Knight Commanders

Knight Commanders စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်။

ဖက်ဒရယ်ပြည်ထောင်စုဆီ အတူလှမ်းချီ

အရေးတော်ပုံအောင်ရမည်

15/08/2026

ရေဘေးသင့်ပြည်သူများအတွက် အလှူခံ ပေးပီးသွားရောက်လှူဒါန်းရန် ရက်ပိုင်းသာလိုပါတော့သည်ကျုန်ုပ်တိူ့တပ်ဖွဲ့နှင့်အတူ ပါဝင်အား​ ဖြည့်လှူဒါန်းပေးခဲ့ကြသောအလှူရှင်တိုင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်နောက်ထပ်လဲ🙏 အလှူရှင်များကုသိုလ်အတူယူနိုင်ပါသေးကြောင်းနှိုးဆော်အပ်ပါသည်။
#ပြည်သူမှာပြည်သူပဲရှိတယ်
Commanders(PDF)

အလှူရှင်များထပ်ပီးလိုအပ်နေပါသေးတယ် ကူပေးကြပါဦး  Commanders
15/08/2026

အလှူရှင်များထပ်ပီးလိုအပ်နေပါသေးတယ် ကူပေးကြပါဦး
Commanders

ကျွန်ုပ်တို့ အညာဒေသတွင်ယခုကျရောက်နေသော ရေဘေးဒုက္ခအတွက် ကျွန်ုပ်တို့စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commandeers PDF...
14/08/2026

ကျွန်ုပ်တို့ အညာဒေသတွင်ယခုကျရောက်နေသော ရေဘေးဒုက္ခအတွက် ကျွန်ုပ်တို့စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commandeers PDFတပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးများပြုလုပ်သွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် တက်နိုင်သည့်ဘက်မှဝိုင်း၀န်းကူညီအားဖြည့်ပေးကြပါရန် ကျွန်ုပ်တို့ စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders PDFတပ်ဖွဲ့မှ မေတ္တာရပ်ခံအပ်ပါသည်။
၀န်းရံကူညီလိုပါက ကျွန်ုပ်တို့ စစ်ကိုင်းခရိုင်းအမှတ်(၁)တပ်ရင်း Knight Commanders PDF page messengerမှဆက်သွယ်အားဖြည့်နိုင်ပါသည်။

28/07/2026

စစ်မှန်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာဖို့။

ခေါင်းဆောင်ဆိုတာ မွေးရာပါ အရည်အချင်းလား? ဒါမှမဟုတ် နောက်မှ လေ့ကျင့်ယူလို့ ရတာလား?

ဒါကတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် လူပြောအများဆုံး မေးခွန်းတစ်ခု။ လူအများစုက ခေါင်းဆောင်မှုဆိုတာ ထူးခြားတဲ့ ပါရမီရှင်တွေ၊ ပင်ကိုယ်စရိုက် ထက်မြက်သူတွေမှပဲ လုပ်နိုင်တာလို့ ထင်တယ်။ တကယ့် အမှန်တရားက ခေါင်းဆောင်ကောင်းဆိုတာ လေ့ကျင့်ပျိုးထောင်ပြီး မွေးထုတ်ယူရတာ။

ခေါင်းဆောင်မှုဆိုတာ ရာထူးအဆင့်အတန်းတစ်ခု မဟုတ်သလို အမိန့်ပေးစေခိုင်းပိုင်ခွင့်ရှိရုံသက်သက်လည်း မဟုတ်ဘူး။ ခေါင်းဆောင်မှုရဲ့ စစ်မှန်တဲ့အနှစ်သာရက လွှမ်းမိုးနိုင်စွမ်းနဲ့ တာဝန်ယူမှု ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။

စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခြေခံအကျဆုံး အချက် (၃) ရှိတယ်။

နံပါတ် (၁) အချက် ပေးဆပ်ချင်တဲ့ အတွေးအခေါ် Mindset ကို ပျိုးထောင်ရမယ်။

နံပါတ် (၂) အချက် လူတွေရဲ့ခံစားချက်၊ လိုအပ်ချက်တွေကို စာနာနားလည်ပေးနိုင်ရမယ်။

နံပါတ် (၃) အချက် ကိုယ့်နောက်ကိုလိုက်မယ့် နောက်လိုက်တွေ အများကြီး ရှိတာထက် ကိုယ့်ထက် ပိုတော်တဲ့၊ ပိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်အသစ်တွေ မွေးထုတ်ပေးနိုင်ရမယ်။

ခေါင်းဆောင်မှုဆိုတာ သဘာဝတရားက ပေးတဲ့ ဆုလာဘ်တစ်ခု မဟုတ်ဘူး။ နေ့တိုင်း ကိုယ်ချင်းစာတရား၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ တာဝန်ယူလိုစိတ်တွေကို ပျိုးထောင်ရင်း ရယူရတဲ့ အလေ့အထ တစ်ခု ဖြစ်တယ်။

မှတ်ထားပါ ခေါင်းဆောင်ကောင်းက ခေါင်းဆောင်ကောင်းတွေကို ပြန်လည် မွေးထုတ်နိုင်ပါတယ်။

Commanders

19/07/2026

19.7.2026ရက်နေ့တွင်ကျရောက်သော ၇၉ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းမှတ် ကျွန်ုပ်တို့စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders(PDF)အဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများနှင့် ဖဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များအား နံနက် (10:35)နာရီအချိန်တွင် အလေးပြုခြင်း ရုပ်သံ။ ။

