
MPPE-myanmapetroleumproductsenterprise Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MPPE-myanmapetroleumproductsenterprise, Government Organization, Building No-6, Nay Pyi Taw, Pyinmanahaung.

29/05/2020

အများပြည်သူသို့ အသိပေးခြင်း

****************************

(၁) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအဖြစ် မကြာမီ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၂) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များခံယူပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပြဌာန်းချက် နှင့်အညီ ရေနံနှင့်ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ချက်လုပ်ခြင်း၊ ဖြတ်သန်း သယ်ယူခြင်း၊ ပိုက်လိုင်းဖြင့်သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်း များအား အဆိုပါဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၃) သို့ဖြစ်ပါ၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် စိစစ်ခွင့်ပြုထုတ် ပေးထားသည့် စက်သုံးဆီဖြန်ဖြူးရောင်းချခွင့်လိုင်စင်များ၊ ပြည်ပမှ စက်ဆီ/ချောဆီ Brand အသစ် တင်သွင်းဖြန့်ဖြူးခြင်းများအပြင် အထက်ပါလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်းတို့အတွက် အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

ညွှန်ကြားရေးမှူးချုပ်
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
ရုံးအမှတ်(၆)၊ နေပြည်တော်
၀၆၇ ၃ ၄၁၁၂၈၂
[email protected]

https://www.facebook.com/372087223212860/posts/965522897202620/

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှခေါ်ယူသောရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်ရွှေ့ဆိုင်းခြင်း၁၆...
26/04/2020

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှခေါ်ယူသောရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်ရွှေ့ဆိုင်းခြင်း

၁၆-၃-၂၀၂၀ ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာနှင့်ကြေးမုံသတင်းစာတို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ခေါ်ယူခဲ့သော အောက်ဖော်ပြပါ ရာထူးနေရာ စုစုပေါင်း (၃၆) နေရာအတွက် ရေးဖြေစာမေးပွဲပြုလုပ်ရန်သတ်မှတ်ထားသည့် ၉-၅-၂၀၂၀ ရက်ကို ရွှေ့ဆိုင်းထားပါကြောင်းနှင့် ဖြေဆိုရမည့်ရက်ကို အချိန်မီ အကြောင်းကြားပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

ဖြန့်ဖြူးရေး(၂)
စာရင်းကိုင်(၂)
စက်မှုစီမံရေး(၂)
စက်မှုစီမံရေး(၅)



09/04/2020

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် >>>

>> ယာယီပိတ်သိမ်းမည်ဆိုပါက MOEE (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန) ၊ MPPE (မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)၏ခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။

>> လုံလောက်သောအကြောင်းပြချက်အပေါ် စိစစ်သုံးသပ်ခွင့်ပြုပါမည်။

>> ယာယီပိတ်ခွင့်ရရှိပါက လိုင်စင်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံးများတွင် အပ်နှံထားရပါမည်။

>> ပြန်ဖွင့်လိုပါက ပြန်လျှောက်ထားရပါမည်။ စိစစ်ခွင့်ပြုပေးပါသည်။

!!! မလိုက်နာပါက လိုင်စင်ခွင့်ပြုထုတ်ပေးထားခြင်းအပေါ် ပြန်လည်စိစစ်သွားပါမည်။ !!!

လျှောက်လွှာခေါ်ယူခြင်း***********************လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွင...
16/03/2020

လျှောက်လွှာခေါ်ယူခြင်း
***********************

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ပါရာထူးနေရာ(၆) ခုအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။

လျှောက်လွှာဖောင်များကို အောက်ပါလင့်ခ်တွင် ယူနိုင်ပါသည်။

https://drive.google.com/file/d/1ApM_jCXs6e-7Sr2LYVXr5JK-O57clRFz/view

05/03/2020
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသောလုပ်ငန်းစဉ်အဆင့်ဆင့်(S...
07/01/2020

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသောလုပ်ငန်းစဉ်အဆင့်ဆင့်
(Standard Operating Procedure_SOP)




ဝန်ကြီးဌာန Website>>>
https://moee.gov.mm/mm/ignite/contentView/2643

ဝန်ကြီးဌာန Facebook>>>
https://www.facebook.com/pg/MOEEMyanmar/photos/?tab=album&album_id=858928397862071

ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန Facebook >>> https://www.facebook.com/OGPD.MinistryOfElectricityandEnergy.Myanmar/posts/2743726515648197

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း https://drive.google.com/drive/u/2/folders/1arttO_vXJAa5o7-p_Ic6GBSXFq2T-FuI

Address

Building No-6, Nay Pyi Taw
Pyinmanahaung

Website

Alerts

Be the first to know and let us send you an email when MPPE-myanmapetroleumproductsenterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share