Salone Taung Library

Salone Taung Library Knowledge Agency.

Permanently closed.
ဘုရားရှင် ပညတ်တော်လာ အနာကြီးငါးမျိုးစွဲကပ်သူများအား ရဟန်းပြုခြင်းမှ ဘာ့ကြောင့်တားမြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ...
20/12/2020

ဘုရားရှင် ပညတ်တော်လာ အနာကြီးငါးမျိုးစွဲကပ်သူများအား ရဟန်းပြုခြင်းမှ ဘာ့ကြောင့်တားမြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ တင်ပြပေးခြင်းဖြစ်ပါတယ်။

💢 "သမားတော် ကောမာရဘစ္စ မဟာဇီဝက"

ဇီဝကသည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် ထင်ရှားကျော်စောသော သမားတော်ကြီး ဖြစ်သည်။

ရာဇဂြိုဟ်ပြည်တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်းအင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးကို ပြည့်တန်ဆာပြု၍ထား၏

။ ဇီဝကသည် ထိုပြည့်တန်ဆာမသားဖြစ်၏။
ပြည့်တန်ဆာမသာလဝတီထံ ဗိမ္ဗိသာရမင်းကြီး၏သားတော် အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်သည်ဟု ဇိနတ္ထပကာသနီကျမ်းကဆိုသည်။

ဖွားမြင်သောအခါ အမိပြည့်တန်ဆာမသည် သားငယ်ကို မြို့ပြင်တွင်စွန့်ပစ်၏။

ယင်းသို့စွန့်ပစ်ခံရသော သူငယ်ကို အဘယမင်းသားပင်တွေ့ရှိ၍ ကောက်ယူကျွေးမွေး၏။တွေ့ရှိစဉ်က 'အသက်ရှိသေးသလော'ဟု မေးဘူးသည်ကို စွဲ၍၊ 'ဇီဝက'ဟုအမည်တွင်သည်၏။

အဘယမင်းသားက ကောက်ယူ ကျွေးမွေးခြင်းကြောင့်လည်း 'ကောမာရဘစ္စ'ဟု တွင်သေးသည်။

ဇီဝကသည် အရွယ်သို့ရောက်သော် မိမိ၏အဖြစ်မှန်ကို သိရှိ၍၊ အဘယမင်းသားထံ ခွင့်မပန်ဘဲ၊ တက္ကသိုလ်ပြည်သို့ သွားရောက်၍ ဆေးအတတ်ကိုသင်ယူသည်။

ဇီဝကသည် နောင်အခါတွင် ဘုရားရှင်၏အလုပ်အကျွေးဖြစ်အံ့သည်သိ၍၊ သိကြားမင်းသည် ဒိသာပါမေက္ခဆရာ၏ ကိုယ်တွင်ကပ်မှီ၍ အတတ်ကို သင်လာ၏။

သူတစ်ပါးတို့ ၁၆ နှစ်တိုင်တိုင် သင်ရသော အတတ်ကို ဇီဝကသည် ၇ လဖြင့် ကုန်စင်အောင်တတ်၏။

ဆေးအတတ်ပညာကို သင်ကြားတတ်မြောက်ပြီးသောအခါ၊ ဇီဝကသည် ကံကုန်သောအနာမှတပါး ကြွင်းသမျှသော အနာရောဂါတို့ကို တစ်ကြိမ်ဆေးပေးကာမျှဖြင့် ပျောက်ကင်းစေနိုင်သည်။ ထို့အတွက် ဒိသာပါမောက္ခဆရာ၏ ခွင့်ပြုချက်အရ ရာဇဂြိုဟ်ပြည်သို့ ပြန်လာရာ၊ လမ်းခရီးတွင် ဇီဝကသည် သာကေတပြည် သူဌေးကတော်တစ်ဦး၏ ဦးယဉ်းခေါင်းခဲနာကို ကုသ၍ ပျောက်ကင်းစေသဖြင့် ဆုလာဘ်များစွာရ၏။

ရာဇဂြိုဟ်ပြည်ရောက်သည်တွင် အဘယမင်းသားထံတွင်ပင်နေ၏။ ထိုအချိန်တွင် ဗိမ္မိသာရမင်းကြီးတွင် စွဲကပ်လျက်ရှိသော မြင်းသရိုက်နာကို တစ်ကြိမ်ဆေးပေးကာမျှနှင့် ပျောက်ကင်းစေ၏။

မင်းကြီးက ဆေးဖိုးအဖြစ် ဆုလာဘ်များစွာပေးရာ၊ ဇီဝက က ငြင်းပယ်သည်။ မင်းကြီးသည် 'ဇီဝက၊ ငါ့ကိုလည်း‌ကောင်း၊ မောင်းမ မိဿံတို့ကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလညကောင်း ဆေးဖြင့် ကုသလုပ်ကျွေးလော့'ဟု အမိန့်ရှိသည်။

