PTU Book Club

PTU Book Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PTU Book Club, Pyay Technological University, Pyay.

နံပါးမှာ ယုန်ဖြူဆွတ်ကယ်နဲ့ဆန်ဖွတ်တဲ့အဖိုးအိုရယ်  #တက္ကသိုလ်ကျောင်းတိုက်နှစ်ပတ်လည်မဂ္ဂဇင်း #မောင်သိန်းဟန်
22/08/2020

နံပါးမှာ ယုန်ဖြူဆွတ်ကယ်နဲ့
ဆန်ဖွတ်တဲ့အဖိုးအိုရယ်

#တက္ကသိုလ်ကျောင်းတိုက်နှစ်ပတ်လည်မဂ္ဂဇင်း
#မောင်သိန်းဟန်

အချို့ငှက်တွေက  လှောင်ပိတ်ထားလို့ မရဘူးသူတို့ အတောင်ပံ တွေကကို တက်ကြွလွန်းနေတာ😍 credit #ချင်းပြည်နယ်ရဲ့မီးအိမ်ရှင်_ဒေါက်...
21/08/2020

အချို့ငှက်တွေက လှောင်ပိတ်ထားလို့ မရဘူး
သူတို့ အတောင်ပံ တွေကကို တက်ကြွလွန်းနေတာ😍 credit
#ချင်းပြည်နယ်ရဲ့မီးအိမ်ရှင်_ဒေါက်တာဆာဆာ

ချင်းပြည်နယ်ရဲ့ မီးအိမ်ရှင်အကြောင်းကို သားတော်မောင်တွေကို ဖတ်ပြတော့ စိတ်ဝင်စားကြတယ်။
ဆက်ဖတ်ပြဆိုတာနဲ့ ကိုယ်လည်းသူ့အင်တာဗျူးတွေနည်းနည်းကြည့်ပြီးတော့ သုညက စခဲ့ရတဲ့ သူ့ဘဝ၊ ခက်ခဲမှုတွေကို ယုံကြည်မှုနဲ့ကျော်လွှားခဲ့ပုံ၊ ကိုယ့်ပြည်နယ်ကိုယ်ဒေသကို မေ့မထားပဲ ဖွံ့ဖြိုးအောင် လုပ်ခဲ့ပုံတွေကို inspiration ရစေချင်တာကြောင့် ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်.. (မှီးငြမ်းကူးထားတယ်ပြောရင် ပိုမှန်ပါမယ်)။
အလွန်စိတ်ဝင်စားလေးစားဖွယ်ကောင်းတဲ့ ဒီသူရဲကောင်းလူငယ်ရဲ့ဘဝဖြတ်သန်းမှုနဲ့သူရဲ့လုပ်ဆောင်ချက်တစ်စွန်းတစ်စကိုလေ့လာကြည့်မယ်ဆိုရင်.......

ဒေါက်တာဆာဆာဖြစ်မည့် တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးတဲ့ လိုင်းလင်းပီရွာက ကလေးလေးကိုလည်း ဒေါက်တာဖြစ်မည်လို့ သူ့အဖေက ပြောတုန်းက ရွာကလူတွေက သူ့ကို အရူးလို့ ထင်ပြီး ဝိုင်းကြည့်ဖူးတယ်။ ရုပ်ဝတ္ထုတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ဒေသတစ်ခုမှာ ပညာတတ်တွေရှိလား။ ရှိရင် အဲဒီနေရာရဲ့ အနာဂါတ်ကို သွားပြီး ဟောကိန်းမထုတ်လေနဲ့။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒေါက်တာဆာဆာ လေသံအတိုင်း ယူပြောရရင်
“The greatest gift we can give to the younger generation is education. They will be able to do so many things. Just watch – we will change their story.”

ဒေါက်တာဆာဆာကို မိုးရွာတဲ့နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ မွေးတယ်။ မွေးနံ မွေးရက် မွေးသက္ကရာဇ် ဘာမှ မသိဘူး။ သူ့အမေက စာတစ်လုံးမှ မတတ်ဘူး။ သူ့အဖေကတော့ ပထမတန်းကို ဒစ်စတင့် အက်ကျူကေးရှင်းနှင့် အောင်တယ်တဲ့။ 😂
သားဖွားဆရာမလည်း မရှိဘူး။ စာသင်ကျောင်းလည်း မရှိဘူး။ ဒါကြောင့် ဒေါက်တာဆာဆာရဲ့ မွေးသက္ကရာဇ်အတိအကျကို ဘယ်သူမှ မသိဘူးတဲ့။ မိုးရွာနေတဲ့ မနက်ခင်းဟာ ဒေါက်တာဆာဆာရဲ့ မွေးနေ့ပဲ။ အေးတာပဲ။
(မီးဖိုချောင်ထဲမှာ သူအမေကိုယ်တိုင်မွေးရတယ်တဲ့.. အဲ့ဒါကြောင့် ဆေးကျောင်းတက်လို့ ကိုယ်ရေးရာဇာဝင်ဖြည့်တဲ့အချိန်မှာ ကျောင်းက သူ့ကို အယုံအကြည်မရှိဘူး)

