Myanmar Electronic Sports Federation

Myanmar Electronic Sports Federation Official governing body for Esports in Myanmar, recognized by the Ministry of Sports and Youth Affairs, Myanmar National Olympic Council, IESF, AESF and GEF.

Developing national talent, organizing tournaments and building the Myanmar Esports ecosystem.

Until Next Time, MLBB Male Team MyanmarGlobal Esports Games (GEGLA26) တွင် ပါဝင်ယှဉ်ပြိုင်နေသော Team Myanmar MLBB အမျိုး...
27/08/2026

Until Next Time, MLBB Male Team Myanmar

Global Esports Games (GEGLA26) တွင် ပါဝင်ယှဉ်ပြိုင်နေသော Team Myanmar MLBB အမျိုးသားအသင်း၏ ယှဉ်ပြိုင်မှုခရီးစဉ်သည် Team Brunei နှင့်တွေ့ဆုံရာတွင် 2-0 ဖြင့် အနိုင်ရရှိခဲ့သော်လည်း Team Indonesia နှင့် တွေ့ဆုံပြီးနောက် 0-2 ရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ကြသည့် Team Myanmar ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် တစ်ခဲနက် အားပေးခဲ့ကြသော ပရိသတ်တစ်ဦးစီတိုင်းကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

(English Version)

The journey of Team Myanmar MLBB Male Team competing in the Global Esports Games (GEGLA26) has come to an end following a 2-0 victory against Team Brunei but a 0-2 loss after facing Team Indonesia.

Myanmar Electronic Sports Federation (MESF) would like to extend its heartfelt gratitude to the Team Myanmar players, coaching staff, and every single fan who passionately showed their support.


The Journey Ends | Day 2 Results FIFAe World Cup 2026 Continental Championship တွင် မြန်မာကိုယ်စားပြုအသင်း၏ ပြိုင်ပွဲခရီ...
20/08/2026

The Journey Ends | Day 2 Results

FIFAe World Cup 2026 Continental Championship တွင် မြန်မာကိုယ်စားပြုအသင်း၏ ပြိုင်ပွဲခရီးစဉ်သည် Day 2 ပွဲစဉ်များနှင့်အတူ အဆုံးသတ်ခဲ့ပါပြီ။

Day 2 တွင် မြန်မာအသင်း၏ ရလဒ်များမှာ

🇹🇭 Thailand 1–2 Myanmar 🇲🇲
🇲🇲 Myanmar 0–1 Indonesia 🇮🇩
🇲🇾 Malaysia 1–0 Myanmar 🇲🇲
🇲🇲 Myanmar 0–0 Jordan 🇯🇴

Day 2 တွင် ရမှတ် ၄ မှတ် ရရှိခဲ့သော်လည်း စုစုပေါင်း ရမှတ် ၅ မှတ်၊ အဆင့် ၇ ဖြင့် ပြိုင်ပွဲကို အဆုံးသတ်ခဲ့ပါသည်။

Quarter-Finals သို့ တက်ရောက်နိုင်ခြင်းမရှိခဲ့သော်လည်း မြန်မာကိုယ်စားပြုအသင်းအနေဖြင့် FIFAe World Cup 2026 Continental Championship တွင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါသည်။

မြန်မာကိုယ်စားပြုအသင်းအတွက် အစမှအဆုံးတိုင် အားပေးခဲ့ကြသော ပရိသတ်များ၊ ကစားသမားများ၊ နည်းပြများ၊ အသင်းအဖွဲ့ဝင်များနှင့် ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

The journey ends here, but the memories remain.

(English Version)

The Journey Ends | Day 2 Results

The journey of the Myanmar National Team at the FIFAe World Cup 2026 Continental Championship comes to an end following the completion of Day 2.

Day 2 results:

🇹🇭 Thailand 1–2 Myanmar 🇲🇲
🇲🇲 Myanmar 0–1 Indonesia 🇮🇩
🇲🇾 Malaysia 1–0 Myanmar 🇲🇲
🇲🇲 Myanmar 0–0 Jordan 🇯🇴

Myanmar earned 4 points on Day 2, finishing the competition with 5 points overall and 7th place in the group.

Although the team did not advance to the Quarter-Finals, the Myanmar National Team gave their best and fought throughout the FIFAe World Cup 2026 Continental Championship.

A heartfelt thank you to all the fans, players, coaches, team members, and everyone who supported and contributed to the Myanmar National Team throughout this journey.

The journey ends here, but the memories remain.

