04/09/2026
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများအား ရင်သားကင်ဆာလက္ခဏာဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများ၊ မိမိကိုယ်တိုင်ရင်သားစမ်းသပ်နည်းအဆင့်ဆင့်နှင့် စောစီးစွာစစ်ဆေးကုသမှုခံယူခြင်း၏ အရေးပါပုံများကို ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး ရင်သားကင်ဆာ စစ်ဆေးကုသမှုခံယူရန် လိုအပ်သူများအနေဖြင့် နေပြည်တော်ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ ခွဲစိတ်ကုသဆောင်၊ ပြင်ပလူနာဌာနတွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း နံနက်(၉)နာရီမှ ညနေ(၃)နာရီအတွင်း လာရောက်စစ်ဆေးကုသမှုခံယူနိုင်ပါသည်။