Committee Representing Tanintharyi Hluttaw

Committee Representing Tanintharyi Hluttaw -Take back the people's power in the hands of the people.
-Support and strengthen Civil Disobedience

တနင်္သာရီတိုင်းလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်တနင်္သာရီတိုင်းလွှတ်တေ...
11/03/2026

တနင်္သာရီတိုင်းလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်

တနင်္သာရီတိုင်းလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် Online Zoom Platform (ဗီဒီယိုကွန်ဖရန့်စ်) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော် တက်ရောက်ခဲ့ကြပြီး အစည်းအဝေး အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အဖွဲ့တို့မှ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ တိုင်းလွှတ်တော်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်သွင်းသော အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်နှင့် ၂၀၂၆ နှစ်ဆန်းပိုင်းများတွင် အပိုင်း (၃) ပိုင်းခွဲ၍ ပြုလုပ်ခဲ့သော အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံတော်အာဏာကို မတရားလုယူ သိမ်းပိုက်ခဲ့သူများက ပြုလုပ်ခွင့်မရှိဘဲ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ အဓမ္မပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဖြစ်သဖြင့် တရားမဝင်ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုတရပ်လုံးက လွပ်လပ်ပြီး တရားမျှတမှုရှိစွာ ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုလွှတ်တော်နှင့် တနင်္သာရီတိုင်းလွှတ်တော်အပါအဝင် ပြည်နယ်နှင့် တိုင်း/ဖက်ဒရယ်ယူနစ်လွှတ်တော်များသည်သာ တရားဝင်လွှတ်တော်များဖြစ်ကြောင်း မှတ်တမ်းတင်ပေးနိုင်ပါရန်နှင့် ပြည်သူ့အစိုးရခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးသည် အထူးဦးစားပေးလုပ်ငန်းစဉ်များဖြစ်ကြောင်း အဆိုအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ထောက်ခံဆွေးနွေးခြင်းနှင့် တိုင်းလွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ယနေ့ အစည်းအဝေးသို့ တိုင်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအတွင်းရှိ မိတ်ဖက် တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

State and Federal Unit Hluttaws, Committees Representing the Hluttaws Joint Statement (1/2026)1387 Burmese Calendar, 12t...
29/01/2026

State and Federal Unit Hluttaws, Committees Representing the Hluttaws
Joint Statement (1/2026)
1387 Burmese Calendar, 12th day of the first lunar month of Tapotwe
29th January 2026

1. First of all, we would like to express our gratitude to the people who did not vote by their own decision in the illegal and fraudulent election of the terrorist military regime, Myanmar people abroad who did not vote in advance, the political parties, ethnic armed organizations, domestic and foreign civil society organizations, unions, international diplomats, and the local and foreign media who protested against the illegal and fraudulent election.

2. In addition, we also express our sympathy and understanding to the people who were forced to vote against their will due to various forms of pressure, intimidation, and coercion under the tyranny of the military regime in the illegal and fraudulent election.

3. In the 2020 multi-party democratic general election, it has officially recognized by the international community as a free and fair election in which the entire ethnic people voted overwhelmingly in accordance with their true will despite the COVID-19 pandemic. However, the illegal and fraudulent elections that were forcibly held in three parts in late 2025 and early 2026 by the terrorist military regime that seized power and committed treason without any authority did not reflect the true will of the people, and the recognition of international community, including the United Nations, the European Union, and ASEAN, have already announced that they will not recognize the election.

4. We strongly condemn the terrorist military regime and some countries that have influence over them for their own interests, ignoring the will of the Myanmar people and supporting and facilitating the illegal and fraudulent elections for the purpose of exploiting natural resources and geopolitical interests. Since the sovereignty of Myanmar is derived from the people, any agreement or contract signed with the military junta without the will of the people is illegal and we hereby issue a firm warning that no future government will be held responsible for such agreements.

5. The illegal and fraudulent election of the terrorist military junta, which forced the people to vote through various means of intimidation and coercion, was found to have been very low in turnout, but it was found that the election was a success and deceived the international community. In the 2020 general election, 2,751,12855 out of 3,827,1447 eligible voters cast their votes, representing 71.89 percent of the vote. Then, although the terrorist military junta seized power using false and allegations of irregularities in the voter registration, the elected representatives of the people continued to exercise the power delegated by the people and formed the Union Parliament Representative Committee, as well as the State and Division/Federal Unit Parliament Representative Committees, and continue to conduct parliamentary processes to this day.

