Depeyin People Defense Force

Directions

Depeyin People Defense Force တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်

19/07/2026

(၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ယနေ့ (၁၉.၇.၂၀၂၆) တွင်ကျရောက်သော (၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းတွင် ကျင်ပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှကျဆုံးခဲ့သော ရဲဘော်များ၏ မိသားစုများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလံတော်တဝက်ချ၍ အလေးပြုခြင်း၊ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား သေနတ်မြှောက်အလေးပြုခြင်း၊မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှကျဆုံးခဲ့သော ရဲဘော်များ၏ မိသားစုများအား အလေးပြုခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄) ချက်အား တိုင်တည်သစ္စာပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ခုနှစ် မတရားအာဏာသိမ်းမှုမှ စတင်ပေါ်ပေါက်ခဲ့သော နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ လွတ်မြောက်ရေးအတွက် နယ်မြေအသီးသီးတွင် ရဲဝံ့စွာတိုက်ပွဲဝင်ရင်း မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှ ရဲဘော်(၁၉)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းသည် ခေတ်သမိုင်းအဆက်ဆက် လူထုလွတ်မြောက်ရေး၊တန်းတူညီမျှရေးနှင့် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ၏ စွန့်ဝံ့သော စိတ်ဓါတ်နှင့်သတ္တိကို လက်ဆင့်ကမ်းခံယူ၍ ပြည်သူလူထုလိုလားတောင့်တသော ဒီမိုကရေစီအောင်ပွဲရရှိသည်အထိ မဆုတ်မနစ်ကြိုးစားလျှောက်လှမ်းသွားပါမည်။

တော်လှန်ရေးသစ္စာဖြင့်
ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်း

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခြင်း၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ( ၅) ရက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ...
05/01/2026

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ( ၅) ရက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းအတွင်း ရဲဘော်များ လွတ်လပ်ရေးနှင့် တော်လှန်ရေးအား တန်ဖိုးထားတတ်စေရန်၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိစေရန်နှင့် စိတ်ပင်ပန်း ၊ လူပင်ပန်းမှုအား ပြေ‌လျော့စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရဲဘော်များ၏ ပျော်ရွှင်ဖွယ်ပုံရိပ်များကို ကျွန်ုပ်တို့ ရိုကျိုးလေးစားအပ်ပါသော ပြည်သူလူထုအားရွှင်လန်းအားတက်စေရန်အတွက် ထုတ်ပြန်တင်ပြအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်
ရွှေဘိုခရိုင် အမှတ်(၁၂)တပ်ရင်း


၁ နှစ်တာ ဓာတ်ပုံသတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းသည် ပြည်သူများ၏ စာနာထောက်ထ...
31/12/2025

၁ နှစ်တာ ဓာတ်ပုံသတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်

ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းသည် ပြည်သူများ၏ စာနာထောက်ထားမှု၊ ချစ်ခင်ကြည်ဖြူမှုဖြင့် တိုက်ပွဲဝင်နေသည့် တပ်ရင်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင်း ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်း၏ လုပ်ဆောင်ချက်များအတွင်းမှ အချို့ကို ကျွန်ုပ်တို့ ရိုကျိုးလေးစားဦးညွတ်ရသော ပြည်သူများ သိရှိစေရန်နှင့် ရွှင်လန်းအားတက်စေရန် တင်ပြအပ်ပါသည်။

မှတ်တမ်းဓာတ်ပုံများအနက် စစ်ဆင်ရေးမှတ်တမ်းများကိုမူ ချန်လှပ်ထားခဲ့ပါသည်။

တော်လှန်ရေးသစ္စာဖြင့်

ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်း




(ဓာတ်ပုံ တပုံချင်းစီ၏ အောက်တွင် Caption များ ပါဝင်ပါသည်။)

26/12/2025

ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းမှ ရဲဘော် 4Two0 ရေး၊ ဆိုပြီး မော်ကွန်းဌာန ရဲဘော်များရဲ့ ရိုက်ကူးရေးလက်ရာများနဲ့ ပေါင်းစပ်ထားတဲ့ ဖန်တီးမှုတခု

https://www.facebook.com/share/v/1ZrDz36nUb/

20/10/2025

ယခုအချိန်ကာလအပိုင်းအခြားအတွင်း၌ အကြမ်းဖက်စကစသည် ပြည်သူလူထု အစုအဝေးများရှိသောနေရာများကို ပစ်မှတ်ထား၍ paramotor စက်တပ်လေထီးများနှင့်၎င်း၊ဂျက်ဖိုက်တာများဖြင့်၎င်း ဗုံးသီးချခြင်း၊လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းများ အဆက်မပျက်လုပ်ဆောင်နေသည့်အတွက်၊ပြည်သူများအနေဖြင့် ဘာသာရေး၊အလှူပွဲ၊မင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရာတွင် ဆိုင်းဝိုင်း၊အငြိမ့်၊ဇာတ်ပွဲစသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ်ကြရန် ဒီပဲယင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖ တို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး မျက်နှာစုံညီအစည်းအဝေးပြုလုပ်၍ ၂၀၂၅/အောက်တိုဘာ(၄)ရက်နေ့ရက်စွဲဖြင့် ကြေငြာချက် အား ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။၎င်းကြေငြာချက်အား မလိုက်နာပဲ ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သူ၏တာဝန်ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်ခင်ဗျ။
ပြည်သူများ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြပီး၊အသိ၊သတိ အမြဲရှိကြရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျ🙏🙏🙏
#ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

