04/05/2024
B10000တောင်မကုန်တဲ့ ချင်းမိုင်သွားလည်ရတဲ့ အတွေ့အကြုံလေးပေါ့
သူငယ်ချင်းလေး(၆)ဦးစုပြီး လည်ကြတာ
၁။ မယ်ဆိုင်အတွင်းပဲလည်ရင်တော့ မြန်မာဖက်က လဝကမှာစပြီး လက်မှတ်လုပ်ဖို့ မြန်မာငွေ ၁၀၀၀/-
ထိုင်းဖက်ဝင်ဖို့ဆို B၂၀နဲ့ ကဒ်အဖြူလုပ်
အဲ့ကဒ်အဖြူက ၁ခါလုပ်ရင် သက်တမ်း၁နှစ်ပေးတယ်
ပြီးရင်ထိုင်းလဝကမှာ B၂၀ပေးပြီး တံဆိပ်တုံး ထုဝင်သွားရင် ရပါပြီ
မယ်ဆိုင်အတွင်းလည်စရာနေရာတွေက
-ဦးအောင်ဇေယျာဘုရား
-Lotus shopping mall
-ကလေး၁၃ယောက်ဂူ
တခြား လည်စရာလည်း ရှိမှာပေါ့ ကိုယ်တော့ အဲ့၃ခုလေးပဲရောက်ဖူးတာ
၂။ ချင်းရိုင်းအထိလည်ဖို့ဆိုရင်တော့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်
B၅၀၀လုပ်ရပါမယ်
-White Temple (ဘုရားဖြူ)
-Blue Temple (ဘုရားပြာ)
-Choui Fong(လက်ဖက်ခြံ)
-Ahkafarm village (သိုးခြံ)
-Kyoto shipcafe
-Hotspring
-Singa park
-ကွမ်ရီမယ်တော်
-၉ထပ်ဘုရား
-Lalita cafe
-Chiang Rai shopping centre
ကိုယ်မရောက်သေးတဲ့ တခြားလည်စရာလေးတွေလည်း ရှိပါသေးတယ်
၃။ ချင်းမိုင်အထိလည်ဖို့ဆိုရင်
နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် B၁၅၀၀နဲ့လုပ်ရပါမယ်
-Maekapong village
-Dantewata
-jungle coaster&adventure park
-crab cafe
-Royal park Rajapruek
-Chiang mai zoo(ရေခဲလျောစီး &ငါးပြာတိုက်)
-Tha Phae gate
-maya shopping mall
ကိုယ်ကအချိန်မရလို့ မရောက်လိုက်တဲ့ တခြားလည်စရာတွေအများကြီးရှိသေးတယ် YouTube &TikTokတို့မှာ ရှာကြည့်ပေါ့နော်
မယ်ဆိုင်တံတားထိပ်ကနေ ချင်းမိုင်ကို၂ညအိပ် ၃ရက်လေးပေါ့နော်
ကားကို စင်းလုံးဌားတာ (အံစာတုန်း)ကားလေးပေါ့ တစ်နေ့ကို ၄၀၀၀Bနှုန်း ၃ရက်ဆိုတော့ ၁၂၀၀၀B
ညတည်းဖြစ်တဲ့နေရာက Vestique hostelမှာ တည်းဖြစ်တာပေါ့နော် ၂ယောက်ခန်းကို ၇၀၀B အခန်းက Aircon ပါတယ် အခန်းလည်းသန့်ပါတယ် တည်းရတာ အဆင်ပြေပါတယ် (မနက်စာတွေတော့မပါဘူးပေါ့) မြို့လယ်လောက်ကျတယ် ညဖက်တွေဆို night Bazar & Anusarn market ဆိုတဲ့ညစျေးမှာ ပတ်ရင်း ညစာတွေစား (နိုင်ငံခြားသား)တွေ အများကြီးနဲ့ စည်ကားပြီး
ပျော်စရာကောင်းသား
ကိုယ်တွေတော့ လမ်းလျောက်သွားစားကြတာပဲ
ချင်းမိုင်ထိ လက်မှတ်ခက -B၁၅၄၀
ကားခ /6ဆိုတော့ -B၂၀၀၀
တည်းတာက /၂ဆိုတော့-B၃၅၀*၂=၇၀၀
စားတာက တစ်ရက် ၃နှပ်ဆိုတော့-၃၀၀*၃=B၉၀၀
Total =B၅၁၄၀
တချို့နေရာတွေက သွားလည်တာ ဝင်ကြေးပေးရတယ် ဝင်ကြေးတွေပေါင်းလိုက်ရင် =၂၈၆၀
Budget tripပေါ့ ချင်းမိုင်ရောက်ဖူးအောင်ချွေတာပြီးလည်တာပေါ့နော်