေ၏။သိသည်တတ်သည်ကျင့်သည်..သို့သော် မချမ်းသာလာတကား...။အဘယ်က...
21/10/2021

"သမဂ္ဂါနံ တပေါ သုခေါ "

ညီညွှတ်စွာနေထိုင်ခြင်းအကျင့်သည် ချမ်းသာလေ၏။

သိသည်
တတ်သည်
ကျင့်သည်..သို့သော် မချမ်းသာလာတကား...။

အဘယ်ကြောင့်နည်း ...?
တကိုယ်ရေခံစားချက် တစ်ဖက်ပိတ်အစွဲထား
အမြင်ကျဉ်းမူများနေ၍ လိုရင်းမရောက်နိုင်လေ‌ေတာ့သည်။

တစ်ဦးခြင်းထူးချွန်တာထက် ထူးချွန်‌သူတို့စုဖွဲမူ့ လုပ်ဆောင်မူ့
ညီညွှတ်မူ့သည် ချမ်းသာအတိ ချမ်းသာလေတည်း...။

04/10/2021

All Absurd တဲ့
ပြတ်သား‌လေးနက်မူ့ရှိလိုက်တာ...

`ချွေးတွေကို စျေးမဆစ်ပါနဲ့´-----------------------------------------ကိုယ့်အဖေလည်းပြောဖူးတယ်..ထုံးတို့မီးသွေးတို့မျှစ်တို...
02/10/2021

`ချွေးတွေကို စျေးမဆစ်ပါနဲ့´
-----------------------------------------
ကိုယ့်အဖေလည်းပြောဖူးတယ်..
ထုံးတို့မီးသွေးတို့မျှစ်တို့များ
ဘယ်တော့မှစျေးမဆစ်ပါနဲ့သမီးရယ်.တဲ့.
မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..
ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာ
ပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..
သိပ်ပင်ပန်းဆင်းရြဲကတာ..
ကိုယ်ချင်းစာပါသမီးရယ်တဲ့..🙏

"မဆစ်နဲ့"

မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့
ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက
"မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။
ဟုတ်တယ် သူပြောဖူးတယ်......
" မဆစ်နဲ့"လို့။
ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။

မကွေးဘက်လား၊ မုံရွာဘက်လား၊
ဒါမှမဟုတ် မတ္တရာဘက်လား၊
ဖေဖေကောင်းကောင်း မမှတ်မိတော့ဘူး။

အဝေးပြေးကားကြီးနဲ့သွားကြရာက
တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါ
ရေသန့်ဘူးရောင်းတဲ့ ကလေးမကလေးတစ်ယောက်
ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။

ရေခဲစိမ်ထားလို့ထင်ပါရဲ့၊
သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ
ရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့
အညာနေရဲ့ အောက်မှာ "ရေသန့်ဘူး၊
ရေသန့်ဘူး"ဆိုတဲ့ အသံလေးဟာ
စာနေတာပဲ။

နဂိုမူလ ညိုတဲ့အသားကလေးဟာ
နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။
ထုံးစံအတိုင်း ဆရာချစ်ဦးညိုက
ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။

ဟဲ့ သမီးလေး ရေသန့်ဘူး
ဘယ်လောက်လဲ ဘာညာပေါ့။
ကလေးမကလေးက သုံးရာ တဲ့။
သည်တုန်းက ရေသန့်ဘူးစျေးက
နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊
သုံးရာဆိုတော့ နည်းနည်းလေး
များသလိုလိုတော့ ရှိတာပေါ့။

အဲသည်မှာ ဆရာချစ်ဦးညိုက
ဆစ်တော့တာပါ။ သမီးလေး များတယ်ဟဲ့တဲ့ ၊ နှစ်ရာ့ငါးဆယ်ထားတဲ့။

သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊
ဆစ်နေက္မို့လို့ပဲလား ကလေးမလေးကို ကျီစားချင်လို့ပဲလား၊ တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။

အဲသည့်အချိန်မှာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံထွက်လာတာပါ။

" ငချစ် ... မဆစ်နဲ့ကွ" တဲ့။

သူတို့အချင်းချင်း
ချစ်စနိုးစကားဆိုတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ဂွစာတဲ့၊
ဆရာချစ်ဦးညိုကို ငချစ်တဲ့
အပြန်အလှန်ခေါ်နေကြမို့
ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။

ထား...
အဲတာက အရေးမကြီးလှပါဘူး။
မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။
နင်လား ငါလားအနေအထားနဲ့
ဘဝကို ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့
ကလေးတွေကို ပိုက်ဆံကလေး
ငါးဆယ်တစ်ရာ များသွားရုံနဲ့
မဆစ်နဲ့လို့ လှမ်းတားလိုက်တာက
အရေးကြီးတာပါ။