အသက် ၁၃နှစ်အရွယ် သူ့ရွာမှာ စာဆက်သင်ဖို့ကျောင်းမရှိတော့တာရော၊ လက်နက်ကိုင်တွေကသောင်းကျန်း၊ စာဆက်သင်ဦးမယ်ဆိုပြီး လိုင်လင်းပီရွာကနေ ရန်ကုန်ကို စွန့်စွန့်စားစား တက်လာတယ်။ အဝတ်တထည် ကိုယ်တစ်ခု။ ရန်ကုန်ရွှေမြို့တော်ကြီးကို ပညာသင်သွားတော့မှာ ဆိုတော့ ရွာကလူတွေက ကြက်တွေ လက်ဆောင်ပေးကြတယ်။ ကြက်တွဲကြီးကို ဝါးလုံးနှင့် လျှိုထမ်းပြီး ရန်ကုန်တက်လာတယ်။ ခြေလျင်။ လမ်းမှာ ရက်ပေါင်းနှစ်ဆယ်ကြာတယ်။ ကျောင်းစရိတ်အတွက် ကြက်တစ်အုပ်လည်း လမ်းခရီးမှာတင် ကုန်ပြီ။ အေးတာပဲ။

တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးသူ။ ဆံပင်ကလည်း အရှည်ကြီး။ ခေါင်းမှာလည်း သန်းတွေချည်း။ မြန်မာစကားကလည်း တစ်လုံးမှ မတတ်။ ရန်ကုန်ရောက်တော့ လိုင်းကားသမားက သူခိုးကြမ်းပိုးထင်ပြီး ကန်ချထားခဲ့တယ်။ အေးတာပဲ။

ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်ရင်းနဲ့ပဲ ၁၉၉၇ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ဘွဲ့လေးတစ်ခုတော့ ယူလိုက်မယ် စိတ်ကူးပေမယ့် အဲဒီအချိန်မှာ တက္ကသိုလ်တွေက ပိတ်ထားတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့ လိုင်းလင်းပီရွာကို ပြန်တယ်။

ရန်ကုန်ပြန် ခေတ်ပညာတတ်ကြီးဆိုတော့ ရွာကလူတွေက စာသင်ခိုင်းတယ်။ လိုင်းလင်းပီမှာ လုပ်အားပေးဆရာအဖြစ် နှစ်နှစ် စာသင်ပေးတယ်။ ရွာမှာနေထိုင်ရင်း ဘာတွေ့ရလဲဆိုတော့ ရွာကလူတွေ အကြောင်းအမျိုးမျိုးနဲ့ အလွယ်တကူ သေဆုံးနေကြရတာကို သူသတိထားမိလာတယ်.. ။ သူ စာသင်ပေးနေတဲ့ ကလေးငယ် သုံးယောက် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါနဲ့ သေဆုံးသွားခဲ့တော့ သူနာကျဉ်းတတ်လာတယ်.. သူဆွေမျိုးတစ်ယောက် ကိုယ်ဝန်ဆောင်ရင်း သေဆုံးရတဲ့နောက်မှာတော့... ဒီဒေသမှာ ဆရာဝန်လိုအပ်နေပြီဆိုတာကို သူသဘောပေါက်လာတယ်... အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ ရွာသူရွာသားတွေ ကျန်းမာရေးဗဟုသုတမရှိတာကို စဉ်းစားမိပြီး ကိုယ်တိုင်ပဲဆေးပညာကိုလေ့လာသင်ယူဖြန့်ဝေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်..

၁၉၉၉မှာ ရွာကသူတွေက စုပေါင်းပြီး အိန္ဒိယကို အောက်လမ်းက ပို့လိုက်ကြတယ်။ ရွာကပေးလိုက်တဲ့ ကြက်မတစ်အုပ်ကြီး ထမ်းပြီး အိန္ဒိယထဲ ကူးသွားတယ်။ ရဲတွေက ကြက်သူခိုးဆိုပြီး ကြက်တွေကို ရိုက်သတ်ချက်စားပြီး လူကိုတော့ အချုပ်ထဲ ထည့်လိုက်တယ်။ အေးတာပဲ။
နောက်ဆုံး ဒေလီကို ရောက်လာတယ်။ ကောလိပ်တက်ဖို့ သွားလျှောက်တယ်။ အနောက်တိုင်းဝတ်စုံနှင့်မှ ကျောင်းထဲ ဝင်ခွင့်ပြုမယ်ဆိုလို့ ဘောင်းဘီတစ်ထည်ပြေးဝယ်တယ်။ ပိုက်ဆံမတက်နိုင်တော့ ဈေးအပေါဆုံးဘောင်းဘီဝယ်လာတယ်... အင်္ကျီကသူငယ်ချင်းဆီကယူဝတ်တာ မတော်တော့ နည်းနည်းကျပ်နေတယ်..။ ဝယ်လာတဲ့ဘောင်းဘီကမီန်းကလေးတွေဝတ်တာဖြစ်ပြီး ကျပ်ထုတ်နေတဲ့အင်္ကျီနဲ့ဆိုတော့ ကျောင်းအုပ်က မိန်းမလျှာထင်ပြီး ငြင်းလွှတ်လိုက်သတဲ့။ ကျားကျားယားယား ဥပဓိကောင်းတဲ့ ချင်းကြီးဆာဆာရဲ့အဖြစ်က..အဲ့လို

