19/07/2026
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မင်းဘူးခရိုင်စစ်ဌာန၊မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ (၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပခြင်း
၁၉ရက်၊ဇူလိုင်၊၂၀၂၆ခုနှစ်
(၁)မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ ကျင်းပပြုလုပ်သော (၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း။
(၂)မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းရှိ ရဲဘော်၊ရဲမေများမှ (၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေများချခြင်း။
(၃) မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ ကျင်းပပြုလုပ်သော(၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မင်းဘူးခရိုင် စစ်ဌာန၊မင်းဘူးခရိုင် ဒုကွပ်ကဲရေးမှူးမှ အာဇာနည်နေ့ အထိမ်းအမှတ်မိန့်ခွန်းပြောကြားခြင်း။
(၄) မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ ကျင်းပပြုလုပ်သော(၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မင်းဘူးခရိုင်စစ်ဌာန၊မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၏ တပ်ရင်းမှူး စွန်ရဲမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ မိန့်ခွန်းပြောကြားခြင်း။
(၅)မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၏ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းရှိ ရဲဘော်များမှ တော်လှန်ကဗျာရွတ်ဆိုခြင်း။
(၆) မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ ကျင်းပပြုလုပ်သော (၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တော်လှန်တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခြင်း။
အထက်ပါ အစီအစဉ်များကို ကျင်းပပြုလုပ်ရာ၌ ပါဝင်ကူညီအားဖြည့်ပေးကြပါသော တော်လှန်ပြည်သူအပေါင်းနှင့် မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ ကျင်းပပြုလုပ်သော(၇၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတက်ရောက်ပေးပါသော မဟာမိတ်တပ်ရင်း၊တပ်ဖွဲ့များမှ ရဲဘော်များအား ကျွန်ုပ်တို့မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းရှိ ရဲဘော်၊ရဲဘက်အားလုံးမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
#သတင်းနှင့်ပြန်ကြားရေးဌာန
#မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း
#အရေးတော်ပုံ အောင်ရမည်