ရှမ်းပြည်နယ်လွှတ်တော်

ရှမ်းပြည်နယ်လွှတ်တော် ရှမ်းပြည်နယ်လွှတ်တော်၏ တရားဝင်စာမျက်နှာဖြစ်ပါသည်။

ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ တောင်ကြီးမြို့ရှိ The First International School မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း...
28/08/2026

ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ တောင်ကြီးမြို့ရှိ The First International School မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

တောင်ကြီး ဩဂုတ် ၂၈

တောင်ကြီးမြို့ရှိ The First Internatiol School မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မွန်မွန်တိုး ဦးဆောင်သော ဆရာ၊ ဆရာမ(၁၀)ဦးနှင့် (Grade 3, 4, 5) ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးသည် ဩဂုတ်လ (၂၇)ရက်နေ့ မွန်း လွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆို နှုတ် ဆက်ခဲ့သည်။

အဆိုပါ လေ့လာရေးအဖွဲ့သည် လွှတ်တော်အစည်းအဝေးခန်းမအတွင်း လေ့လာခဲ့ကြပြီး လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှု အခြေအနေများ၊ လွှတ်တော်၌ ဖွဲ့စည်းထားသည့် ရေးရာကော်မတီအဖွဲ့အစည်းများ၊ လွှတ်တော်အစည်းအဝေး ကျင်းပနေမှု အခြေအနေများ၊ လွှတ်တော်ခေါ်ယူသည့်ကိစ္စရပ်များ၊ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင် ရွက်ချက်များနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များ၊ ကြယ်ပွင့် ပြမေးခွန်း ဆွေးနွေးမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဆိုတင်သွင်းမှုနှင့် ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လေ့လာရေးအဖွဲ့မှ သိရှိလိုသည်များကို မေး မြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်း လင်းဖြေကြားပေးခဲ့ကြပြီးနောက် လေ့လာရေးအဖွဲ့သည် လွှတ်တော်ရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေ အောက်ရေသိုလှောင်ကန်စနစ်အား သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။

Website.👉👉 https://shanstate.hluttaw.mm/post/129 သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အ စည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးဥပဒေ(၁)ခု၊ အဆို(၁)ခုနှင့် ကြယ်ပွင့်ပြမေးခ...
20/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အ စည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
ဥပဒေ(၁)ခု၊ အဆို(၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်းပေါင်း(၈၈)ခု ဆောင်ရွက်နိုင်ခဲ့

တောင်ကြီး ဩဂုတ် ၂၀

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဩဂုတ်(၂၀)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ် တော်သို့ တက်ရောက်ခွင့်ရှိသူ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက်(၁၂၉)ဦးတက်ရောက်ခဲ့ပြီးရာခိုင်နှုန်း အားဖြင့်(၉၇.၇၃)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထ မြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော လားရှိုးမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မောက်မယ်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဦးလင်းလင်းနိုင်က ကြယ် ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းမွန်းအောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မူဆယ်မြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်း ကောင်း၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ် ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းခတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကလောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းငယ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ် ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို လည်း ကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးတို့က ကြယ်ပွင့်ပြမေး ခွန်းပေါင်း(၁၈)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက် ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင် ရာများအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေး အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်း ကြေညာခဲ့​သည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ဥပဒေ(၁)ခု ပြင်ဆင် ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၈၈)ခုအား ဆွေးနွေး မေးမြန်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွှတ်တော်အစည်းအဝေးကျင်းပနေမှုကိုလည်း ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၄၈)ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တိုက်ရိုက်ထုတ်လွှင့်မှု
20/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တိုက်ရိုက်ထုတ်လွှင့်မှု

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)

19/08/2026

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပမှုသတင်း

ရှမ်းပြည်နယ် လွှတ်တော်၌ ပြည်နယ်လမ်းဦးစီးဌာနမှ လမ်း/တံတာလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်တောင်ကြီး ...
19/08/2026

ရှမ်းပြည်နယ် လွှတ်တော်၌ ပြည်နယ်လမ်းဦးစီးဌာနမှ လမ်း/တံတာလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး ဩဂုတ် ၁၉