သည်လို သဘောထားမျိုးကို
ဖေဖေ သိပ်ကြိုက်သွားတယ်။

ဆရာချစ်ဦးညိုကလည်း
သိပ်ကြိုက်သွားပုံ ရပါတယ်။

အေးပါကွာ အေးပါကွာလို့ ဆိုပြီး
ကလေးမလေးပြောတဲ့အတိုင်း
ရေသုံးလေးဘူး ပေးဝယ်လိုက်တော့တာပါ။

အရပ်ထဲမှာ
တစ်ပုလင်း၁၅၀၀ထက်မပိုတဲ့
ဘီယာပုလင်းကို လေဆိပ်ထဲက
ပြည်ပထွက်ခွာ အခန်းထဲမှာ
၅၀၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

အရပ်ထဲမှာ ၆၀၀လောက်ပဲတန်တဲ့
ဘီယာဘူးကို လေယာဉ်ပေါ်မှာ
၁၅၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

ရေနွေးကြမ်းတစ်ခွက် ၅၀၀လည်း
ဖေဖေတို့ သောက်ခဲ့ကြရတာပဲ
မဟုတ်လား။

သူ့နေရာ သူ့ဒေသအလိုက် အဟန့်နဲ့
အခန့်နဲ့ တောင်းဆိုတဲ့ နှုန်းတွေကိုတောင်
ဖေဖေတို့ ဆစ်ခွင့်မရဘဲ စားသုံးခဲ့ကြတာပဲ ဥစ္စာ။

ဘာဖြစ်လို့ မိုးထဲလေထဲက
ရုန်းရုန်းကန်ကန်ဘဝတွေကို
ဘာကြောင့်များ တိတိကျကျကြီး
ဆစ်နေတော့မှာလည်း။

ဖေဖေ့အသိတစ်ယောက်
ဂျာနယ်ဝယ်ပုံကလေးကလည်း
စိတ်ဝင်စားစရာကောင်းတယ်။
မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ
ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။
၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။
သူက ကိုယ်လည်းဆင်းရဲနေတာမှ
မဟုတ်တာဗျာ တဲ့။ ကားလမ်းပေါ်မှာ ရပ်နေရရှာတာက ၁၀၀မက တန်ပါတယ်တဲ့။ ။ တမင်တကာ အားပေးတာပါတဲ့။
ရပ်တည်မှုလေးနည်းနည်း
အသက်ရှူချောင်ပါစေပေါ့။

တစ်ခါက ပြောင်းဖူးပြုတ်ရောင်းတဲ့
မိန်းမရွယ်ကလေးတစ်ဦး
ဖေဖေတို့အိမ်တံစက်မြိတ်မှာ
ပြောင်းဖူးပြုတ်တောင်းကိုချတော့
တိုတိုကလေးညှပ်ထားတဲ့
သူ့ဆံပင်လေးတွေကို
ကြည့်ပြီးမေးမိတယ်။

ဆံပင်တွေညှပ်ထားတာလားပေါ့။
သူက ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ။
ဆံပင်တွေ ကျွတ်လွန်းလို့ ညှပ်ထားတာတဲ့။

အဝတ်စကို ဖယ်တဲ့အခါ
ပြောင်းဖူးပြုတ်တွေဆီကနေ
အငွေ့လေးတွေထွက်လာတော့
ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။

ဘယ်တော့မှ မဆစ်ဘူး။
မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။
ဘဝတစ်ဝမ်းတစ်ခါးကို
ခြေကုန်လက်ပန်းကျမတတ်
ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။

သူတို့ကို ဘယ်တော့မှ
ဖေဖေ မဆစ်ချင်တော့ဘူး။
ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။

ကားအရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။
အိမ်အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။

လက်ဝတ်လက်စား အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။မဆစ်ကြပါနဲ့ဗျာ😌😌😌

_ဆရာ မောင်သာချို

လင်းယုန်ငှက်လိုကျင့်ပါ-----------------------------------လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အ...
28/08/2021

လင်းယုန်ငှက်လိုကျင့်ပါ
-----------------------------------

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ
အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး
အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
နေနိုင်ဖို့အတွက် သူတို့ရဲ့
အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ ဆုံးဖြတ်
ချက်တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး
အတောင်တွေကလည်း အရမ်းလေးလာပါတယ်
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်
ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး
အသိုက်တခုတည်ဆောက်လိုက်ပါတယ်
ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။
နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို
တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့
ရက်ပေါင်းက ၁၅၀ ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ
ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့
အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်