ကောလိပ်ကျောင်းပေါင်း ၃၃ ကျောင်းကို လျှောက်ပေမယ့် မရခဲ့ဘူး။ နောက်ဆုံးတော့ ကောလိပ်တစ်ခုမှာ ဝင်ခွင့်ရခဲ့ပြီး။ ပြီးဆုံးတော့ ဆေးကျောင်းလျှောက်ဖို့ အမှတ်မှီခဲ့တယ်.. နောက်တော့ Prospect Burma ကျောင်းနဲ့ သူဆက်သွယ်မိတယ်.
Prospect Burma ကျောင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရံပုံငွေ တစ်စိတ်တစ်ဒေသနဲ့ ဖွင့်လှစ်ထားတဲ့ အိနိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ကျောင်းပါ။ မြန်မာပြည်ကရောက်လာကြတဲ့ ဒုကသည်အမျိုးမျိုးကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ စတဲ့လိုအပ်တာတွေ အခမဲ့သင်ကြားပေးပါတယ်။ လမ်းစရိတ်နဲ့ စာအုပ်စာတမ်း၊ စာရေးကိရိယာတွေ နဲ့ သင်တန်းအမျိုးမျိုးအတွက် schorship တွေလဲ ပေးပါတယ်။
အင်္ဂလိပ်စကား သိပ်မကျွမ်းသေးတဲ့ ဆာဆာက သူသိသမျှ တတ်သမျှ အင်္ဂလိပ်စကားပြောနဲ့ ဆရာဝန်ဖြစ်ချင်တဲ့အကြောင်းကို ထပ်ခါထပ်ခါရှင်းပြပြောရတာပေါ့...
နောက်ဆုံးတော့လည်း Prospect Burma က ဆာဆာကို ထောက်ပံ့ကြေးပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်.. (Prospect Burma ကလည်း ကျောင်းစရိတ်ကြီးတဲ့ London မှာတော့ မထောက်ပံ့နိုင်ဘူးလေ... လူဦးရေ ၃ သန်းလောက်သာ ရှိတဲ့ အာမေးနီးယား နိုင်ငံလေးမှာ ဆေးပညာပထမနှစ် တက်ဖို့ ကျောင်းစရိတ်လောက်ပဲထောက်ပံ့ပေးနိုင်ရှာတယ်။ စားဖို့နေဖို့ အခြားစရိတ်တွေတော့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းပေါ့။ စားမေးပွဲကြရင်လည်း ထပ်မပေးဘူးပေါ့ဆိုတဲ့ ကတိတွေနဲ့ပဲ ကျောင်းတတ်ခဲ့ရတယ်..

အဲ့ဒါနဲ့ အာမေးနီးယားရောက်ရောပေါ့... စားဝတ်နေရေးအတွက်တော့ လမ်းဘေးဆိုင်မှာ အိုက်တိုးပဂေးဆံ လုပ်၊ ဟိုသွားဒီသွားဖို့က ကိုးခြောက်ကိုးသုံး၊ စာအုပ်စာတမ်းအတွက် စာကြည့်တိုက်နဲ့ ဟိုငှားဒီငှား နဲ့ပဲ စားမေးပွဲမကျအောင် ကြိုးစားရတော့တာပေါ့..

သူ့ရဲ့ စိတ်ဓါတ်ကို စမ်းသပ်ခဲ့တာတွေလည်း ရှိတယ်... သူ့အကြောင်းကို သိတဲ့ သူဌေးမကြီးတစ်ယောက်က သူ့ဆီကို လာလည်ရင်း ကားဝယ်စီးဖို့ဆိုပြီး ဒေါ်လာငါးထောင် ပေးခဲ့တယ်..
ဒေါ်လာငါးထောင်ပိုက်ပြီးပြန်လာတဲ့ စိတ်ကူးထဲက "ကားလေးတစ်စီးနဲ့အာမေးနီးယမ်းဆေးကျောင်းသူလေးတွေနဲ့ လျှောက်လည်မယ့်အကြံအစည်"ဟာ သူ့အခန်းကျဉ်းလေးထဲ ရောက်တော့ ချက်ခြင်းပဲ ပြောင်းလဲသွားပါတယ်...
ဘာ့ကြောင့်ဆို မနေ့ကမှ သူ့ရွာချင်းတောင်က ရောက်လာတဲ့ "ရွာမှာ ရေရှားနေပြီဖြစ်ကြောင်း၊ သောက်ရေသန့်ရဖို့ ဟိုးအဝေးကြီးကို တောင်တက်တောင်ဆင်းနဲ့ သက်စွန့်ဆံဖျား သွားခပ်ကြရကြောင်း" ရေးထားတဲ့စာကို စားပွဲပေါ်မှာတွေ့လိုက်ရတော့ သူ့လက်မှာ ပူပူနွေးနွေးကိုင်လာခဲ့တဲ့ ဒေါ်လာငါးထောင်ကိုလည်း သူ့ရွာနဲ့ ရွာနီးကပ်ရွာတွေအတွက် ရေလှောင်ကန်ရေပိုက်သွယ်ရာမှာသုံးဖို့ ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရွာကို မမေ့ဘူးပေါ့...