ဇီဝကလည်း ကောင်းပြီဟု ဝန်ခံသည်။

ရာဇဂြိုဟ်ပြည်၏ မြောက်မျက်နှာနေ မဟာသာလသူဌေး သည် ၇ နှစ်တိုင်တိုင် ဦးယဉ်းခေါင်းခဲနာ စွဲကပ်လျက်ရှိရာ၊ ဆရာဇီဝကသည် သူဌေးကြီးအား နှာဖြင့်အိပ်ပျော်စေပြီးလျှင် ဦးခေါင်းကိုဓားဖြင့်ခွဲ၍၊ ဦးနှောက်ကို စားလျက်ရှိသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ပျောက်ကင်းစေ၏။

ထိုနောက် ဗရာဏသီပြည်ရှိ သူဌေးသားတစ်ယောက်၏ အူထုံးသော ရောဂါကို ဇီဝကသည် မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကို ဖောက်ခွဲ၍ အူထုံးကို ဖြေလေသည်။

ထို့ပြင် စမ္ပာနဂိုရ်ပြည်ကိုအစိုးရသော စန္ဒပဇ္ဇောတမင်းသည် မစားမသောက်နိုင်၊ ဖျော့တော့သောဝေဒနာ စွဲကပ်လေရာ၊ ဇီဝက ကုသ၍ ပျောက်ကင်း၏။ ထိုမင်းက သိဝိရာဇ်တိုင်းဖြစ် အဖိုးများစွာထိုက်တန်သော ပုဆိုးတစ်စုံကို ဇီဝကအားပေး၏။

ဇီဝက လည်း ကောင်းစွာသိမ်းဆည်းထား၏။

တခါသော်၊ ဘုရားရှင်သည် ကိုယ်တော်၌ ခက်တရော်ထူပြောသော ဒေါသရှိရကား၊ အာနန္ဒာကိုခေါ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုကြောင်းမိန့်၏။ ရှင်အာနန္ဒာလည်း ဇီဝကထံသို့ကြွ၍ 'အချင်းဇီဝက လောကသနင်းသည် စမြင်းဒေါသထူပြော သည်ဖြစ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုသည်'ဟု ဆိုသည်တွင် ဇီဝကလည်း ကြာသုံးလက်တွင် အထူးထူးသော ဆေးကို ထုံစေ ပြီးလျှင်၊ ဘုရားရှင်အားကပ်၏။

ထိုကြာသုံးလက်ကို နမ်းတော်မူခြင်းဖြင့် ဝမ်းလျှောစေ၏။

ဘုရားရှင်သည် ဝေဒနာမှသက်သာလာသောအခါ၊ သောဏ သူဌေး၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။

ဘုရားရှင် ဆွမ်းဘုဉ်း ပေးပြီးသောအခါ၊ ဇီဝကသည် သိဝိရာဇ်တိုင်းဖြစ် ပုဆိုးတစ်စုံကို ဘုရားရှင်အားကပ်ပြီးလျှင် 'အရှင်ဘုရား၊ ဤပုဆိုးအစုံပါတည်း။ ဤပုဆိုးအစုံကိုလည်း ဝတ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။ တပည့်သံဃာတို့မှာလည်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ကြရ၍ နွမ်းနယ်လှပါသည်။ ဒါယကာတို့ ကုသိုလ် ဖြစ်စိမ့်သောငှာ ခွင့်ပြုတော်မူပါ'ဟု လျှောက်၏။

ဘုရားရှင်သည် ဇီဝကလှူသော ပုဆိုးအစုံကိုလည်း ခံတော်မူ၏။ တပည့်သား သံဃာတော်တို့အားလည်း ဇီဝကလျှောက်ထားချက်အတိုင်း ဂဟပတိစီဝရကို ခွင့်ပြုတော်မူလေသည်။

ဆရာဇီဝကသည် ဆေးကုခြင်းအရာ၌ အလွန်ကျော်စောသဖြင့် မအားမလပ်နိုင်အောင်ရှိသည်။

သို့သော် ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်ကို မပျက်ခဲ့ချေ။ ဆရာဇီဝကထံ ဆေးဝါးကုသလိုသော်လည်း၊ ဆေးဖိုးကြေးငွေမတတ်နိုင်သော သူတို့သည် ဆေးကုသခံလိုမှုကြောင့် သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြသည်။

ထိုသို့ဆေးကုသခံလိုမှု သက်သက်ကြောင့် သာသနာ့ဘောင်သို့ဝင်ကြသည်ကို ဇီဝကသိရှိသည်တွင် အနာကြီးငါးမျိုးစွဲကပ်သူတို့အား ရဟန်းပြုခြင်းမှ တားမြစ်ပေးရန် ဘုရားရှင်အားလျှောက်ထား၏။ ဘုရားရှင်လည်း ပညတ်တော်မူ၏။

ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရလေသည်။

Wai Linn (ရွှေလက်)

20/12/2020

.
သေလဲအေးတာဘဲ ငါတို့က သေရမှာ မကြောက်ဘူး ဆိုတဲ့ ငပေတွေအတွက်......

