Mon State Defense Force - MSDF

Mon State Defense Force - MSDF ဒပ်စဵုဒၞာဍုင်မန်
မွန်ပြည်ကာကွယ်ရေးတပ်

23/07/2026

ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်မှု ၃ နှစ်ပြည့်အဖြစ် ဧရာဝတီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။

Website တွင် ဖတ်ရန် https://bit.ly/4cRn0KN

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

🚩💢 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် Proof of Life Campa...
04/06/2026

🚩💢 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် Proof of Life Campaign ကို ယနေ့ (၄ - ၆ - ၂၀၂၆) ရက်နေ့တွင် ဩစတြေးလျ နိုင်ငံ၊ ကင်ဘာရာမြို့ Canberra Parliament House အရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌ နိုင်ဥာဏ နှင့် ကော်မတီဝင် မင်းသက်နိုင်တို့မှ ပါဝင် တက်ရောက်ခဲ့ပါသည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

🚩💢 ဒပ်စဵုဒၞာဍုင်မန် (MSDF) ဝွံ ပံင်တဲညးသ္ကအ် ကု Reapper GALON Columm တုဲ  အာကတ်ဗ္တောန်နဲကဲကွတ်ပညာကၠောန်ခၞံမကမ် ROCKET  က...
09/05/2026

🚩💢 ဒပ်စဵုဒၞာဍုင်မန် (MSDF) ဝွံ ပံင်တဲညးသ္ကအ် ကု Reapper GALON Columm တုဲ အာကတ်ဗ္တောန်နဲကဲကွတ်ပညာကၠောန်ခၞံမကမ် ROCKET ကေုာံ နဲကဲပန်ဗတိုက်တအ်ဂှ်တုဲ တိတ်အာမုက်ပၞာန် ပ္ဍဲဂိတု အေပြဳ သၞာံ ၂၀၂၆ ဂှ် ဒှ်ပေါဲဗတိုက် (၁၁) ဝါ စိုပ်တရဴ ဂွံကၠုင်ပေါဲအံင်ဇၞး ဂတမတ် ပ္ဍဲအရာပန်ဗတိုက်ဒၞာဲဒပ်ပၞာန် ရဲပ္ကီုပရာပ်တအ်ဂှ် တုဲကၠုင်ရ။

ဒပ်စဵုဒၞာဍုင်မန် (MSDF)
ကမ္မတဳဍိုက်က္ဍိုပ်ပရေင်ဍုင်ကွာန်၊ ပရေင်ပၞာန်

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည်းပညာများကို သွားရောက် သင်ယူခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် (၁၁) ကြိမ်တိုင် လက်တွေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်မှုများကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

08/05/2026

🚩💢 ဒပ်စဵုဒၞာဍုင်မန် (MSDF) ဝွံ ပံင်တဲညးသ္ကအ် ကု Reapper GALON Columm တုဲ အာကတ်ဗ္တောန်နဲကဲကွတ်ပညာကၠောန်ခၞံမကမ် ROCKET ကေုာံ နဲကဲပန်ဗတိုက်တအ်ဂှ်တုဲ တိတ်အာမုက်ပၞာန် ပ္ဍဲဂိတု အေပြဳ သၞာံ ၂၀၂၆ ဂှ် ဒှ်ပေါဲဗတိုက် (၁၁) ဝါ စိုပ်တရဴ ဂွံကၠုင်ပေါဲအံင်ဇၞး ဂတမတ် ပ္ဍဲအရာပန်ဗတိုက်ဒၞာဲဒပ်ပၞာန် ရဲပ္ကီုပရာပ်တအ်ဂှ် တုဲကၠုင်ရ။

ဒပ်စဵုဒၞာဍုင်မန် (MSDF)
ကမ္မတဳဍိုက်က္ဍိုပ်ပရေင်ဍုင်ကွာန်၊ ပရေင်ပၞာန်

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည်းပညာများကို သွားရောက် သင်ယူခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် (၁၁) ကြိမ်တိုင် လက်တွေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်မှုများကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

08/05/2026

မမေ့အပ်သော ဟံသာဝတီ မွန်နိုင်ငံတော်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ မေ ၈၊ ၂၀၂၆။

