17/05/2025
တောင်ကြီး၊ အေးသာယာ
၁၇-၅-၂၀၂၅ ရက်နေ့
ည ၁၀၂၅
ငလျင်လှုပ်တာ တော်တော်ကြမ်းတယ်
Edit;
Eleven Media Group
မြစ်သားမြို့၏ အနောက်တောင်ဘက် ခြောက်မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
မြစ်သားမြို့၏ အနောက်တောင်ဘက် ခြောက်မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် မေ ၁၇ ရက် ည ၁၀ နာရီ ၂၄ မိနစ် ၄၈ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် မန္တလေးမြို့ရှိ ဒေသခံများသည် နေအိမ်များမှ လမ်းမပေါ်သို့ တိမ်းရှောင်မှုများ ရှိခဲ့ကြောင်း သိရသည်။
“ မန္တလေး ငလျင်အတော်ပြင်းပြင်း လှုပ်သွားပါတယ်။ အချိန်လည်းအတော်ကြာပါတယ်။ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ပြီးနောက်ပိုင်း လှုပ်ခဲ့တဲ့ငလျင်တွေထဲ အပြင်းဆုံး အကြာဆုံးပါ” ဟု မန္တလေးမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တလေးအပြင် စစ်ကိုင်း ၊ မုံရွာ ၊ ဝမ်းတွင်း အစရှိသည့်ဒေသများတွင် သိသိသာသာလှုပ်ခတ်မှုခံစားခဲ့ရကြောင်း ယင်းဒေသမြို့ခံများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
Eleven Media Group was established on June, 2000