Spo2 ကျလာတယ် ပြီးတော့ သေသွားတယ် ဆိုပြီး
လွယ်လွယ်လေး ဘဝကူးသွားတယ် ထင်နေမှာစိုးလို့။

Covid ဖြစ်ပြီး အခြေအနေဆိုးလို့ ICU ရောက်လာခဲ့ပြီဆိုရင်..... (အခြေအနေဆိုးတယ် ဆိုတာက ကိုးရီးယား ကားတွေထဲကလို ကုတင်ပေါ် လှတပတလေး သတိမေ့နေတာ မဟုတ်ဘူးနော် )

ပိုဆိုးတာက အဆုတ်ရဲ့ အခြေအနေ အရမ်းကိုမှ စုတ်ပြတ် ဖြူဖွေး အောက်စီဂျင်ဝင်ဖို့ လေအိတ်လေးတွေ မရှိသလောက် အခြေအနေကို ပြောတာ။ အဆုတ်ကသာ ရစရာ မရှိဖြစ်နေတာနော် လူကတော့ အသိ သတိလုံးဝအကောင်း ။။

အဆုတ်ပျက်စီး အသက်ရှူမဝ ဟစိဟစိ အနေအထား
နှာခေါင်းနဲ့ ရှူမဝလို့ ပါးစပ်နဲ့ပါ လိုက်ရှူနေကြတာ။
အဲ့လိုဆိုတော့ လူနာကို ရိုးရိုးနည်းတွေနဲ့ အောက်စီဂျင်ပေးလို့မရ စက်ကြီးတွေနဲ့ အောက်စီဂျင်ရအောင်
ရိုက်ထည့်ရတာ။ နောက်ဆုံး အဆင့်က အသက်ရှူပိုက် ထည့်တာဆို သူ့ရဲ့ အောက်တဆင့် ပိုက်တော့မထည့်သေးဘူး မျက်နှာကို mask အကြီးစားနဲ့ အုပ်ပြီး စက်အကြီးစားနဲ့ ရှူခိုင်းတာလေ အရှိန်ပြင်းလို့ maskကို ကြိုးတွေနဲ့ ပြန်ထိန်းရတယ်။။

ရိုးရိုး face mask ကို ကြိုးအပျော့လေးတွေနဲ့
တပ်တာတောင် မွန်းကြပ်တယ် နာတယ် ဖြစ်နေကြတာ
ICU ရောက်လာရင်တပ်ရမဲ့ mask ကြီးကို တွေးကြည့်ကြ...ရက်ကြာလေ ပိုနာလာလေဘဲ။။
ပြီးတော့ လူနာတွေကို သက်သာအောင် ထိုးပေးရတဲ့ ဆေးတစ်မျိုး ရှိတယ် သူ့ရဲ့ နောက်အာနိသင်က အစား စားချင်စိတ်ကို ဖြစ်စေတယ်
အဲ့ဒီတော့ သတိအကောင်း ဗိုက်ဆာတယ် စားချင်စိတ်လဲရှိတယ် ဒါပင်မဲ့ အစာစားဖို့ mask ကြီးကို ဖြုတ်တာနဲ့
Spo2က တဒိုင်းဒိုင်း ထိုးဆင်းတာ ..
အဲ့ဒီတော့ ဘာဖြစ်လဲ မစားခင်ကတောင် မောနေတာ
စားလဲစားရော ဟက်ထိုးလှိုက်ကုန်ရော ....
96>>90>>85>>70>>60 အောက်အထိကျတာ အရမ်းမြန်တာနော် အစားတလုပ် ရေတငုံကို အသက်ရင်းမြိုချရတာ ကျွေးရတဲ့ ဆရာမတွေလဲ လုံးဝသတိထားပြီး ကျွေးရတယ်။ တစ်ယောက်က အစာခွံ့ရင် တစ်ယောက်က စက်ကိုင်ရတယ်။ တစ်မိနစ်စား ငါးမိနစ် ဆယ်မိနစ်လောက် စက်ပြန်အုပ် ကျွေးနေတုန်း မသီးအောင် ချောင်းမဆိုးအောင် သေချာမြိုချဖို့ပြောရတယ်။။
မကြောက်ဖို့ အားပေးရတယ်။။
လူနာကိုသာ မကြောက်နဲ့လို့ အားပေးနေရတာ
ကျွေးနေတဲ့ ဆရာမတွေက လူနာတစ်ခုခု ဖြစ်သွားမှာ စိုးလို့ ဇောချွေးတွေတောင်ပြန်တယ်။။။
တချို့ လူနာတွေဆို နှာခေါင်းပိုက်ထည့်ထားရတယ်။
နှာခေါင်းထဲ ပိုက်ထိုးခံရတာက ဘယ်လောက် ခံရခက်လဲစဉ်းစားကြည့်ပါ။။

