Thet Ka La City

Thet Ka La City သက္ကလမြို့သတင်း

ကဝမြို့နယ်အတွင်းမှ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ"အစိုးရဘဏ်များ"===========မြန်မာ့စီးပွားရေးဘဏ်ပဲခူးလမ်း၊ ရု...
09/03/2023

ကဝမြို့နယ်အတွင်းမှ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ

"အစိုးရဘဏ်များ"
===========
မြန်မာ့စီးပွားရေးဘဏ်
ပဲခူးလမ်း၊ ရုံးကြီးရပ်ကွက်၊
ကဝ၊ပဲခူးတိုင်းဒေသကြီး
052-80101

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ပဲခူးလမ်း၊ မင်းပိုင်းရပ်ကွက်၊
ကဝ၊ပဲခူးတိုင်းဒေသကြီး
052-80174

==============================
================================

သက္ကလမြို့အကြောင်း===================သက္ကလမြို့သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ မြို့တစ...
24/09/2022

သက္ကလမြို့အကြောင်း
===================
သက္ကလမြို့သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။ သက္ကလပဲလှော်သည် တချိန်က လူသိများသည့် ပဲလှော်အဖြစ် နာမည်ရခဲ့ဖူးပါသည်။သက္ကလမြို့တွင် လူဦးရေစုစုပေါင်း (၁၂၂၆၈)ဦးရှိကာ အမျိုးသား (၅၇၃၉)ဦး အမျိုးသမီး (၆၅၂၉)ဦးရှိပါသည်။

တည်နေရာ/အကျယ်အဝန်း /အမြင့်
*********************************
မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၅ မိနစ် ၈၄ စက္ကန့်နှင့် အရှေ့လောဂျီတွဒ် ၉၄ ဒီဂရီ ၃၅ မိနစ် ၃၂ စက္ကန့်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ (၁.၅) မိုင်နှင့် တောင်မှ မြောက်သို့ တစ်မိုင် ရှည်လျားသည်။ ဧရိယာစတုရန်းမိုင် ၆.၇၂ ဧရိယာ ကျယ်ဝန်းသည်။ သက္ကလမြို့၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်မှာ (၁၃.၃၈)ပေ ဖြစ်သည်။

နယ်နမိတ်
**********
သက္ကလမြို့၏ အရှေ့ဘက်တွင် ကသစ်ပင်ကျေးရွာနှင့် တကောကနုတ်ကျေးရွာ၊ တောင်ဘက်တွင် မက္ကဘင်းကျေးရွာထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် ခမွန်ကံကြီးကျေးရွာ နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မုဒုကျေးရွာတို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်
*****************
သက္ကလမြို့သည် မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများရှိသည်။

ရေဆင်း
********
သက္ကလမြို့သည် စစ်တောင်းမြစ် ရေငံနှင့် ဆက်စပ်လျက်ရှိပြီး ကံအောင်ချောင်းနှင့် သံဒင်းချောင်းတို့သည် သရက်ကုန်းကျေးရွာတွင်ပေါင်းစံပြီး သက္ကလမြို့သို့ စီးဝင်လျက် ဆည်မချောင်းမှတဆင့် ပဲခူးမြစ်အတွင်းသို့ လည်းကောင်း၊ သက္ကမြို့မှတစ်ဆင့် ခရမ်းမြို့သို့ မိုင်(၃၀) စိမ်းလမ်းမြောင်းသို့ စီးဝင်သည်။ ထို့အပြင် မြစ်ချောင်းများသည် အထူးသဖြင့် မိုးရာသီဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းအထိသာ ရေစီးဝင်မှုရရှိပြီး နွေရာသီတွင် ရေခန်းခြောက်ကာ ကားလမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။ မိုးရာသီတွင် ရေချိုရရှိနိုင်ပြီး နွေရာသီတွင် မိုင်(၃၀) စိန်းလမ်းမြောင်းမှ ရေချိုရရှိနိုင်သည့် အခြေအနေများရှိသည်။

ရာသီဥတု
**********
သက္ကမြို့သည် ပူအိုက် စွတ်စိုသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၀ C)နှင့် အနိမ်ဆုံးအပူချိန်မှာ (၁၄ C) ဖြစ်သည်။

သဘာဝပေါက်ပင်များ
*********************
သက္ကမြို့အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုပင်၊ ညောင်ပင်၊ သပြေပင်၊ အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ မဲဇလီပင်၊ သမန်းပင်၊ မကျည်းပင် စသည့်အပင်များ ပေါက်ရောက်သည်။

လူဦးရေ /ရပ်ကွက်
သက္ကလမြို့တွင် လူဦးရေစုစုပေါင်း (၁၂၂၆၈)ဦး၊ အမျိုးသား (၈၇၃၉)ဦး၊ အမျိုးသမီး (၆၅၂၉)ဦးရှိကာ ရပ်ကွက် (၆)ရပ်ကွက်ရှိပြီး ရပ်ကွက်များမှာ

၁။ ကန်တော်မင်္ဂလာရပ်ကွက်
၂။ အောင်မင်္ဂလာရပ်ကွက်
၃။ ဈေးကြီးရပ်ကွက်
၄။ ဘူတာရပ်ကွက်
၅။ မြို့မစံပြရပ်ကွက်
၆။ ရွှေပြည်အေးရပ်ကွက် တို့ဖြစ်ပါသည်။

အထင်ကရပုဂ္ဂိုလ်များ
************************
မြင့်အောင် (သရုပ်ဆောင်)
မို့မို့မြင့်အောင် (သရုပ်ဆောင်)
နေမင်း (သရုပ်ဆောင်)
သွဲ့ထားညို (စာရေးဆရာမ)

Address

Thetkala

Website

Alerts

Be the first to know and let us send you an email when Thet Ka La City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share