Tachileik District ECD

Tachileik District ECD TCL ECD

၁။၂၀၂၅ ဖေ ၂၈ ၀၈၃၀အချိန်တွင် တာချီလိတ်မြို့၊‌ ဆေခမ်းရပ်ကွက်၊စက်မှုဇုန်နယ်မြေ အတွင်းရှိ ၊စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရု...
28/02/2025

၁။၂၀၂၅ ဖေ ၂၈ ၀၈၃၀အချိန်တွင် တာချီလိတ်မြို့၊‌ ဆေခမ်းရပ်ကွက်၊စက်မှုဇုန်နယ်မြေ အတွင်းရှိ ၊စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်း (BM သွပ်အမိုးပြားနှင့်လိပ်တံခါးစက်ရုံ)၌ တာချီလိတ်မြို့၊စက်မှုဇုန်နယ်မြေ အတွင်းရှိ အကောင်အထည်‌ေဖာ်‌ေဆာင်ရွက်ရန်ကျန်ရှိသည့်‌ေမြဧရိယာ (၃၁၇.၀၈)ဧကအား အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များဖြင့် အစည်းအဝေးပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူးဦး‌ ကျော်စွာမျိုး၊ခရိုင်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှလက်‌ ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှလက်‌ ထောက်ညွှန်ကြားရေးမှူး ဦးလွမ်းမိုးထက်၊အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်း ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမိုးဇော်လှိုင်၊စက်မှုကြီးကြပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်း‌ထွေး၊မြို့နယ်‌‌ မြေစာရင်းဦးစီးမှူး ဦးထွန်းအေး ၊စက်မှုဇုန်ဥက္ကဌ ဦးစိုင်းစိုင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုင်းကြုံ၊ ဝမ်ဟောင်နယ်‌‌ေမြမှရာအိမ်မှူး ဦးစိုင်းမွန်းရှဲန်နှင့်အတူ ဆယ်အိမ်မှူးများ ၊စက်မှုဇုန်အတွင်း ရှိ စက်မှုလုပ်ငန်းရှင်များ အဖွဲ့မှ အစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီးနောက် စက်မှုဇုန်နယ်မြေအတွင်းရှိ မြေဧရိယာ(၃၁၇.၀၈)ဧက အတွင်းကွင်းဆင်း ၍ စက်မှုဇုန်မြေဧရိယာအဖြစ် ဆိုင်ဘုတ် အသေးများစိုက်ခဲ့ပြီး အစည်း‌အဝေးအား (၁၀:၄၇)တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်းသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၇)နာရီမှ (၂၈) ရက်နေ့ နံနက် (၇)နာရီအထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြ...
28/02/2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၇)နာရီမှ (၂၈) ရက်နေ့ နံနက် (၇)နာရီအထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ PM2.5 သည် အ၀ါရောင်အဆင့် (Moderate) လက်ခံနိုင်သောလေထုအရည်အသွေးရှိသည့်အဆင့်သို့ရောက်ရှိနေကြောင်း တိုင်းတာရရှိပါသည်။

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အများပြည်သူ သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ "ရေချိုသယံဇာတများ လျော့နည်း...
27/02/2025

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အများပြည်သူ သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ "ရေချိုသယံဇာတများ လျော့နည်းရှားပါး ညစ်ညမ်းမှုမရှိစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး"ခေါင်းစဉ်ဖြင့် အသိပညာပေး စာစောင်ဖြန့်ဝေခြင်း

ပြည်သူလူထုများ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း လေ့လာသိရှိနိုင်ပါရန် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊...
27/02/2025

ပြည်သူလူထုများ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း လေ့လာသိရှိနိုင်ပါရန် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု" ခေါင်းစဉ်ဖြင့် အသိပညာပေးတင်ပြခြင်း

တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "ရေနေသတ္တဝာများနှင့်ပလတ်စတစ်အန္တရာယ်"...
27/02/2025

တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "ရေနေသတ္တဝာများနှင့်ပလတ်စတစ်အန္တရာယ်"ခေါင်းစဉ်ဖြင့် ပြည်သူလူထုထံသို့ အသိပညာပေး တင်ပြခြင်း။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက် (၇)နာရီမှ (၂၅) ရက်နေ့ နံနက် (၇)နာရီအထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြ...
25/02/2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက် (၇)နာရီမှ (၂၅) ရက်နေ့ နံနက် (၇)နာရီအထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ PM2.5 သည် အ၀ါရောင်အဆင့် (Moderate) လက်ခံနိုင်သောလေထုအရည်အသွေးရှိသည့်အဆင့်သို့ရောက်ရှိနေကြောင်း တိုင်းတာရရှိပါသည်။

21/02/2025
၁၈-၂-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် ၊မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊မယ်လိတ်ပါကော်ကျေးရွာမှ (၂)မို...
20/02/2025

၁၈-၂-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် ၊မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊မယ်လိတ်ပါကော်ကျေးရွာမှ (၂)မိုင်ခန့်အကွာတွင် ကော်ဖီစိုက်ပျိုးရန်အတွက် (၅)ဧကခန့်တောင်ယာမီးရှို့မှုကြောင့် Fire Hotspot ဖြစ်ပေါ်ခဲ့သော(Lat-20°51'76"N & Long 100°01'57"E )နေရာသို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊သစ်တောဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန များမှ၂၀-၂-၂၀၂၅ ရက်နေ့၌
မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း( Ground Check)လုပ်ငန်းဆောင်ရွက်ခဲ့ကြပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာက...
19/02/2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အရတာချီလိတ်မြို့အတွင်း အများပြည်သူသွားလာမှုများပြားသောနေရာများတွင်ဝန်းကျင်လေထုအရည်အသွေးအားအချိန်နှင့်တပြေးညီတိုင်းတာဆောင်ရွက်လျက်ရှိရာ ၁၉၊၂၊၂၀၂၅ ရက်နေ့(၀၉၃၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊တာချီလိတ်မြို့၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ ဦးဆောင်သော ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့်ဝန်းကျင်လေထုအရည်အသွေး(Ambient Air Quality)အား Mobile Air Quality Monitoring System - AQMS မော်တော်ယာဥ်ဖြင့် Parameter (၁၈)မျိုးဖြစ်သော(PM1,PM2.5,PM4,PM10,
PMtotal,Ozone(O3),CarbonMonoxide(CO),
SulfurDioxide(SO2),Carbon Dioxide(CO2),Nitric
Oxide(NO),Nitrogen Dioxide(NO2),Nitrogen
Oxide(NOx),Temperature,Humidity,Pressure,Wind Speed,WindDirection,Precipitation) တို့ကိုတိုင်းတာဆောင်ရွက်လျက်ရှိပြီး ရရှိလာသော လေထုအရည်အသွေးအား အများပြည်သူသိရှိစေရန် ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်(၇)နာရီမှ  (၁၈)ရက်နေ့ နံနက်(၇)နာရီအထိ ၂၄ နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့...
18/02/2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်(၇)နာရီမှ (၁၈)ရက်နေ့ နံနက်(၇)နာရီအထိ ၂၄ နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ PM2.5 သည် လိမ္မော်ရောင်အဆင့် (Unhealthy for Sensitive Groups) အဆင့်တွင် ရှိပါသဖြင့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း အကြံပြုပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်(၇)နာရီမှ  (၁၇)ရက်နေ့ နံနက်(၇)နာရီအထိ ၂၄ နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့...
17/02/2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်(၇)နာရီမှ (၁၇)ရက်နေ့ နံနက်(၇)နာရီအထိ ၂၄ နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ PM2.5 သည် လိမ္မော်ရောင်အဆင့် (Unhealthy for Sensitive Groups) အဆင့်တွင် ရှိပါသဖြင့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း အကြံပြုပါသည်။

Address

Tachileik
06271

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+958451276

Alerts

Be the first to know and let us send you an email when Tachileik District ECD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tachileik District ECD:

Share