20/08/2026

Saudi Arabia တွင် ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်နိုင်ရန် ယှဉ်ပြိုင်ရမည့် Continental Championship Group Stage Week 1 Day 2 ပွဲစဉ်များ စတင်ပါပြီ။

📌Match Schedule

Round 4 — 2:30 PM (Myanmar Time)
🇹🇭 Thailand vs Myanmar 🇲🇲

Round 5 — 3:00 PM (Myanmar Time)
🇲🇲 Myanmar vs Indonesia 🇮🇩

Round 6 — 3:30 PM (Myanmar Time)
🇲🇾 Malaysia vs Myanmar 🇲🇲

Round 7 — 4:00 PM (Myanmar Time)
🇲🇲 Myanmar vs Jordan 🇯🇴

The Fight Continues | Day 2FIFAe World Cup 2026 Continental Championship ၏ Day 2 ပွဲစဉ်များကို မနက်ဖြန်တွင် ဆက်လက်ယှဉ်ပြ...
19/08/2026

The Fight Continues | Day 2

FIFAe World Cup 2026 Continental Championship ၏ Day 2 ပွဲစဉ်များကို မနက်ဖြန်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

မြန်မာကိုယ်စားပြုအသင်းအနေဖြင့် Round 4 မှ Round 7 အထိ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ Quarter-Finals သို့ တက်ရောက်နိုင်ရန် အရေးကြီးသော ပွဲစဉ်များ ဖြစ်ပါသည်။

FIFAe World Cup 2026 Continental Championship

20 August 2026

Round 4 — 2:30 PM (Myanmar Time)
🇹🇭 Thailand vs Myanmar 🇲🇲

Round 5 — 3:00 PM (Myanmar Time)
🇲🇲 Myanmar vs Indonesia 🇮🇩

Round 6 — 3:30 PM (Myanmar Time)
🇲🇾 Malaysia vs Myanmar 🇲🇲

Round 7 — 4:00 PM (Myanmar Time)
🇲🇲 Myanmar vs Jordan 🇯🇴

ပွဲစဉ်များကို Myanmar Electronic Sports Federation နှင့် Myanmar Football Federation တို့၏ တရားဝင် pages များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသည်။

မြန်မာကိုယ်စားပြုအသင်း၏ Quarter-Finals အိပ်မက်ကို ဆက်လက်ရှင်သန်နိုင်ရေးအတွက် Day 2 တွင်လည်း အတူတကွ အားပေးကြပါစို့။

(English Version)

The Day 2 matches of the FIFAe World Cup 2026 Continental Championship will continue tomorrow.

The Myanmar National Team will play four crucial matches from Round 4 to Round 7, with every match being important in the race for a place in the Quarter-Finals.

FIFAe World Cup 2026 Continental Championship

20 August 2026

Round 4 — 2:30 PM (Myanmar Time)
🇹🇭 Thailand vs Myanmar 🇲🇲

Round 5 — 3:00 PM (Myanmar Time)
🇲🇲 Myanmar vs Indonesia 🇮🇩

Round 6 — 3:30 PM (Myanmar Time)
🇲🇾 Malaysia vs Myanmar 🇲🇲

Round 7 — 4:00 PM (Myanmar Time)
🇲🇲 Myanmar vs Jordan 🇯🇴

The matches will be livestreamed on the official pages of the Myanmar Electronic Sports Federation and Myanmar Football Federation.

Let’s continue to support the Myanmar National Team on Day 2 as they fight to keep their Quarter-Finals hopes alive.

Every point matters. Every match counts.

FIFAe World Cup 2026 — Continental Championship
Myanmar National Team 🇲🇲

The Journey Continues FIFAe World Cup 2026 Continental Championship Day 1 ပွဲစဉ်များကို ယှဉ်ပြိုင်ပြီးဆုံးခဲ့ပါပြီ။မြန်မ...
19/08/2026

The Journey Continues

FIFAe World Cup 2026 Continental Championship Day 1 ပွဲစဉ်များကို ယှဉ်ပြိုင်ပြီးဆုံးခဲ့ပါပြီ။

မြန်မာကိုယ်စားပြုအသင်းသည် ယနေ့ပွဲစဉ် ၃ ပွဲတွင်
🇲🇲 Myanmar 0–1 India 🇮🇳
🇲🇲 Myanmar 0–2 Japan 🇯🇵
🇲🇲 Myanmar 1–1 Uzbekistan 🇺🇿 ရလဒ်များဖြင့် ၁ မှတ် ရရှိထားပါသည်။

လက်ရှိတွင် မြန်မာအသင်းသည် အာရှအုပ်စု အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး အဆင့် ၆ ရရှိလျှင်ပင် Quarter-Finals သို့ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