ပြီးတော့ နောက်တစ်ခု ....
မောလို့ အိမ်သာမသွားနိုင် ဆီးဝမ်းကုတင်ပေါ်တင် ပါချ။
ညစ်ပတ်နေတာလဲပေးဖို့ ကုတင်ပေါ် ဟိုဖက်ဒီဖက်လှည့်ရုံနဲ့တင် ဟက်ထိုးလှိုက်နေပြန်ရော။
လူနာက အိပ်ရာပေါ် နေတာကြာတော့ ကျောပူတယ် အိပ်ရာပူနာတွေဖြစ်တယ်။ ဆရာမတွေ ဘေးစောင်းပေးပါမယ်ဆိုရင်တောင် အထိမခံနိုင်လို့ မလုပ်ပါနဲ့လို့ ပြောကြတယ် ။

မောတာကို မခံနိုင်လို့တဲ့။။။။

မောတယ် မောတယ်
ဘယ်လိုခံစားရလဲ မသိရင်
အသက်အောင့်ကြည့်ကြ
လုံးဝမနေနိုင်တော့ပါဘူးဆိုရင်တောင် ပြန်မရှူနဲ့ဦး

အဲ့ဒီခဏလေး ခံစားရတာထပ်
အဆပေါင်းများစွာ သာတယ် ကိုဗစ် မောတာက
အဲ့တာကြောင့် သေရမှာ မကြောက်ရင်တောင်
မသေခင်ခံရမှာ ကြောက်ပြီး
ကိုဗစ်မဝင်အောင် ဂရုစိုက်ကြပါ။။။
လူစုလူဝေးကြားထဲ ပျော်ပါး အပြင်ထွက် လမ်းသလားခြင်း လျော့ကြပါ။။

အသွားမတော် တစ်လှမ်း မဖြစ်ကြပါစေနဲ့ ။။။။။

လူစုလူဝေး သွားထားတဲ့လူများ ကျန်းမာစွာ ရှိကြပါစေ..

ကိုဗစ် ဖြစ်ရင်တောင် ICU မလာရဘဲ ပြန်ကောင်းကြပါစေ...


- မူရင်း

19/12/2020

သိုက်ကလာတဲ့သူတွေအများအားဖြင့်ဘာလို့အိမ်ထောင်ပြုလို့မရပါသလဲ ???

