Century Lamp

Century Lamp Century Lamp Library is a non-profit organization. ✌️

To raise the spiritual quality of the community with non-discriminatory participation by nurturing life-long learning.

ဘ၀တစ်သက်တာ လေ့လာသင်ယူမှုကို ပျိုးထောင်ခြင်းဖြင့် လူမျိုးဘာသာမရွေး ပူးပေါင်းဆောင်ရွက်၍ အများပြည်သူ၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး တိုးတက်ဖွံ့ဖြိုးလာစေရန်

Dr.ရဲထွန်းနှင့် Dr.သဉ္ဇာမျိုးသန့်တို့က သုတ ရသ စာအုပ် တစ်ရာကျော်ကို စာကြည့်တိုက်အတွက် လှုဒါန်းပါတယ်။ စာအုပ်အသစ်ဝယ်တင်ဖို့...
20/10/2024

Dr.ရဲထွန်းနှင့် Dr.သဉ္ဇာမျိုးသန့်တို့က သုတ ရသ စာအုပ် တစ်ရာကျော်ကို စာကြည့်တိုက်အတွက် လှုဒါန်းပါတယ်။ စာအုပ်အသစ်ဝယ်တင်ဖို့ရာ စာကြည့်တိုက်မှာလဲ အခက်အခဲ အများကြီး ရှိ‌ပါတယ်။ ဒီလိုအချိန်မှာပဲ စာအုပ်အလှူတွေ ရောက်ရှိလာပြီး Young Adult တွေဖတ်ဖို့ စာပေအမျိုးအစားတွေလည်း အများကြီးပါလာတာကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။ ယခုကဲ့သို့ ရာစုနှစ်မီးအိမ်စာကြည့်တိုက်ကို ယုံယုံကြည်ကြည်နဲ့ လှူဒါန်းပေးတဲ့အတွက် ကျေးဇူးများစွာတင်ရှိပါကြောင်းလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

မခင်ငြိမ်းငြိမ်းမွန်က စာကြည့်တိုက် စတင်တည်ထောင်ကတည်းကနေ ဒီကနေ့အထိ အမြဲတမ်းလှူဒါန်းနေတဲ့အလှူရှင်ဖြစ်ပါတယ်။ သူမတစ်ကိုယ်စာ ...
11/10/2024

မခင်ငြိမ်းငြိမ်းမွန်က စာကြည့်တိုက် စတင်တည်ထောင်ကတည်းကနေ ဒီကနေ့အထိ အမြဲတမ်းလှူဒါန်းနေတဲ့အလှူရှင်ဖြစ်ပါတယ်။ သူမတစ်ကိုယ်စာ ပံ့ပိုးပေးသည်သာမက နီးစပ်ရာမိတ်ဆွေများထံသို့ စာကြည့်တိုက်အကြောင်းသတင်းစကားပါပြီး အလှူရှင်များစွာနှင့် ချိတ်ဆက်ပေးခဲ့သူပါ။
ဒီနှစ်ထဲမှာလည်း စာကြည့်တိုက်အတွက် စာအုပ်အသစ်တင်ဖို့ လှူချင်တယ်လို့ သူမဘက်က စတင်ကမ်းလှမ်းပြီး လှူဒါန်းလာတာ အခုအကြိမ်က သုံးကြိမ်မြောက်လှူဒါန်းမှုဖြစ်ပါတယ်။ ဒါ့အပြင် သူမအသိမိတ်ဆွေတစ်ဦးဆီက စာအုပ်နှစ်ရာနီးပါး အလှူခံပေးခဲ့တာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကမှပါ။ ဒီလိုပံ့ပိုးကူညီပေးခဲ့မှုတွေကို ရေးပြရရင် စာအုပ်တစ်အုပ်စာဖြစ်သွားနိုင်ပါတယ်။
မခင်ငြိမ်းငြိမ်းမွန်ရဲ့ ပညာရေးရည်မှန်းချက်တွေ၊ ဘဝပန်းတိုင်တွေ၊ အလုပ်အကိုင်တွေနဲ့ ဝါသနာတွေကို အကောင်အထည်ဖော်ရာမှာ စာကြည့်တိုက်အတွက် ကူညီလှူဒါန်းခဲ့မှုတွေက တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်ပါစေကြောင်း ဆုတောင်းစကားဆိုလိုက်ပါတယ်။

Dr. Soe Soe Aye Tun မှ စာကြည့်တိုက်အတွက် English စာအုပ်ပေါင်းများစွာ လှူဒါန်းပေးလို့ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်း...
30/09/2024