သူဆဌမနှစ်ဆေးကျောင်းသားဘ၀ ၂၀၀၈ ခုနှစ်မှာ ဗြိတိသျှနန်းလျာ ချားလ်မင်းသားနဲ့ တွေ့ဆုံခဲ့ရတယ်။ နေရာက London မြို့ပေါ်က Abbey Gardens, Westminister ဆိုတဲ့ အဓိကနေရာကြီးမှာပေါ့.. တော်ဝင်မင်းသားနဲ့တွေ့တဲ့အခါ လိုက်နာရမယ့် နှုတ်ဆက်ပုံတွေကို မလုပ်တတ်လို့ တွေးပူနေတဲ့ ဆာဆာကံကောင်းချင်တော့ စံအိမ်တောင်အပေါ်ထပ်လှေကားပေါ်က ဆင်းလာတဲ့ ချားလ်မင်းသားက လှေခါးတစ်ဝက်ကနေပဲ ဟိုရောင်စုံဝတ်စုံနဲ့ ထောင်ထောင်မောင်းမောင်းလူငယ်က ဘယ်သူလဲဆိုပြီး ပြောဆိုပြီး သူနားရောက်လာပြီး သူ့လက်မောင်းကို လှမ်းကိုင်လိုက်တော့ အရိုအသေမပြုတတ်တဲ့ ဆာဆာလည်း ချောလဲရောထိုင်လုပ်ရတာပေါ့..
ဆာဆာရဲ့ ချင်းဝတ်စုံကို "colorful and beautiful" လို့ ၅ ကြိမ်လောက်ပြောတဲ့ ချားလ်မင်းသားကို ဆာဆာက ချင်းပြည်နယ်အဲ့နှစ်မှာကြုံတွေ့ နေရတဲ့ နှစ်၅၀မှတစ်ခါပွင့်တဲ့ ဝါသီးပွင့်ချိန်မှာမှ ကြွက်တွေကြောင့် အငတ်ဘေးရတဲ့အကြောင်းကို တင်ပြခွင့်ရခဲ့တယ်...
London ကအပြန်မှာတော့ ချင်းပြည်နယ် အငတ်ဘေးလူနာ ၃၇၅၇ အတွက် ဆေးပစည်းအကူအညီနဲ့အတူ ဆန်အိတ် ၇၅၉ အိတ်ကို ချားလ်မင်းသားတို့ဆီကနေ အကူအညီ ရခဲ့တယ်..
၂၀၀၉ ခုနှစ်မှာ အာမေးနီးယားတကသိုလ်ကနေ ဆာဆာ တစ်ယောက် ဆရာဝန်ဘွဲ့ကို ဂုဏ်ထူးနဲ့ရခဲ့ပါတယ်။ Prospect Burma ရဲ့ အထောက်အပံ့နဲ့ ဆာဆာရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပေါ့..

ဆရာဝန်ဘွဲ့ရပြီး လန်ဒန်မှာ မွေးစားအမေလို့ ပြောနိုင်တဲ့ လွှတ်တော်အမတ်အဆက်အသွယ်နဲ့ လူရည်တက်တွေကြားမှာ တစ်နှစ်လောက် ကျင်လည်ပြီးနောက် ဒေါက်တာဆာဆာ သူ့ရွာလေးကို ပြန်ဖို့ပြင်ပါတယ်.. လန်ဒန်မှာရှိတဲ့ သူ့မိတ်ဆွေတွေကတော့ လန်ဒန်မှာပဲ နေလို့ရရဲ့သားနဲ့ ဘာလို့ တောကြိုအုံကြားကို ပြန်ရတာလည်းဆိုပြီး တားတာပေါ့..
သူ့ရပ်ရွာရဲ့ ကျန်းမာရေးကို မြှင့်တင်မှုကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ဒေါက်တာဆာဆာ ကားလမ်းမရှိ၊ မီးမရှိ၊ ခေတ်မှီအသုံးအဆောင် ဘာမှမရှိတဲ့ သူ့တောင်ပေါ်ရွာလေးကို ပြန်လာခဲ့တော့တယ်..

