20/02/2020
ဘာလို့ ပိုက်ဆံတွေအကုန်ခံပြီး
Pre-Wedding တွေရိုက်ကြတာလဲ
-------------------------------
သင်ဟာ ဓာတ်ပုံရိုက်ခံရတာ ဝါသနာပါသည်ဖြစ်စေ
ဝါသနာ မပါသည် ဖြစ်စေ ခုပြောပြမယ့်
အကြောင်းအရာလေးတွေကတော့
သင်နဲ့ရော သက်ဆိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
ကျွန်တော်တို့ရဲ့ အသက်တွေဟာ
တစ်ဖြည်းဖြည်း ကြီးလာတာနဲ့အမျှ
ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ
အမှတ်တရတွေများစွာနဲ့ ပြည့်နက်နေပါတယ် ။
စိတ်ညစ်စရာအကောင်းဆုံးကိစ္စကလည်း
မေ့ဖျောက်လို့မရပဲ စိတ်ထဲစွဲထင်နေသလို
ပျော်စရာအကောင်းဆုံးကိစ္စကလည်း
အမှတ်တရအနေနဲ့ ရှိနေတက်ပါတယ်
တစ်ချို့အမှတ်တရတွေက
အကြိမ်ကြိမ် ကြုံတွေ့ရတက်ပြီး....
တစ်ချို့ အမှတ်တရတွေကတော့
နှစ်ခါပြန်မရနိုင်တာ သေချာပါတယ်.....
ဘဝမှာ ဘယ်တော့မှ နှစ်ခါပြန်မရနိုင်တဲ့ အမှတ်တရတွေ ရှိပါတယ်။ အဲ့ဒီထဲမှာ Pre-Wedding လည်းပါပါတယ်။
Pre-Wedding ရိုက်တယ်ဆိုတာကတော့
ပျော်ရွှင်စရာအမှတ်တရတစ်ခု ဆိုတာထက်
သင်အချစ်ရဆုံးသောချစ်သူနဲ့အတူ
ထိမ်းမြားလက်ထပ်ခြင်းမတိုင်ခင်
ချစ်ခြင်းမေတ္တာတွေ ပြည့်နက်နေတဲ့
အမှတ်တရတစ်ခုကို ဖန်တီးတာမျိုးဖြစ်ပါတယ်။
Pre-Wedding ရိုက် ၊ ပုံထုတ် ဘောင်ခတ်ပြီး
အိမ်မှာချိတ်ဆွဲထားရုံအပြင် ဘာများထူးခြားလို့လဲ
ဆိုပြီး သင်မေးကောင်းမေးနိုင်ပါတယ်...
ဟုတ်ကဲ့။
ဓာတ်ပုံကိုချိတ်ဆွဲထားတာမဟုတ်ပါဘူး
သင်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ချိတ်ဆွဲထားတာပါ
အသက်အရွယ်ရလာလို့ တစ်ဦးနဲ့တစ်ဦး
နားလည်မှုအနည်းငယ်လွဲလာတာမျိုးဖြစ်ခဲ့ရင်တောင်
ချိတ်ဆွဲထားတဲ့ Pre-Wedding ပုံလေးကိုမြင်တာနဲ့
ငယ်ရွယ်နုပျိုခဲ့စဉ်က ချစ်ခြင်းအငွေ့အသက်တွေကို
ပြန်လည်မြင်ရောင်လာပြီး
အချစ်တွေပိုတိုးလာစေပါလိမ့်မယ်...
အသက်တွေကြီးလာတဲ့အခါ ဒီနံရံမှာ ချိတ်ထားတဲ့ပုံလေးတွေက ငယ်ငယ်က အမှတ်တရတွေဆီ ပြန်ခေါ်သွားပါလိမ့်မယ်။
အသက်တွေကြီးလာတဲ့အခါ ဒီနံရံမှာ ချိတ်ထားတဲ့ပုံလေးတွေက ငယ်ငယ်က ပျော်ရွှင်မှုတွေဆီ ပြန်ခေါ်သွားပါလိမ့်မယ်။
အသက်တွေကြီးလာတဲ့အခါ ဒီနံရံမှာ ချိတ်ထားတဲ့ပုံလေးတွေက ငယ်ငယ်က ချစ်ခြင်းမေတ္တာတွေဆီ၊ ကြင်နာမှုတွေဆီ အရောက်ပြန်ခေါ်သွားပါလိမ့်မယ်။
Pre-Wedding ရိုက်ပြီးစ မှ မသိသာပေမယ့် သင်အသက်ကြီးလာတဲ့အခါမှာမှ Pre-Wedding မရိုက်မိခဲ့တဲ့နောင်တမျိုး၊ Pre-Wedding ကောင်းကောင်းမရိုက်မိခဲ့တဲ့ နောင်တမျိုးမရပါစေနဲ့...
အကယ်၍ သင့်ရဲ့ချစ်သူက
Pre-Wedding ရိုက်ဖို့ ငြင်းဆန်နေတယ်ဆိုရင်
ဒီစာလေးကို ဖတ်ပြလိုက်ပါ။ (ဒါမှမဟုတ်) ဒီစာလေးကို သင့်ချစ်သူကို Tag လုပ်ပြီး Share ပါ။
ပြီးတော့....
ထိမ်းမြားလက်ထက်ခြင်း မတိုင်ခင်
ကြီးကျယ်ခမ်းနားတဲ့ အမှတ်တရတွေ ဖန်တီးပါ။
သင်နဲ့ သင့်ချစ်သူရဲ့ အိမ်လေးထဲမှာ
ချစ်ခြင်းမေတ္တာ အငွေ့အသက်တွေ
အမြဲထာဝရ ချိတ်ဆွဲထားနိုင်ဖို့အတွက်
ကျွန်တော်တို့ Together မှာ ကူညီပေးပါရစေ....
သင်တို့ ချစ်ခြင်းတွေ ထာဝရတည်မြဲပါစေ... ❤️❤️
*