Dr. Soe Soe Aye Tun မှ စာကြည့်တိုက်အတွက် English စာအုပ်ပေါင်းများစွာ လှူဒါန်းပေးလို့ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ကလေးတွေဖတ်ဖို့ အင်္ဂလိပ်စာအုပ်တွေလိုအပ်နေချိန်မှာ ကလေးဖတ်စာအုပ်တွေ ရာချီပါသလို တန်ဖိုးကြီးသော ဘာသာရပ်ဆိုင်ရာ စာအုပ်တွေလည်းပါတာကြောင့် စာကြည့်တိုက်အတွက် အလွန်တရာမှ တန်ဖိုးရှိလှပါတယ်။
စာကြည့်တိုက်အတွက်ဆို အမြဲတမ်း သတိတရနဲ့ အလှုခံပေးရုံသာမက Delivery Charge 18,000 Ks. ကိုပါလှုဒါန်းပေးတဲ့အတွက် မခင်ငြိမ်းငြိမ်းမွန်ကိုလည်း ကျေးဇူးတင်စကား ထပ်ဆင့်ပြောကြားလိုပါတယ်။
ဒီလိုအသိမိတ်ဆွေတွေရဲ့ ဖေးမကူညီမှုတွေသာမရှိခဲ့ရင် ‌စာကြည့်တိုက်အတွက် ၁၄ နှစ်ကြာ ရပ်တည်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ ဝိုင်းဝန်းကူညီပေးကြသူ တစ်ယောက်ချင်းဆီအား အစစအရာရာ အဆင်ပြေကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

လေးတန်းကျောင်းသား မောင်မင်းခန့်နိုင်မှ Century Lamp Library သို့ ဆရာမောင်ထွန်းသူရဲ့ စာအုပ်၂အုပ်အားလာရောက်လှူဒါန်းသွားပါတ...
08/09/2024

လေးတန်းကျောင်းသား မောင်မင်းခန့်နိုင်မှ Century Lamp Library သို့ ဆရာမောင်ထွန်းသူရဲ့ စာအုပ်၂အုပ်အားလာရောက်လှူဒါန်းသွားပါတယ် 😍

ပညာရပ်ပိုင်းဆိုင်ရာစာအုပ်တွေ၊ စာကြည့်တိုက်က ဘာသာရပ်အလိုက်စုစောင်းထားတဲ့စာအုပ်‌တွေနဲ့ ဒုတိယအကြိမ်ထွက်မလာနိုင်တဲ့စာအုပ်တွေ...
29/08/2024

ပညာရပ်ပိုင်းဆိုင်ရာစာအုပ်တွေ၊ စာကြည့်တိုက်က ဘာသာရပ်အလိုက်စုစောင်းထားတဲ့စာအုပ်‌တွေနဲ့ ဒုတိယအကြိမ်ထွက်မလာနိုင်တဲ့စာအုပ်တွေကို စာကြည့်တိုက်အတွက် မဖြစ်မနေဝယ်ယူထားရပါတယ်။ အခုလိုအခြေအနေမှာ အလှူငွေမရှိပေမယ့် ဒီစာအုပ်တွေလိုချင်တဲ့အကြောင်းပြောလိုက်ချိန်မှာ ချက်ချင်းလှူဒါန်းပေးတဲ့ မငုဝါဝင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီကာလတွေမှာ မငုဝါဝင်းတို့မိသားစုရဲ့ ကူညီမှူတွေကြောင့်သာ စာကြည့်တိုက်ရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။

Kant Kaw Taw Library ရဲ့ Online ဆွေးနွေးပွဲမှာ ရာစုနှစ်မီးအိမ်ရဲ့လက်ထောက်စာကြည့်တိုက်မှုးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့...
21/08/2024

Kant Kaw Taw Library ရဲ့ Online ဆွေးနွေးပွဲမှာ ရာစုနှစ်မီးအိမ်ရဲ့လက်ထောက်စာကြည့်တိုက်မှုးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရထားပါတယ်။ အညာဒေသရဲ့ တန်ဖိုးဖြတ်မရတဲ့ ချစ်စရာရိုးရာယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်ထားပြီး စိတ်ဝင်စားပါက ဓာတ်ပုံထဲမှာပါတဲ့ zoom Link ကနေ တိုက်ရိုက်တက်ရောက်ပါဝင်ပေးဖို့ လေးစားစွာဖိတ်ကြားအပ်ပါတယ်။

Century Lamp စတင်တည်ထောင်ကတည်းကနေ ဒီနေ့အချိန်ထိ အကူအညီများစွာပေး‌နေတဲ့ မခင်ငြိမ်းငြိမ်းမွန် လှုဒါန်းတဲ့ ၈သောင်းကျပ်တန်ဖိ...
13/07/2024

Century Lamp စတင်တည်ထောင်ကတည်းကနေ ဒီနေ့အချိန်ထိ အကူအညီများစွာပေး‌
နေတဲ့ မခင်ငြိမ်းငြိမ်းမွန် လှုဒါန်းတဲ့ ၈သောင်းကျပ်တန်ဖိုးရှိ စာအုပ်များဖြစ်ပါတယ်။
ယခုလိုလှုဒါန်းမှုအတွက် စာကြည့်တိုက်အသင်းဝင်များနဲ့ ကော်မတီဝင်များက အထူးကျေးဇူးတင်ရှိတဲ့အကြောင်းမှတ်တမ်းတင်အပ်ပါတယ်။