06/10/2025

တော်လှန်ရေးရဲဘော် အပေါင်းကို မွေးထုတ်ပေးခဲ့ကြတဲ့ နိုင်ငံတဝန်းက မိဘအပေါင်းတို့ကို ဒီနေ့ သီတင်းကျွတ် လပြည့်နေ့မှာ မိဘရင်းနဲ့မခြား ရိုသေ လေးမြတ်စွာဖြင့် ရှိခိုး ဦးတင် ကန်တော့ပန်း ဆင်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရဲဘော်များအနေနဲ့ တော်လှန်ရေးသက်လုံကောင်းအောင် တည်ဆောက်ကြဖို့ ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်...
08/09/2025

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရဲဘော်များအနေနဲ့ တော်လှန်ရေးသက်လုံကောင်းအောင် တည်ဆောက်ကြဖို့ ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းကနေ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

တော်လှန်ရေးသက်လုံဆိုရာမှာ
၁။ ကာလရှည် စစ်ဆင်ရေးကြောင့် ကိုယ်စိတ် ၂ ပါးပင်ပန်းနွမ်းနယ်မှုဒဏ်တွေကို ခံနိုင်ရည်ရှိဖို့
၂။ တော်လှန်ရေးကအဝန်းအဝိုင်းအတွင်းမှာ တွေ့ရ ကြုံရတဲ့ စိတ်ပျက်စိတ်ကုန်စရာ၊ လက်လျော့ပစ်ချင်စရာ၊ ဝမ်းနည်းအားငယ်စရာတွေကို ခိုင်ကျည်တဲ့စိတ်နဲ့ ကျော်ဖြတ်ဖို့
၃။ မိသားစုအခက်အခဲအမျိုးမျိုးကို နည်းလမ်းတွေ ရှာဖွေပြီး တတ်စွမ်းသမျှ ကျော်လွှားကြဖို့ပါ။

ဒီသက်လုံကို တည်ဆောက်ဖို့ဆို ကိုယ့်ကိုယ်ကို တည်ဆောက်၊ ကိုယ့်အစုအဖွဲ့ကိုတည်ဆောက်၊ တခွင်တပြင်လုံး တည်ဆောက်ရာမှာပါဝင်ကြရမှာ ဖြစ်ပါတယ်။ ပါဝင်ရာမှာ ဝတ်ကျေတန်းကျေ ပါဝင်ရမှာမဟုတ်ဘဲ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ပြီး ပါဝင်ရမှာ ဖြစ်ပါတယ်။

တည်ဆောက်ရာမှာ စစ်ရေးဝမ်းစာ၊ နိုင်ငံရေး (တော်လှန်ရေးနိုင်ငံရေး) ဝမ်းစာတွေ တိုးတက်လာအောင် ဖြည့်တင်းပြီး တည်ဆောက်ကြဖို့ပါ။

ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းအနေနဲ့လည်း ပြည်သူလူထုလိုလားတဲ့ စစ်မှန်သောတော်လှန်ရေးဖြစ်ဖို့နဲ့ ကိုယ့်မိဘပြည်သူတွေကို လုံခြုံရေးအာမခံချက်တွေပေးနိုင်ဖို့ တက်တက်ကြွကြွ ကြိုးကြိုးစားစား အမှုထမ်းလျက်ရှိကြောင်းကိုလည်း ပြည်သူလူထုနဲ့ ရဲဘော်ရဲဘက်များကို တပါတည်း အသိပေးလိုက်ပါတယ်။

တော်လှန်ရေးသစ္စာဖြင့်

ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်း

ဒီလ ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းက ရောင်းချတဲ့ ထောက်ပို့ထီထဲကနေ ဒုတိယဆု သိန်း ၂၀၀ ဆုကို ပြည်သူတဦးက ပေါက်သွားပါတယ်။သိ...
03/09/2025

ဒီလ ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းက ရောင်းချတဲ့ ထောက်ပို့ထီထဲကနေ ဒုတိယဆု သိန်း ၂၀၀ ဆုကို ပြည်သူတဦးက ပေါက်သွားပါတယ်။

သိန်း ၂၀၀ ဆုကို တပ်ရင်းက ရောင်းချတဲ့အထဲမှာ ပါတယ် ဆိုတာနဲ့ ကိုယ်ပေါက်တာ မဟုတ်ပေမယ့် တပ်ရင်းတရင်းလုံး ဆူညံပွက်လောရိုက်အောင် ပျော်ကြတာ။ အခါတိုင်း လေယာဥ်ဝဲရင် ဗုံးခိုကျင်းထဲ ခိုကြ၊ ဆင်းကြ၊ လုပ်ကြရာကနေ မနေ့က အဲဒီအချိန်မှာ လေယာဥ်ဝဲလာတာတောင် ဂရုမစိုက်မိကြတော့ပါဘူး။ ဘယ်သူရောင်းတာထဲက ပေါက်တာလဲစစ်ကြ ဆေးကြ၊ အကြောင်းကြားကြနဲ့။ တကယ့်စိတ်လှုပ်ရှားစရာပါပဲ။

😁😁

09/08/2025
ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
08/08/2025

ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

Address

Tabayin

Website

Alerts

Be the first to know and let us send you an email when Depeyin People Defense Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category