Department Of Public Health, Taungoo

Department Of Public Health, Taungoo Public Health

04/07/2021

ကူးစက်မှုများနေပြီဖြစ်လို့ ဒီအချက်လေးတွေလိုက်နာကြပါဦး ။ တောင်ငူသူတောင်ငူသားများကျန်းမာချမ်းသာကြပါစေခင်ဗျာ။
#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

🔰.၁။ Stay home ....ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ
ရှိနေရင်အကုန်ကူးဖို့များတယ်။
🔸. အထူးသဖြင့် ... အိမ်ကျဉ်းပြီး
အခန်းနည်းရင်အပြင် ...(open air) မှာကိုဗစ်က မအောင်းနိုင်ဘူး။

🔰.၂။ air borne ..ဆိုပေမယ့် တစုံတယောက်က နှာချေလိုက်မှ
အမှုန်.. droplet...လေးတွေက လေထဲမှာကြာကြာနေတာပါ။
🔹.Mask တို့ face shield တို့တပ်ထားရင် လုံခြုံတယ်။
🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂ပေါက်၊ ပါးစပ်၊ မျက်စိ၂လုံးကဘဲဝင်နိုင်တယ်။
🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။
🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ။
🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင် ၊မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။
🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။
🔹.အားမှလျှော်။...မလျှော်လဲ ၅..ရက်ကြာရင်ပိုးကအလိုလို
သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက ➖🔹
်🔹.အော်ကျယ်ပြောနေတဲ့လူ..
🔹.ချောင်းဆိုးနေတဲ့နှာချေနေတဲ့
လူ..တွေကိုဝေးဝေးကရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။
🔸....၅ရက်ဆိုပိုးက သူ့အလိုလိုသေတယ်။
🔸.ရွရွလျှောက်ပြေး
နေတာမဟုတ်ဘူး။
🔸.သူ့ဖာသာသူကပျနတော။
🔸.ကိုယ်ကလက်နဲ့ယူပြီး
နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။
🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ပို
အရေးကြီးတယ်။
🔹.ပြူတင်းပေါက်ဖွင့်ပြီးပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာ
ထက်ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို
မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။➖🔰
🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹
crd. 💕ပါမောက္ခဦးသိန်းဝင်း💕

21/06/2021

တရုတ်နိုင်ငံ ဝူဟန်မြို့ကမှာ စတင်ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါပိုး တစ်မျိုး ဆိုတဲ့သတင်းက ၂၀၁၉ ခုနှစ် - ဒီဇင်ဘာလကစပြီး လူမှုကွန်ယက်တွေမှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့နောက်ပိုင်း Covid-19 ရောဂါဆိုပြီး တစ်ကမ္ဘာလုံးမှာ စတင်ပျံ့နှံ့လာခဲ့တယ်။

၂၀၂၀ နှစ်ဆန်းပိုင်းကစပြီး မြန်မာနိုင်ငံမှာ လူတွေအရမ်းကြီး သတိမထားခင်ထဲက ကျနော်တို့ကျန်းမာရေးဝန်ထမ်းတွေဟာ ညွှန်ကြားချက် များစွာနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဦးဆုံးသော Covid positive လူနာကို ၂၃.၃.၂၀၂၀ ရက်နေ့မှာ ပြည်ပပြန်တစ်ဦးဆီက စတင်တွေ့ရှိခဲ့ပါတယ်။

အဲ့နောက်ပိုင်း ကျနော်တို့ကျန်းမာရေးဝန်ထမ်းတွေ အားလုံးဟာ နေ့မအား ညမအား ကြိုးစားလာခဲ့ကြတာပါ။ ပြည်ပပြန်/ ပြည်တွင်းပြန်တွေအတွက်
*Qurarntine Center တွေဖွင့်၊

*Quarantine Center ထဲမှာ ဖြစ်နေတဲ့ ပြဿနာပေါင်း သောင်းခြောင်ထောင်ကို နေ့စဉ်နဲ့အမျှရှင်း၊

*အပြင်ထွက်တိုင်း Mask တပ်ဖို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ လုပ်ရင်းနဲ့
နေ့စဉ် တာဝန်များစွာ ကို ထမ်းဆောင်နေခဲ့ကြပါတယ်။