သူ့ရွာပြန်ရောက်တာနဲ့ သူရွာနဲ့ ရွာနီးချုပ်စပ်က ရွာတွေက လူနာမျိုးစုံကို ကုတော့တာပေါ့...
တစ်ရက်ကို လူနာ လေးရာကျော် ကြည့်ရတဲ့ ဒေါက်တာဆာဆာလည်း နှစ်ပတ်လောက်နေတော့ အရမ်းပင်ပန်းပြီး သူကိုယ်တိုင် လူနာပြန်ဖြစ်မယ့် အခြေအနေ ဖြစ်လာတော့တယ်... ဒီလို ရေရှည်မဖြစ်သေးပါဘူးဆိုပြီး... ရွာတိုင်းမှာ အခြေခံကျန်းမာရေးအသိရှိသူတွေ မွေးထုတ်ပေးမှပါဆိုပြီး ... တစ်ရွာကို လူ၂ယောက်နှုန်းနဲ့ ရွာပေါင်း ၁၄၇ ရွာက အခြေခံကျန်းမာရေးလုပ်သားလုပ်မယ့်သူတွေကို သင်တန်းပေးတဲ့လုပ်ငန်း ကို ၂၀၀၉ နိုဝင်ဘာမှ စတင်နိုင်ခဲ့ပါတယ်။။

သူ့သင်ရိုးက "Where there is no Doctor" (ဆရာဝန်မရှိတဲ့နေရာမှာ) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သင်တန်းသားတွေကို သာမိုမီတာတစ်ချောင်းစီ၊ နားကြပ်တစ်ခုနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာ တစ်ခုစီကိုပါ သင်တန်းပြီးတဲ့အခါ ထည့်ပေးလိုက်တယ်..။ Prospect Burma နဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ပေါ့... အဲဒီ သင်တန်းကဆင်းတဲ့ အခြေခံလုပ်သား ၃၀၀ ကျော်က ချင်းပြည်နယ်ပြည်သူ တစ်သိန်းကျော်လောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်ဖက်တစ်လမ်းက ကာမိစေတာပေါ့..

နောက်ပိုင်း အဲဒီပရောဂျက် နာမည်ကို Health and Hope(ကျန်းမာခြင်းနဲ့မျှော်လင့်ခြင်း) နာမည်နဲ့ ဒေါက်တာဆာဆာက ဖောင်ဒေးရှင်းထောင်လိုက်တယ်... အဲ့ဒီဖောင်ဒေးရှင်းမှာ ချာလ်းမင်းသားက နာယကပေါ့..
အဲ့ဒီဖောင်ဒေးရှင်းကနေ ချင်းပြည်နယ်သားတစ်ရာကျော်ကို နိုင်ငံခြားပညာတော်သင် လွှတ်ထားပါတယ်..
ရိုးသားကြိုးစား လူရည်ချွန်တွေအပေါ် ကံကြမာကလည်း မျက်နှာသာပေးပါတယ်..
သူ့ဒေသဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ပညာရေးမြှင့်တင်ဖို့၊ ကျန်းမာရေး ကောင်းဖို့ တွေက သူ့ရည်မှန်းချက်ဖြစ်တာနဲ့အညီ အသေးစား လေယာဉ်ကွင်းကိုလည်း အထောက်အပံ့တွေနဲ့ ဆောက်နေပြီ.. ပြီးတော့မယ်
ကမာဘဏ်ဥက္ကဌကလည်း အာမေးနီယားလူမျိုးဖြစ်တဲ့အပြင် ဒေါက်တာဆာဆာနဲ့လည်းခင်တယ်..
ခေတ်အမှီဆုံးဆေးရုံလည်း ဆောက်ဖို့ကြိုးစားနေတယ်..ကောလိပ်ဖွင့်ဖို့လည်း ကြိုးစားနေတယ်..
မြန်မာတစ်ပြည်လုံးကိုလည်း တိုးတက်ဖို့ စဉ်းစားထားတာကို သူ့အင်တာဗျူးတွေမှာ တွေ့ရတယ်

ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကို အဲ့လိုချစ်တတ်၊ အဲ့လိုတော်တဲ့ လူတွေလက်ထဲကို ထည့်ချင်တာကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆန္ဒပဲ မဟုတ်ပါလားဗျာ..
အဲ့လိုမျိုးလူတွေလည်း ဒေသတိုင်းမှာပေါ်ပါစေလို့ ဆန္ဒပြုရင်း

အောင်မိုးလွင်
၁၉၊ ၈၊ ၂၀၂၀

အသက်ကြီးသူတိုင်း   လူကြီး  မဟုတ်ဘူးအသိဥာဏ်ကြီးသူတိုင်းမှ   လူကြီးကွ                                          ( ဗိုလ်ချုပ...
18/08/2020

အသက်ကြီးသူတိုင်း လူကြီး မဟုတ်ဘူး
အသိဥာဏ်ကြီးသူတိုင်းမှ လူကြီးကွ
( ဗိုလ်ချုပ်အောင်ဆန်း )
အသိဥာဏ်ပိုကြီးအောင် ပိုထူးချွန်အောငိ စာဖတ်ကြမယ်