ရှမ်းပြည်နယ်၏ လမ်း/တံတားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ်(၁၉)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်း မ၌ ပြုလုပ်ရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လျှပ်စစ်၊ လမ်းပန်းဆက်သွယ် ရေးနှင့်စက်မှုဝန်ကြီး ဦးခွန်သန်းထွန်း၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် လမ်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး လမ်းဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်၊ လုပ်ငန်းစဉ်များနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လမ်း/ တံတားလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော် ဝင်း၊ ရှမ်းပြည်န ယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ကြီးကြပ်ရေးအဖွဲ့ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးအောင်နိုင်တို့က မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပြီးတွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ လမ်းဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ပြန်လည် ရှင်း လင်း၊ ဆွေးနွေး၊ ဖြေကြားပေးခဲ့ကြပြီး ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့အစီအစဉ်)(၂၀.၈.၂၀၂၆)(ကြာသပတေးနေ့)
19/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့အစီအစဉ်)
(၂၀.၈.၂၀၂၆)(ကြာသပတေးနေ့)

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၆)ခု မေး...
19/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၆)ခု မေးမြန်းဆောင်ရွက်

တောင်ကြီး ဩဂုတ် ၁၉

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဩဂုတ် (၁၉)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ် တော်သို့ တက်ရောက်ခွင့်ရှိသူ စုစုပေါင်း လွှတ်တော်ကိုယ် စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၈)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၆.၉၇)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေ ညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဟိုပုံးမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ကြယ်ပွင့်ပြ မေး ခွန်း(၁)ခုကို လည်း ကောင်း၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့ နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ တောင်ကြီး မြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ နမ့်ခမ်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းစိုးက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ မူဆယ်မြို့ နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စွာဝင်း(ခ) Mအောင်ဂျာက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းမွန်းအောင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးတို့က ကြယ်ပွင့်ပြ မေးခွန်းပေါင်း(၁၆)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များ က ပြန်လည်ဖြေကြားခဲ့သည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး (ပဉ္စမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဆဋ္ဌမနေ့) ကျင်းပမည့်နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရှိရသည်။

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တိုက်ရိုက်ထုတ်လွှင့်မှု
19/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တိုက်ရိုက်ထုတ်လွှင့်မှု

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့အစီအစဉ်) ၁၉.၈.၂၀၂၆(ဗုဒ္ဓဟူးနေ့)(Update)https://shanstate.hlu...
19/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့အစီအစဉ်) ၁၉.၈.၂၀၂၆(ဗုဒ္ဓဟူးနေ့)(Update)

https://shanstate.hluttaw.mm/post/124

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်းမျာ...
18/08/2026

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းဆောင်ရွက်

တောင်ကြီး ဩဂုတ် ၁၈

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဩဂုတ် (၁၈)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ် တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စား လှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃) ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၅)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၇၀)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ကွတ်ခိုင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁) ခုကို လည်းကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြ မေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းပျဉ်းမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို လည်းကောင်း၊ မိုင်းရယ် မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခု ကို လည်းကောင်း၊ မူဆယ်မြို့ နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမြင့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းခတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လွိုင်လင်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်သက်နိုင်က ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်နန်းမှတ်နွမ်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၄)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁) ဦးက ဆွေးနွေးပြီး ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က လွှတ်တော်သို့ ဖတ်ကြားတင်ပြ၍ ၎င်းဖြည့်စွက်ခွင့်ပြုရန်ပုံငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ဆွေးနွေးရှင်း လင်းကာ လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ပဉ္စမနေ့) ကျင်းပမည့်နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့သည်။ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပနေမှုအား ဦးခင်မောင်ကျော်ဦးဆောင်သော ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ (၂၅)ဦး၊ ဦးစံလင်းဦးဆောင်သော ရှမ်း(တောင်)မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီမှ (၂၈)ဦးတို့ တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရ သည်။

Address

Q2CR+48 Taunggyi
Taunggyi

Opening Hours

Monday 09:30 - 17:00
17:00 - 09:30
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+9581202228

Alerts

Be the first to know and let us send you an email when ရှမ်းပြည်နယ်လွှတ်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရှမ်းပြည်နယ်လွှတ်တော်:

Shortcuts

Share