Taze People's Defence Force

Taze People's Defence Force Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taze People's Defence Force, Military Base, Taze.

🫡 စုပေါင်းညီညာ အောင်ကြောင်းဖြာ 🫡
11/02/2026

🫡 စုပေါင်းညီညာ အောင်ကြောင်းဖြာ 🫡

ကျနော်တို့ တန့်ဆည် PDFသည် လက်နတ်ကိုင်ထားပီး ပရမ်းပတာဖွဲ့စည်းထားတဲ့ အစုအဖွဲ့ကြီး မဟုတ်ဘူး တိုင်းပြည်နဲ့ပြည်သူကို ရန်သူလို...
10/11/2025

ကျနော်တို့ တန့်ဆည် PDFသည် လက်နတ်ကိုင်ထားပီး ပရမ်းပတာဖွဲ့စည်းထားတဲ့ အစုအဖွဲ့ကြီး မဟုတ်ဘူး တိုင်းပြည်နဲ့ပြည်သူကို ရန်သူလို အကြမ်းဖက်နေတဲ့ စစ်အာဏရှင်ကို အမြစ်ပြတ် တိုက်ထုပ်ဖို့အတွက် စနစ်တကျနဲ့ မျိုးဆက်သစ်ခေါင်းဆောင်တေနဲ့ စုဖွဲ့ထားတယ် အဖွဲ့အစည်းဖြစ်တယ်
အလုပ်နဲ့ပဲသက်သေပြမယ်
နိုင်သလောက်လည်း ဝိုင်းကူကြပါ
ကျနော်တို့မှာ ကျနော်တို့ပဲရှိပါတယ်
ကျနော်တို့ ရအောင်ကြိုးစားပေးမယ်
လူကြီးမင်းတို့လည်း ဝိုင်းကူပေးပါ

တန့်ဆည်မြို့နယ်မှာမွေး တန့်ဆည်မြို့နယ်က  ကြီးပြင်းလာတဲ့ တန့်ဆည်မြို့နယ်သားတွေ အကြမ်းဖက် စကမဘက် ပူးပေါင်းထားရင် အချိန်ရတု...
02/10/2025

တန့်ဆည်မြို့နယ်မှာမွေး တန့်ဆည်မြို့နယ်က ကြီးပြင်းလာတဲ့ တန့်ဆည်မြို့နယ်သားတွေ အကြမ်းဖက် စကမဘက် ပူးပေါင်းထားရင် အချိန်ရတုန်း သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့စည်းတွေထံ လက်နက်ချ အလင်းဝင်ဖို့ တိုက်တွန်း အသိပေးပါတယ်။

တန့်ဆည်နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို PDF ဖမ်းမိ

အောက်တိုဘာ-၂၊ ၂၀၂၅။ လူအေး/People's Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

ကာဘိုးရွာကနေ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်မြို့ တောင်ဘက်က ရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။

"တန့်ဆည်တောင်ခြမ်းကို မြေပြင်ကနေ စစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးလာသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအခြေအနေက စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းပေါင်းသွားပြီလို့ ယူဆရပါတယ်။ ကျနော်တို့ ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖမ်းမိထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပါတယ်"လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။ စက်တင်ဘာ ၃၀ရက်က တိုက်ပွဲမှာတော့ ပျူစောထီးခေါင်းဆောင်တစ်ဦး အရှင်ဖမ်းမိခဲ့တာလို့ သိရပါတယ်။

"ပျူစောထီးအသိုင်းအဝိုင်းမှာတော့ အရေးကြီးတဲ့လူပဲ။ သူ့ကို အရှင်ရအောင်ဖမ်းခဲ့တာပါ" လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးကပြောပါတယ်။

ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်ရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ လုံခြုံရေးအခြေအနေအရ အသေးစိတ်မထုတ်ပြန်သေးဘူးလို့ တန့်ဆည်PDF က ပြောပါတယ်။