အသိဥာဏ် ဆိုတာ သီလ(စောင့်ထိန်းမှု) ၊ သမာဓိ(တည်ငြိမ်မှု)၊ ပညာ(အသေးစိတ်သိမှု) ကို ဆိုလိုတယ်

https://m.facebook.com/story.php?story_fbid=1610442592461727&id=100004880058056
လူငယ်များအတွက် ဦးသန့်၏
တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း
*************************************

၁။ ရည်ရွယ်ချက် ရှိပါ

လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆို
ို‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်
်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား
အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit:

ခွန်အားရှိသောစာပေများ။

လူငယ်များအတွက် ဦးသန့်၏
တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း
*************************************

၁။ ရည်ရွယ်ချက် ရှိပါ

လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆို
ို‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်
်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား
အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit:

ခွန်အားရှိသောစာပေများ။

မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးရယ်ဖွင့်မပြောရဲတဲ့ ကောင်ကလေးရယ်`ရင်ဖိုဖွယ် သူ့မျက်လုံးရယ် ပြုံးချက်ကထူး´ #ငွေတာရီ #ငွေတ...
15/08/2020

မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးရယ်
ဖွင့်မပြောရဲတဲ့ ကောင်ကလေးရယ်
`ရင်ဖိုဖွယ် သူ့မျက်လုံးရယ်
ပြုံးချက်ကထူး´
#ငွေတာရီ
#ငွေတာရီကဗျာပေါင်းချုပ်

အာ့ဒါပါပဲ သူငယ်ချင်းတို့စဥ်းစားလို့ ရပါတယ်မှတ်ကွယ် မှတ်ကွယ်။ #မင်းသုဝဏ် #လူကလေးတို့ရဲ့မိတ်‌ဆွေ_ငှက်ကလေးတွေ
08/08/2020

အာ့ဒါပါပဲ သူငယ်ချင်း
တို့စဥ်းစားလို့ ရပါတယ်
မှတ်ကွယ် မှတ်ကွယ်။

#မင်းသုဝဏ်
#လူကလေးတို့ရဲ့မိတ်‌ဆွေ_ငှက်ကလေးတွေ

သတင်းစာဖတ်ခြင်း​ကို နှစ်သက်သူတေအတွက် မြန်မာ့သတင်းစာသမိုင်းကြောင်းကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးတာပါCredit to original ...
29/07/2020

သတင်းစာဖတ်ခြင်း​ကို နှစ်သက်သူတေအတွက် မြန်မာ့သတင်းစာသမိုင်းကြောင်းကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးတာပါ
Credit to original uploader

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်တည်းအယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ...... #ဆရာဇော်ဂျီ
26/07/2020

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ......

#ဆရာဇော်ဂျီ

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နိုးသည်ဒို့မျိုးစဉ်ဆက်တိုင်းသတည်း။ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။မိုးရက်မိုးခါ၊ ဖြစ်ပါလေလည်းရှု...
19/07/2020

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နိုးသည်
ဒို့မျိုးစဉ်ဆက်တိုင်းသတည်း။

ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။

မိုးရက်မိုးခါ၊ ဖြစ်ပါလေလည်း
ရှုသာမြင်ကွင်း၊ နံနက်ခင်းနှင့်
ယင်းသည့်စနေ၊ ဂြိုဟ်ဆိုး‌မွှေခဲ့။

တွင်းဝန်ရုံးဆီ၊ ဆယ်နာရီနှင့်
စွန်းသည်ဟိုဘက်၊ နာရီဝက်တွင်
ပြည်တွင်းရေးရာ၊ များဝန်တာကို
ဖြာဖြာတနည်း၊ ခေါင်းဆောင်ကြီးတို့
စုစည်းတထွေ၊ ဆွေးနွေးနေစဉ်....။

ဂျစ်ကားစိမ်းမှ၊ ဆင်းသက်ကြပြီး
လက်မှတော်မီ၊ စတင်းချီလျက်
တပ်မည်နံပါတ်၊ ဆယ့်နှစ်မှတ်သည့်
စစ်တပ်ဝတ်စုံ၊ အရေခြုံတို့
စုပြုံတက်သွား၊ မိနစ်ခြားဝယ်.....။

နားကွဲမတတ်၊ ဒလစပ်လျှင်
ပစ်ခတ်ဆူညံ၊ သေနတ်သံတို့
မိုးယံကိုဖောက်၊လေဝယ်နှောက်သည်
ထက်အောက်ဝန်းကျင် တုန်သတည်း....။

ကျည်ပွင့်သံလည်း
မိုးယံကိုဖွင့်၊ လေဝယ်လွင့်သည်
ယမ်းပွင့်ယမ်းခိုး ဝေးသတည်း...။

ဗိုလ်ချု‌ပ်အောင်ဆန်း၊ ပြည်ချစ်ပန်းနှင့်
ခေါင်နန်းစာဆို၊ ဦးဘချိုပြင်
ကြည်ညိုဆပွား၊ ဒို့အားထားသည့်
စော်ပွားမိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်....၊
တကွတူပြိုင်၊ မန်းဘခိုင်...၊
ကြိုင်လှိုင်သတင်း၊ ဦးဘဝင်း....
ပျံ့သင်းဂု‌ဏ်ဒြပ်၊ ဦးရာဇတ်တို့၊
ပစ်ခတ်ခံရ၊ ဆောင်ခန်းမဝယ်
လဲကျသေဆုံး၊ သွေးနီဖုံးသည်
ဆုံးရှာခဲ့ရလေပီတကား...။

