Jock

Jock Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jock, Library, Shwebo.

မင်းတို့သိလားမရှိတော့မှနောင်တတေတပွေ့ကြီးနဲ့ကျန်ခဲ့ရတဲ့အဖြစ်မျိုးမဖြစ်ချင်ရင်ရရှိနေတုန်းမှာဂရုစိုက်ပါ
17/02/2023

မင်းတို့သိလားမရှိတော့မှနောင်တတေတပွေ့ကြီးနဲ့ကျန်ခဲ့ရတဲ့အဖြစ်မျိုးမဖြစ်ချင်ရင်ရရှိနေတုန်းမှာဂရုစိုက်ပါ

ပျော်ရွှင်မှုဆိုတာတခြားသူစီကမရဘူးကိုယ်ကိုတိုင်လုပ်ယူရတဲ့အရာမျိုး
17/02/2023

ပျော်ရွှင်မှုဆိုတာတခြားသူစီကမရဘူးကိုယ်ကိုတိုင်လုပ်ယူရတဲ့အရာမျိုး

မင်းမှာရှိသင့်တဲ့အရာကကြိုးစားအားထုတ်မှုပါ
17/02/2023

မင်းမှာရှိသင့်တဲ့အရာကကြိုးစားအားထုတ်မှုပါ

17/02/2023

ကျွန်တော်တို့ဘဝမှာ အောင်မြင်တိုးတက်ဖို့ အောင်မြင်ရေးစာအုပ်တွေ ဖတ်တယ်။ တက်ကျမ်းတွေ ဖတ်တယ်။ တကယ်တမ်း တက်ကျမ်းစာအုပ်တွေ ဖတ်နေတိုင်း ဘဝကြီးက တိုးတက်ပြောင်းလဲတယ်ဆိုတာ လက်တွေ့မဆန်ဘူး။

အဲ့တာနဲ့ ခပ်ဆင်ဆင်။ ဘဝမှာ ချို့ယွင်းချက်မဲ့ ပျော်ရွှင်မှုတွေ ရှာချင်လို့ စာအုပ်ထဲ လိုက်ရှာတယ်။ စာရေးဆရာတွေ ပေးထားတဲ့အတိုင်း နားထောင်ကြည့်တယ်။ လိုက်နာ ကျင့်သုံးကြည့်တယ်။ တကယ်ရော ပျော်ရွှင်မှုအစစ်ကို ရကြရဲ့လား မေးရင် မပျော်ဘူးလို့ဖြေကြမှာ ခပ်များများပဲ။

နောက်တစ်ခု။ ပိုက်ဆံချမ်းသာချင်လို့ ပိုက်ဆံစုနည်း၊ သုံးနည်း၊ ရှာနည်း၊ ဘယ်နှနှစ်တွင်း ငွေဘယ်လောက် ရှာဖွေနည်း၊ သူဌေးမြန်မြန် ဖြစ်နည်း၊ သင့်ကို မီလံယံနာ ဖြစ်စေမယ့် လျှို့ဝှက်ချက်များ စသဖြင့် သူဌေးဖြစ်ချင်လို့ စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်ထဲမှာ ပါတဲ့အတိုင်း ဖြစ်လာရောလားဆိုလည်း မဖြစ်သေးဘူး။

သို့သော် ဘဝမှာ ပျော်ရွှင် အောင်မြင်ဖို့၊ တိုးတက်ကြီးပွား စာမဖတ်ရတော့ဘူးလားဆိုတော့လည်း မဟုတ်သေးဘူး။ ပျော်ရွှင်ဖို့ အတွေးအခေါ်ကောင်းလိုတယ်။ အောင်မြင်ဖို့ နည်းစနစ်တွေ လိုတယ်။ ကြီးပွားဖို့ ဗျူဟာအသစ်အသစ်တွေ လိုတယ်။ အဲ့ဒီဟာတွေကို ပေးနိုင်စွမ်းရှိတဲ့ တစ်ခုတည်းအရာကတော့ စာအုပ်တွေကတဆင့်ပဲ။

နောက်ပြီး အကျိုးရှိရှိ စာဖတ်တယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုကို လက်တွေ့ဘဝမှာ အသုံးချဖို့ပဲ ဖြစ်တယ်။ ဘာလို့ ဒီလို ပြောရလဲဆိုရင် သိနေပြီး အသုံးမချတတ်ဘူးဆိုရင် မသိတာနဲ့ ဘာမှ မခြားတော့ဘူး။ ဆိုပါတော့ ကိုယ်က ဘဝအတွက် ပျော်ရွှင်အောင် နေထိုင်နည်း ဆိုတာမျိုးတွေ ဖတ်လိုက်တယ်။