14/07/2021

*ခေတ်ပျက်သူဌေး*
-----------------------------
အရင်က လူကြီးတွေ ခေတ်ပျက်သူဌေးလို့ပြောရင် အပြည့်အဝ နားမလည်ခဲ့ဘူး။ မကောင်းတဲ့လူကိုပြောမှန်းတော့ သိတယ်။

ခေတ်ပျက်သူဌေးဆိုတဲ့ အဓိပ္ပါယ်ကို ခုမှရှင်းရှင်းလင်းလင်း သိသွားတာ။ ခေတ်ပျက်လို့ လူတိုင်းဒုက္ခ‌ ရောက်နေချိန်မှာ အဲဒီဒုက္ခတွေကို ချနင်းပြီး ကိုယ်အကျိုးရှိသွားအောင်၊ ချမ်းသာအောင် စီးပွားရေးလုပ်တဲ့သူ‌တွေ၊ လူဖြစ်ပြီး လူမဟုတ်တဲ့ သူတောင်းစားတွေကို ခေါ်တာကိုး။

Copy

အမြဲသတိရနေမှာပါ... ကံမကုန် ပြန်ဆုံကြတာပေါ့ ...telenor..ရေ
08/07/2021

အမြဲသတိရနေမှာပါ...
ကံမကုန် ပြန်ဆုံကြတာပေါ့ ...telenor..ရေ

တစ်ချို့ထမင်းဝိုင်းတွေက လူမစုံကြတော့ဘူး.......😭28.2.2021
28/02/2021

တစ်ချို့ထမင်းဝိုင်းတွေက လူမစုံကြတော့ဘူး.......😭

28.2.2021

02/02/2021

ကျနော်သည် ရိုးရိုးသာမာန်ပြည်သူတစ်ဦးအနေဖြင့် ပင်းတယဒေသအတွင်း Sañ Online Library ဖွင့်လှစ်လျက် အခမဲ့ဝန်ဆောင်မူ့ဖြင့် ပရဟိတလုပ်နေသူတစ်ဦးဖြစ်ပါသည်....။

Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်များနှင့် အခြားသော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ 🙏🙏🙏
God Bless Myanmar!






11, 12 လပိုင်းအတွက်...ဤ page ကနေ ငှားယူဖတ်ရှု့မူ့မှတ်တမ်းလေးပါခင်ဗျ....အားလုံးကိုကျေးဇူးတင်လျက်....
12/01/2021

11, 12 လပိုင်းအတွက်...
ဤ page ကနေ ငှားယူဖတ်ရှု့မူ့မှတ်တမ်းလေးပါခင်ဗျ....
အားလုံးကိုကျေးဇူးတင်လျက်....

စာအုပ်အညွှန်း===========၁။ညီပုလေး {တက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်}        ပင်းတယသူ/သားတစ်‌‌ေယာက်အနေဖြင့်  မီး...
05/01/2021

စာအုပ်အညွှန်း
===========
၁။ညီပုလေး {တက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်}

ပင်းတယသူ/သားတစ်‌‌ေယာက်အနေဖြင့် မီးအိမ်ရှင်ဆရာကြီး
ဒေါက်တာသန်းမင်းထွဋ်ကို မလွမ်းတဲ့သူဆိုတာရှိမယ်မထင်ပါဘူးဗျာ..ဆရားကြီးကိုအရမ်းလွမ်းနေရင်တော့ဒီစာအုပ်‌ဖတ်ကြည့်ပါ..
ဆရာကြီးအကြောင်းမဟုတ်‌ေပမယ့် ဆရာကြီးအကြောင်းရေးထားတယ်လို့ခံယူမိသွားပါလိမ်မည်....

၂။မင်းကျော်ဝင်း{အစားအစာဖြင့်ကိုယ်အလေးချိန်လျှော့ချခြင်း}

ဝိတ်လျှော့လို့ ဒုက္ခရောက်နေသူတွေ ဝိတ်လျှော့ရင်းနက်လမ်းပျောက်နေတာတွေ၊လမ်းလွဲနေတာတွေကို တစ်ထောင့်တစ်နေရာကနေလမ်းပြပေးနိုင်မည့် စာအုပ်တစ်အုပ်....

ဤစာအုပ်များကို Pageကနေမှာယူဖတ်ရှု့နိုင်ပါပြီခင်ဗျ ၊အိမ်အရောက်ပို့ဆောင်ပေးမည်,ဖတ်ပြီးလာယူပေးမယ်ခင်ဗျ
ပင်းတယနယ်အတွင်းသာရပါတယ်ခင်ဗျ.....

Address

Pindaya

Website

Alerts

Be the first to know and let us send you an email when Sañ Online Library For all pindaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category