Environmental Conservation Department - Yangon Southern District

Environmental Conservation Department - Yangon Southern District Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Environmental Conservation Department - Yangon Southern District, Government Organization, Thanlyin.

ဂေဟစနစ်များအကြောင်းနှင့်​ဂေဟစနစ်များပြန်လည်ထူထောင်ရေးတို့၏ အသိပညာပေးအားတင်ပြအပ်ပါသည်။ #ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန...
05/02/2025

ဂေဟစနစ်များအကြောင်းနှင့်​ဂေဟစနစ်များပြန်လည်ထူထောင်ရေးတို့၏ အသိပညာပေးအားတင်ပြအပ်ပါသည်။
#ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်
(၅.၂.၂၀၂၅)

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "ပင်လယ်မြ...
14/01/2025

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "ပင်လယ်မြက်များထိန်းသိမ်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ" ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်ကို အများပြည်သူသိရှိနိုင်ရန် မျှဝေခြင်း

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "မီးခိုးမ...
11/12/2024

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "မီးခိုးမြူငွေ့ ဆိုးကျိုးများနှင့် ကာကွယ်ရေးနည်းလမ်းများ" ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်ကို အများပြည်သူသိရှိနိုင်ရန် မျှဝေခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ လက်ထော...
18/11/2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဇော်အောင် က

၁၈-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.လ.က(ခွဲ)(ဗိုလ်ချုပ်ရွာသစ်) သန်လျင်ကျောင်းတွင် "နယ်စပ်​ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပြီး

လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာခြင်းနှင့်ပတ်သက်၍ ပိုမိုစိတ်ဝင်စားစေရန်ရည်ရွယ်၍ ကျောင်းသား/သူများအား AQM 65 စက်ဖြင့် ဝန်းကျင်လေထုအရည် အသွေးတိုင်းတာခြင်း လက်တွေ့ဆောင်ရွက်​ခြင်းအားရှင်းလင်းပြသခဲ့ပါသည်။

နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ဒုတိယဦးစီးမှူး ဦးမင်းသန့်ကျော် က
အ.လ.က (ညောင်သုံးပင် - ၁) သန်လျင်ကျောင်း၌ ''တစ်ခါသုံးပလတ်စတစ်နှင့်တစ်ခါသုံးလူ့ယဥ်ကျေးမှု" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြော၍

ကျောင်းသား/သူများအားမေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများအား ဌာနမှလက်ဆောင်ပေးအပ်ခြင်း၊

ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား
လေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ၊
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာများ ကာကွယ်ဆောင်ရွက်‌ရေး၊
မြစ်ချောင်းနှင့်အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချရေးနှင့်ပလတ်စတစ်ကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးများထိန်းချုပ်ကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊
ပင်လယ်မြက်များထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေးနှင့် ကြိုတင်ကာကွယ်ခြင်းကို ဆောင်ရွက်ကြပါစို့
အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ အ.လ.က(ခွဲ)(ဗိုလ်ချုပ်ရွာသစ် ) သန်လျင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်းအင်အား (၁၁၄)ဦးနှင့်
အ.လ.က (ညောင်သုံးပင် -၁ ) သန်လျင်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၀၅)ဦး တက်ရောက်ခဲ့ပါ‌ကြောင်း
တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "မီးခိုးမ...
12/11/2024

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ "မီးခိုးမြူငွေ့နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ပြဿနာများ၏ ကာကွယ်စောင့်ရှောက်မှုများ" ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်ကို အများပြည်သူသိရှိနိုင်ရန် မျှဝေခြင်း

11/11/2024

၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ရန်ကုန်‌တောင်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ သန်လျင်မှ
ပြည်သူများရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်လာသည့်
Particulate Matter 2.5 လေထုညစ်ညမ်းမှုအကြောင်း သိကောင်စရာ Video အား အသိပညာမျှဝေခြင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့န...
29/10/2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ရုံးမှ
ဦးစီးအရာရှိက

၂၈-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ဒလမြို့နယ်၊ အ.ထ.က(ပျော်ဘွယ်ကြီး) ကျောင်းတွင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရခြင်း အကြောင်းရင်းနှင့် "ပင်လယ်မြက်များထိန်းသိမ်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ" နှင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုးကျိုးများအားတိုက်ဖျက်ကြပါစို့" ခေါင်းစဥ်ဖြင့် လည်းကောင်း၊

ဒုတိယဦးစီးမှူးက နေ့လည်(၁၁:၃၀) နာရီအချိန်တွင်
ဒလမြို့နယ်၊ မူလွန်(တုံးတင်ကန်) ကျောင်း၌ "ပင်လယ်မြက်များထိန်းသိမ်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ" နှင့် "အိုဇုန်းလွှာအကြောင်းသိကောင်းစရာ" ခေါင်းစဥ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြော၍