စစ်ကိုင်းတိုင်း အရာတော်နယ် အနောက်မြောက် ခြမ်း တနေရာ တောထဲတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်၏ တံတားဦးလေတပ်မ...
05/04/2026

စစ်ကိုင်းတိုင်း အရာတော်နယ် အနောက်မြောက် ခြမ်း တနေရာ တောထဲတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်၏ တံတားဦးလေတပ်မှ ဂျပ်ဖိုက်တာ၂စီးဖြင့် ည၅.၄.၂၀၂၆ရက်ည ၁၂နာရီ ၃၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ပါသည် ထိုတိုက်ခိုက်မှုကြောင့် တောနေတဲတလုံးပျက်စီးပီး ထိခိုက်ပြည်သူမရှိကြောင်းသတင်းရရှိပါသည်။
ထို့ကြောင့်ပြည်သူများအနေဖြင့် စစ်ခွေး များ၏အပြစ်မဲ့ပြည်သူများအပေါ် ရမ်းသမ်းဗုံးကြဲမှုများမှကင်းဝေးစေရန်ဗုံးခိုကျင်းများတူးထား၍ လေကြောင်းသတင်းနားဆွင့်နေထိုင်ကြပါရန် ပန်ကြားအပ်ပါသည်။
Commanders(PDF)

သတိပေးကြေငြာချက်။  ။     22..3.2026ရက်နေ့ ည 9:00 နာရီအချိန်ခန့်တွင် အရာတော်နယ် မင်းရွာကြီးစံပြကျွေးရွာအနီးတဝိုက်တွင် မိထ...
22/03/2026

သတိပေးကြေငြာချက်။ ။

22..3.2026ရက်နေ့ ည 9:00 နာရီအချိန်ခန့်တွင် အရာတော်နယ် မင်းရွာကြီးစံပြကျွေးရွာအနီးတဝိုက်တွင် မိထ္ထီလာလေတပ်မှဂျက်ဖိုက်တာ တစ်စီးနှင့် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီးတို့မှ ပေါင်၅၀၀သီးများဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူများအထိခိုက်ရှိသည်ဟုကနဦးသတင်းရရှိထားပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများနှင့်တော်လှန်ရေးညီကိုများအနေဖြင့် လေကြောင်းအသိ လေကြောင်းသတိရှိကြပါရင် အသိပေးကြေငြာအပ်ပါသည်။ ။

ပုံ
ဘယ်သန်ကြီး
စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders PDF

‎သတိပေးထုတ်ပြန်ကြေငြာချက်။  ။‎       ‎အောက်ဖော်ပြပါရဲဘော်သည် စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders PDF တွင် တ...
22/03/2026

‎သတိပေးထုတ်ပြန်ကြေငြာချက်။ ။

‎အောက်ဖော်ပြပါရဲဘော်သည် စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders PDF တွင် တာဝန်ထမ်းဆောင်နေစဥ် တပ်ဖွဲ့၏ ခွင့်ပြုချက်မရှိပဲထွက်ပြေးသွားပြီး စစ်ကောင်စီထံကူးပြောင်းသွားသည်ဟု သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ ထိုသူ၏ Online facebook ၊ telegram ၊ viber ၊ Messenger တို့မှဆက်သွယ်လာလျှင် ကျွန်ုပ်တို့ Knight Commandersတပ်ဖွဲနှင့်လုံးဝမသက်ဆိုင်ပါကြောင်း တပ်ပြေးသစ္စာဖောက်ဟုကြေငြာအပ်ပါသည်။ထိုသူ၏အမည်မှာ စွမ်းသီဟဇော် (ခ) သံပုရာသီး အသက်၂၃ (ယခုရန်ကုန်မြို့ သံလျှင်မြို့နယ်တွင်းတွင် ရောက်ရှိနေသည်ဟု သတင်းရရှိသည်)။ထို့ကြောင့် တော်လှန်ရေးရဲဘော်များအနေဖြင့် လုံးဝအဆက်သွယ်မလုပ်ကြပါရန် သတိပေးထုတ်ပြန်အပ်ပါသည်။

‎ပုံ ။ ။
ဘယ်သန်ကြီး
စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း Knight Commanders PDF
‎22.3.2026

လှူကြပါ ကူကြပါလို့ပဲအော်နေရမှာလား ဆယ်လီမဟုပ်တော့လဲ လူရာကမဝင်ရှေ့တန်းသွားစရာရဲဘော်တေ စီးတော်ယာဥ် ဆုုံးရှူံးရပီ # Knight C...
17/02/2026

လှူကြပါ ကူကြပါလို့ပဲအော်နေရမှာလား ဆယ်လီမဟုပ်တော့လဲ လူရာကမဝင်
ရှေ့တန်းသွားစရာရဲဘော်တေ စီးတော်ယာဥ် ဆုုံးရှူံးရပီ
# Knight Commanders

Address

101
Sagaing

Telephone

+959440315650

Website

Alerts

Be the first to know and let us send you an email when Knight Commanders posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category