သိုက်နန်းရှင်တွေဟာ အခြားသောနတ်တွေလိုပဲနတ်သဘင်တက်တဲ့အခါ ကိုယ့်ထက်တန်ခိုးကြီးတဲ့နတ်တွေရောက်လာတိုင်းနောက်ကိုအလိုလိုရွေ့ရွေ့သွားရာက နတ်သဘင်လဲစရော အချို့သိုက်နန်းရှင်တွေခမျာစင်္ကြာဝဠာတံတိုင်းကိုထိလုထိခင်ဖြစ်တဲ့အထိပါပဲတဲ့ .. သည်တော့သဘင်ပွဲမှာမိမိတို့ပြောဆိုတင်ပြလိုသမျှဘယ်ပေါက်ရောက်ပါတော့မလဲ .. တကယ်တော့သိုက်နန်းရှင်ဆိုတာနတ်ပြိတ္တာတွေပဲမို့ သဘင်ပွဲမှာရှေ့တိုးနိုင်ဖို့က ကုသိုလ်အမျှလိုပါသတဲ့ သည်အခါသိုက်နန်းရှင်တွေက လူ့ပြည်လူ့ရွာမှာကုသိုလ်တွေလုပ်ပြီးသူတို့အတွက်အမျှဝေဖို့ သိုက်နန်းထဲက စိတ်အချရဆုံးသူတွေကိုလူ့ပြည်လွှတ်ပါသတဲ့ .. လွှတ်တဲ့အခါမှာလဲ အပျိုလူပျိုကိုလွှတ်လေ့မရှိပါဘူး လူပြည်လာရင်းကိုမေ့ပြီးပျော်ပါးနေမဆိုးစိုးလို့ပါ .. လူမရှိလွန်းရင်တော့လဲတစ်မျိုးဖြစ်မှာပေါ့လေ .. အများအားဖြင့်ကတော့ အိမ်ထောင်ရက်သားရှိသူသားသမီးသံယောဇဉ်ရှိသူတွေကိုသာလွှတ်လေ့ရှိပါသတဲ့ .. လွှတ်တဲ့အခါလဲကတိခံခဲ့ရတာနော် .. သည်လိုနဲ့လူ့ပြည်ရောက်တယ်ပေါ့ဗျာ .. အဓိကပြောပြချင်တာကတော့ ဆရာတော်ကြီးတစ်ပါးဝင်ကြည့်ဖူးတဲ့သိုက်နန်းတွေအကြောင်းပါ ..သည်လိုလူ့ပြည်ကိုလွှတ်လိုက်တဲ့သိုက်နန်းကပုဂ္ဂိုလ်တွေရဲ့သိုက်နန်းမှကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ကိုမှန်ခေါင်းတလားကြီးတွေနဲ့ထည့်ထားပါသတဲ့ လူပြည်မှာသမာဓိအားနဲ့ရုပ်ခွဲနမ်ခွဲလုပ်တဲ့အခါကိုယ့်ရုပ်ခန္ဓာကြီးကိုလုံခြုံရာထားခဲ့သလိုမျိုးပေါ့ .. နောက် သိုက်သက်တစ်ရက်ဟာ လူ့ပြည်ဆယ်နှစ်ရှိပါသတဲ့ လူ့ပြည်မှာအနှစ်သုံးဆယ်ဆိုသိုက်သက် ၃ ရက်ပေါ့ ထွက်ခွာသူဟာ အမျိုးသမီးဖြစ်လျှင် သူ့ရဲ့သိုက်ထဲကလင်သား သမီးသားတွေကနေ့တိုင်းမှန်တလားနားမှာလာထိုင်ကြည့်ကြစကားတွေပြောကြအမွှေးနံ့သာထွန်းကြလုပ်ပါသတဲ့ .. ဒါကြောင့်သိုက်ကလာသူတွေဟာ အလွမ်းရင့်တတ်ကြပါတယ် ရှုခင်းကြည့်ပြီးလွမ်းတာနေဝင်ချိန်လွမ်းတာမျိုးတွေပေါ့ .. လူ့ပြည်ရောက်တဲ့သူက လူ့ပြည့်မှာအိမ်ထောင်သားမွေးလုပ်လိုက်ရင် သိုက်နန်းကအိမ်သူလင်သားတွေကိုသစ္စာမဲ့ရာစည်းဖေါက်သလိုဖြစ်တာကြောင့် တာဝန်ခံထားတဲ့သိုက်နန်းရှင်ကအတင်းပြန်ခေါ်ဖို့လုပ်ရပါတယ် လူပြည့်မှာတော့ရုတ်တရက်ကွယ်လွန်သည်ပေါ့ဗျာ .. ဒါကြောင့်သိုက်ကြိုးဖြတ်တဲ့ဆရာတွေကိုလဲသူတို့တစ်တွေကအရမ်းရွံမုန်ပြီး ကံစည်းပေါက်ချိန်သတ်ဖို့အမြဲချောင်းနေတတ်ပါတယ် ..
ဒါကြောင့်သိုက်ကလာသူတွေဟာ ဘာသာရေးကိုမေ့လျှော့ပြီးအလှူမဲ့အတန်းမဲ့နေလို့မရပါဘူး လှူရတန်းရအမျှဝေရပါတယ် ပြီးတော့သိုက်မှာအပျိုလူပျိုမဟုတ်ရင်လူ့ပြည်မှာအိမ်ထောင်ပြုခွင့်မရှိပါဘူး ပြီးတော့ လူ့ပြည်လာရင်းအကြောင်းဖြစ်တဲ့ကုသိုလ်ယူဖို့ကိုမေ့လျှော့ပြီးသောက်စားပျော်ပါးနေလို့လဲမရပါဘူး ဆိုတာ သုတဝါစာ ကြားသိဖူးသလောက်ဝေမျှလိုက်ရပါသည်ခင်ဗျား။
credit
မောင်ခမာ(ရန်ကုန်)

🏝လန်းပိကျွန်းပေါ်က ဆလုံ(ခ)မော်ကင်း သင်္ချိုင်း🏝=-=--=-=-==ဆလုံ(ခ)မော်ကင်း လူမျိုးတွေဟာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်မှ...
19/12/2020

🏝လန်းပိကျွန်းပေါ်က ဆလုံ(ခ)မော်ကင်း သင်္ချိုင်း🏝
=-=--=-=-==

ဆလုံ(ခ)မော်ကင်း လူမျိုးတွေဟာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်မှာ သွားလာကျက်စားနေတဲ့ မျိုးနွယ်စု တစ်ခုဖြစ်တယ်။

သူတို့ဟာ ရာသီဥတုဆိုးရွားတဲ့အခိုက်အတန့်မှာပဲ နီးစပ်ရာကျွန်းတွေပေါ် မှာ ခတ္တနားခိုကြတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ပင်လယ်ပြင်မှာ ရင်ကန်းလှေလေးတွေနဲ့သွားလာပြီး ကင်းမွန်(ပြည်ကြီးငါး)မျှားတယ်။ ပုလဲငုတ်တယ်။ ငါးကြီးအန်ဖတ်တွေ ရှာတယ်။ ငှက်သိုက်ကျွန်းတွေအနားရောက်ရင် ငှက်သိုက်ဆွတ်ခူးတယ်။ ရရှိတဲ့ပစ္စည်းတွေကို အနီးဆုံးရွာတွေ၊မြို့တွေကို ဆိုက်ကပ်ပြီး သူတို့ပစ္စည်းတွေကို စားရိက္ခာနဲ့ လဲလှယ်ကြတယ်။ ဒီလိုနဲ့ပဲသူတို့ရဲ့ဝမ်းစာကို ဖြေရှင်းကြတာပါ။

