15/12/2024
တိုက်ပွဲသတင်းထုတ်ပြန်ချက်
---------------------------
ရက်စွဲ ။ ။ ၁၃ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ် ဝမ်ပေါင် ကုမ္မဏီမှ ထွက်လာသော စစ်ကောင်စီ တပ်သား (၈၀)ကျော်ခန့်အား ဆားလင်းကြီးမြို့နယ် မြို့နယ်လက်ရုံးတပ်နှင့်
ဆားလင်းကြီးအခြေစိုက်ဗျုဟာ (၄၄)တို့ ပူပေါင်းပြီး 13.12.2024 ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့် ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။
တိုက်ပွဲ ဖြစ်ပွါးချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား (၇) ဦး နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွါးချိန်အတွင်း ဝမ်ပေါင်ကုမ္မဏီဘက်မှ လက်နက်ကြီးများနှင့် ပစ်ကူပေးပြီး ကားသုံးစီး အင်အားအပြည့်ဖြင့် စစ်ကူလာပေးသည့်အပြင် မုံရွာဘက်ကမ်း Ocean အနီးမှလည်း လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး စစ်ကား (၅)စီး အင်အားအပြည့်ဖြင့် မုံရွာကမ်းနားအား ရောက်ရှိလာသောကြောင့် မိမိတို့ ပြည့်သူ့ကာကွယ်ရေး ရဲဘော်များမှ ရန်သူ့လက်နက်များ ကောက်ယူရန်ကြိုးစားခဲ့ပါသော်လည်း မရရှိနိုင်ပါသဖြင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါခဲ့ရပါသည်။
#အရေးတော်ပုံအောင်ရမည်