အများပြည်သူ Stay at Home တို့၊ အခြားဌာနဆိုင်ရာတွေ Work From Home တို့ လုပ်နေတဲ့ အချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေဟာ ဒီရောဂါနဲ့ပတ်သက်ပြီး စနေ၊တနင်္ဂနွေတောင် မရှိတော့ပဲ အလုပ်တွေ လုပ်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။
ယခု လတ်တလောအခြေနေမှာ ကျန်းမာရေးဝန်ထမ်းတွေအများစုဟာ စစ်အာဏာရှင် စနစ်အောက်မှာ အလုပ်မလုပ်လိုတဲ့ ဆန္ဒ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် CDM လုပ်နေကြတာဖြစ်ပါတယ်။🎀🎀
ယ ခုအခါ Covid 19ကူးစက်မှုတွေ ပြန်ပြီး ခေါင်းထောင်လာနေပါပြီ။ ဒါဟာ နဲနဲပဲစစ်နိုင်သေးလို့ ဒီလောက်ပဲတွေ့တာလို့ ယူဆလို့ ရပါတယ်။
အဲ့တော့ ပြောလိုတာက ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိနေတဲ့ အချိန်မှာ တောင်ငူမြို့သူ/သား အားလုံးနဲ့ တစ်နိုင်ငံလုံးကို CDM ကျန်းမာရေးဝန်ထမ်းအားလုံးက စိုးရိမ်နေကြတယ်ဆိုတာ သိစေလိုပါတယ်။
ဒါကြောင့် မြို့သူ/သား များအားလုံးကလဲ ဒီအချိန်မှာ အရင်က ကျနော်တို့အမြဲသတိပေးနေခဲ့တဲ့
1)အပြင်ထွက်တိုင်း Mask တပ်ပါ။

2)ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ/ လက်သန့်ဆေးရည်နဲ့ စက္ကန့်20ကြာစင်ကြယ်စွာဆေးကြောပါ။

3)လူထူထပ်တဲ့ နေရာတွေကို ရှောင်ပါ။တစ်ဦးနှင့် တစ်ဦး အတတ်နိုင်ဆုံး (၆) ပေအကွာမှာ နေပါ ။

စတဲ့အချက်လေးတွေကို ဒီအချိန်မှာ ပိုလို့ လိုက်နာစေချင်ပါတယ်။
အရေးတော်ပုံအောင်သွားပြီးတဲ့ တစ်နေ့ ကျနော်တို့ CDM ကျန်းမာရေးဝန်ထမ်းတွေဟာ တောင်ငူမြို့သူ/သား တွေနဲ့ လက်တွဲပူးပေါင်းပြီး အရင်ထက်အလုပ်တွေ ပိုလို့ကြိုးစားသွားမယ်ဆိုတာ ကတိပေးပါတယ်။
တောင်ငူသူတောင်ငူသားများ ဘေးအန္တရာယ်အားလုံး‌‌ေကျာ်လွှားနိုင်ပြီး ကျန်းမာချမ်းသာ ကြပါစေ။🙏🙏🙏

အရေးတော်ပုံ အောင်ရမည်💪💪💪
#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

(- CDM မလုပ်ပဲ CDM လုပ်နေတဲ့သူတွေကို ဒုက္ခပေးနေတဲ့ လောက်ကောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းနှင့်အဖွဲ့ -...
17/03/2021

(- CDM မလုပ်ပဲ CDM လုပ်နေတဲ့သူတွေကို ဒုက္ခပေးနေတဲ့ လောက်ကောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းနှင့်အဖွဲ့ -)

တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ CDM ဝန်ထမ်းများအား တစ်ဦးချင်းစီ ဖုန်းဖြင့် CDM ပြုလုပ်နေသလား မေးမြန်းခြင်း၊ အလုပ်ပြန်ဆင်းရန် ဖိအားပေးချင်းများရှိနေပါသည်။

ထွေအုပ်ရုံးရှေ့ရှိ Notice Board တွင်လည်း CDM ဝန်ထမ်းများ၏ အမည်စာရင်း/ ရာထူး အတိအကျ၊ ဖုန်းနံပါတ်များကပ်ထားပြီး CDM ပြုလုပ်သော ဝန်ထမ်းများအဖြစ် ကြေညာချက်ထုတ်ပြန်ထားကြောင်း တွေ့ရှီရပါသည်။

တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ CDM မလုပ်သော ဝန်ထမ်း (၂၉) ဦးရှိပါသည်။ ထိုသူများသည် လက်ရှိတရားမဝင်အစိုးရ၏ ခိုင်းစေမှုများကို အားတက်သရော စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေကြသည့်အပြင် CDM ပြုလုပ်နေသော ဝန်ထမ်းများစာရင်းကို အတိအကျ အာဏာသိမ်းစစ်ကောင်စီသို့ ပေးပို့ထားကြောင်း သိရှိရပါသည်။