6. We state that our state and division/federal unit parliaments are functioning legally in accordance with the parliament’s procedures and procedures, and that federal unit governments/administrative bodies have been formed and given responsibilities in Sagaing, Mandalay and Magway, and that they are also working legally with the international community, and that an interim administration system is being implemented in most of the liberated areas, except for a few areas ruled by the illegal military dictatorship, for the social interests of the people in the region.

7. Therefore, we hereby jointly declare that the election conducted by the terrorist military junta in three phases on (28-12-2025), (11-1-2026) and (25-1-2026) has no legitimacy. We further call for the immediate and unconditional release of all political prisoners, including State Counsellor Daw Aung San Suu Kyi, a Nobel Peace Prize laureate, and President U Win Myint who were overwhelmingly elected as the national leaders by the people in the free and fair 2020 general election and who are being violently arrested and detained by the military junta. This joint statement is issued by the State and Region/Federal Unit Hluttaws and the Hluttaw Representative Committees.

- Sagaing Federal Unit Hluttaw
- Tanintharyi Hluttaw
- Magway Federal Unit Hluttaw
- Yangon Federal Unit Hluttaw
- Ayeyarwady Federal Unit Hluttaw
- Committee Representing Kachin Hluttaw (CRKH)
- Trio Committee of Kayah Hluttaws (National League for Democracy)
- Committee Representing Kayin State Hluttaw (CRKH)
- Committee Representing Chin State Hluttaw (CRCH)
- Committee Representing Mon state Hluttaw (CRMH)
- Committee Representing Shan state Hluttaw (CRSSH)
- Committee Representing Bago Hluttaw (CRBH)
- Committee Representing Mandalay Hluttaw (CRMH)

ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများပူးတွဲသဘောထားထုတ်ပြန်ချက် (၁/၂၀၂၆)မြန်မာသက္ကရာဇ် ၁...
29/01/2026

ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ
ပူးတွဲသဘောထားထုတ်ပြန်ချက် (၁/၂၀၂၆)
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်

၁။ အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် မဲမပေးခဲ့သောပြည်သူများ၊ ကြိုတင်မဲမပေးခဲ့သော နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူများ၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ နိုင်ငံ တကာသံတမန်များ၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ၏ သရုပ်အမှန်ကို ဖော်ထုတ်ပြသပေးခဲ့ကြ သော ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဦးစွာဖော်ပြအပ်ပါသည်။

၂။ ထို့အပြင် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ၌ စစ်အုပ်စု၏အနိုင်ကျင့် ဗိုလ်ကျမှုအောက်တွင် နည်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်အကြပ်ကိုင်ခံရမှုများကြောင့် ဆန္ဒမပါဘဲ မဲပေးခဲ့ရသော ပြည်သူများ ကိုလည်း စာနာနားလည်ပေးပါကြောင်း ဖော်ပြအပ်ပါသည်။

၃။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည်သာလျှင် တိုင်းရင်းသားပြည်သူတရပ်လုံးက ကိုဗစ်၁၉ ကပ်ရောဂါကြားမှ ယင်းတို့ဆန္ဒအစစ်အမှန်ဖြင့် တခဲနက်ထောက်ခံမဲပေးခဲ့သည့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာကလည်း တရားဝင် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။ သို့ရာ တွင် တိုင်းပြည်အာဏာကို လုယူပြီး နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားသည့် အကြမ်းဖက် စစ်အုပ်စုက လုပ်ပိုင်ခွင့်မရှိဘဲ ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်းများတွင် အပိုင်း၃ပိုင်းခွဲ၍ အဓမ္မပြုလုပ်ခဲ့သော တရားမဝင်အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်သဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာမှလည်း အသိအမှတ် မပြုကြောင်း ထုတ်ပြန်အသိပေး ထားကြပြီးဖြစ်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့အပေါ် ဩဇာသက်ရောက်မှုရှိသော နိုင်ငံအချို့သည် မြန်မာပြည်သူ တို့၏ ဆန္ဒကို မျက်ကွယ်ပြု၍ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် သယံဇာတနှင့် ပထဝီနိုင်ငံရေး အမြတ် ထုတ်ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အပေးအယူလုပ် အားပေးကူညီ နေကြခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည်သူ တို့ထံမှ ဆင်းသက်ခြင်းဖြစ်ရာ ပြည်သူ့ဆန္ဒမပါဘဲ စစ်အုပ်စုနှင့် ချုပ်ဆိုထားသော မည်သည့်စာချုပ် မည်သည့်သဘောတူညီချက်မဆို တရားမဝင်ကြောင်းနှင့် နောင်ပေါ်ပေါက်လာမည့် မည်သည့်အစိုးရတွင် မျှ တာဝန်ရှိမည်မဟုတ်ကြောင်း ပြတ်သားစွာ သတိပေးအပ်ပါသည်။

