05/01/2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခြင်း
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ( ၅) ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းအတွင်း ရဲဘော်များ လွတ်လပ်ရေးနှင့် တော်လှန်ရေးအား တန်ဖိုးထားတတ်စေရန်၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိစေရန်နှင့် စိတ်ပင်ပန်း ၊ လူပင်ပန်းမှုအား ပြေလျော့စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရဲဘော်များ၏ ပျော်ရွှင်ဖွယ်ပုံရိပ်များကို ကျွန်ုပ်တို့ ရိုကျိုးလေးစားအပ်ပါသော ပြည်သူလူထုအားရွှင်လန်းအားတက်စေရန်အတွက် ထုတ်ပြန်တင်ပြအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ရွှေဘိုခရိုင် အမှတ်(၁၂)တပ်ရင်း