၎င်းတို့သည် အာဏာရှင်၏လက်ပါးစေအဖြစ် အာဏာာရှင်ခိုင်းစေသမျှ တသွေမတိမ်း အလိုတူအလိုပါ အမှုထမ်းနေသော မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဌေးမင်း၊ ဒေါက်တာနီလာခင်နှင့်တကွ ဒုတိယဦးစီး ဒေါ်ခင်သူဇာချို၊ စာရေး ဦးနိုင်အောင်လင်း၊ ဦးဇော်မင်းမင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းများအား ရွံစရာ ပြည်သူ့လောက်ကောင် အာဏာရှင်အလိုတော်ရိများအဖြစ် အပြင်းအထန်းရှုံ့ချပါသည်။

(- CDM မလုပ်ပဲ CDM လုပ်နေတဲ့သူတွေကို ဒုက္ခပေးနေတဲ့ လောက်ကောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းနှင့်အဖွဲ့ -)

တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ CDM ဝန်ထမ်းများအား တစ်ဦးချင်းစီ ဖုန်းဖြင့် CDM ပြုလုပ်နေသလား မေးမြန်းခြင်း၊ အလုပ်ပြန်ဆင်းရန် ဖိအားပေးချင်းများရှိနေပါသည်။

ထွေအုပ်ရုံးရှေ့ရှိ Notice Board တွင်လည်း CDM ဝန်ထမ်းများ၏ အမည်စာရင်း/ ရာထူး အတိအကျ၊ ဖုန်းနံပါတ်များကပ်ထားပြီး CDM ပြုလုပ်သော ဝန်ထမ်းများအဖြစ် ကြေညာချက်ထုတ်ပြန်ထားကြောင်း တွေ့ရှီရပါသည်။

တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ CDM မလုပ်သော ဝန်ထမ်း (၂၉) ဦးရှိပါသည်။ ထိုသူများသည် လက်ရှိတရားမဝင်အစိုးရ၏ ခိုင်းစေမှုများကို အားတက်သရော စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေကြသည့်အပြင် CDM ပြုလုပ်နေသော ဝန်ထမ်းများစာရင်းကို အတိအကျ အာဏာသိမ်းစစ်ကောင်စီသို့ ပေးပို့ထားကြောင်း သိရှိရပါသည်။

၎င်းတို့သည် အာဏာရှင်၏လက်ပါးစေအဖြစ် အာဏာာရှင်ခိုင်းစေသမျှ တသွေမတိမ်း အလိုတူအလိုပါ အမှုထမ်းနေသော မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဌေးမင်း၊ ဒေါက်တာနီလာခင်နှင့်တကွ ဒုတိယဦးစီး ဒေါ်ခင်သူဇာချို၊ စာရေး ဦးနိုင်အောင်လင်း၊ ဦးဇော်မင်းမင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းများအား ရွံစရာ ပြည်သူ့လောက်ကောင် အာဏာရှင်အလိုတော်ရိများအဖြစ် အပြင်းအထန်းရှုံ့ချပါသည်။

ပြည်သူများအားလုံး ကျွန်တော်တို့ ဝန်ထမ်းတွေကို ခွင့်လွှတ်ပါ😢😢😢😢😢
07/02/2021

ပြည်သူများအားလုံး ကျွန်တော်တို့ ဝန်ထမ်းတွေကို ခွင့်လွှတ်ပါ😢😢😢😢😢

တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာန (swab team) သို့ ယနေ့ 2.2.2021 နေ့အတွက် အာဟာရဒါနနေ့လည်စာလှူဒါန်းပေးပါသော အလှူရှင...
02/02/2021

တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာန (swab team) သို့ ယနေ့ 2.2.2021 နေ့အတွက် အာဟာရဒါနနေ့လည်စာလှူဒါန်းပေးပါသော အလှူရှင် နော်ဇင်မာဝင်း အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အလှူရှင်နှင့်တကွမိသားစုသည်လည်း စိတ်၏ချမ်းသာခြင်း ကိုယ့်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Swab Team)ကို ယနေ့ (၂၉.၁.၂၀၂၁) နေ့အတွက်အာဟာရဒါန (နေ့လည်စာ) လှူဒါန်းပေးပါသော၂၀၀...
29/01/2021

တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Swab Team)ကို ယနေ့ (၂၉.၁.၂၀၂၁) နေ့အတွက်အာဟာရဒါန (နေ့လည်စာ) လှူဒါန်းပေးပါသော၂၀၀၄-၂၀၀၅ (အထက၅) ကျောင်းသား ကျောင်းသူဟောင်းများ အား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အလှူရှင်များအားလည်း တာဝန်ထမ်းဆောင်ရာ စီးပွားရှာဖွေရာ ဘေးမသီရန်မခ ကြံသမျှတွေ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