ဤသတင်းလျှင်
ချက်ခြင်းပျံ့သွား၊ ပြည်သူ့နားသို့
သိကြားမကြာ၊ ပြည်လုံးမှာလည်း
သည်းညှာပျက်ပြုန်း၊ ကြိမ်မီးအုံသို့
ယူကျုံးမရ၊ မျက်ရည်ကျခဲ့...၊
တသနှမြော၊ အသေစောဟု
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ
ရက်ကိုလစား၊ ချိန်တွေများသည်
ခုကား ဆယ့်ရှစ်(၇၃)နှစ် တိုင်ခဲ့ပြီ။

ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍
စတေးခံသွား၊ ခေါင်းဆောင်များတွက်
ဒို့ကားတဖန်၊ ဆောင်ရွက်ရန်ကား
မိမြန်အတွက်၊ စွမ်းသည့်ဘက်မှ
ဆထပ်ကြိုးကုပ်၊ အားမာန်ထုတ်၍
ဗိုလ်ချုပ်ချမှတ်၊ လမ်းစဉ်မြတ်ကို၊
ကျင့်အပ်လိုက်နာ၊ သွားရန်သာတည်း။

ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်
ဒို့မျိုးစဉ်ဆက် တိုင်သတည်း....။

#ထွဏ်းနေနွယ်

ယခုအပတ်တော့ စာဖတ်ပရိသတ်တေအတွက် motivation ဖြစ်စေမယ်စာအုပ်ကောင်းလေးတစ်အုပ်ကိုတင်ပေးချင်ပါတယ်။ဆရာမိုးရှင်းရဲ့ သူစိတ်ဓာတ်ကျ...
04/07/2020

ယခုအပတ်တော့ စာဖတ်ပရိသတ်တေအတွက် motivation ဖြစ်စေမယ်စာအုပ်ကောင်းလေးတစ်အုပ်ကိုတင်ပေးချင်ပါတယ်။
ဆရာမိုးရှင်းရဲ့ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးဟာ အားလုံးသိကြတဲ့အတိုင်း နာမည်ကြီးပြီးသား bestsellers စာရင်းဝင်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်လေးက နည်းအမျိုးမျိုးနဲ့စိတ်ဓာတ်ကျနေသူများအတွက် မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လေးပါ။ စိတ်ဓာတ်ခွန်အားတက်စေမယ့်အကြောင်းအရာများစွာတို့ကို ခေါင်းစဥ်`၂၈´ခု ခွဲပြီးရေးသားထားတာတွေ့ရပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ကျနေခြင်းအကြောင်းအရင်းတေမတူပါဘူး။ ဆင်းရဲတဲ့သူကလည်းဆင်းရဲတဲ့အတွက် ချမ်းသာတဲ့သူကလည်းချမ်းသာတဲ့အလျောက်ဆိုးရိမ်ပူပန်မှုတွေဆုံးရှုံးမှုတေကြောင့်စိတ်ဓာတ်ကျကြပါတယ်။ စိတ်ဓာတ်ကျနေသူတေကိုလည်းစာအုပ်များများဖတ်ခြင်း၊ အတိတ်မှာပိတ်မနေစေခြင်း အနာဂတ်ကိုကြိုတွေးမပူစေခြင်း၊ပြဿနာနဲ့ကြုံရင် (အာလူး၊ကြက်ဥ၊ကော်ဖီ)မည့်ကဲ့သို့ကျင့်ကြံသင့်ကြောင်း သာဓကများစွာ၊ အောင်မြင်နေသူများစွာ(Steve jobs)တို့ရဲ့ မိန့်ခွန်းတေကိုဘာသာပြန်ပြီးရေးသားထားတာတွေ့ရပါတယ်။ အချစ်ရေးကြောင့်အသဲကွဲ စိတ်ဓာတ်ကျနေသူတေကိုလည်း အသဲကွဲသူများသို့ပေးစာဆိုတဲ့ခေါင်းစဥ်လေးနဲ့ စိတ်ဓာတ်ခွန်အားပေးထားတာတွေ့ရပါတယ်။
ဒီစာအုပ်လေးဟာလူငယ်တေမဖြစ်မနေဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးကိုဖတ်ပြီး နေ့စဥ်အလုပ်တေကိုစိတ်ဖိစီးမှုမရှိပဲ​ပျော်ရွင်စွာလုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီစာအုပ်လေးကို တော့comment က link မှာ download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဒီတပတ်မှာတော့ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ စာရေးဆရာတယောက်ရဲ့ စာအုပ်လေးတအုပ်ကို review တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ကျွန်ုပ...
20/06/2020