၅။ အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် နည်းမျိုးစုံသော ခြိမ်းခြောက် အကြပ်ကိုင်မှုများဖြင့် ပြည်သူလူထုအား မဲပေးရန် အဓမ္မဆောင်ရွက်ခဲ့သည့်ကြားမှ မဲပေးသူ လွန်စွာနည်း ပါးခဲ့သော်လည်း ရွေးကောက်ပွဲအောင်မြင်သည်ဟု လိမ်ညာထုတ်ပြန်၍ နိုင်ငံတကာသို့ လှည့်စားခဲ့ ကြောင်းတွေ့ရှိရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်မူ မဲပေးပိုင်ခွင့်ရှိသူ (၃၈၂၇၁၄၄၇)ဦး အနက် (၂၇၅၁၂၈၅၅)ဦးက မဲပေးခဲ့ကြပြီး ၇၁.၈၉ ရာခိုင်နှုန်းမဲပေးခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် အကြမ်းဖက်စစ်အုပ်စုက မဲစာရင်းမှားယွင်းကြောင်း မဟုတ်မမှန်အကြောင်းပြ၍ အာဏာသိမ်းယူခဲ့ သော်လည်း ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များက ပြည်သူတို့အပ်နှင်းလိုက်သည့် ပြည်သူ့ဆင့်လွှဲ အာဏာကို ဆက်လက်ကျင့်သုံးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင်၊ ပြည်နယ် နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းကာ လွှတ်တော်လုပ်ငန်းစဉ်များ ကို ယနေ့တိုင် ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြဆဲဖြစ်ပါသည်။

၆။ မိမိတို့ ပြည်နယ်နှင့်တိုင်း/ဖက်ဒရယ်ယူနစ်လွှတ်တော်များသည် လွှတ်တော်၏ လုပ်ငန်းစဉ်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တရားဝင်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတို့တွင် ဖက်ဒရယ် ယူနစ်အစိုးရ/အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးထားနိုင်ပြီဖြစ်ခြင်း၊ နိုင်ငံတကာရပ်ဝန်းနှင့်လည်း တရားဝင် ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်း၊ အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးထားသော နယ်မြေအနည်းငယ်မှအပ လွတ်မြောက်နယ်မြေအများစုတွင် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ လူမှုအကျိုးစီးပွားအလို့ငှာ ကြားကာလအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် လျက်ရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်းဖော်ပြအပ်ပါသည်။

၇။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စုက (၂၈-၁၂-၂၀၂၅)၊ (၁၁-၁-၂၀၂၆) နှင့် (၂၅-၁-၂၀၂၆) ရက်နေ့ များ တွင် သုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့သောရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်းနှင့် လွတ်လပ်၍ တရားမျှတ စွာ ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက်ထောက်ခံဆန္ဒမဲဖြင့် ရွေး ချယ်တင်မြှောက်ခဲ့ပြီး စစ်အုပ်စုက အကြမ်းဖက်ဖမ်းဆီး ထိန်းသိမ်းထားသည့် နိုင်ငံခေါင်းဆောင်များဖြစ် ကြသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုကြောင်း ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ်လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားပြုကော်မတီများက ပူးတွဲသဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

- စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်
- တနင်္သာရီတိုင်းလွှတ်တော်
- မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်
- ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်
- ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော်
- ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
- ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
- ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
- ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
- မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
- ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
- ပဲခူးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ
- မန္တလေးဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ

တနင်္သာရီတိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ                     သတင်းထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၅)၂၀၂၅ခုနှစ်၊ ...
03/11/2025

တနင်္သာရီတိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၅)
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်

၁။ တနင်္သာရီတိုင်းတွင် ကြားကာလ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို ဖော်ဆောင်နိုင်ရေးအတွက် တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစု (၁၅)ဖွဲ့မှ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၇၃)ဦးသည် မြေပြင်နှင့် အွန်လိုင်းပေါင်းစပ်ထားသော မျက်နှာစုံညီ ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲတွင် တနင်္သာရီတိုင်း၏ ကြားကာလ နိုင်ငံရေးအစီအမံ ပေါ်ပေါက်လာစေရေးအတွက် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးပြီး‌ တနင်္သာရီတိုင်း ကြားကာလ နိုင်ငံရေးအစီအမံ ရေးဆွဲရေးကော်မရှင်၏ လုပ်ငန်းလမ်းညွှန်ကို အတည်ပြုနိုင်ခဲ့ပြီး အခြားပါဝင်သင့် ပါဝင်ထိုက်သော အဖွဲ့အစည်းများ ဆက်လက်ပါဝင်လာနိုင်စေရေး အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

မျက်နှာစုံညီဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများ
(၁) ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တနင်္သာရီတိုင်း)
(၃) တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ယက်
(၄) တနင်္သာရီတိုင်းလူငယ်ကွန်ရက်
(၅) ထားဝယ်အမျိုးသမီးသမဂ္ဂ
(၆) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်ခရိုင်)
(၇) ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ-တနင်္သာရီ
(၈) ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(၉) ထားဝယ်သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
(၁၀) တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂ
(၁၁) ထားဝယ်ခရိုင်နိုင်ငံရေးပလက်ဖောင်း
(၁၂) မြိတ်ခရိုင် နိုင်ငံရေးအင်အားစု
(၁၃) ကော့သောင်းခရိုင် နိုင်ငံရေးအင်အားစု
(၁၄) တနင်္သာရီ တိုင်းစစ်ဌာန
(၁၅) မော်ကင်း(ဆလုံ) လူမျိုးစု
ဆက်သွယ်ရန်-
Signal Phone
ဒေါက်တာထူးနေအောင် +66 954131583 0860004474
ဦးဟိန်းထက် +66 927952489 0927952489
မယ်းသီတာ +95 9233937761 0620903480

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်လွှတ်တော်များ ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ ပူးတွဲသဘောထားထုတ်ပြန်ချက်17/6/2025
17/06/2025

ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်လွှတ်တော်များ ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ ပူးတွဲသဘောထားထုတ်ပြန်ချက်
17/6/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၅)၂၀၂၅ ခု...
17/06/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်

တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်း

၁။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်းဖြစ်ပါသည်။

၂။ အောက်ဖော်ပြပါ တာဝန်များအတွက် လျှောက်လွှာ တင်သွင်းနိုင်ပါသည်။

(၁) အထူးကုဆရာဝန်များ၊ ဆရာဝန်များ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)
(၂) အထူးပြုသူနာပြုများ၊ သူနာပြုများ (မည်သည့်အထူးပြုဘာသာရပ် အမျိုးအစားမဆို၊ မည်သည့်ရာထူးအမျိုးအစားမဆို)
(၃) ကျန်းမာရေးမှူးများ (မည်သည့်ရာထူးအမျိုးအစားမဆို)
(၄) အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)
(၅) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ
(၆) သားဖွားဆရာမများ
(၇) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ

၃။ လျှောက်ထားသူသည် -

(က) ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
(ဂ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၄။ လျှောက်ထားလိုသူများအနေဖြင့် (၃၀-၆-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

၅။ အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည် ဖြစ်ပါသည်။

၆။ တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှု နှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပါသည်။

၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းများအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီကြေညာချက် အမှတ် (၁/၂၀၂၄)၂၀၂၄ခုနှစ်၊ သြဂုတ်လ ၆ ရက်                ၁။    ...
06/08/2024

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြေညာချက် အမှတ် (၁/၂၀၂၄)
၂၀၂၄ခုနှစ်၊ သြဂုတ်လ ၆ ရက်