23/01/2021
တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနSwab Team သို့ အာဟာရဒါနအလှူရှင်များစာရင်း11.1.2021 ဒေါ်နိုးအိအိလှိုင်း (သားဖွားဆ...
15/01/2021

တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
Swab Team သို့ အာဟာရဒါနအလှူရှင်များစာရင်း
11.1.2021 ဒေါ်နိုးအိအိလှိုင်း (သားဖွားဆရာမ) အရှေ့ဆင်SC
13.1.2021 နော်ဗစ်တိုးရီးယားရော့ခ် (သားဖွားဆရာမ) ပဒဲSC
15.1.2021 ဆူးတပ်RHCကျန်းမာရေးမိသားစု
အလှူရှင်များသို့ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ
ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းချွေပေးအပ်ပါသည်။
ကျေးဇူးအထူးတင်ရှိလျှက်
#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

တောင်ငူမြို့နယ်ကျွန်းကုန်းRHC မှ speaker campaign ,mask campaign.လူတိုင်းနီးပါး mask ဝယ်နိုင်ပါတယ်၊ လူတိုင်းနီးပါးလည်း m...
11/01/2021

တောင်ငူမြို့နယ်ကျွန်းကုန်းRHC မှ speaker campaign ,mask campaign.

လူတိုင်းနီးပါး mask ဝယ်နိုင်ပါတယ်၊ လူတိုင်းနီးပါးလည်း mask တပ်ရမယ်ဆိုတာသိပါတယ် ။

ဒါပေမယ့် မလိုက်နာကြတာတစ်ခုပါပဲ🥺🥺 အာ့ကြောင့် mask campaignလေးတွေလုပ်ပြီး လိုက်နာဖို့ရာတိုက်တွန်းရတာပါ။

လူတိုင်းနီးပါး Covid 19 အကြောင်းသိကြပါတယ်။ နေထိုင်ရမယ့်စည်းကမ်း
ကာကွယ်ရမယ့်နည်းလမ်း တွေကိုသိကြပါတယ် ။

ဒါပေမယ့် မလိုက်နာတာ တခုပါပဲ 🥺🥺။ဒါကြောင့် speaker campaignလေးတွေလုပ်ပြီးနှိုးဆော်ရတာပါ။

Mask တပ်ပါ ၊လက်ဆေးပါ ၊လူစုလူဝေးရှောင်ကြပါ။
တောင်ငူမြို့သူမြို့သားအားလုံးကျန်းမာကြပါစေ🙏🙏🙏

#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

8.1.2021 ရက်နေ့ SWAB TEAM အတွက် နေ့လည်စာနှင့် ညနေစာ လှူဒါန်းပေးပါသော ညောင်လေးပင်မြို့နယ် ဇီးကုန်းကြီးကျေးရွာနေ ကိုရင်ထွေ...
08/01/2021

8.1.2021 ရက်နေ့ SWAB TEAM အတွက် နေ့လည်စာနှင့် ညနေစာ လှူဒါန်းပေးပါသော ညောင်လေးပင်မြို့နယ် ဇီးကုန်းကြီးကျေးရွာနေ ကိုရင်ထွေးနှင့် တောင်ငူမြို့နယ်မှ မေတ္တာရှင် ဆေးဆိုင်တို့အား အထူးပင်ကျေးဇူးတင်ပါသည်။

#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

4.1.2021 ရက်နေ့ SWAB TEAM အတွက် နေ့လည်စာ လှူဒါန်းပေးပါသော ဦးမောင်မောင်လွင် (Compounder ကျောင်းကျန်းမာရေးဌာန၊ တောင်ငူမြို...
06/01/2021

4.1.2021 ရက်နေ့ SWAB TEAM အတွက် နေ့လည်စာ လှူဒါန်းပေးပါသော ဦးမောင်မောင်လွင် (Compounder ကျောင်းကျန်းမာရေးဌာန၊ တောင်ငူမြို့) နှင့်

6.1.2021 ရက်နေ့ SWAB TEAM အတွက် နေ့လည်စာ လှူဒါန်းပေးပါသော ခွန်ဝင်းထွေး+နန်းအိအိဖြူမိသားစု (နတ်ရွာ၊ ထန်းတပင်မြို့နယ်) တို့အား အထူးပင် ကျေးဇူးတင်ပါသည်။

#တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Department Of Public Health, Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share