ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

  • Home
  • Myanmar
  • Shwebo
  • ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

ယနေ့ ကျရောက်သော ၇၉ နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ...
19/07/2026

ယနေ့ ကျရောက်သော ၇၉ နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလေးအနက် ဂါရဝပြုအပ်ပါသည်။
သမိုင်းတစ်လျှောက် မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့၏ မွန်မြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း အထူးအောက်မေ့ဖွယ် ဂုဏ်ပြုအပ်ပါသည်။
ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလတွင်လည်း ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်မှုများကို ရဲဝံ့စွာ ရင်ဆိုင်တော်လှန်ရင်း အသက်ပေးလှူခဲ့ကြသော သူရဲကောင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးရဲဘော်များအားလုံး၏ အာဇာနည်စိတ်ဓာတ်ကို အလေးအမြတ်ပြုကာ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သန္နိဋ္ဌာန်ပြုအပ်ပါသည်။
ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ။
#အာဇာနည်နေ့ #ပကဖရွှေဘို #နွေဦးတော်လှန်ရေး

23/06/2026

ပုစဉ်းကင် လတ်လတ်ဆက်ဆက်လေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် လူထုခေါင်းဆောင်၊ ​အမေဒေါ်အော...
19/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် လူထုခေါင်းဆောင်၊ ​အမေဒေါ်အောင်ဆန်းစုကြည်၏ (၈၁)နှစ်ပြည့်မြောက်မွေးနေ့ဖြစ်ပါသည်။

လူထုခေါင်းဆောင် အမေစု၏မွေးနေ့အလှူအဖြစ် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များ၊ တိုက်နယ်အသီးသီးမှ ပကဖရဲဘော်များသည် တော်လှန်ပြည်သူများနှင့်အတူ ကျွန်း၊ တမာ၊ ဗန်ဒါ၊ နှင်းဆီ၊ ကံ့ကော်၊ တရုတ်စကား၊ ရွက်လှ၊ သနပ်ခါး၊ ယုဇန စသည့် သစ်ပင်ပန်းမန်မျိုးစုံတို့ကို နေရာအသီးသီး၌ (၈၁)ပင်စီ စိုက်ပျိုး၍
အမေစုနှင့်တကွ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအပေါင်း အချုပ်အနှောင်မှအမြန်ဆုံး ကင်းလွတ်နိုင်စေရန် ရည်မှန်း၍ စုပေါင်းကုသိုလ်ယူခဲ့ကြပါသည်။

အမေစု၏ လွတ်မြောက်ခြင်းသည် ကျွန်ုပ်တို့ တိုင်းပြည်၏ လွတ်မြောက်ခြင်းနှင့် ထပ်တူကျသည်ဟု ယုံကြည်သည့်အတိုင်း
အမေစု ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု သစ္စာပြုအပ်ပါသည်။

အမေစု၏ စံနမူနာပြ စိတ်ဓာတ်ကို အခြေခံ၍ ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေးသည်လည်း ပိုမိုခိုင်မာအားကောင်းလာပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မလွဲမသွေ တည်ဆောက်နိုင်ရမည်ဟု အလေးအနက် ယုံကြည်ပါသည်။

အမေစု၏ မယိမ်းယိုင်သော စိတ်ဓာတ်နှင့် တိုင်းပြည်အပေါ်ထားရှိသည့် မေတ္တာတရားတို့သည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ရဲဘော်ရဲဘက်များနှင့် ကျွန်ုပ်တို့ ​ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် လမ်းပြကြယ်အ​ဖြစ်လည်းကောင်း၊ အတိုင်းမသိသောခွန်အားအဖြစ်လည်းကောင်း ရှိဆဲ ရှိမြဲဖြစ်နေကြမည်ဟု ယုံကြည်ပါသည်။

အမေစု အမြန်ဆုံး လွတ်မြောက်ပါစေ။
အမေစု သက်တော်ရာကျော် ရှည်ပါစေ။
နွေဦးတော်လှန်ရေး မုချအောင်ရမည်။

#ရွှေဘိုမြို့နယ်ပကဖ
#မွေးနေ့အလှူ
#သစ်ပင်စိုက်ကုသိုလ်ယူ
#အမေစုသက်ရာကျော်ရှည်ပါဖစ
#အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ
#အရေးတော်ပုံအောင်ရမည်

. #နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)  လူထုခေါင်းဆောင် အမေစုရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် "နှင်းဆီလှုပ်...
18/06/2026

. #နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)

လူထုခေါင်းဆောင် အမေစုရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ​​ပြည်သူလူထုနှင့်အတူ လှုပ်ရှားပါဝင်ခဲ့ကြပါတယ်။

ပြည့သူလူထုနှင့်အတူ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်
(၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!
(၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!
(၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်

• 🙏 ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။
• 📸 Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။
• 🚶‍♂️ မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။

ကြွေးကြော်သံ -
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “
ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

ဤ "နှင်းဆီလှုပ်ရှားမှု" ကြီးတွင် ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။





