08/02/2026
တိုက်ပွဲသတင်းထုတ်ပြန်ကြော်ငြာချက်
--------------------------------
နမခ အနီး တိုက်ပွဲတွင် ၂ ပွင့်ဗိုလ်တစ်ဦးသေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးဒဏ်ရာအပြင်းထန်ရရှိ စစ်ခွေး ၉ ကောင်သေဆုံး၍ ၁၀ယောက်ကျော် ထိမှန်ဒဏ်ရာများရကာ သေနတ် ၂လက်သိမ်းဆည်းရရှိ
2026.2.5 ရက်နေ့ နံနက် ၇ နာရီကျော်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး မင်းတဲရွာ ဘုန်းကြီးကျောင်းအတွင်း အထိုင်ချ တပ်ဆွဲထားတဲ့ အင်အား ၂၅ ဦးရှိကာကင်းစခန်းမှ ဆက်ကြေးကောက် ဓါးပြတိုက်အနိုင်ကျင့်ရန်ထွက်လာသော စစ်ခွေးအင်အား ၂၀ ကျော်ခန့်ပါ ပုစဥ်းခေါင်း ထော်လာဂျီအင်အားပြည့်တစ်စီးနှင့် ကင်းထောက် ဆိုင်ကယ် နှစ်စီး အား မင်းတဲနှင့် သပြေတော ဖောက်လမ်းပေါ် နမခ နှင့် ( ၁ ) မိုင်ကျော်ခန့်သာဝေးတဲ့ နေရာမှကင်းဝပ် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၂ပွင့် ဗိုလ်တစ်ဦးနှင့်ရှေ့ပြေးဆိုင်ကယ် အဖြစ်မောင်းနှင်လာတဲ့ ခွေး၂ကောင်နေရာမှာတင်သေဆုံးပြီး ထော်လာ ဂျီပေါ်ပါလာတဲ့ ခွေးနှင့်ပျု ၄ ကောင်ထပ်မံသေဆုံးကာ၁၀ယောက်ကျော်ထိခိုက်ဒဏ်ရာကာ MA-1 သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပြီး နမခ နှင့် ကျောက်စစ်ပုံ (၅၀၈) အမြှောက်တပ်ရင်းမှ လက်နက်ကြီးပစ်ကူများနှင့် နမခအတွင်းမှ အင်အား ၂၀၀ နှင့် တင့်ကား ၁ စီးအပါအဝင်
ပွုင့် 5 ပါ သံပြားကာကား ၃စီးဖြင့် သပြေတောဖောက်လမ်းအတိုင်း စစ်ကူတက်လာပြီးအရေးပေါ်ကားနှစ်စီးနှင့် BD များလာကောက်၍ နမခ စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက် ၂ ကောင်ထပ်မံသေဆုံးပြီး ဒုတပ်ကြပ်ကြီး တစ်
ဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးအရေးပေါ်ဆေးရုံတင်ထားရကြောင်းနှင့် ယခုအချိန် ထိသတိမလည်သေးဘဲ အဆိုပါ တပ်ကြပ်ကြီးပါ ကျဆုံးမည်ဆိုပါက အနီးနားကျေးရွာမှ ရွာသား ၁၀ ယောက်ကို သတ်ဖြတ်ပစ်မည်ဟု ချိန်းခြောက်နေပြီး နမခ တပ်တွင်းမှာလည်းစစ်ကိုင်း တပ်မ (၃၃)မှ စစ်ခွေးများတာဝန်ယူစောင့်ကြည့်နေပြီး လုံခြုံရေးများ အထူးတိုးမြင့်ထားကာ အခင်းဖြစ်ပွားရာအနီးမှ ကျေးရွာ၂ရွာကို ခွေးအင်အား အများအပြားဖြင့် ပတ်ပက်လည် လုံခြုံရေးများချထားပြီး ကျေးရွာအတွင်းမှ လူငယ်များကို တစ်အိမ်တစ်ယောက်နှုန်းခေါ်ယူ စစ်ဆေး ရိုက်နှိက်နေကြောင်းနှင့်ကျေးရွာအတွင်းမှ လူများကိုလည်း ရွာအပြင်အထွက်မခံဘဲ အပြင်လူလည်းရွာထဲအဝင်မခံဘူးလို့ သိရပါတယ် လက်ရှိမှာတခြားထိမှန်ထားတဲ့ခွေးများပါ သေဖို့ရာခိုင်နှုန်းများနေပြီးနမခ တပ်အတွင်းမှာ သတင်းများကို ဖုံးဖိနေကြောင်းသိရပါတယ် ယခုတိုက်ခိုက်မူအား Black Falcon တပ်ဖွဲ့နှင့် ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင်အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၃) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) - SRA တပ်ပေါင်းစုအဖွဲ့၀င် ၊ တိုက်နယ် ၅ ပလဖ ၊ ကနောင်မင်း သားကြီး တပ်ဖွဲ့ ၊ သွေးသောက်ညီကို တပ်ဖွဲ့ ၊Three Star တပ်ဖွဲ့ နှင့် နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ကာ မိမိတို့ဖက်မှတော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည် ။
#စစ်အာဏာရှင်စနစ်မုချကျရူံးရမည်
#ဆက်လက်ကြိုးစားလျှက်ပါ