ဒါပေမဲ့ အဲ့ဟာတွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ သင့်တော်သလို ပြန်လည် အသုံးမချသေးဘူးဆိုရင် အဲ့တာ စာတတ်ပြီး စာမဖတ်တတ်တာနဲ့ တူတယ်။ စာဖတ်တတ်တယ်ဆိုတာ စာအုပ်ထဲက ရတဲ့အတွေးကို လက်တွေ့မှာ အသုံးချ အကောင်အထည်ဖော်နေခြင်းပဲ ဖြစ်ပါတယ်။ အတွေးကို အသုံးချလေလေ စွမ်းအားတစ်ခု ဖြစ်လာလေလေပဲ။........

ဖော်ပြပါ အဆိုအမိန့်ဟာ ကမ္ဘာကျော် စာရေးဆရာကြီး Dale Carnegie ရေးသားခဲ့တဲ့ အဆိုအမိန့်လေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ShweNote Application ထဲမှာလည်း Dale Carnegie ရေးသားခဲ့တဲ့ How to win Friend and Influence People ဆိုတဲ့ စာအုပ်လေးလည်း ရှိပါတယ်။


#၃၀မိနစ်တက္ကသိုလ်

17/02/2023

ပြိုင်ငြင်းဖို့ မတန်တဲ့ ကိစ္စတွေကို ပြိုင်မငြိုင်းတာပဲ ကောင်းတယ်။ တကယ်ပြောတာ လူတချို့နဲ့ ပြိုင်ငြင်းဖို့ တကယ် မတန်တာ။

ကိုယ် မှန်တာကို မှန်ကြောင်း သုံးသပ်ပြ၊ မှားတာကို မှားကြောင်း ဝန်ခံပြ၊ အကြောင်းအရာတစ်ခုခု ဖြစ်သင့်တဲ့ အမှန်တရားတစ်ခုခု ကိုယ့်သဘောထား အယူအဆတစ်ခုခုနဲ့ပတ်သက်ပြီး ပြိုင်ငြင်းတယ်ဆိုတာ အတိုင်းအတာတစ်ခုလောက်ပဲ သင့်တော်တယ်။

ကိုယ်လုပ်သမျှ အကုန်လုံး အမှန်၊ ကိုယ်ကလွဲလို့ ကျန်တဲ့ တစ်လောကလုံး အမှား။ တစ်ဖက်ပိတ်ပြီး တယူသန် သွေးနားထင်တက်နေတဲ့ လူနဲ့ ပြိုင်ငြင်းနေရင် အပိုပဲ။ ရှင်းပြနေလည်း အပိုပဲ။ ဘာနဲ့တူလည်းဆို ပုံသေနည်းမသိဘဲ အဖြေရှာချင်နေတဲ့ ရူပဗေဒ ကျောင်းသားတစ်ယောက်နဲ့ ဆင်တူတယ်။

တစ်ခါတလေမှာ မတူလို့ မတန်လို့ကို ပြိုင်မငြင်းတာ။ သူတို့လောက် မသိလို့၊ မတော်လို့၊ မတတ်လို့လည်း မဟုတ်ဘူး။ နုံလို့ အလို့ ၊ ထုံလို့ ထိုင်းလို့လည်း မဟုတ်ဘူး။ ပြိုင်ငြင်းရတာ မောလွန်းလို့၊ ရှင်းပြနေရတာ ပင်ပန်းလွန်းလို့ပါ။

တစ်ခါတလေ “ မသိနားမလည်တဲ့သူတွေနဲ့ ငြင်းရတာထက်စာရင် တစ်ကိုယ်တည်း ပိုတောက်ပနေတာပဲ ကောင်းတယ် ” ။


#၃၀မိနစ်တက္ကသိုလ်

17/02/2023

နိုင်ငံခြားသွားပါ...

