10/08/2026
"လလောၚ်တြးပရိုၚ်ပေါဲဗ္တိုက်"
တွဵုရးဍုၚ်မန်၊ ပ္ဍဲပွိုၚ်ဍုၚ်ရေဝ်သၟဝ်ကျာ ကရောၚ်ပၞာန်ကံၚ်ဇြဳပၞာန်ဗၟာ မချဳဒရာၚ်မံၚ်ဂှ် က္တဵုဒှ်ပေါဲဗတိုက်ဆေင်မုက်ကု ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ကေုာံ ဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုၚ်
ဂိတုအဝ်ဂါတ် ၁၀၊ သၞာံ၂၀၂၆
တွဵုရးဍုၚ်မန်၊ ပ္ဍဲပွိုၚ်ဍုၚ်ရေဝ်သၟဝ်ကျာ ကရောၚ်ပၞာန်ကံၚ်ဇြဳပၞာန်ဗၟာ မချဳဒရာၚ်မံၚ်ဂှ် ဒှ်ပေါဲဗတိုက်ဆေင်မုက်ကု ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ကေုာံ ဒပ်ပၠန်ဂတးမဟာမိတ်တအ်ရ။
ကရောၚ်ပၞာန်ကံၚ်ဇြဳပၞာန်ဗၟာ နူကဵု ခလရ (၁၀၆) ထ္ပက်ကၠုၚ်ပၞာန်တုဲ အပ္ဍဲဂိတုအဝ်ဂါတ် (၈) အခိၚ်လဒေါဝ်တ္ၚဲ (၁၁) နာဍဳ (၃၀) မိနေတ်ဂှ် က္တဵုဒှ်ပေဲါဗ္တိုက်ဆေၚ်မုက် လ္ပါ် ကွာန်တြေံ (အောၚ်သပြေ) တုဲ လ္ပာ်သၞကံၚ်ဇြဳပၞာန်ဗၟာတံ ချိုတ်အာ (၆) တၠ ဒးဝပ် (၃) တၠနွံရ။ ပရေၚ်လီုလာ်ချိုတ်ဂျိုၚ် လ္ပာ်သၞတံဂှ် ဆက်ဂၠိုက်ဂၠာဲမံၚ်ဖိုဟ်ရ။
ပ္ဍဲဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုၚ်ဂှ်ဝွံ ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ဒပ်ပါ် (၄) ၊ ဒပ်မန်ရာမည (RMA) တံဒပ် (၉၀၁)၊ ကေုာံ ဒပ်ဒမၠုက်ရေဝ် (YGF) စၟတ် (၈၀၀၁) ဒပ်စြေက်ဗ္တိုက်သၠေက်တအ် ပံင်တောဲလုပ်လဝ်ပေဲါဗ္တိုက်ရ။
အပ္ဍဲပေါဲဗ္တိုက်ဝွံ သ္ဂံၚ်နူဒပ်မန်ရာမည (RMA) တံဒပ် (၉၀၁) (၂) တၠ မ္ဒးပူဇဴဏာလမျီုသွက်ဍုၚ် ဗွဲမသၠုၚ်ပြဲရ။
———————————
"တိုက်ပွဲသတင်းထုတ်ပြန်ချက်"
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း တွင် ရန်သူစစ်ကောင်စီ စစ်ကြောင်းနှင့် မိမိတို့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
၁၀ ရက်၊ သြဂုတ်၊ ၂၀၂၆ ခုနှစ်
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းတွင်လှုပ်ရှားနေသော ရန်သူ စစ်ကောင်စီ စစ်ကြောင်းနှင့် မိမိတို့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၈ ရက်နေ့ နေ့လည် (၁၁:၃၀) နာရီဝန်းကျင်တွင် ခလရ (၁၀၆) မှ အောင်သပြေရွာဟောင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ရန်သူစစ်ကောင်စီ စစ်ကြောင်း နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ တပ်သား ၆ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ကို ကနဦးသိရှိရ၍ ရန်သူ၏ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ခွဲ(၄)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း နှင့် ရေးပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
အဆိုပါထိတွေ့တိုက်ပွဲတွင် ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း မှ ရဲဘော် (၂) ဦး သည် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့သည်။
#ဒပ်ပၠန်ဂတးဍုၚ်မန် #တိုက်ပွဲသတင်း