စစ်ကောင်စီရဲ့ အမာခံဒေါက်တိုင်ဖြစ်တဲ့ ဘုန်းကြီးဝါသဝဟာ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ပျူစောထီးအများအပြား စုဆောင်းထားပြီး စစ်သင်တန်းပေးနေပါတယ်။ အခုဖမ်းမိတဲ့ ပျူစောထီးခေါင်းဆောင်က ဘုန်းကြီးဝါသဝနဲ့ ဆက်စပ်တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်ကိုလည်း စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပြီး တန့်ဆည်မြို့နယ်အတွင်းက ရွာဆယ်ရွာလောက် ဘေးလွတ်ရာရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ရက်က တန့်ဆည်မြို့နယ်အတွင်း ရေဦး-ကလေးဝလမ်းက ကံထူးမရွာကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၈ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

(ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်။ ဓာတ်ပုံ - တန့်ဆည် PDF)

Happy Birthday ပါ အမေဒေါ်အောင်ဆန်းစုကြည်နှစ် (၈၀)ပြည့်မွေးနေ့မှစ၍ အမေဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြ...
19/06/2025

Happy Birthday ပါ အမေဒေါ်အောင်ဆန်းစုကြည်

နှစ် (၈၀)ပြည့်မွေးနေ့မှစ၍ အမေဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။
မွေးနေ့မှစ၍ အမေလိုချင်သော ဒီမိုကရေစီ တိုင်းပြည်ကို
မျိုးဆက်သစ်ကောင်းများနှင့်အတူ အမြန်ဆုံး ပြန်လည်ဦးဆောင် တည်ထောင်နိုင်ပါစေ။
မွေးနေ့မှစ၍ အမေဒေါ်အောင်ဆန်းစုကြည် စိတ်ရော ကိုယ်ပါ ကျန်းမာပါစေ၊ ချမ်းသာပါစေ။
အမေဒေါ်အောင်းဆန်းစုကြည်၏ နှစ်(၈၀)ပြည့် မွေးနေ့ကို ရှေ့တန်းရဲဘော်များနှင့်အတူ ကျွန်တော်တို့ TAZE PDF မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အရေးတော်ပုံအောင်ရမည်
#အမေစု

#တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်မတော်

19/06/2024

"အမေစုမွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်"

ဇွန်လ၁၉ရက်တွင် ကျရောက်သည့် လူထု‌ခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အခါသမယ၌ ကျွန်ုပ်တို့ Taze PDF တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပန်းသပိတ်နှင့် မွေးနေ့ဆုဝောာင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

#အရေးတော်ပုံအောင်ရမည်
#အမေစု

#တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်

https://www.facebook.com/61555958911229/posts/122114990678198630/
12/02/2024

https://www.facebook.com/61555958911229/posts/122114990678198630/

စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးတပ်ထဲ စစ်မှုထမ်းမလားဆိုတာ ရွေးချယ်ရတော့မယ့်အချိန်ကို ရောက်ရှိလို့လာပါပြီ။

``တပ်သားအသစ် ကြိုဆို လက်ခံခြင်း"

စစ်အုပ်စုဖက်မှ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်အပြီး မြန်မာ့လူထုအကြား သို့လော သို့လောနဲ့ ဂယက်ရိုက်လျက်ရှိနေတာကိုလဲ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်ဗျ။ ဒီလို စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ခြင်းဟာ စစ်အုပ်စုအနေနဲ့ အခုမှထပြီး ရုတ်တရတ် ထုတ်ပြန်တာမျိုး မဟုတ်ဘဲ ထိုထုတ်ပြန်မှုကို ထုတ်ပြန်ဖို့ အသေအချာ ပြင်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ ဥပမာအနေနဲ့ဆို စစ်ပွဲမရှိဘဲ ကွက်ပြီးငြိမ်းချမ်းနေတဲ့ နေရာဒေသနဲ့ မြို့ကြီးတွေမှာ Biometric Data ကောက်ယူတာမျိုး နဲ့ သန်ခေါင်စာရင်းကောက်ယူတာမျိုးတွေကို 2023 ခုနှစ် တစ်နှစ်ပတ်လုံး အားစိုက်ပြီး ကောက်ယူခဲ့တာမျိုးဟာ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ရာမှာ ရှောင်လွဲလို့မရအောင် ချည်ပြီးတုပ်ပြီးဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားတာမျိုးကို မြင်တွေ့ရပါတယ်။

