Magway National League For Democracy

Magway National League For Democracy We will change our country together . We want Democracy.

02/03/2021
၁။ဒေါ်ဇင်မာအောင်နိုင်ငံခြားရေးဝန်ကြီးဌာန၂။ ဦးလွင်ကိုလတ်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၃။ ဦးတင်ထ...
02/03/2021

၁။ဒေါ်ဇင်မာအောင်
နိုင်ငံခြားရေးဝန်ကြီးဌာန

၂။ ဦးလွင်ကိုလတ်
သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန

၃။ ဦးတင်ထွန်းနိုင်
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ံခြားစီးပွါးရေးဆက်သွယ်ရေးဝန်ကြီးဌာန
စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

၄။ဒေါက်တာဇော်ဝေစိုး
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

ကြေညာချက်အမှတ်၊ (၁၁/၂၀၂၁)
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်
ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့်ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက် သည်။

(၁) ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
(၃) ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန
ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၄) ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။

(ပုံ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

27/02/2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( Committee Representing Pyidaungsu Hluttaw-CRPH ) က (၇၄) နှစ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်
--------------------------------------------

ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား မွန်တိုင်းရင်း သားများ တန်ဖိုးထား အလေးအမြတ်ပြုသည့် (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့ဖြစ်ပေသည်။ မွန်အမျိုးသား နေ့ကို မွန်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးနှင့် အတူတကွ ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။
မွန်တိုင်းရင်းသားတို့သည် ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေးမှုသမိုင်း အစဉ်အလာ မြင့်မားလျက် ပြည်ထောင်စုအတွင်း စည်းလုံးညီညွတ်အေးချမ်းစွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ညွှန်းအပ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှု၊ သာယာငြိမ်းချမ်းမှု စသည့် ကောင်းခြင်းလက္ခဏာများသည် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် လေးစား နားလည် စာနာမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု ရှိကြမှသာ ပြည့်စုံနိုင်မည်ဟု ယုံကြည်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖက်စစ်တော်လှန်ရေးသမိုင်း၊ လွတ်လပ်ရေးသမိုင်းနှင့် စစ်အာဏာရှင် တော်လှန်ရေးသမိုင်း ဖြစ်စဉ်တိုင်းတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တစိတ်တဝမ်းတည်း အတူယှဉ် တွဲ တိုက်ပွဲဝင်ခဲ့ကြသည့် မှတ်တမ်းအထောက်အထားများ ခိုင်လုံစွာ ရှိခဲ့ပြီးဖြစ်ပေသည်။ ယနေ့ကာလ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင်တစ်စုက ဥပဒေမဲ့အာဏာသိမ်းယူ ခဲ့မှုကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ခရီးအတွက် ကြီးစွာသော အန္တရာယ်ကျရောက်နေရပြီး မွန်တိုင်းရင်းသားများ အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကို လုံး၀ဆန့်ကျင်လျက် နေ့စဉ် ရက်ဆက် အကြမ်းမဖက်သော နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြသည့် အချိန်ဖြစ် ပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ကြသော တိုင်းရင်းသားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား စစ်အာဏာရှင်တို့ က အကြမ်းဖက် ဖြိုခွဲဖမ်းဆီး ဖိနှိပ်မှုများ ကြုံတွေ့နေရပါသည်။
Civil Disobedience Movement တွင် ပါဝင်ကြသည့် မွန်တိုင်းရင်းသား နိုင်ငံ့ဝန်ထမ်းများ၊ မွန်တိုင်း ရင်းသားပြည်သူ လူငယ် မောင်မယ်များအား လှိုက်လှဲစွာကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါသည်။
စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို အခြေခံပြီး ဖက်ဒရယ် စနစ်ကို ပီပြင်စွာဖော်ဆောင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင် စုဖွား မွန်တိုင်းရင်းသားများအနေဖြင့် အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်း ညီညွတ်စွာ ကြိုးပန်း အားထုတ်ကြပါစို့ဟု အလေးအနက်တိုက်တွန်းရင်း သဝဏ်လွှာ ပါးအပ်ပါသည်။

25/02/2021
အချိန်ကအရမ်းနီးကပ်​နေပါပြီနော် နက်ဖြန် Dr SASA သည်သန်းပေါင်းများစွာသောမြန်မာများနှင့်နိုင်ငံကိုယ်စားပြု First time တံခါး...
25/02/2021

အချိန်ကအရမ်းနီးကပ်​နေပါပြီနော် နက်ဖြန် Dr SASA သည်သန်းပေါင်းများစွာသောမြန်မာများနှင့်နိုင်ငံကိုယ်စားပြု First time တံခါးပိတ်ဆွေးနွေးပွဲဝင်ရတော့မည်ဖြစ်သောကြောင့် Dr. SarSar.ကို ပြည်သူတစ်ဉီးတစ်ယောက်ချင်းစီတိုင်း မိမိ.Wall.
ပေါ်တွင် ယုံကြည်လေးစားစွာ
ထောက်ခံပါကြောင်း တင်ပေးခြင်းအားဖြင့် ​ယုံကြည်လေးစားစွာ တိုက်တွန်းအပ်ပါသည်။🙏🙏🙏🙏🙏
Crd

25/02/2021

ဦးသောဘိတ ရဲ့ နိုင်ငံရေး အမြင်

Address

Pwinbyu

Website

Alerts

Be the first to know and let us send you an email when Magway National League For Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Magway National League For Democracy:

Share