ဆင်ဖြူကျွန်းမြို့

ဆင်ဖြူကျွန်းမြို့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့

31/08/2026

ဆင်ဖြူကျွန်းမြို့၊ ကျောင်းကုန်းရွာ၊ ရှင်ပင်ငါးမျက််နှာဘုရား

Video - .nyar5 TikTok

31/08/2026

မကွေးတိုင်း စစ်ရေး အခြေအနေ အကျဉ်းချုပ်

The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၅
The Nation Voice ရေးသားသည်။

၂၀၂၆ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မကွေးတိုင်းက စစ်ရေး အခြေအနေ အကျဉ်းချုပ်ကို The Nation Voice က ဖော်ပြပေးသွားပါမယ်။

စစ်ကောင်စီဟာ ပေါက်နဲ့ မြိုင်မြို့နယ် အစပ်က မကွေးတိုင်းရဲ့ ဗျူဟာမြောက် ရေနံမြေတွေကို ပြန်လည် ထိန်းချုပ်ဖို့ စစ်ရေး အရှိန်မြှင့်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒါ့အပြင် မင်းတုန်းဒေသကနေ ဖြတ်ပြီး ရခိုင်ပြည်နယ်ဘက်ကို စစ်ကူ ပို့နိုင်ဖို့အတွက် လေကြောင်း ပစ်ကူ၊ ဒရုန်း တိုက်ခိုက်မှုတွေကို အလွန်အမင်း တိုးမြှင့် အသုံးပြုလာပါတယ်။ ဒါ့ကြောင့် ဒီဒေသ နှစ်ခုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) တွေကြား စစ်ရေးအရှိန် မြင့်တက်နေပါတယ်။

(၁) မြိုင်–ပေါက် ရေနံမြေဒေသ တိုက်ပွဲ ပြင်းထန်လာ

တော်လှန်ရေးအဖွဲ့တွေ ၂ နှစ်နီးပါး ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်က ကျောက်ခွက် ရေနံမြေကို ပြန်လည် သိမ်းပိုက်ဖို့ စစ်ကောင်စီတပ်ဟာ အင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာခဲ့ပါတယ်။ မြိုင်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ်လလယ်အထိ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ (ဒီ တိုက်ပွဲနဲ့ ကျဆုံးမှု ကိန်းဂဏန်းတွေဟာ တော်လှန်ရေးဘက် ထုတ်ပြန်ချက် ဖြစ်ပြီး TNV အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး)
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ ရေနံမြေ အစပ် တဲကြီးကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေပြီး နေ့စဉ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တဲကြီးကျေးရွာ အနီးကို ရိက္ခာ ချပေးပြီး အင်အား ဖြည့်တင်းနေတာလည်း ရှိပါတယ်။ ဩဂုတ် ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်ကစပြီး တဲကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ညနေ ၄ နာရီဝန်းကျင်အထိ ရှေ့ကင်း တချို့က တဲကြီးရွာရဲ့ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်တွေမှာ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

“ရေနံမှော် စစ်ကောင်စီတပ် ပြန်ဝင်ရောက်သွားပြီဆိုတာ မဟုတ်ပါဘူး၊ သတင်းအမှားပါ။ စစ်ကောင်စီကို ကျွန်တော်တို့ မဟာမိတ်တွေ စုပေါင်းပြီး ကောင်းကောင်း ခုခံ တိုက်ခိုက်နေပါတယ်” လို့ TNV ရဲ့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ရေနံမြေ ဒေသတွင်းက မှော်လုပ်သားတွေနဲ့ နေထိုင်သူတွေက အလုပ်တွေ ရပ်နားထားပြီး ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

(၂) မင်းတုန်း–မင်းလှ လမ်းပိုင်း တိုက်ပွဲနဲ့ ရခိုင်စစ်မျက်နှာ စစ်ကူ

စစ်ကောင်စီဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့နဲ့ မအီ–မင်းတုန်း လမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့အတွက် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲကို စစ်အင်အား ၂,၀၀၀ နီးပါး ဖြည့်တင်းထားတယ်လို့ TNV သတင်းရင်းမြစ်တွေက ပြောပါတယ်။ တပ်မ ၅၅ နဲ့ ပြည်သူ့စစ် အင်အား စုစုပေါင်း ၂,၀၀၀ နီးပါးဟာ သရက်မြို့နယ် ကပစ (၁၂) ကနေ တစ်ဆင့် မင်းတုန်းမြို့ပေါ်ကို ဩဂုတ် ၂၃ ရက်နေ့က စတင် ရောက်ရှိလာပြီး စစ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာ မင်းတုန်းမြို့ပေါ်နဲ့ ရခိုင်ရိုးမ အစပ်က သဖန်းရောင်ကျေးရွာ၊ ပြောင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဖြန့်ထားတယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ် ဆက်လက် စစ်ကြောင်းထိုးလာမယ်ဆိုရင် အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ စစ်ရေး အခြေအနေ သိရှိသူတွေက သုံးသပ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီတပ်တွေ အင်အားများတယ်ဆိုပြီး ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးခိုင်းတာဟာ စစ်သားတွေကို သတ်ကွင်းထဲ ပို့သလို ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရခိုင်ရိုးမ အစပ်ဟာ တောတောင် ထူထပ်တဲ့ မြေအနေအထား ရှိတာကြောင့် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မယ်ဆိုရင်လည်း ထိရောက်မှု နည်းပါးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မင်းတုန်းဘက်ကနေ မင်းလှမြို့နယ် ရှမ်းတပ် (ရခ) စခန်းဘက်ကို ဦးတည်ပြီး ပုသိမ်–မုံရွာ လမ်းပိုင်းအတိုင်း အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗမာပြည်ကာကွယ်ရေးတပ် (USBA) နဲ့ တော်လှန်ရေးတပ်တွေက ဩဂုတ် ၂၀ ရက်ကစပြီး ၂၆ ရက်နေ့အထိ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် မင်းလှဘက်ကို ဆုတ်ခွာခဲ့ပါတယ်။