စစ်အုပ်စုအနေနဲ့ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်လိုက်ပေမယ့်လဲ ကျနော်တို့ပြည်သူများအနေနဲ့ ခွဲခြမ်းဆင်ခြင်ရွေးချယ်လို့ ရတာဘဲဖြစ်ပါတယ်။ စစ်အုပ်စုအလိုကျ ပြည်သူကို ဘက်ကန်ပြီး ပြည်သူ့အမျက်ကို ရယူမလား ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီပူးပေါင်းပါဝင်ပြီး ပြည်သူနဲ့အတူရပ်တည်ကာ ပြည်သူ့မေတ္တာရယူမလား ဒါကိုတော့ မိဘပြည်သူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရလို့ဆိုရာ၌ စစ်အုပ်စုဟာ ၎င်းတို့ဆီမှာ စစ်သားအင်အား ဘယ်လောက်တောင် ပြုန်းတီးနေပြီလဲဆိုတာကို ပြသရာရောက်ပြီး စစ်မှုထမ်းဖို့ ဝင်လာသူတွေကိုလဲ စနစ်တကျစစ်သင်တန်းပေးပြီး ဗိုလ်လောင်းအရာရှိခန့်အပ်မှာမျိုးမဟုတ်ပါဘူး။ ရှေ့တန်း စစ်မျက်နှာတွေကိုလွှတ်ပြီး လူသားတံတိုင်းအဖြစ် အသုံးပြုဖို့ဘဲ ဖြစ်ပါတယ်။

ကျနော်တို့ ရွှေဘိုခရိုင် အမှတ် (၇)တပ်ရင်း အနေနဲ့ကတော့ တော်လှန်ရေးခရီးဆုံးတိုင်ထိ တာဝန်ထမ်းဆောင်နိုင်မယ့် မည်သူကိုမဆို ဖိတ်ခေါ်အပ်ပါတယ်ဗျ။ မိမိရဲ့စွမ်းရည်ဟာ ရှေ့တန်းစစ်မျက်နှာမှာ လိုက်လံကာ တိုက်ခိုက်ဖို့ အာသန်တာမျိုးမဟုတ်ဘူးဆိုရင်လဲ ကျနော်တို့ ရွှေဘိုခရိုင် အမှတ် (၇)တပ်ရင်း (တန့်ဆည်)မှာ -

(၁)ထုတ်လုပ်ရေး
(၂)စက်ချုပ်
(၃)ဆေးတပ်သား
(၄)ရုံးလုပ်ငန်း နဲ့
(၅)ရိက္ခာရှာဖွေစုဆောင်းတာမျိုးတွေ စတဲ့ ကျရာတာဝန်တွေမှာ ပါဝင်ထမ်းဆောင်လို့ရတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရွှေဘိုခရိုင်အမှတ် (၇) တပ်ရင်းမှ ဝင်လာမည့်သူများအား လက်ကမ်းကြိုဆိုလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျ။

#အရေးတော်ပုံအောင်ရမည်။
#အာဏာရှင်ဟူသမျှအမြစ်ဖြတ်
#ရွှေဘိုခရိုင် အမှတ် (၇) တပ်ရင်း (တန့်ဆည်)

ရွှေဘိုခရိုင် အမှတ်(၇)တပ်ရင်း - (တန့်ဆည်၊ရေဦး PDF) က တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။
Page Messenger နဲ့ Comment မှာ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#ရွှေဘိုခရိုင် အမှတ်(၇)တပ်ရင်း

