Tada YESC

Tada YESC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tada YESC, Government Organization, Myo Ma Road, Tada.

25/04/2026

“မီးသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်”
ယနေ့ ၂၅-၄-၂၀၂၆ ရက်နေ့၊ ည ၂၀:၀၄ နာရီအချိန်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွားခဲ့ပါသည်။
လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၃/၄ နာရီအတွင်း အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

03/04/2026

မိဘပြည်သူများထံသို့ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပြီးစီးမှု အသိပေးပန်ကြားခြင်း

၁။ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀ + ၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များသည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် (၂၈-၃-၂၀၂၆) ရက်မှ (၃-၄-၂၀၂၆) ရက်အတွင်း တိုင်အမှတ် (၃၁၀နှင့်၃၁၁) တာဝါ(၂)တိုင် ပြိုလဲပျက်စီးမှုများအား ပြန်လည် ပြုပြင်နိုင်ရေး ပျက်စီးတာဝါတိုင်များအားဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင် ပြန်လည်တည် ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ် (၃၀၉ နှင့် ၃၁၂) တာဝါ(၂)တိုင် ယိုင်/ စောင်းမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ်(၃၀၉ မှ ၃၁၂) အကြား ဓာတ်အားလိုင်းကြိုးပျက်စီးမှုနေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများ ပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် (၂-၄-၂၀၂၆) ရက်၊ (၂၁:၁၅) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁) ဓာတ်အားလိုင်းအားလည်းကောင်း၊ (၃-၄-၂၀၂၆) ရက်၊ (၁၇:၂၀) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းအား လည်းကောင်း ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ အမှတ်(၁+၂) ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၃၀၀)မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိပါကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ချွေတာသုံးစွဲခြင်းပြုလုပ်ပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

01/04/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ဓာတ်အားစနစ်မှရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဓာတ်အားပေးနေသော ဓာတ်အားလိုင်းကြီး (၄) လိုင်းရှိရာ ၎င်းလိုင်းကြီး (၄)လိုင်းအနက် အလယ်ရိုးမ အနောက်ဘက်ရှိ ရွှေတောင်မှမြောင်းတကာ(ရန်ကုန်)သို့ သွယ်တန်းထားသည့် ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း သည်(၂၇.၃.၂၀၂၆) ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်စီးခံခဲ့ရပါသည်။
၂။ ၎င်းအခြေအနေတွင် ကျန်ရှိနေသော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းတစ်လိုင်းသည် လိုင်းအပြစ်ဖြစ်ပေါ်ခဲ့ပါသဖြင့် အခြားဓာတ်အားလိုင်း(၂)လိုင်း၌ဝန်အား ပိုမိုစီးဆင်းခြင်းကြောင့် ယနေ့ (၁.၄.၂၀၂၆) ရက်နေ့၊ (၁၄:၄၅) နာရီအချိန်ခန့်တွင် System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်စီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာနှစ်ထပ်ဓာတ်အားလိုင်းအားလျှပ်စစ်ဝန်ထမ်း (၁၃၅)ဦးဖြင့် အမြန်ပြုပြင်လျှက်ရှိပြီး လက်ရှိတွင်(၇၅)% ခန့်ပြီးစီးနေပြီဖြစ်ပါကြောင်းနှင့် ဓာတ်အားအမြန်ပြန်လည်ရရှိရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

27/03/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်စီးခဲ့ သဖြင့် တာဝါတိုင် (၂)တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် (၂)တိုင်မှာ တိမ်းစောင်းသွားခဲ့ သဖြင့် ၎င်းဓာတ်အားလိုင်း မှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ် ခန့်မှာ ထုတ်လုပ်နိုင်မှု လျော့နည်းလျက်ရှိပါ သည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

02/02/2026
04/11/2025

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး မိဘပြည်သူများ သတိပြုနိုင်ပါရန်
# # # # # # #

၁/တန်ဆောင်တိုင်ကာလများတွင် မဲဇလီပင်ပေါ်မှ မဲဇလီဖူးခူးယူပါက လျှပ်စစ်အန္တရာယ်အား အထူးသတိပြုပါရန်။
၂/လျှပ်စစ်ဓာတ်အားလိုင်းအနီးရှိ မဲဇလီဖူးများအား လူကိုယ်တိုင်လည်းကောင်း၊တံချုဖြင့်လည်း ခူးယူခြင်းမပြုပါရန်။
၃/လျှပ်စစ်အန္တရယ်ကို သတိမမူဘဲ မဲဇလီဖူးခူးခြင်းကြောင့် ယခင်နှစ်များက ဓာတ်လိုက်၍ အသက်သေဆုံးမှု ၊ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ရှိခဲ့ပါ၍ သတိပြုနိုင်ပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

24/12/2024

နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား
သတင်းထုတ်ပြန်ခြင်း
***************
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉%) ခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း များ ဖျက်ဆီးမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ ခွဲတမ်းလျော့နည်းရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်ရလျက်ရှိပြီး ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်သဖြင့် လိုအပ်ချက်၏ (၅၅%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
၃။ ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီး ခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC Call Center ၏ Telegram Channel တွင် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဆိုင်...
07/09/2024

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC Call Center ၏ Telegram Channel တွင် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဆိုင်ရာ ကြေငြာချက်များ၊ သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ တင်ပြလျှက်ရှိပြီး ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် အောက်ပါ Link သို့ ဝင်ရောက် ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မီးသုံးသူ မိဘပြည်သူများ သိရှိနိုင်ပါရန်...
21/08/2024

မီးသုံးသူ မိဘပြည်သူများ သိရှိနိုင်ပါရန်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေအား ဓါတ်အားသုံးစွဲသူ မိဘပြည်သူများ သိရှိ...
03/05/2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေအား ဓါတ်အားသုံးစွဲသူ မိဘပြည်သူများ သိရှိနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။

Today's Activity
06/06/2023

Today's Activity

Address

Myo Ma Road
Tada

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959761060033

Website

Alerts

Be the first to know and let us send you an email when Tada YESC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tada YESC:

Share