ခုနောက်ပိုင်းမှာတော့ သူတို့ရဲ့ပစ္စည်းတွေကို ရောင်းချတတ်လာကြသလိုအသိပညာတိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ သားသမီးတွေကို ကျောင်းပညာသင်ယူခိုင်းတဲ့အထိ တိုးတက်လာတယ်။ ဘွဲ့ရပညာတတ်တဲ့ ဆလုံတွေ ရှိနေပါပြီ ။
ဝမ်းစာရှာဖွေတဲ့ လုပ်ကွက်နဲ့နီးတဲ့ ကျွန်းတွေမှာ အခြေချနေထိုင်တတ်လာတယ်။ တကယ်တော့ ကျွန်းပေါ်အခြေချနေထိုင်တယ်ဆိုပေမယ့် အလုပ်လုပ်နိုင်တဲ့ အရွယ်တွေအားလုံးက ပင်လယ်ထဲမှာပဲရှိတယ်။ သက်ကြီးရွယ်အိုတွေနဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေပဲ ကျွန်းပေါ်မှာ တွေ့ရမှာပါ ။

ဆလုံလူမျိုးတွေသေဆုံးရင် သေဆုံးသူ ကြိုက်နှက်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သင်္ချိုင်းမှာ တပါတည်းစွန့်ပစ်တတ်ကြတယ်လို့ သိရပါတယ်။

မော်ကင်းလူမျိုးတွေနေထိုင်တဲ့နေရာက ၁၂ နေရာရှိတယ်။ပင်လယ်ကျွန်းတွေမှာက ၁၁ နေရာ နှင့်ကမ်းရိုးတန်းမှာက ၁ နေရာရှိပါတယ်။အဲဒီ ၁၂ နေရာစလုံးမှာသူတို့ရဲ့သင်္ချိုင်းတွေရှိခဲ့ကြတယ်။ ထူး ခြားတာက သူတို့ရဲ့သင်္ချိုင်းတွေကသူတို့ရဲ့ယာဉ်ကျေးမှုတွေနှင့်ချိတ်ဆက်နေကြတယ်၊ကိုးကွယ်ယုံ ကြည်မှုတွေနှင့်ချိတ်ဆက်နေကြတယ်သင်္ချိုင်းထဲမှာပဲနတ်စင်တွေနဲ့တွဲထားပြီး နှစ်စဉ်သင်္ချိုင်းထဲမှာမြုပ်နှံထားတဲ့ဆွေမျိုးသားချင်းတွေဆီကိုလာပြီးပူဇော်ပွဲတွေလုပ်ကြတယ်။ ဝိဥာဉ်တွေကိုခေါ်ပြီးတွေ့ကြုံနေရ တဲ့အခက်အခဲတွေ၊ရင်ဆိုင်နေရတာတွေကိုသေသွားတဲ့သူတွေဆီမှာ အကြံဥာဏ်တောင်းခံတာမျိုးတွေ သူတို့ကမမေ့လျော့ကြသေးဘူးဆိုတဲ့သဘောမျိုးပါ။
နောက်ပိုင်းမှာပြင်ပကလာရောက်အခြေချတဲ့သူတွေများလာတော့သူတို့ရဲ့ယဉ်ကျေးမှုတွေ၊ဓလေ့ တွေအပေါ်မှာ တစ်နည်းမဟုတ်တစ်နည်းနှင့်လွှမ်းမိုးလာကြတယ်။ တစ်ချို့နေရာတွေမှာလွှမ်းမိုးမှုအတိုင်းအတာတွေကဘယ်လောက်အထိဖြစ်လာသလဲဆိုတော့သူတို့ရဲ့ ယဉ်ကျေးမှုတွေနှင့်ချိတ်ဆက်နေတဲ့သင်္ချိုင်းတွေ ကွယ်ပျောက်လာတဲ့အထိဖြစ်လာတယ်။ ဥပမာ-အလယ်မန်ရွာမျိုးဆိုရင်သူတို့ရဲ့သင်္ချိုင်းမြေထဲမှာ ဥယျာဉ်ခြံမြေတွေ၀င်ရောက်ကျူးကျော်လာတဲ့အတွက်သင်္ချိုင်းနယ်မြေတွေမှာမြုပ်နှံခွင့်မရကြတော့ပဲ သင်္ချိုင်းအသစ်တွေမှာသွားမြုပ်ရတယ်လို့ သိရတယ်။

https://m.facebook.com/story.php?story_fbid=1344074255932852&id=222869948053294
မြတ်ထွဋ (မြိတ်)