10/01/2024

"တန့်ဆည်PDF၏ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှု"

မတူတာ‌တွေချန်ထား၊ တူတာတွေစုကြ အဓိကဘုံရန်သူ စစ်ခွေးကို တိုက်ထုတ်ကြစို့

#အရေးတော်ပုံအောင်ရမည်

မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေပြီဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရှောင်ရန် ၊ဆောင်ရန် အချက် (၁၉)ချက်ကို ထုတ်ပြန်ကြ...
11/11/2023

မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေပြီဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရှောင်ရန် ၊ဆောင်ရန် အချက် (၁၉)ချက်ကို ထုတ်ပြန်ကြေညာထားသည်။

သို့ဖြစ်ပါ၍ အချက် (၁၉)ချက်အား လိုက်နာကြပါရန်နှင့် သိရှိနားလည်နိုင်ကြစေရန် ဖော်ပြပေးလိုက်သည်။

Taze People's Defence Force

It’s not an option. It’s “Duty”.PRF 2.0 ဟာ PDF တွေရဲ့ ထောက်ပို့တပ် ဖြစ်ပါတယ်။ ထောက်ပို့တာဝန် ထမ်းဆောင်ရမယ့် နေရာတစ်ခုပါ။...
02/09/2023

It’s not an option. It’s “Duty”.

PRF 2.0 ဟာ PDF တွေရဲ့ ထောက်ပို့တပ် ဖြစ်ပါတယ်။ ထောက်ပို့တာဝန် ထမ်းဆောင်ရမယ့် နေရာတစ်ခုပါ။ တနည်းအားဖြင့် ကျနော်တို့ PDF တွေရဲ့ နောက်ကျော (Blind side)ဖြစ်တဲ့ ထောက်ပို့တပ်သား ခေါ်ယူခြင်းဖြစ်တယ်။

ထောက်ပို့တပ်သားတစ်ယောက်အနေနဲ့ လုပ်ရမယ့်တာဝန်ဟာရှင်းတယ်
1. ထောက်ပို့တပ်ဖွဲ့ ဝင်ပါ
2. ထောက်ပို့တပ်သား စည်းရုံးပါ

ကျနော်တို့ PDF တွေရဲ့ နောက်ကျောဘက်မှာ ထောက်ပို့တပ်သား ဘယ်နှစ်ယောက်ရပ်မလဲ … ဒါဟာ ဒီတော်လှန်ရေးရဲ့ စာမေးပွဲပဲ ။

- PDF တွေ နောက်ကျောလုံလုံနဲ့ မျက်နှာမူရာ ရှေ့ဆက်တိုးကြဖို့ရှိမယ်။
- အဆုံးထိသွားကြမယ်လို့ ပြောခဲ့ကြတဲ့ ကျနော်တို့တွေ အလယ်မှာရပ်စရာ အကြောင်းလုံးဝမရှိ။
တော်လှန်ရေးဟာ အရင်းအနှီးကြီးတယ်။ အိပ်မက်ကြီးတယ်။
- ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးဟာကြမ်းတယ် … အကုန် ပြန်ယူမယ်.. အိပ်မက်ကြမ်းကြမ်းမက်ရဲဖို့လိုတယ်။

ဒါဟာ ရွေးချယ်ခွင့်မဟုတ်ဘူး တာဝန်ဖြစ်တယ်။

It’s not an option. It’s “Duty”.

တော်လှန်ရေးမှာ PDF တွေနဲ့ အတူတူ ဆိုးတူကောင်းဘက် ထောက်ပို့တာဝန်ကို တူတူထမ်းကြမယ့် ရဲဘော်တွေကို လက်ကမ်းကြိုဆိုပါတယ်။ PRF 2.0 ထောက်ပို့တပ်ကိုဆက်သွယ်ပါ။ တော်လှန်ရေးမှာ စာရင်းသွင်းပါ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF

Address

Taze

Website

Alerts

Be the first to know and let us send you an email when Taze People's Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category