1.ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

2.မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်။

3.ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်။

4.ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်။

5.ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်။

6.မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်။

7.နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်။

8.အချိန်ကိုလေးစားတတ်လာမယ်။

9.ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။

10.ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်။

11.ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်။

12.အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်။

13.မြန်မာ့ယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်။

14.မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်။

15.သည်းခံခြင်းတရား ကြီးမားလာမယ်။

16.ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

17ပတ်ဝန်းကျင်ကို ရှုမြင်ပုံ
ကွဲပြားလာပါလိမ့်မယ်။

18.အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်။

19.အချိန်ကို စီမံခန့်ခွဲတတ်လာမယ်။

20.လုပ်အားတန်ဖိုး ချစ်မြတ်နိုးလာလိမ့်မယ်။

21.အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်။

22.ငွေကို တန်ဖိုးထားတတ်လာမယ်။

23.ကိုယ့်နိုင်ငံ နဲ့ မတူကွဲပြားနေတာကို
သင်တွေ့ကြုံ သင်ခန်းစာရလာလိမ့်မယ်။


crd

17/02/2023

🌿🌿🌿ရိုးသားပါ🌿🌿🌿

ကိုယ်လျှောက်ခဲ့တဲ့လမ်း ဘယ်အချိန်ပဲ ပြန်ကြည့်ပြန်ကြည့် လိပ်ပြာသန့်ချင်တယ်ဆိုရင်ရိုးသားမှုတွေနဲ့ လျှောက်လှမ်းပါ ။

အလုပ်ကို ရိုးသားစွာ လုပ်ကိုင်ပါ ။ စကားကို ရိုးရိုးသားသား ပြောဆိုပါ ။ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေတွေအပေါ်ကို ရိုးရိုးသားသား ဆက်ဆံပါ ။

ငွေးကြေးတွေ ၊ ရာထူးဂုဏ်ထူးတွေကသင့်ဘဝကို လုံခြုံမှု အပြည့်မပေးနိုင်ဘူး။ရိုးသားခြင်းတွေကသင့်ဘဝကို လုံခြုံမှုအပြည့်ပေးနိုင်သလို သင့်ဘဝကို လိပ်ပြာသန့်သန့်နဲ့ ရှင်သန်နိုင်တယ် ။

လောကမှာ စည်းစိမ်ဥစ္စာကြွယ်ဝနေတဲ့သူ အခြွေအရံပေါများနေတဲ့သူတွေ တန်ဖိုးအရှိဆုံးလူတွေလို့ မထင်လိုက်နဲ့ ။ တန်ဖိုးအရှိဆုံး တန်ဖိုးဖြတ်လို့ မရတဲ့သူဆိုတာရိုးသားခြင်းတွေ ရှိနေတဲ့သူက တန်ဖိုး အရှိဆုံးလူပါပဲ။

မိမိဘဝတစ်ခုလုံး နောက်ဆုံးထွက်သက်အထိ ဘဝကို လိပ်ပြာသန့်သန့် တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ ထွက်ခွါသွားခြင်တယ်ဆိုရင် မိမိမှာ ဘာမှာမရှိခဲ့ရင်တောင် ရိုးသားပါ ။

Crd..

17/02/2023

#လူငယ်များသို့.....

ဆင်းရဲတော့ စိတ်အားငယ်တယ်။
စိတ်သိမ်ငယ်တော့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။
ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည် ဖြစ်နေတယ်။

လူတော်တော်များများဟာ အခွင့်ရှိတုန်း
တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ...
အခက်အခဲ နည်းနည်း တွေ့တာနဲ့
ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုတ်လမ်းရှာပြန်တယ်။
အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့...

၁။ #ပိုက်ဆံမရှာတတ်ဘူး ။ 💰
မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လ်ို့။

၂။ #အရည်အချင်းမရှိလို့ ။ 🙅🏻‍♀️🙅🏻‍♂️
မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ #စကားမပြောတတ်လို့။ 🤷🏻‍♀️🤷🏻‍♂️
မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

၄။ #အချိန်မရှိလို့။ 🤦🏻‍♂️🤦🏻‍♀️
မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက် ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြန်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်၀က်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ #ဝါသနာမပါလို့။ 🙇🏻‍♀️🙇🏻‍♂️
မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ဝါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ဝါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာပါသွားတာပဲ။ ဝါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။

၆။ #စဉ်းစားကြည့်အုံးမယ်။ 🙋🏻‍♂️🙋🏻‍♀️
***ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနှုန်းပြည့်သေချာတဲ့ အထိစောင့်နေရင်
အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ် ဆိုပြီးစဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။

👉👉 #သင့်အတွက် စိတ်ခွန်အား ၊ အားဆေး🍶တစ်ခွက် ဖြစ်ခဲ့လျှင် ပြန်လည် ၊🔄ဝေမျှပေးပါ။

redit:မူရင်းရေးသူ
#လေးစားစွာဖြင့်

Address

Shwebo

Telephone

+959975261960

Website

Alerts

Be the first to know and let us send you an email when Jock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Jock:

Share

Category