မွန်တို့၏ ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုဉ်းခဲ့သည်မှာ ယနေ့ ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့ (၁၃၈၈ ခုနှစ် ကဆုန်လပြည့် ကျော် ၈ ရက်နေ့) ဆိုလျှင် ၂၆၉ နှစ်မြောက် ပြည့်ခဲ့ပြီးဖြစ်သည်။ ထိုနေ့ရောက်တိုင်း မွန်လူမျိုးများအနေဖြင့် မမေ့သင့်သော မွန်သမိုင်းတစ်ခုကို စိတ်ထဲတွင် ပြန်မြင်ယောင်လာခဲ့သည်။

ဟံသာဝတီသည် ယခင်က အင်အားကြီးမား၍ ဂုဏ်သိက္ခာပြည့်ဝသော မွန်နိုင်ငံတစ်ခုဖြစ်ခဲ့သလို ရိုးရာ ယဉ်ကျေးမှု၊ ဘာသာရေး၊ စာပေနှင့် စီးပွားရေးပိုင်းများတွင်လည်း ထင်ရှားခဲ့ပြီး မွန်လူမျိုးတို့၏ ဂုဏ်ယူဖွယ် သမိုင်းအမွေအနှစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

သို့သော် ခရစ်နှစ် ၁၇၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့ တွင် မြန်မာဘုရင်အလောင်းမင်းတရား (ခေါ်) ဦးအောင်ဇေယျ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဟံသာဝတီ မွန်နိုင်ငံတော် ပျက်သုဉ်းခဲ့ရပြီး မွန်လူမျိုးများ ထီးနန်းပျောက်ခဲ့ရသည်။

မြန်မာဘုရင် ဦးအောင်ဇေယျသည် ရဟန်းသံဃာတော်များ၊ ကလေးငယ်များပါမကျန် ထောင်ပေါင်းများစွာသော မွန်လူမျိုးများကို လိုက်လံသတ်ဖြတ်ခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သော မွန်တို့၏ စာပေ၊ ကျမ်းဂန်များနှင့် မြို့ရွာများစွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဟံသာဝတီပျက်သုဉ်းမှုသည် နိုင်ငံတော်တစ်ခု ဆုံးရှုံးရခြင်းသာမက မွန်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစိတ်ဓာတ် အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ရသည့် သမိုင်းဖြစ်ရပ်တခုဖြစ်ပြီး ယနေ့ခေတ် မွန်လူငယ်များအနေဖြင့် အတိတ်သမိုင်းဖြစ်ရပ်ကို မမေ့ပျောက်ဘဲ ပြန်လည်အမှတ်ရနေသင့်ကြောင်း မွန် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“မွန်တွေအများစုက ဟံသာဝတီပျက်သုဉ်းတဲ့နေ့လောက်ပဲ သိကြတာ၊ ဘာကြောင့် ဒီနေ့ကျင်းပနေရလဲ ဆိုတာလည်း အများစုက လေးလေးနက်နက် မသိကြဘူးလေ။ ဒီသမိုင်းတွေကို မမေ့ဖို့ကိုလည်း ကိုယ့် လူမျိုးအပေါ်မှာ စိတ်နှစ်ထားရမယ်။ အဲ့ဒါတွေသိမှ လူမျိုးအပေါ်တာဝန်ရှိစိတ်ဖြစ်မယ်လေ။ အနာဂတ်မှာလည်း သမိုင်းတွေ မေ့သွားရင် မွန်လူမျိုးတွေရဲ့စိတ်ဓာတ် နိမ့်ကျသွားမှာကို၊ မွန်တွေရဲ့ မျိုးချစ် စိတ်ပျောက်သွားမှာကို စိုးရိမ်နေရတယ်။ အဲ့ကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် မွန်လူငယ်တွေ ကြိုးစားသင့်တယ်။ လူကြီးတွေလည်း နည်းလမ်းပေးပြီး ဝိုင်းဝန်းကူညီပေးရမယ်လို့ မှာကြား ချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ဟံသာဝတီ မွန်နိုင်ငံတော် ပျက်သုဉ်းခဲ့ရသည့် အတိတ်သမိုင်း အဖြစ်အပျက်ကို ပြန်လည်အမှတ်ရစေရန် ကဆုန်လပြည့်ကျော် ၈ ရက်နေ့ကို ဟံသာဝတီမွန်နိုင်ငံတော် ပျက် သုဉ်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလာခဲ့သည်။