18/12/2020

ပျော်ရဲ့လားဟေ့မောင်တို့ရေ

ရပ်ကွက်ထဲက ဘီးအီးဆိုင်လေးတွေမှာ
Royal Club တံဆိပ် ပြည်တွင်းဖြစ် ဝီစကီလေးနဲ့
နှစ်ပါးသွားခဲ့ရတဲ့ ကာလလေးတွေလည်းရှိခဲ့ဖူးတယ်။
အဲ့ဒီကာလတွေမှာ အပေါင်းအသင်းကောင်းလို့
Black Label လောက်သောက်လိုက်ရတဲ့နေ့ဆို
အာဂပါးစပ်လူဖြစ်ရကျိုးနပ်လှချေရဲ့ဆိုပြီး
ပျော်ခဲ့ဖူးတာပေါ့။
ဒါပေမယ့် တဖြည်းဖြည်း ဟိုဖတ်ဒီဖတ်
ဟိုသောက်ဒီသောက်နဲ့ ဝီစကီအကြောင်းလေးသိလာ
သောက်နိုင်လောက်တဲ့ အင်အားလေးလည်း ရှိလာတော့
Black Label ဆိုတာ သောက်ရမယ့် စာရင်းတောင် မဝင်တော့ဘူး။
အနည်းဆုံးတော့ Glenfiddich အစီမ်းလေး လောက်မှ
ဝီစကီလို ထင်လာပြန်ရော။
အဲ့ဒီကြားထဲ Macallan တို့ Suntory တို့ တစ်ပုလင်း
နှစ်သိန်းလောက်သောက်ရပြန်တော့လည်း
အာဂပါးစပ်ပြန်ဖြစ်ရပြန်ရောပေါ့။
ကျွန်တော်စာအုပ်စထုတ်တုန်းက အရင်းပြုတ်ဖူးတယ်။
နောက်ထပ်စာအုပ်ထပ်ထုတ်ဖို့ ပိုက်ဆံလုံးဝမရှိတော့ဘူး။
အဲ့ဒီအချိန်မှာ ငွေငါးသိန်းလောက်ရဖို့ အသည်းအသန်လိုက်ရှာရတာ။
ချေးငှားရတာတွေလည်း ရှိတယ်။
မျက်နှာပူပူနဲ့ မိဘတွေဆီ လက်ဖြန့်ရတာလည်းရှိတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော့်အတွက် ငွေငါးသိန်းရရင်
တကယ့်ကို ပျော်ရွှင်မှုကြီးပဲ။
ကျွန်တော့်ဘဝအတွက် အလင်းရောင်ပဲ။
အခုတော့ ငွေငါးသိန်းဆိုတာ အရက်ပုလင်းဖိုးလောက်ရှိတော့တဲ့
ကာလမှာကျွန်တော် အရမ်းပျော်လားဆိုတာ
ပျော်မနေဘူးလေ။
အရင်တုန်းက အသည်းအသန်ရှာခဲ့ဖူးတဲ့
ငွေငါးသိန်းပေါင်းများစွာတွေ ရှိနေပြန်တော့လည်း
မပျော်ဘူးတဲ့ဗျာ။
ဒီတော့ ကျွန်တော်ဘာကို ပျော်သလဲ ကျွန်တော်စဉ်းစားတယ်။
အရင်တုန်းက ဘန်ကောက်လောက်ခရီးထွက်ရတာကို
အထူးအဆန်းကြီးဖြစ်လို့။
မိုးမျှော်တိုက်ကြီးတွေကြားမှာ
လမ်းလျှောက်ရတာ ပျော်စရာကြီးပေါ့။
အခုတော့ နိုင်ငံပေါင်းများစွာကို ပုံစံမျိုးစုံနဲ့ အကြိမ်ကြိမ်ရောက်ပြန်တော့လည်း
ပျော်နေသလားဆိုတော့ မပျော်ဘူးတဲ့ဗျာ။
လန်ဒန်ကိုသွားရတာ ဘန်ကောက်ကို
ပထမဆုံးသွားရသလောက်တောင် ရင်မခုန်ဘူး။
ဒီတော့ ဘယ်မှာလဲ အပျော်တွေ။
ကိုယ်ကြိုက်တဲ့ ပန်းချီကားတွေတွေ့ရင်ဝယ်။
ကိုယ်ကြိုက်တဲ့ အသုံးအဆောင်တွေတွေ့ရင်ဝယ်။
ပြီးရင် အဲ့ဒီပန်းချီကားတွေ အသုံးအဆောင်တွေကို
ဗီဒိုထဲကနေ တစ်နှစ်တစ်ခါတောင် ထုတ်ကြည့်ဖြစ်ရဲ့လား။
လိုချင်စိတ်တွေနောက်ကို
တစ်နည်း လောဘတွေနောက်ကို
ကျွန်တော် ဒလိမ့်ခေါက်ကွေး လိုက်နေတော့တာပဲ။
နောက်ပြီး အဲ့ဒီ လိုချင်တပ်မက်စိတ်တွေကလည်း
ဘယ်တော့မှ မကုန်ပြန်ဘူး။
ဖုန်းတွေလိုပဲ။
မော်ဒယ်တွေမြင့်ပြီး လိုချင်စိတ်တွေက
တစ်ဆင့်ပြီး တစ်ဆင့်တိုးလာတယ်။
ဒီဘဝလည်း ပြီးမယ့်ပုံမပေါ်ဘူး။
ဟုတ်ပြီ
ပျော်ရွှင်မှုဆိုတာ
ငွေကြေးတွေ အောင်မြင်မှုတွေ ခရီးတွေ ပိုင်ဆိုင်မှုတွေနဲ့
မဆိုင်တာသေချာရင် ဘယ်မှာလဲပျော်ရွှင်မှု။
ဒီလိုပြောတော့လည်း မင်းကစိတ်ညစ်နေလားမေးပြန်ရင်
မညစ်ပေါင်ဗျာ။ ဒီလိုပါပဲလို့ ပြောရမှာပါပဲ။
ကျွန်တော်သိချင်တာက စိတ်ညစ်လို့ အပျော်ရှာတာမဟုတ်ဘူး
ပျော်ရွှင်မှုက ဘယ်မှာလဲသိချင်တာ။
ပျော်ချင်ရင် အပင်စိုက်လို့တော့ မပြောနဲ့။
အပင်လည်း စိုက်ထားတာပါပဲဗျာ...
တကယ်တော့ ပျော်ရွှင်မှုဆိုတာ
အခြေခံဗုဒ္ဓဘာသာနဲ့ရင်းနှီးရင်
သိလောက်မယ့် အဖြေတော့
လူတိုင်းကိုယ်စီမှာရှိကြမှာပါ။
ခြိုးခြံချွေတာပြီး မလိုအပ်တာတွေကို
လျှော့နိုင်မှ။
ပြီးတော့ ဒါလေးတော့ ရှိလိုက်ရင်
ဒါလေးတော့ စားသောက်လိုက်ရရင်
ဒါလေးတော့ ပိုင်ဆိုင်လိုက်ရရင်ဆိုတဲ့
အလိုလောဘလေးတွေလျှော့နိုင်မှ။
ကျွန်တော်ကတော့ ကြိုးစားဆဲပါပဲ။
အနောက်နိုင်ငံတွေမှာလည်း ဒီနှစ်ပိုင်းမှာ
Minimalist နေထိုင်မှုတွေ အရမ်းခေတ်စားလာပါတယ်။
သူတို့တတွေမှာလည်း နည်းပညာတွေ အလွန်အကျွံဖွံ့ဖြိုးနေတာတွေ
အလွန်အမင်း အဆင်ပြေနေမှုတွေ
ကြွယ်ဝမှုတွေက
လူတွေကို အဆင်မပြေစေဘူး။
တကယ်မပျော်ရွှင်စေဘူးဆိုတာ
တဖြည်းဖြည်း သဘောပေါက်လာကြပါတယ်။
ဒါကြောင့် Minimalist ဆိုတဲ့ရိုးရှင်းတဲ့ နေထိုင်မှုကို
ပြောင်းလဲနေကြတာပါ။
အချုပ်ပြောရရင် မလိုအပ်ဘဲ အာမချောင်ဘူး။
မလိုဘဲနဲ့ အပိုတွေ မဝယ်ဘူး။
လျှော့ပြော။ လျှော့စား။ လျှော့ဝယ်ပေါ့ဗျာ...
အဲ... လျှော့သောက်ဖို့ကတော့
ထင်သလောက် မလွယ်ဘူးဗျ....
အဲ့တော့ ထိန်းသောက်ပေါ့ဗျာ....