#ရွှေဘိုမြို့နယ်ပကဖ
#ပြည်သူလူထု
#အရေးတော်ပုံအောင်ရမည်

🌙 Eid Mubarak ✨မင်္ဂလာရှိလှတဲ့ ကုရ်ဘာနီအီးဒ်နေ့ အခါသမယမှာ နွေဦး အစ္စလာမ်ဘာသာဝင် အားလုံးပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း...
28/05/2026

🌙 Eid Mubarak ✨

မင်္ဂလာရှိလှတဲ့ ကုရ်ဘာနီအီးဒ်နေ့ အခါသမယမှာ
နွေဦး အစ္စလာမ်ဘာသာဝင် အားလုံး
ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းများနှင့်ပြည့်စုံပြီး
Eid နေ့ရက်မြတ်မှသည် နေ့ရက်တိုင်း နွေးထွေးပျော်ရွှင်နိုင်ကြပါစေ 🌙🤍

ရွှေဘိုမြို့နယ်ပကဖ

(၁၇.၅.၂၀၂၆)ရက်နေ့တွင် ရွှေဘိုမြို့နယ်ပကဖ အဖွဲ့ဝင်ရဲဘော်များ စုပေါင်း၍ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ရွှေဘို-ဆိပ်ခွန် ...
17/05/2026

(၁၇.၅.၂၀၂၆)ရက်နေ့တွင် ရွှေဘိုမြို့နယ်ပကဖ အဖွဲ့ဝင်ရဲဘော်များ စုပေါင်း၍ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ရွှေဘို-ဆိပ်ခွန် လမ်းပိုင်းရှိ ချိုင့်ခွက်များအား ပြုပြင်ခြင်း နှင့် လမ်းဘေးဝဲယာရှိ ခြုံနွယ်များအား ရှင်းလင်း၍ လမ်းပိုင်းအား ချဲ့ထွင်ခဲ့ပါသည်။
#ရွှေဘိုမြို့နယ်ပကဖ
#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန

၁၁ရက် မေလ ၂၀၂၆ ခုနှစ်“စစ်ရှုံးအာဏာရှင်၏ ပြည်သူ့အပေါ် အငြိုးအတေးဖြင့် လက်တုံ့ပြန်မှုများအား ကြံ့ကြံ့ခံတော်လှန်ကြစို့”ယခုတ...
11/05/2026

၁၁ရက် မေလ ၂၀၂၆ ခုနှစ်
“စစ်ရှုံးအာဏာရှင်၏ ပြည်သူ့အပေါ် အငြိုးအတေးဖြင့် လက်တုံ့ပြန်မှုများအား ကြံ့ကြံ့ခံတော်လှန်ကြစို့”

ယခုတစ်ပတ်အတွင်း မြန်မာ့တော်လှန်ရေး အခင်းအကျင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးအရ အဘက်ဘက်မှ အထိနာနေသည်ကို ဖုံးကွယ်ရန်အတွက် နိုင်ငံရေးအရ ကစားကွက်များ ခင်းကျင်းလာသလို၊ မြေပြင်တွင်လည်း ပြည်သူလူထုကို ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ကို တွေ့ရှိရပါသည်။

၁။ ရွှေဘိုဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရာဇဝတ်မှုများ

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးအရ အရှုံးကို ပြည်သူ့အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ရွှေဘိုနှင့် ဆားလင်းကြီးဘက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သံဃာတော်များနှင့် ကလေးငယ်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာတွင်လည်း မေလ ၆ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိပ်ပျော်နေသည့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ရပြီး ပြည်သူပိုင်နေအိမ်များ ပျက်စီးခဲ့ရပါသည်။

၂။ မြေပြင်တိုက်ပွဲများနှင့် တော်လှန်ရေးအရှိန်အဟုန်

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ဒရုန်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ရန်သူ့စစ်ကြောင်းများ အထိနာနေပြီး ရန်သူ့အုပ်ချုပ်ရေးယန္တရားမှာ မြို့ပေါ်စခန်းငယ်အချို့တွင်သာ ကန့်သတ်ထားရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင်လည်း ရခိုင်၊ ချင်း၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် တော်လှန်ရေးအင်အားစုများက စစ်ရေးအရ အသာစီးရယူထားကာ ရန်သူ့အမာခံစခန်းများကို ဆက်တိုက်သိမ်းပိုက်လျက်ရှိပါသည်။

၃။ ကာကွယ်ရေးဝန်ကြီး၏ တိုက်တွန်းချက်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှလည်း စစ်ရေးသဘာဝအရ ဖြစ်ပေါ်လေ့ရှိသည့် အတက်အကျများကြားတွင် ပြည်သူများအနေဖြင့် စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ တော်လှန်ရေးပန်းတိုင်သို့ အတူချီတက်ကြရန်နှင့် အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မြေပြင်ရဲဘော်များနှင့်အတူ အမြဲရှိနေမည်ဖြစ်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားပါသည်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍
အကြမ်းဖက်စစ်အုပ်စု၏ မတရားမှုများကို အမြစ်ဖြတ်နိုင်သည်အထိ ပြည်သူနှင့်အတူ လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန


#ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

၇ ရက် မေလ ၂၀၂၆ ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီသော စစ်သတင်းလွှာ အတွဲ (၈) အမှတ် (၉)[ကျ...
07/05/2026

၇ ရက် မေလ ၂၀၂၆ ခုနှစ်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီသော
စစ်သတင်းလွှာ အတွဲ (၈) အမှတ် (၉)

[ကျောက်ဆောင်နဲ့ ရေစီး - တော်လှန်ရေးခရီးရှည်ရဲ့ ဗျူဟာမြောက် ခြေလှမ်းများ] 🚩
လက်ရှိ စစ်ရေးအခြေအနေမှာ ရန်သူစစ်ကောင်စီဟာ အင်အားအလုံးအရင်း၊ လေကြောင်းပစ်ကူတွေနဲ့ မြို့တွေကို ပြန်လည်စိုးမိုးနိုင်ဖို့ အသည်းအသန် ကြိုးပမ်းလာနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရဲဘော်တွေရဲ့ အသက်ကို အရင်းအနှီးမခံဘဲ "ကျောက်ဆောင်လို တင်းခံမယ့်အစား ရေလိုစီးဆင်းမယ့်" ဗျူဟာကို အသုံးချပြီး ရန်သူကို ပတ်ချာလည်အောင် တိုက်စစ်ဆင်နေပါတယ်။

ယခုတစ်ပတ်အတွင်း ထူးခြားဖြစ်စဉ်များ -

📌 ပြည်သူ့ရင်ခွင် ခိုလှုံမှု တိုးလာခြင်း
ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) က တပ်သား ၅ ဦးဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာလည်း လက်နက်ချ အလင်းဝင်သူ ၃,၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

📌 စစ်ဆင်ရေးအောင်မြင်မှုနှင့် နယ်မြေပြန်လည်အခြေစိုက်မှု
တိုင်းရင်းသားဒေသတွေမှာ ၁ နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေဟာ မိခင်နယ်မြေဆီ ပြန်လည်ရောက်ရှိလာပြီး ဒေသတွင်း တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ အသင့်ရှိနေကြပါပြီ။

📌 ရန်သူ့အခြေစိုက်စခန်းများ အထိနာခြင်း
ဖားကန့်၊ လုံးခင်းဒေသမှာ ဒရုန်းနည်းပညာကို အရှိန်အဟုန်မြှင့် အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်သားသစ်နဲ့ ပျူစောထီး ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ရေးမြို့အခြေစိုက် စကခ (၁၉) ဌာနချုပ်အတွင်းရှိ လက်နက်တိုက်ကိုလည်း တပ်တွင်းဖရဲသီးနဲ့ ပူးပေါင်းပြီး အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ပါတယ်။

📌 စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းဟာ စစ်ကောင်စီက နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေကို လျှော့ချဖို့ ကြိုးပမ်းတဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုသာ ဖြစ်တယ်လို့ NUG က ထောက်ပြထားပါတယ်။

နိဂုံးချုပ်တိုက်တွန်းချက်
စစ်ပွဲမှာ ရှေ့တိုးနောက်ဆုတ်ဆိုတာ ရှိစမြဲဖြစ်ပြီး ခဏတာ မြို့လက်လွှတ်ရတာကို ကြည့်ပြီး စိတ်မပျက်ကြဖို့ တောင်းဆိုချင်ပါတယ်။ အဓိကက ရည်မှန်းချက်မပျောက်ဖို့နဲ့ ပြည်သူတွေ ဘေးကင်းဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ မိမိတို့ကိုယ်တိုင်ရဲ့ အင်အားနဲ့ တည်ဆောက်ရမယ့် ခရီးရှည်ဖြစ်လို့ စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်ချီတက်ကြပါစို့။
#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန


#ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

၅ ရက် မေလ ၂၀၂၆ ခုနှစ်ယနေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့ကာကွ...
05/05/2026

၅ ရက် မေလ ၂၀၂၆ ခုနှစ်
ယနေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၅) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
တော်လှန်ရေး ခရီးလမ်းတစ်လျှောက် မိမိတို့၏ အသက်၊ သွေး၊ ချွေးများကို ပေးဆပ်စတေးခဲ့ကြသည့် ရဲဘော်အပေါင်းကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့် သဝဏ်လွှာပါအတိုင်း-
မိမိတို့၏ အားနည်းချက်များကို သင်ခန်းစာယူ ပြင်ဆင်ပြီး၊ ပြည်သူ့ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းကာ၊ မဟာမိတ်များနှင့်အတူ လက်တွဲပြီး အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်။
"ပြည်သူ့တော်လှန်ရေးမုချအောင်ရမည်"
#ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

https://www.facebook.com/share/p/1BAGLPLZ9v/
22/04/2026

https://www.facebook.com/share/p/1BAGLPLZ9v/

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ နှစ်ဦးသဝဏ်လွှာမှ ကောက်နုတ်ဖော်ပြချက်"

#ပကဖအသံ
#ပကဖ

Address

Shwebo

Website

Alerts

Be the first to know and let us send you an email when ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share