မင်းတုန်းမြို့ကနေ အနောက်ဘက် ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ စေလွှတ်ခံရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေအနေနဲ့ အထက်အရာရှိတွေကို လုပ်ကြံပြီး ဘက်ပြောင်း လာမယ်ဆိုရင် ငွေကျပ် သိန်း ၁,၀၀၀ ချီးမြင့်မယ်လို့ သရက်ခရိုင် ပကဖနဲ့ စစ်ရေး ပူးပေါင်းနေတဲ့ USBA တို့က ထုတ်ပြန်ထားပါတယ်။

စပ်ဆက် စစ်ရေးသတင်း

မကွေးတိုင်း ယောဒေသဘက်မှာတော့ စစ်ကောင်စီတပ်တွေ အရင်လို စစ်ကြောင်းထိုးတာမျိုး မရှိတော့ပေမယ့် စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပြီး မကြာခဏ တိုက်ပွဲငယ်တွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်က ကျောက်ထုမြို့ဘက်ကို လေကြောင်းကနေ ရိက္ခာနဲ့ ခဲယမ်းတွေ လာချပေးတာတွေ ရှိနေပါတယ်။ ချင်းတောင်ဘက်က ကန်ပက်လက်နဲ့ မင်းတပ်မြို့တွေမှာ တပ်လန်ကျ တပ်ပျက်ခဲ့တာတွေ ရှိတဲ့အတွက် အခုအချိန်မှာ ယောဒေသဘက်ကို အရင်လို စစ်ကြောင်း ထပ်မထိုးတော့ဘူးလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရှောင် တိုးများလာ

တမာဖွံ့ဖြိုးရေး အင်စတီကျုရဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီဟာ မကွေးတိုင်းအတွင်း တိုက်လေယာဉ်တွေအပြင် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ ကင်းထောက် ဒရုန်းတွေ အသုံးပြုပြီး ဇူလိုင်လအတွင်း ဝေဟင် တိုက်ခိုက်မှု စုစုပေါင်း ၃၁၇ ကြိမ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ဩဂုတ်လအတွင်းမှာလည်း ဝေဟင် တိုက်ခိုက်မှုတွေ ဆက်လက် တိုးမြှင့်နေပါတယ်။ ပေါက်နဲ့ မြိုင်မြို့နယ် တစ်ဝန်းမှာ ဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ထိန်ကန်ရွာနဲ့ တမာချောင်ရွာက ဒေသခံတွေ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး နေရပ် မပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ စစ်ကြောင်းဟာ ဩဂုတ်လ ၂၁ ရက်နေ့မှာ စိန်ပန်းကုန်းရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရမှုနဲ့ ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ရွာ ၁၅ ရွာမှာ ရှိတဲ့ အိမ်ခြေ ၈၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခံရကာ လူ ၃ ဦး သေဆုံးခဲ့တဲ့ ရွာတစ်ရွာမှာ လူတွေ ပြန်မနေရဲကြလို့ မြေသန့် တရားနာနေရတယ်လို့လည်း သိရပါတယ်။ ပြန်လည် တည်ဆောက်ဖို့ ခက်နေတာတွေ၊ တချို့ ရွာတွေဆို မျိုးစေ့တွေပါ မီးလောင်ကုန်ကြတယ်လို့ လူမှုကွန်ရက်မှာ တစ်ဦးက ရေးသားထားပါတယ်။

The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။
သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . .
https://www.mediafire.com/file_premium/rp55p1ana2mciir/The_Nation_Voice_2.15.pdf/file

သတင်းတွေသိရဖို့ မျှဝေပေးပါ . . .
The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။

31/08/2026
28/08/2026

မနေ့ကလည်း ဆင်ဖြူကျွန်းမြို့ အနောက်ဘက်က ကျပင်းရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဗုံး လာချသေးတယ်။ အပေါ်ရော အောက်ရော လက်နက်တွေရော.. ယာဉ်တွေရော … နည်းတွေရော .. ပေါ်တာတွေရော.. အမျိုးကို စုံစိ နေပါပြီကွယ်။ ဆင်ဖြူကျွန်းနယ်က သေးသေးလေးပါဟ 🙄

Address

Sinbyugyun, Magwe
Sinbyugyun
04042

Website

Alerts

Be the first to know and let us send you an email when ဆင်ဖြူကျွန်းမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share