ဒီတပတ်မှာတော့ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ စာရေးဆရာတယောက်ရဲ့ စာအုပ်လေးတအုပ်ကို
review တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အထက်တန်းဆင့်တုန်းက မြန်မာစာဖတ်စာအုပ်များမှာ "မင်းကတော်" ၊ "မိတဆိုးရှင်ပြု" စတဲ့
စကားပြေ ဝတ္ထုများကို ရေးခဲ့ပါသော
ဆရာကြီး "ဦးဖိုးကျား"ရဲ့ "ကိုယ်တွေ့ဝတ္ထုများ" ဆိုတဲ့ စာအုပ်ကို review တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဤစာအုပ်မှာ ဝတ္ထုတို စုစုပေါင်း ၁၉ ပုဒ်
ပါဝင်ပြီးတော့ တပုဒ်စီတိုင်းမှာ စာဖတ်သူအတွက်
မတူညီတဲ့ သင်ယူစရာတွေကို ဖော်ပြထားတာကို
တွေ့ရမှာဖြစ်ပါတယ်။

ကျွန်ုပ်အနေနဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အကျဥ်းချုပ်ပြီးဖော်ပြလိုက်ပါတယ်။ ဒါကတော့ `ခြောက်ပြစ်ကင်း´ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။ ဒီဝတ္ထုတိုလေးဟာ ရွာတစ်ရွာထဲရှိ တောင်ပိုင်းကမိသားစုနဲ့မြောက်ပိုင်းကမိသားစု နှစ်စုရဲ့ပုံစံတူအဖြစ်အပျက်လေးကို ရေးသားထားတာပါ။ တောင်ပိုင်းက မိသားစုဟာ သူတစ်ပါးအပေါ် အပြစ်လွှဲချတတ်တဲ့အတွက် ရေသောက်တဲ့ဖန်ခွက်ကလေး
ကျကွဲသွားတာနဲ့ ပတ်သတ်ပြီးသားဖြစ်သူကအစ်မကိုအပြစ်တင်၊ အစ်မဖြစ်သူက အမေ့ကိုအပြစ်တင်၊ အမေဖြစ်သူက အဖေကိုအပြစ်တင်၊ အဖေဖြစ်သူက ဖန်ခွက်ရောင်းတဲ့ကုလား ဖန်ခွက်လုပ်တဲ့ဘိလပ်က ဘိုကိုအပြစ်တင်။ ဤကဲ့သို့တစ်ဦးကိုတစ်ဦး အပြစ်တင်နေသည့်အတွက် မသာယာသောမိသားစုကို မြောက်ပိုင်းက သာယာတဲ့မိသားစုနဲ့ နှိုင်းပြထားတာဖြစ်ပါတယ်။
မြောက်ပိုင်းမိသားစုကတော့ ဖန်ခွက်ကျကွဲသွားတာကို သားက သူ့အပြစ်လို့ဆို၊ အစ်မဖြစ်သူကလည်း သူ့အပြစ်လို့ဆို၊ အမေဖြစ်သူကလည်းသူ့အဖြစ်လို့ဆို၊အဖေဖြစ်သူကလည်းသူ့အပြစ်မကင်းလို့ဆိုကာ နှီးခွက်ပြောင်းသုံးကာ မိသားစု ကြည်ကြည်သာသာဖြင့် နေ့စဥ်ဘဝကိုဖြတ်သန်းသွားပုံကိုရေးသားထားပါသည်။ ဒီဝတ္ထုလေးရဲ့ အဓိက ရည်ရွယ်ချက် အကျိုးဆက်တွေကိုတော့ စာအုပ်လေးမှာဖတ်ကြည့်စေချင်ပါတယ်။

စကားချီးမှာ ပါသည့်အတိုင်း ဤစာအုပ်ဟာ
လူငယ်လူရွယ်တို့ရဲ့ စိတ်နေသဘောထား၊
အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလဲစေနိုင်တဲ့အပြင် သတ္တိ၊ သဘော သကာရ၊ အကျင့်စာရိတ္တ တိုးတက်ကောင်းမွန်ရေးတို့အတွက် အားပေးပြုပြင်သော
စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ ထို့အပြင် စာအုပ်ပါဝတ္ထုများသည် ကိုယ်တွေ့ဝတ္ထုများဖြစ်သည့်အလျောက် ရသစုံလင်လှသည့်အပြင် ထိုခေတ်ထိုကာလရဲ့ ပတ်ဝန်းကျင်၊ လူနေမှုအဆင့်အတန်း ကို ဖတ်ရှုလေ့လာ မြင်ယောင်လာမိမှာပဲဖြစ်ပါတယ်။ ဤစာအုပ်လေးကို comment မှ linkမှာ download လုပ်၍ ဖတ်ရှုရန် ဖိတ်ခေါ်လိုက်ရပါတယ်။


Address

Pyay Technological University
Pyay

Telephone

09448016200

Website

Alerts

Be the first to know and let us send you an email when PTU Book Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share