Continental Championship ပြိုင်ပွဲခရီးစဉ်မှာ ဆက်လက်ရှိနေသေးသောကြောင့် ကျန်ရှိနေသေးသည့် ပွဲစဉ်များတွင် မြန်မာကိုယ်စားပြုအသင်းကို အတူတကွ အားပေးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

(English Version)

The Journey Continues

Day 1 of the FIFAe World Cup 2026 Continental Championship has come to an end.
Myanmar finished the day with the following results:

🇲🇲 Myanmar 0–1 India 🇮🇳
🇲🇲 Myanmar 0–2 Japan 🇯🇵
🇲🇲 Myanmar 1–1 Uzbekistan 🇺🇿

The team currently has 1 point and sits in 8th place in the Asian group.

The race is still open. A finish in 6th place or higher will secure Myanmar a place in the Quarter-Finals.

With the journey still continuing, keep supporting the Myanmar National Team as they fight for a place in the knockout stage.

FIFAe World Cup 2026 — Continental Championship
Myanmar National Team 🇲🇲

19/08/2026

Saudi Arabia တွင် ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်နိုင်ရန် ယှဉ်ပြိုင်ရမည့် Continental Championship Group Stage Week 1 ပွဲစဉ်များ စတင်ပါပြီ။

📌Match Schedule
Match 1 — (2:30) Myanmar Time
🇲🇲 Myanmar Vs India 🇮🇳
Match 2 — (3:00) Myanmar Time
🇯🇵 Japan Vs Myanmar 🇲🇲
Match 3 — (3:30) Myanmar Time
🇲🇲 Myanmar Vs Uzbekistan 🇺🇿

Global Esports Games (GEGLA26) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Team Myanmar MLBB အမျိုးသားအသင်းအား တရားဝင် ထုတ်ပြန်ကြေညာခြင်...
19/08/2026

Global Esports Games (GEGLA26) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Team Myanmar MLBB အမျိုးသားအသင်းအား တရားဝင် ထုတ်ပြန်ကြေညာခြင်း🇲🇲

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) အနေဖြင့် Global Esports Games (GEGLA26) ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားမည့် Team Myanmar MLBB အမျိုးသားအသင်းအား ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားမည့် Team Myanmar MLBB အမျိုးသားအသင်း၏ ကစားသမားစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

🔹New Cold
🔹PS
🔹OP
🔹Lucky
🔹Kidx
🔹Royal Milk
🔹Jina
🔹PX7

Team Myanmar MLBB အမျိုးသားအသင်းအနေဖြင့် Global Esports Games Qualifier ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့် ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်ကာ American နိုင်ငံ California ၌ ကျင်းပမည့် Global Esports Games (GEGLA26) Main Event သို့ တက်ရောက်ခွင့်ရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားပါမည်။

(English Version)

Official Announcement of Team Myanmar MLBB Male's Roster for the Global Esports Games (GEGLA26)🇲🇲

The Myanmar Esports Federation (MESF) proudly announces Team Myanmar MLBB Male's Roster, who will represent Myanmar in the Global Esports Games (GEGLA26).

The player lineup representing Team Myanmar MLBB Male's Roster is as follows:

🔹New Cold
🔹PS
🔹OP
🔹Lucky
🔹Kidx
🔹Royal Milk
🔹Jina
🔹PX7

Team Myanmar MLBB Male's Roster will participate as the national representative in the Global Esports Games Qualifier, competing against international teams and striving to secure a spot in the Global Esports Games (GEGLA26) Main Event.


Carrying the Flag. Chasing Glory 🇲🇲FIFAe World Cup 2026 ၏ Continental Championship အတွက် Day 1 ပွဲစဉ်များ မကြာခင် စတင်ပါ...
19/08/2026

Carrying the Flag. Chasing Glory 🇲🇲

FIFAe World Cup 2026 ၏ Continental Championship အတွက် Day 1 ပွဲစဉ်များ မကြာခင် စတင်ပါတော့မည်။ မြန်မာကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှအုပ်စု၏ ပွဲချိန်များကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

အဆိုပါပွဲစဉ်များကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့၏ တရားဝင် page နှစ်ခုမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သောကြောင့် မြန်မာကိုယ်စားပြုအသင်း၏ ကျန်ရှိနေသေးသော ခရီးစဉ်များကို အတူတကွ အားပေးစောင့်ကြည့်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

FIFAe World Cup 2026 Continental Championship

19 August 2026
Match 1 — (2:30) Myanmar Time
🇲🇲 Myanmar Vs India 🇮🇳
Match 2 — (3:00) Myanmar Time
🇯🇵 Japan Vs Myanmar 🇲🇲
Match 3 — (3:30) Myanmar Time
🇲🇲 Myanmar Vs Uzbekistan 🇺🇿

(English Version)

Carrying the Flag. Chasing Glory 🇲🇲

Day 1 matches for the FIFAe World Cup 2026 Continental Championship are about to start soon! You can view the match times for the Asia group, in which the Myanmar representative team will compete, in the image below.