ကျောင်းသား/သူများနှင့် မေးခွန်းများ အပြန်အလှန်ဆွေးနွေးမေးမြန်းကာ

ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား "ပင်လယ်မြက်များထိန်းသိမ်းခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ"၊ "ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး"၊ "ရေရှားပါးမှုပြဿနာနှင့် သန့်ရှင်းသောရေရရှိဖို့ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့"၊ "ပလတ်စတစ်ညစ်ညမ်းမှု ဆိုကျိုးများအားတိုက်ဖျက်ကြပါစို့"၊ "မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့" နှင့် "မြစ်ချောင်းနှင့် အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျော့ချရေးနှင့် ပလတ်စတစ်ကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးများ ထိန်းချုပ်ကာကွယ်ရေး"
အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ အ.ထ.က (ပျော်ဘွယ်ကြီး) ကျောင်းမှဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်းအင်အား(၃၄၅)ဦးနှင့် မူလွန်(သုံးတင်ကန်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၁၇)ဦး တက်ရောက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ ဒုတ...
24/10/2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူးက

၂၄-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.ထ.က(ပျဥ်ထောင်)သန်လျင်ကျောင်းတွင် "ရေချိုအရင်းအမြစ်ရှားပါးလာခြင်း" သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေ့လည်(၁၂း၀၀) နာရီ အချိန်တွင်
မူလွန်(မြို့ဟောင်းအရှေ့)သန်လျင်" ၌ ဇီဝမျိုးစုံမျိုးကွဲနှင့်သက်ရှိများ‌ရေရှည်ရှင်သန်ရေး'' သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြော၍

ကျောင်းသား/သူများနှင့် မေးခွန်းများ အပြန်အလှန်ဆွေးနွေးမေးမြန်းကာ

ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရေရှားပါးမှုပြဿနာနှင့်သန့်ရှင်းသောရေရရှိဖို့ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့၊ ပလတ်စတစ်ညစ်ညမ်းမှု ဆိုကျိုးများအားတိုက်ဖျက်ကြပါစို့၊ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ အ.ထ.က (ပျဥ်ထောင်) သန်လျင်မှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်းအင်အား(၃၄၈)ဦးနှင့် မူလွန်(မြို့ဟောင်းအရှေ့)သန်လျင်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၁၃)ဦး တက်ရောက်ခဲ့ပါသည်။

၁၄-၁၀-၂၀၂၄ ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ရန်ကုန်‌တောင်ပိုင်းခရိုင်ရ...
14/10/2024

၁၄-၁၀-၂၀၂၄ ရက်နေ့၊
(၁၃:၀၀)နာရီအချိန်တွင်
ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊
ရန်ကုန်‌တောင်ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးမိုးဇော်အောင်က

ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊
ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဂေဟစနစ်များပြန်လည် ထူထောင်ခြင်း၊
ရေချိုသယံ‌ဇာတအပါအဝင် သဘာဝသယံဇာတများရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေး

တို့နှင့်ပတ်သက်၍

ဌာနဝန်ထမ်း (၁၅)ဦးတို့အား

၎င်းတို့အနေဖြင့် လူငယ်ရေးရာအသိပညာပေးခြင်းအပါအဝင်၊ အသိပညာပေးခြင်းလုပ်ငန်းများ
‌ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချနိုင်ရန်ရည်ရွယ်၍

ဌာနတွင်း Knowledge sharing အသိပညာ​ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ၁၂-၁၀-၂၀၂...
12/10/2024

ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ၁၂-၁၀-၂၀၂၄ရက်နေ့တွင်ကျရောက်သော ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲနာဂိုရာသဘောတူညီချက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်"ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေး" ခေါင်းစဥ်ဖြင့် အများပြည်သူသိရှိနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင် မျှဝေခြင်း

၁၂-၁၀-၂၀၂၄ရက်နေ့တွင် ကျရောက်သော ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲနာဂိုရာ သဘောတူညီချက် ၁၀နှစ်ပြည့် အထ...
12/10/2024

၁၂-၁၀-၂၀၂၄ရက်နေ့တွင် ကျရောက်သော ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲနာဂိုရာ သဘောတူညီချက် ၁၀နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးအစီအစဉ်အရ

သန်လျင်မြို့နယ်၊
မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ
မြို့ဟောင်းစျေးမှ ဈေးရောင်း၊ ဈေးဝယ်ပြည်သူ(၅၀)ဦးအား
"စွန့်ပစ်ပစ္စည်းဆိုင်ရာသိကောင်းစရာ"များ၊
"ပလတ်စတစ် ညစ်ညမ်းမူ" နှင့်
''ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး'' နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေပေးအပ်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

Address

Thanlyin
11291

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+959443999262

Website

Alerts

Be the first to know and let us send you an email when Environmental Conservation Department - Yangon Southern District posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Environmental Conservation Department - Yangon Southern District:

Share