မြေမှုန်လွင်

17/12/2020

“ အချိန်ပေးပြီးဖတ်ကြည့်စေချင်ပါတယ် ”

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကို၀င်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့
စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်၀င်လာပြီး ကော်ဖီမှာပါတယ်...

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်၀င်စားမိနေပြီ...

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လေ ျှာက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲ၀င်လာတယ်...

မဝံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

မေတ္တာဖြင့်

: and labour hitt✍👸
ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ဝိုင်း၀န်း ကူညီကြပါလို့ပြောချင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်မတိုင်ခင်က    လမ်းဘေးအရက်ဆိုင်ထဲက လူကို   ကျနော်မုန်းခဲ့တယ်။   ဆယ်နှစ်နောက်ပိုင်းမှာ လမ်းဘေး   အရက်ဆို...
17/12/2020

လွန်ခဲ့တဲ့ ဆယ်နှစ်မတိုင်ခင်က

လမ်းဘေးအရက်ဆိုင်ထဲက လူကို

ကျနော်မုန်းခဲ့တယ်။

ဆယ်နှစ်နောက်ပိုင်းမှာ လမ်းဘေး

အရက်ဆိုင်ထဲက လူဟာ ကျနော်

ြဖစ်နေခဲ့တယ်။.....

နိုင်းနိုင်းစနေစာအုပ်မှ

Address

Taunggyi

Telephone

+959673998517

Website

Alerts

Be the first to know and let us send you an email when Salone Taung Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category