လစဉ် စာအုပ်စာပေများ လှုဒါန်းလိုပါကလည်း စာကြည့်တိုက်ရဲ့ Page Messenger မှတဆင့်ဆက်သွယ်နိုင်တဲ့အကြောင်း သတင်းပါးရင်း ☺️

09/03/2024

International Women's Day မှာ Century Lamp Library Shwebo ရဲ့ Tech Age Girl တချို့ ပူးပေါင်းပါဝင်ခွင့်ရခဲ့တာ‌လေးကို အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်
https://www.facebook.com/share/v/PQJ5v2DLiZGc6A3M/?mibextid=jmPrMh

လတ်တလောထွက်ရှိထားပြီး အသင်းဝင်အချို့က စာကြည့်တိုက်မှာတင်ပေးဖို့ တောင်းဆိုထားတဲ့ အောက်ပါစာအုပ်ကို မမေသော်တာသန့်၊ ကိုသိန်း...
12/02/2024

လတ်တလောထွက်ရှိထားပြီး အသင်းဝင်အချို့က စာကြည့်တိုက်မှာတင်ပေးဖို့ တောင်းဆိုထားတဲ့ အောက်ပါစာအုပ်ကို မမေသော်တာသန့်၊ ကိုသိန်းကျော်ဦးနှင့် မနွယ်နွယ်ထွန်းတို့ သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းခြင်းအတွက် ကျေးဇူးများစွာတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


အသင်းဝင်တွေကဖတ်ချင်လို့ တောင်းဆိုထားတဲ့စာအုပ်ကိုလှူဒါန်းပေးပါသော စာကြည့်တိုက်ရဲ့အမြဲတမ်းအလှူရှင် မစိုးစိုးကြင်(မိသားစု)က...
10/02/2024

အသင်းဝင်တွေကဖတ်ချင်လို့ တောင်းဆိုထားတဲ့စာအုပ်ကိုလှူဒါန်းပေးပါသော စာကြည့်တိုက်ရဲ့အမြဲတမ်းအလှူရှင် မစိုးစိုးကြင်(မိသားစု)ကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရှားရှားပါးပါး ဗမာလို ထွက်ရှိသော စပိန်သဒ္ဒါများလှူဒါန်းသည့် https://www.facebook.com/kpplspanish?mibextid=LQQJ4d ဆရာမ၊ အ...
09/02/2024

ရှားရှားပါးပါး ဗမာလို ထွက်ရှိသော စပိန်သဒ္ဒါများလှူဒါန်းသည့် https://www.facebook.com/kpplspanish?mibextid=LQQJ4d ဆရာမ၊ အဘိဓာန်စာအုပ်နှင့် Anne Frank Diary စာအုပ်များလှူဒါန်းပြီး အရောက်ပို့ပေးပါသော မခင်ငြိမ်းငြိမ်းမွန်တို့ကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

စာကြည့်တိုက်အတွက် စာအုပ်အလှူမခံဖြစ်တာ နှစ်နှစ်ကျော်ကြာနေပါပြီ။ တချို့အလှူရှင်များက လိုအပ်နေတဲ့စာအုပ်စာရင်းတင်ပေးဖို့ ပြေ...
20/01/2024

စာကြည့်တိုက်အတွက် စာအုပ်အလှူမခံဖြစ်တာ နှစ်နှစ်ကျော်ကြာနေပါပြီ။ တချို့အလှူရှင်များက လိုအပ်နေတဲ့စာအုပ်စာရင်းတင်ပေးဖို့ ပြောဆိုလာတာကြောင့် စာကြည့်တိုက်အတွက်ရှိသင့်တဲ့၊ အသင်းဝင်အများစုကတင်‌ပေးဖို့ တောင်းဆိုနေတဲ့စာအုပ်များရဲ့ဈေးနှုန်းနှင့်အတူတကွဖော်ပြထားသော ဓာတ်ပုံများတင်ပေးလိုက်ပါတယ်၊ မိတ်ဆွေအလှူရှင်များ လှူဒါန်းလိုတဲ့စာအုပ်ကို messenger မှာလာရောက်ဆက်သွယ်လို့ရပါတယ်။ ငွေလွှဲပေးရမယ့်အချက်အလက်များကိုလည်း အလှူရှင်တစ်ဦးချင်းဆီကို ပြောပြပေးပါ့မယ်ဗျ။
ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ။

Address

No. 203, Min Hla Anawyahta (6)St, Near Damarone, Quarter(9)
Shwebo

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

09963240884

Website

Alerts

Be the first to know and let us send you an email when Century Lamp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Century Lamp:

Share

Category