These matches will be broadcast live via the official pages of the Myanmar Esports Federation (MESF) and the Myanmar Football Federation (MFF), so we cordially invite everyone to tune in and support the Myanmar representative team on the rest of their journey.

FIFAe World Cup 2026 Continental Championship

19 August 2026
Match 1 — (2:30) Myanmar Time
🇲🇲 Myanmar Vs India 🇮🇳
Match 2 — (3:00) Myanmar Time
🇯🇵 Japan Vs Myanmar 🇲🇲
Match 3 — (3:30) Myanmar Time
🇲🇲 Myanmar Vs Uzbekistan 🇺🇿

Esports Nations Cup 2026 ပြိုင်ပွဲ ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်📢Esports Nations Cup (ENC) ၏ ပထမဆုံးပြိုင...
18/08/2026

Esports Nations Cup 2026 ပြိုင်ပွဲ ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်📢

Esports Nations Cup (ENC) ၏ ပထမဆုံးပြိုင်ပွဲကို မူလသတ်မှတ်ထားသည့် 2026 ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိ ဒေသတွင်းအခြေအနေများနှင့် ပြိုင်ပွဲ၏ နိုင်ငံတကာအတိုင်းအတာအရ လိုအပ်သည့် အခြေအနေများကို ဆက်လက်သုံးသပ်ပြီးနောက် 2027 ခုနှစ်၊ နိုဝင်ဘာလသို့ ရွှေ့ဆိုင်းကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ENC သည် နိုင်ငံပေါင်း 100 ကျော်မှ National Teams၊ Players၊ Game Publishers နှင့် Partners များ ပါဝင်မည့် ကမ္ဘာလုံးဆိုင်ရာ Esports ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်သည့်အတွက် ပါဝင်သည့်နိုင်ငံများနှင့် သက်ဆိုင်သူအားလုံးအတွက် အကောင်းဆုံးအခြေအနေများ ဖန်တီးပေးနိုင်ရန် ယခုကဲ့သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု National Team များအနေဖြင့် ယခုကာလအတွင်း ဆက်လက်ပြင်ဆင်လေ့ကျင့်နိုင်ရန်နှင့် 2027 ခုနှစ်တွင် ကျင်းပမည့် ENC Inaugural Competition အတွက် အကောင်းဆုံးအခြေအနေဖြင့် ပြန်လည်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Esports Nations Cup 2027 ကိုလည်း Saudi Arabia နိုင်ငံ၊ Riyadh မြို့တွင် 2027 ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲအတွက် Qualification Pathway၊ Program Planning နှင့် အခြားဆက်စပ်အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထပ်မံထုတ်ပြန်အသိပေးသွားမည်ဖြစ်ပါသည်။

The inaugural Esports Nations Cup is postponed to November 2027.

More information on our website: https://esportsnationscup.com/en/press-releases/ef-postpones-enc-to-november-2027

မြန်မာကိုယ်စားပြု FIFAe ကစားသမားများ FIFAe Mobile 2026 Continental Championship တွင်  ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင...
18/08/2026

မြန်မာကိုယ်စားပြု FIFAe ကစားသမားများ FIFAe Mobile 2026 Continental Championship တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင်းပရာ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့တွင် Official Testing ပြုလုပ်ခဲ့ပါသည်။

မြန်မာကိုယ်စားပြုကစားသမားများအနေဖြင့် နိုင်ငံတကာအတွေ့အကြုံများရယူကာ ပိုမိုကောင်းမွန်သော ရလဒ်များသယ်ဆောင်လာနိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။

(English Version)

Myanmar representative FIFAe players conducted official testing in Kuala Lumpur, Malaysia, the host country, to compete in the FIFAe Mobile 2026 Continental Championship.

The Myanmar representative players are continuously working hard to gain international experience and bring back better results.

Address

Dana Hlaing Tower, Myay Ni Gone, San Chaung, Yangon
Sanchaung
11111

Alerts

Be the first to know and let us send you an email when Myanmar Electronic Sports Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share