အတိတ်မှ သမိုင်းအဖြစ်အပျက်များနည်းတူ လက်ရှိပစ္စုပ္ပန်ကာလတွင်လည်း စစ်အာဏာရှင်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ရွာမီးရှို့ဖျက်ဆီးခံရခြင်းတို့ကို ယနေ့ခေတ် မွန်လူမျိုးများက တစ်ဖန်ပြန်လည် ကိုယ်တိုင်ကြုံတွေ့ခံစားနေကြရဆဲ ဖြစ်သည်။

ဟံသာဝတီပျက်သုဉ်းခြင်းသည် သမိုင်းစာမျက်နှာတွင် ကျန်ရှိနေတော့သည့် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုဟု သတ်မှတ်ရမည်မဟုတ်ဘဲ မွန်လူမျိုးများအတွက် အရေးကြီးသော သင်ခန်းစာ တစ်ခုလည်း ဖြစ်ကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။

“ဟံသာဝတီပျက်သုဉ်းခဲ့တာက ဝမ်းနည်းဖို့အတွက်သက်သက်ပဲ မဟုတ်ဘူး။ ဘာကြောင့် ကိုယ့်နိုင်ငံ ပျောက်ခဲ့ရလဲ၊ ဘယ်လိုမျိုး စည်းလုံးညီညွတ်မှု မရှိခဲ့လဲဆိုတာကို ယနေ့ခေတ်အတွက် သင်ခန်းစာ ယူတတ်ဖို့ လိုတယ်။ ခုချိန်မှာ လူမျိုးတာဝန်အတွက် အားလုံးကြိုးစားရမယ့်အချိန်ရောက်ပြီးလို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မွန်လူမျိုးများအားလုံး အတိတ်သမိုင်းမှ သင်ခန်းစာယူကာ ခေတ်အဆက်ဆက် ဖိနှိပ်ခံ နေရသည့်ဘဝမှ လွတ်မြောက်အောင်၊ မွန်နိုင်ငံ ပြန်လည်တည်ဆောက်နိုင်အောင်၊ မိမိတို့၏လူမျိုး အခွင့်အရေးများ ရရှိအောင် အခြားတိုင်းရင်းသားအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း မွန်နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

"မမေ့သင့်သော ဟံသာဝတီ" ဆိုသည်မှာ မိမိတို့၏ အတိတ်သမိုင်းကို မှန်ကန်စွာသိရှိခြင်းဖြင့် အနာဂတ်တွင် မိမိတို့လူမျိုး၏ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် ဖြစ်သည်။

ယနေ့တွင် ကျရောက်သည့် (၂၆၉) နှစ်မြောက် ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုဉ်းခြင်း အထိမ်းအမှတ်နေ့တွင် ဟံသာဝတီ၏ သမိုင်းသင်ခန်းစာကို ပြန်လည်နှလုံးသွင်းကာ မွန်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ကြရန် လိုအပ်ပေသည်။

🚩💢 မဟာမိတ် တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ ရဲဘော်များ ဒီနှစ် တော်လှန် သင်္ကြန်ကို စဥ်နွဲနေပ...
13/04/2026

🚩💢 မဟာမိတ် တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ ရဲဘော်များ ဒီနှစ် တော်လှန် သင်္ကြန်ကို စဥ်နွဲနေပါတယ်။

(13-4-2026)


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

11/04/2026
09/04/2026

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည်းပညာများကို သွားရောက် သင်ယူခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် (၃) ကြိမ်တိုင် လက်တွေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်မှုများကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ



#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည...
07/04/2026

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည်းပညာများကို သွားရောက် သင်ယူခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် (၃) ကြိမ်တိုင် လက်တွေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်မှုများကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

Address

Thanbyuzayat

Website

Alerts

Be the first to know and let us send you an email when Mon State Defense Force - MSDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mon State Defense Force - MSDF:

Shortcuts

Share