၁။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သည် ပြည်သူ့ဆန္ဒနှင့်အညီ တနင်္သာရီဖက်ဒရယ်ယူနစ်/ ပြည်နယ်ပေါ်ပေါက်ရေးအတွက် ကြားကာလအစီအမံများရေးဆွဲ‌ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ နွေဦးတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးပါဝင်သော စုပေါင်းဆွေးနွေး ညှိနှိုင်း သဘောတူညီမှုဖြင့် ဆောင်ရွက်နိုင်ရန် တိုင်း‌ဒေသကြီးလွှတ်တော်ညှိနှိုင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး ပေါင်းစပ် ညှိနှိုင်းရေးတာဝန်များ ပေးအပ်ခဲ့ပါသည်။
၂။ တိုင်းဒေသကြီးလွှတ်တော်ညှိနှိုင်းရေးအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာအင်အားစု၊ အဖွဲ့အစည်းအသီးသီးနှင့် ဆက်သွယ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုချက်များနှင့် ဆွေးနွေးမှုရလာဒ်များကို မှတ်တမ်းရယူခြင်းတို့ကို ညှိနှိုင်းရေးအဖွဲ့သက်တမ်းကာလ (၃) ကြိမ် အထိတိုး၍ အချိန်ရယူကာ ဖက်ဒရယ်ယူနစ်/ ပြည်နယ်ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တစ်ရပ် ပေါ်ပေါက်လာစေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှုများကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ကောင်းမွန်သည့်ရလာဒ်များလည်း အထိုက် အလျောက်ရရှိခဲ့ပါသည်။ ဖက်ဒရယ်ယူနစ်/ပြည်နယ် ကြားကာလအစီအမံရေးဆွဲခြင်းလုပ်ငန်းသည် သက်ဆိုင်ရာ အင်အားစုများက ညီညွတ်စွာ စုပေါင်းဆောင်ရွက်‌ရမည်ဖြစ်ပါသည်။ သို့ရာတွင် အချို့သော အင်အားစုများ ပါဝင် လာနိုင်ခြင်းမရှိသေးဘဲ ကျန်ရှိနေသေးကြောင်းလည်း သိရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ တော်လှန်ရေးအရှိန် မြှင့်တင်နိုင်ရန် နှင့် တော်လှန်ရေးကာလ (ကြားကာလ) အတွင်း ဖက်ဒရယ် ယူနစ်/ ပြည်နယ် ကြားကာလအစီအမံရေးဆွဲရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် လိုအပ်ပါသောကြောင့် နွေဦးတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစု များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အားလုံးက ညီညွတ်စွာ ပူးပေါင်းပါဝင်ထမ်းရွက်ပေးကြပါရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားစွာ နှိုးဆော် ပန်ကြားအပ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ

လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။ကျောက်သားကျောက်စိုင်ကိုတ...
26/12/2023

လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။

ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။

လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။


၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ-(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်အစည...
19/11/2023

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ-(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်အစည်းအဝေး(ဒုတိယနေ့)တွင် အတည်ပြုပြဌာန်းလိုက်သော
#တနင်္သာရီဖက်ဒရယ်ယူနစ်ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ

#တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်အစည်းအဝေးခေါ်ယူကျင်းပခြင်း--------------------------------------------------တန...
18/11/2023

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
တတိယအကြိမ်အစည်းအဝေးခေါ်ယူကျင်းပခြင်း
--------------------------------------------------
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်အစည်းအဝေး (ပထမနေ့) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေလယ် (၁း၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်အစည်းအဝေး (ဒုတိယနေ့) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက် (၁၀း၀၀) နာရီ အချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီမှ တင်သွင်းသော တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေး၍ အတည်ပြုချက်ရယူကာ ပြဌာန်းခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တတိယအကြိမ်အစည်းအဝေး (ဒုတိယနေ့) ကို နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့မှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တတိယအကြိမ်အစည်းအဝေး (ဒုတိယနေ့) ကို နံနက် (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်း၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တတိယအကြိမ်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

#တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

Address

Tanintharyi

Website

Alerts

Be the first to know and let us send you an email when Committee Representing Tanintharyi Hluttaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Committee Representing Tanintharyi Hluttaw:

Share